##အစိမ်းသရဲတိုက်##
မြေနံသင်းသင်းလေးနဲ့ တမာရနံမွှေးမွှေးတွေကို သယ်ဆောင်လာတဲ့ လေနုအေးလေးတွေနိုးဆွလို့ မှေးစက်ရာကနေ မျက်လုံးအသာပင့်ကြည့်လိုက်၏။ ပူစပ်စပ်နေရောင်အထိအတွေ့နဲ့ မကွေးမြို့လေးက ဟိုမှာဒီမှာ လူတစ်ချို့၊ဆိုင်ကယ်တစ်ချို့၊ဈေးသွားသူတစ်ချို့ စသည်တို့နှင့်အသက်ဝင်လို့ ကြိုဆိုပါ၏လို့ ချိုသာစွာနှုတ်ဆက်လို့နေလေ၏။
“အစ်ကို ဒီကားက မင်းဘူးကိုဆက်သွားမှာမဟုတ်လား…”
“ဟုတ်တယ် ညီ..”
“ကျေးဇူးပါ အစ်ကို..”
ဘေးခုံကသူတစ်ယောက်ကို မင်းဘူးကိုဆက်သွားမသွားမေးပြီ ပြန်မှေးနေလိုက်တယ်။မြစ်ဧရာပေါ်ဖြတ်ကျော်ထားတဲ့ တံတားကြီးပေါ်ကနေမြင်နေရတဲ့ ရှူခင်းတွေက ဘဝအမောကိုပြေစေပြီ ခွန်းအားအသစ်တွေမွေးဖွားပေးနေတော့၏။မင်းဘူးမှာ ကားရပ်တာနဲ့ အဖေပေးထားတဲ့ တည်းခိုခန်းလိပ်စာကို မြင်းလှည်းသမားကိုလိုက်ပို့ခိုင်လိုက်တယ်။မြင်းလှည်းစီးရတာ ရန်ကုန်သားကျွန်တော့အဖို့ထူးဆန်းတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေတာအမှန်ပင်။မြင်သမျှအရာရာတိုင်းကလဲ မော်ဒန်ပန်းချီကားတစ်ချက်ကိုကြည့်နေရသလို အရာရာမော်ဒန်အရမ်းဆန်နေလေ၏။
“အခန်းတစ်ခန်းလောက်..”
“ရပါတယ် အစ်ကို..ဘယ်နှစ်ရက်တည်းမှာလဲ..”
“ဘယ်နှစ်ရက်လဲဆိုတာတော့အတိအကျမသိသေးဘူးဗျ..ဒီနေ့ကြိုမဲ့သူလာရင် ဒီနေ့သွားရမယ်…မနက်ဖြန်မှလာရင် မနက်ဖြန်ပေါ့..ဒါပေမဲ့ တစ်ရက်စာအပြည့်ပေးမှာပါ..”
“ရပါတယ်..မှတ်ပုံတင်လေးတစ်ချက်လောက်..”
“ဟုတ်..ရောဒီမှာ ကျွန်တော့မှတ်ပုံတင်..ဒါနဲ့ ကျွန်တော်နာမည်နဲ့လူတစ်ယောက်လာမေးရင် ကျွန်တော့ကိုအကြောင်းကြားပေးပါနော်..”
“ဟုတ်ကဲ့ပါ..အစ်ကိုနေရမဲ့အခန်းက ၀၉ ပါ..လာကျွန်တော်လိုက်ပို့မယ်..”
တည်းခိုးခန်းတာဝန်ခံလိုက်ပို့တဲ့ အခန်းလေးကိုရောက်တော့ အထုတ်အပိုးချကာ ကုတင်ပေါ်လှဲပြီ အမေမှာလိုက်တာတွေကိုပြန်တွေးနေလိုက်မိ၏။
“သား..ဒီတစ်ခေါက်ကျောင်းပိတ်ရင် မင်းဘူးကရေနံတွင်းမှာ သွားနေပေးလိုက်ဦး..မင်းအဖေလဲ ခဏပြန်နာချင်နေပြီ..”
“ဟုတ်ကဲ့ပါ အမေ..သားသွားလိုက်ပါမယ်..အဖေလဲပင်ပန်နေပြီပေါ့ဒီလောက်ဆို..”
