Friday, February 24, 2017

Facebook Hackခံရလျှင်

Fb acc hack ခံရတယ်ဆိုတာ user တွေ security ပိုင်းမှာ  ဗဟုသုတနဲပါးလို့ဖြစ်ရတာပါ

SECURITY အနေနဲ့
Gmail ဆိုရင် 2step / recovery mail /security question ချထားပါ

FB acc ကတော့ ID တင်ပါ / login approval
login alarn / app password /
Trust contact ၅ခုလောက် လုပ်ထားပါ

ဒါ့အပြင်
Acc Hack မခံရအောင် အောက်ပါ အချက်များကို လိုက်နာသင့်ပါတယ်

Facebook Account Security နဲ့ ပတ်သက်လို့ အခြေခံအချက်လေးများ..

၁။     သင့်ရဲ့ Facebook Account ကို ဟက်ခံရလို့ ပါသွားပြှီဆိုရင်...ပြန်ဟက်ဖို့ မကြိုးစားပါနဲ့... ဘာလို့လဲဆိုတော့..Facebook Account hacking နဲ့ ပါတ်သက်လို့ အတွေ့အာကြုံရှိတဲ့ဗဟုသုတ ပြည့်စုံတဲ့လူရဲ့ လက်ထဲ ရောက်နေလို့ပါပဲ..။ သင့်ရဲ့ primary email ကို အသုံးပြုပြီး...မိမိ Facebook Account ကို recovery လုပ်ဆောင်ရန်သာ ရှိပါတယ်...၂။ စည်းကမ်းချက် ၂ အနေနဲ့တော့..သင့်ရဲ့ Facebook Account password နဲ့ recovery လုပ်နိုင်တဲ့primary email password ကို မည်သည့်အခါမျှ တူအောင် မပေးပါနဲ့၊ ဥပမာ၊ Facebook AccountPassword သည် "abc123" ဖြစ်ခဲ့မယ်ဆိုလျှင် primary email password သည် "bca543" စသဖြင့် ဒါမျိုးဖြစ်သင့်ပါတယ်။၃။ တတိယစည်းကမ်းအနေနဲ့တော့....သင့်ရဲ့ Facebook Account password ကို တစ်ပတ်၊ တစ်လစသဖြင့် ကာလတစ်ခု သတ်မှတ်ပြီး...ပြောင်းလဲ အသုံးပြုသင့်ပါ တယ်။ များသောအားဖြင့် အလုပ်ရှုပ်လို့ user တွေက ဒီလို အကျင့်ကောင်းလေးကို အသုံးမပြုကြပါဘူး၎။ Facebook ရဲ့ အကောင့်ဖွင့်တဲ့ primary email ကို အသုံးပြုတဲ့နေရာမှာ...ကျွန်တော်တို့အနေနဲ့gmail ဖြင့် အသုံးပြုဖို့ အားပေးလိုပါတယ်။ Yahoo mail ကဲ့သို့ မေးလ်များ အသုံးပြုခဲ့မယ်ဆိုရင်လူကြီးမင်းရဲ့ အကောင့်အတွက် ဒုက္ခရောက်စရာလေးတွေ ကြုံလာနိုင်ပါတယ်..ဘာကြောင့်လဲဆိုတော့. Yahoo mail ကဲ့သိုမေးလ်များဟာ check in (၀င်စစ်ခြင်း) မ၀င်တာ ကြာလာတာနဲ့ အမျှ သင့်ရဲ့အကောင့်ကို deactivate (အကောင့်ရပ်ဆိုင်းခြင်း) လုပ်သွားတတ်လို့ပါပဲ။၅။ မိမိနဲ့မသိတဲ့၊ မိမိမယုံကြည်ရတဲ့ သူတွေပို့လိုက်တဲ့ link တွေကို မည်သည့်အခါမျှ လက်မခံဖို့လိုပါတယ်။ တစ်ကယ်လို့ မမျှော်လင့်ပဲ လက်ခံလိုက်မယ်၊ နှိပ်မိလိုက် မယ်ဆိုရင်တော့...မိမိတို့ရဲ့၏အကောင့် password ကို မဆိုင်းမတွပဲ အမြန်ဆုံး ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။၆။ နောက်တစ်ခုအနေနဲ့ မိမိမသိတဲ့၊ မိမိနဲ့ မရင်းနှီးတဲ့ လူတွေဆီက app request တွေကိုလည်း လက်မခံဖို့ မနှိပ်မိဖို့ လိုအပ်ပါသေးတယ်..၇။ တစ်ကယ်လို့ သင့်ရဲ့ အကောင့်ကို သင်မသိပဲ တစ်ခြားလူတစ်ယောက် အသုံးပြုနေတယ်လို့ သံသယရှိလာခဲ့မယ်ဆိုရင်။ setting ထဲဝင် password ကို ပြောင်းပါ ပြီးရင် "Log me Out of other devices."ဆိုတာလေးကို click လုပ်ပြီး တခြား devices တွေနဲ့ အသုံးပြုခြင်းမှ ပိတ်ပေးဖို့လိုအပ်ပါလိမ့်မယ်။၈။ Cyber Cafe, Internet Cafe စတဲ့ အများသုံး နေရာတွေမှာ သင် အသုံးပြုပြီးပြီ ဆိုရင်တော့သင့်ရဲ့ အကောင့် password ပြောင်းလဲဖို့ သတိပြုရပါလိမ့်မယ်။၉။ Facebook အသုံးပြုဖို့ log in ၀င်တဲ့နေရာမှာ "Save Password for this site" စသဖြင့် သင့်ရဲpassword ကို သိမ်းဆည်းမလားလို့ မေးလာခဲ့ရင် Never save password စသဖြင့် သင့်ရဲ့ password ကို သိမ်းဆည်း ခြင်း မပြုလုပ်ဖို့ လိုပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ အင်တာနက်အသုံးပြုတဲ့ browser ကနေ သင့်ရဲ့ password ကို အလွယ်တကူ ခိုးယူသွားနိုင်လို့ပါပဲ။ဒီအချက်လေးတွေဟာ..facebook အသုံးပြုသူများအတွက် မိမိရဲ့အကောင့် လုံခြုံရေးအတွက် အခြေခံ အချက်အလက် အချို့လေးတွေဖြစ်ပါတယ်။ သင်သာ ဒီအချက်အလက်လေးတွေအတိုင်း လိုက်နာပြီး အသုံးပြုခဲ့မယ်ဆိုရင် မိမိရဲ့ facebook အကောင့် အလွယ်တကူ ဟက်ခံရနိုင်ခြေရာခိုင်နှုန်း အလွန်းနည်းပါးပြီ၊ အကယ်လို့ ဟက်ခံခဲ့ရမယ်ဆိုရင်တောင်မှ အလွယ်တကူ recovery ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်..ဒီအချက်လေးတွေဟာ FacebookAccount အသုံးပြုသူ user များအတွက်...အထောက်အကူပြု နိုင်မယ်လို့ယုံကြည်ပါတယ်
❤◦.¸¸. ◦✿MZA


No comments:

Post a Comment