#Guinness_World_Records
#ကမ္ဘာ့ဂင်းနစ်မှတ်တမ်းများဆိုတာ
*************************
Guinness World Records
ဆိုတာဘာလဲ?
ကမ္ဘာတလွှား သို့မဟုတ်
နိုင်ငံတွင်း စံချိန်ချိုးတဲ့မှတ်တမ်းများ
စုစည်းဖေါ်ပြတဲ့စာအုပ်ပါ။
၁၉၅၁ ခုနှစ်
နိုဝင်ဘာလ ၁၀ ရက်နေ့မှာ
စကော့တလန်ရှိ
Guinness ဘီယာချက်စက်ရုံမှ
ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့
Sir Hugh Beaver နဲ့
သူငယ်ချင်းများ
ဥရောပမှာ ငှက်ပစ်တဲ့
ကစားနည်များဖြစ်တဲ့
Golden plover နဲ့ Red grouse မှာ
ဘယ်ဟာ အရင်ဆုံးပေါ်ခဲ့သလဲ
ဆိုတာနဲ့ပတ်သက်ပြီး
အငြင်းအခုန်ဖြစ်ကြတယ်။
(ဥရောပမှာ ငှက်ပစ်ပြိုင်လေ့ရှိကြတယ်။)
ဒါကြောင့်
မှတ်တမ်းမှတ်ရာထားရင်
ကောင်းမယ်လို့အဲဒီညမှာ
သူစဉ်းစားမိလိုက်တယ်။
ဒီကိစ္စနဲ့ပါတ်သက်ပြီး
ဘီယာချက်စက်ရုံမှအလုပ်သမား
Christopher Chataway က
လန်ဒန်မှ အချက်အလက်တွေ
ရှာဖွေတဲ့အေဂျင်စီထောင်ထားတဲ့
၎င်းရဲ့ယူနီဗာစတီကျောင်းနေဖက်
သူငယ်ချင်းများဖြစ်တဲ့
Norris နဲ့ Ross McWhirter တို့
၂ ယောက်နဲ့ဆက်သွယ်ပေးလိုက်ရာမှ
၁၉၅၄ ခုနှစ် သြဂုတ်လမှာ
Guinness Superlatives Limited
ကို စတင်တည်ထောင်ခဲ့တယ်။
၁၉၅၅ ခုနှစ်
သြဂုတ်လ ၂၇ ရက်နေ့မှာ
ပထမဆုံးစထုတ်ဝေတဲ့စာမျက်နှာ
၁၉၈ မျက်နှာပါ စာအုပ်ဟာ
ဗြိတိန်မှာ ခရစ်စမတ်မတိုင်မှီ
အရောင်းရဆုံးစာရင်းဝင်သွားတယ်။
အမေရိကန်မှာ
နောက်နှစ်ဖြန့်ချီတဲ့အခါလည်း
ကော်ပီပေါင်း ၇၀,၀၀၀
ရောင်းချ ခဲ့ရတယ်။
ဒီအချိန်မှစ၍
The Guinness Book of Records
ဟာ အိမ်တိုင်းလက်စွဲ ကမ္ဘာကျော်
စံချိန်မှတ်တမ်းများစုဆောင်းပြုစု
မှတ်တမ်းတင်ထားတဲ့စာအုပ်အဖြစ်
လူသိများလာတယ်။
၁၉၅၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ
The Guinness Book
of Records အမည်နဲ့
အမေရိကန်မှာတော့
The Guinness Book
of World Records အမည်နဲ့
ထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ
Guinness World Records
အဖြစ်ပြောင်းလဲလာတယ်။
၎င်းစာအုပ်ထဲမှာ
လူသားတို့ရဲ့စွမ်းဆောင်ရည်နဲ့
သဘာဝရဲ့အံ့ဖွယ်များစုဆောင်း
မှတ်တမ်းတင်ဖေါ်ပြခဲ့တယ်။
ဒီစာအုပ်ဟာ ကမ္ဘာစံချိန်
မှတ်တမ်းများဖေါ်ပြရုံမဟုတ်ပဲ
သူကိုယ်တိုင်က ကမ္ဘာတခွင်
အရောင်းရဆုံးစာအုပ်အဖြစ်စံချိန်
မှတ်တမ်းကိုအစဉ်အမြဲရရှိနေတယ်။
The list of weird and wacky world
records goes on and on and on. For
those behind the stunts, the honour is
huge - their names published in the
planet's best-selling copyrighted book
of all time (and yes, that is a record).