ဒီလိုနဲ့ ကျွန်တော် ရေနံမှော်ကိုသွားဖို့အကြောင်းဖန်လာပြီ အညာမြေကိုရောက်လာတော့တာပါပဲ။
ဒေါက်..ဒေါက်..
“အစ်ကို..အောက်မှာ ဧည့်သည်ရောက်နေတယ်..”
“ဟုတ်လာပြီ..လာပြီ..”
တာဝန်ခံတံခါးလာခေါက်လို့ ကမန်ကတန်းအောက်ဆင်းလာလိုက်တယ်။
“ကျွန်တော် အောင်ဆန်းမျိုးပါ..အစ်ကိုအဖေက လာကြိုခိုင်းလိုက်လို့။ကိုသန်းနိုင်ဟုတ်ပါတယ်နော်..”
“ဟုတ်ပါတယ်..ကျွန်တော်သန်းနိုင်ပါ..ဒါနဲ့ဘယ်ကိုဆက်သွားရမှာလဲ..ဘာနဲ့ဆက်သွားရမှာလဲ..”
“ဟိုးနားမှာ ကားဂိတ်ရှိပါတယ်..နေ့လည်လောက်ထွက်မယ်..အစ်ကို့အဖေ မှာလိုက်တာတွေ လိုက်ဝယ်လိုက်ဦးမယ်..အစ်ကိုဒီကနေပဲစောင့်မှာလာ..”
“အေအေ ငါဒီကပဲစောင့်တော့မယ် ကားထွက်ခါးနီးမှာပြန်လာခေါ်လိုက်..”
“ဟုတ်ကဲ့ပါ..”
လာကြိုတဲ့သူလဲ ပြောပြီ ပြန်ထွက်သွားလေ၏။နေ့လည်လောက်ကျတော့ သူပြန်လာပြီခေါ်တာနဲ့ ကားဂိတ်ကိုဆက်ထွက်လာလိုက်တယ်။ကားကလူတွေအပြည့်အသိပ်၊အိုးတွေခွက်တွေပလုံးတွေနဲ့စုံနေတာပဲ။
ကားထဲမှာလဲ သနပ်ခါးပါးကွတ်ကြားနဲ့ အညာသူလုံမေချောတွေကိုတွေ့လို့ ညှူတူတူနဲ့ကြည့်လိုက်တယ်။သူတို့ကလဲကျွန်တော့ကို ပြန်ကြည့်တယ်။ဘယ်လိုကြည့်လဲဆိုတော့ နာဘူးကြီးဆိုပြီတော့အဓိပ္ပါယ်သက်ရောက်တဲ့အကြည့်မျိုး။ကိစ္စတော့သိပ်မရှိ အဲ့အကြည့်လေးတွေကပဲ ဒီရွှေရင်အစုံကို ရင်ခုန်ကကြွစေတာပါပဲ။ပိုးကတော့ မသေးဘူးနော်။
“ဘယ်ကနေလိုက်ရမှာလဲ..”
“နေရာတော့မရှိတော့ဘူး..ကားခေါင်းအပေါ်က ဝက်ခြံကနေလိုက်ရမှာပဲ..”
“ဒီလိုလာ ဒါဆိုလဲတက်ကွာ..”
ဤသို့နှင့် ကျွန်တော် ရန်ကုန်သားတစ်ယောက် ဖုန်းထူထူ လှည်းလမ်းလား ကတ္တရာလမ်းလားမသိတဲ့ မင်းဘူး ရွှေစက်တော်သွားလမ်းပေါ်မှာ နွားလှည်းစီးသလို ဘယ်ညာအပေါ်အောက်ယှိမ်းနေတဲ့ ကားကြီးနဲ့ လိုက်ပါလာလေတော့၏။
“ဘယ်ထိစီးရမှာလဲ ရွှေစက်တော်ထိလား…”
“မဟုတ်ဘူး အစ်ကို..လမ်းမှာ လမ်းခွဲရှိတယ် ရေနံမှော်ကိုသွားတဲ့တောလမ်း..အစ်ကို နွေရာသီရောက်တာကံကောင်းတယ်..မိုးတွင်းဆို ကားကမှော်ထဲအထိမရောက်ဘူး..လှမ်းတစ်ဝတ်ထိပဲကျန်တာ တောထဲမှာ ရွှံဗွတ်တွေနဲ့သွားရမှာ…”
“သြော်.ဟုတ်လား..”
