Facebook အကောင့်ကို လုံခြုံစွာ ကာကွယ်နည်း
သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေး လာပါ တယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများ အတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Primary Email ပြောင်းပါ
အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို
မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။
Password ပြောင်းပါ
Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။
Security enable လုပ်ပါ
General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး
- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။
- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။
- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။
App တွေ ဖြုတ်ပါ
App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။
Email လုံခြုမှုရှိပါစေ
Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။
Facebook Security သုံးပါ
Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။
အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ
မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။
Link ပေးတိုင်း မနှိပ်ပါနဲ့
ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။
.
ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။
#Creditအိုင်တီ လူဆိုးလေး
Wednesday, November 9, 2016
Facebook လုံခြုံအောင်သုံးနည်း
Tuesday, November 8, 2016
Hacker အကြောင်းသိကောင်းစရာ
Hacker အကြောင်းသိကောင်းစရာ
-------------------------------------------
၁။ (က) Hacker ဆိုသည်မှာ
Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။
အကြမ်းအားဖြင့်မူ White Hat၊Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။
White Hat
White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။
Black Hat
Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။
Grey Hat
Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။
*********************************************
၁။ (ခ) Hacker အဆင့်အတန်းများ
Script Kiddies
Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။
Intermediate Hacker
Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။
Elite Hacker
နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။
*********************************************
၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်
လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။
********************************************
၂။ Password အကြောင်းသိကောင်းစရာ
Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။
ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြုစေလိုပါ။
Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း
Social Engineering
အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။
ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။
အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။
Shoulder Surfing Attack
Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။
Guessing Attack
များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။
Dictionary Attack
Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။
Brute Force Attacks
Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။
Credit - Original Writer