ယခုအခါ ကမ္ဘာတခွင်
နိုင်ငံပေါင်း ၁၀၀ ကျော်မှာ
ဘာသာပေါင်း ၃၇ မျိုးဖြင့်
ကော်ပီပေါင်း သန်း ၁၀၀ကျော်ကို
နှစ်စဉ် ဖြန့်ဖြူးရောင်းချပြီး
စံချိန်တင်လျက်ရှိတယ်။
နှစ်စဉ်နှစ်တိုင်းပေါ်ထွက်လာတဲ့
စံချိန်သစ်များကိုဖြည့်စွက်ကာ
ခရစ်စမတ်မတိုင်မှီ
စက်တင်ဘာအောက်တိုဘာလမှာ
ဖြန့်ချီလေ့ရှိတယ်။
ကမ္ဘာတခွင်မှာ
Guinness World Records
ရဖို့နှစ်စဉ်ကြိုးစားမှုပေါင်း
၅၀,၀၀၀ ခန့်ရှိနေတယ်။
တပါတ်ကိုကြိုးစားမှု
၁၀၀၀ခန့်ရှိနေတယ်။
ဒါပေမဲ့ တကယ်မှတ်တမ်း
တင်နိုင်တဲ့ကိစ္စကတော့
တစ်နှစ်ကို ၁၀၀၀ ဝန်းကျင်ခန့်သာ
ရှိတယ်။ ဒါကြောင့်
Guinness World Records
ရဖို့ဆိုရင် အရင်ရဖူးထားတဲ့
မှတ်တမ်းတွေကိုသေသေချာချာ
ပြန်လေ့လာဖို့လိုပါတယ်။
ကိုယ်တင်ချင်တဲ့စံချိန်ကိုလည်း
အကြိမ်ကြိမ်လေ့ကျင့်ထားဖို့လိုတယ်။
စံချိန်မှတ်တမ်းတင်ဖို့က ...
__________________________________
#ဘာမှဝန်ဆောင်ခပေးစရာမလိုသလို
__________________________________
ဘာဆုတံဆိပ် စံချိန်တန်ဖိုးရဖို့လည်း
မမျှော်လင့်ပါနဲ့။
ကိုယ်က
စံချိန်ဘယ်လောက်ပဲ
ကောင်းနေပါစေ
Guinness World Records
ထဲ အသေအချာပါမယ်လို့တော့
ဘယ်သူမှအာမခံတာဝန်မယူပါဘူး။
ဒါကြောင့် စံချိန်တင်ဖို့
ကြိုးစားတော့မယ်ဆိုရင် ပထမဆုံး
www.guinnessworldrecords.com
မှာလျှောက်လွှာပုံစံရယူပါ။
ပြီးရင် ညွှန်ကြားချက်တွေအတိုင်း
တသွေမတိမ်းလိုက်နာပါ။
စံချိန်ချိုးမှုတိုင်းကို
လာရောက်ကြပ်မတ်ပေးဖို့
အကဲဖြတ်လူကြီးတွေ
အလုံအလောက်မရှိတဲ့အတွက်
စည်းကမ်းချက်တွေ၊
စံချိန်စံညွှန်းတွေကိုက်ညီစွာ
ပေးပို့လာတဲ့ဗီဒီယိုဖိုင်တွေကို
ကြည့်ရှု့ပြီး ကျေနပ်မှသာ
စေလွှတ်ပေးမှာဖြစ်တယ်။
"Record-breaking is free and open to
everyone," he said. "We ask that you
give us six to eight weeks for existing
categories, and eight to 12 weeks for
new ideas.
ကိုယ်ရွေးခြယ်တဲ့ခေါင်းစဉ်
ဖြစ်နိုင် - မဖြစ်နိုင်ဆိုတာလည်း
သိဖို့လိုအပ်တယ်။
ဥပမာ - ဘတ်စ်ကက်ဘောကို
ဘယ်လောက်ဝေးဝေးက
ဝင်အောင်ပစ်သွင်းနိုင်သလဲ။
ကိုယ့်အရင် စံချိန်တင်ထားဖူးသူ
ရှိသလား။ ရှိရင် သူက
ဘယ်လောက်အကွာအဝေးမှ
စံချိန်တင်ထားသလဲဆိုတာ
မှတ်တမ်းဟောင်းတွေမှာရှာဖွေကာ
ကိုယ်က ဒီစံချိန်ကိုချိုးဖို့ဆိုရင်
ကြိုတင်ပြင်ဆင်ပြီးအကြိမ်ကြိမ်
လေ့ကျင့်ထာဖို့လိုအပ်တယ်။
သောကြာဂြိုလ်ကို
ပထမဆုံးရောက်တဲ့သူဆိုရင်တော့
စံချိန်မှတ်တမ်းထဲပါဖို့ သေချာတာပေါ့။
To mark today's
Guinness World Records Day,
we have produced a quick and
easy guide to
having your name immortalised
(until someone beats your feat)
in the bible of the bizarre.
"There is a buzz from seeing your
name in print," said Mr Glenday.
"Millions of people read the book.
Your name could be alongside the
likes of Usain Bolt and Neil Armstrong.
"You get the chance to to be
recognised for something that would
otherwise be ignored."
#HtinAung
Monday, May 28, 2018
Guinness_World_Records
Subscribe to:
Posts (Atom)