စကားတစ်ပြောပြောနဲ့စီးလာလိုက်တာ နောက်ဆုံးရေနံမှော်ကိုရောက်တော့မှစကားရပ်တော့တယ်။
“ရောက်ပြီအစ်ကို ကျွန်တော်တို့တဲက ဟိုကုန်းမှာ..”
သူပြတဲ့နေရာကိုလှမ်းကြည့်ပြီ လျှောက်လာလိုက်တာ တဲတစ်ခုကိုအဖြတ် တဲထဲကနေ အဖွားကြီးတစ်ယောက်ထွက်လာပြီ ကျွန်တော့ကို ရန်သူလို့ကြည့်နေတာတွေ့လိုက်ရတော့ စိတ်ထဲ စနိုးစနောက်ဖြစ်သွားပြီ
“အောင်ဆန်းမျိုး..ဒီအဖွားကြီးကဘာလဲ ငါ့ကိုတစ်ခါမှလဲမမြင်ဖူးပဲ ရန်သူလို့ကြည့်နေတယ်..”
“လာ..လာအစ်ကိုပြန်ကြည့်မနေနဲ့..”
ပြာပြာသလဲပြောပြီ ကျွန်တော်ကိုဆွဲခေါ်သွားတယ်။စိတ်ထဲမှတော့ သိပ်မကြေနပ်။ကိုယ်ကလဲ ဗလသာမရှိတာ ဇကတော့ပြင်းတယ်မဟုတ်လာ။ဘယ်လောက်ဇပြင်းသလဲဆို ခမဲ ပါပေးထားရတယ် ငယ်ငယ်ကဆိုတောက်တဲ့အော်တာတောင်လန့်ပြီးတက်တက်သွားလို့။အဲလိုကိုဇကပြင်းတာ။ဒီလိုမျိုးရန်လာစလို့ကတော့ နယ်မရွေးပဲလေ။ဘုကြည့်ပြန်ကြည့်ပြီထွက်လာလိုက်လေ၏ တဲရှိတဲ့နေရာကို။စိတ်ထဲမှာလဲတေးထားလိုက်တယ်။နောက်တွင် ယင်အဖွားကြီးနဲ့ ကျွန်တော်နဲ့ ပွဲကြီးပွဲကောင်းတွေနွဲရမယ်ဆိုတာ ထိုစဉ်က ကျွန်တော်မတွေးမိခဲ့တာတော့ အမှန်ပင်။တဲရှိတဲ့နေရာကိုရောက်တော့ တဲရှေ့ကွတ်ပစ်မှာ ငူငူကြီးထိုင်နေတဲ့ အဖေကိုတွေ့တာနဲ့
“အဖေသားရောက်လာပြီ..အဖေ..အဖေ…”
နှစ်ကြိမ်လောက်အော်ခေါ်တော့မှာ
“ဟေ့…သြော်.ငါ့သားရောက်လာပြီလာ..အောင်ဆန်းမျိုးငါ့သားကိုနေရာချထားပေးလိုက်..”
ပြောပြီ အရင်အတိုင်ပြန်ထိုင်နေပြန်ရော။အဖေကိုကြည့်ရတာ စိတ်ထဲတစ်မျိုးပဲ။အရင် အရမ်းတက်ကြွတဲ့အဖေက ခုငူငူကြီး ပိန်လဲပိန်သွားတယ်။အလုပ်ကိစ္စတွေးနေလို့ နေမှာပဲဆိုပြီ ကိုယ်နေရမဲ့တဲကိုထွက်လာလိုက်တယ်။ကျွန်တော်တို့နေတဲ့ကုန်းလေးမှာ ကျွန်တော်တို့တဲက သုံးလုံး အလုပ်သမားတွေနေတာတစ်လုံး အဖေနေတာတစ်လုံး ကျွန်တော်နေဖို့ဆောက်ထားတာတစ်လုံး အားလုံးကိုခြံခတ်ထားတယ်။ခြံနဲ့ခပ်လှမ်းလှမ်းမှာဘာပင်မှန်မသိတဲ့ ပေါင်လုံးလောက်အပင်တစ်ပင်ရှိတယ်။ရေနံမှော်ဆိုတော့ရမ်းပူပြီ အပင်ကြီးကသိပ်မရှိဘူးလေ။သပ်သပ်ရပ်ရပ် သေခြာရှင်းလင်းထားတော့ ခြံလေးကနေချင်စရာလေ။သိပ်အဆိုးကြီးမဟုတ်တော့ စိတ်ချမ်းသာသွားပေမဲ့ စောစောကအဖွားကြီးနဲ့တွေ့ရတာနဲ့ အဖေကိုတွေ့ရတာကတော စိတ်မချမ်းသာစရာ။
“အောင်ဆန်းမျိုး..ငါ့အဖေဘာဖြစ်နေတာလဲ..ဒီလိုဖြစ်တာကြာပြီလား..”
“ဟုတ်အစ်ကို ဖြစ်နေတာကြာပြီ ..အရင်ကဒီလိုမဟုတ်ဘူး..ဖြစ်တာတစ်လနှစ်လလောက်ရှိပြီ ထမင်းလဲသိပ်မစားဘူး တွင်းတွေကိုလဲသိပ်ဂရုမစိုက်တော့ဘူး…” “တွင်းဆရာနဲ့ပဲလွှတ်ထားတယ်..အားနေအဲ့ခုံမှာထိုင်ပြီ စောစောကအဖွားကြီးနေတဲ့ တဲကိုပဲကြည့်နေတာ…”
“ဟုတ်လာ…ဒါနဲ့ဒီအဖွားကြီးက ဘာလဲ..မင်းကဘာလို့ကြောက်နေရတာလဲ..”
“ဒီလိုရှိတယ်ဗျ..အဲ့အဖွားကြီးက စုန်းလိုလို အောက်လမ်းလိုလို နဲ့လူတွေပြောကြတာပဲ..”
“ဒါဆို ငါ့အဖေဖြစ်နေတာနဲ့ သူနဲ့ ပတ်သက်နေတာလား…”
“ဒါတော့အတိအကျမသိဘူး…”
“အေအေဒါဆိုလဲစောင့်ကြည့်ကြတာပေါ့ကွာ..ဟုတ်လို့ကတော့ အဲ့အဖွားကြီးမလွဲဘူးမှတ်..သူ့ဟာသူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး…ဒါနဲ့ တွင်းတွေကိုလိုက်ပြဦး…”
“ဟုတ်အစ်ကို..”
အထုတ်တွေနေရာချပြီ အဖေကိုနှုတ်ဆက်ကာ တွင်းတွေရှိတဲ့နေရာကိုထွက်လာလိုက်လေ၏။အဖေကတော့ ထုံးဆန်အတိုင် အင်းမလုပ်အဲ့မလုပ်။တွင်းကိုရောက်တော့ တွင်းဆရာနဲ့ အောင်ဆန်းမျိုးက ကျွန်တော့ကိုမိတ်ဆက်ပေးတယ်။
“ဒါ ဆရာသား ကိုသန်းနိုင်”
“ဒါတွင်းဆရာ ကိုကျော်ဦး…”
“ဟုတ်တွေ့ရတာဝမ်းသာပါတယ်…”
“ဟုတ်ကဲ့..ဒါနဲ့တွင်းအခြေအနေကောဘယ်လိုလဲ..”
“ဒီတွင်းကတော့ နီးနေပြီဗျ..တရွင်းမှာပါတဲ့ ကျောက်မှာ အဖြူအစင်းကြောင်းလေးတွေများလာပြီ ရေနံအနံ့လဲရလာပြီ..ဒီမှာကြည့်ကြည့်..”
သူပြတဲ့ ကျောက်အဝိုင်းလေးကိုခွဲကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပင်။ရေနံတူးတယ်ဆိုတာကလဲ စက်ကြီးတွေနဲ့တူးတာမဟုတ်။တရုတ်နီစက်တွေနဲ့တွဲထားတဲ့ စွန်လွှတ်တဲ့ရစ်ဘီးလို့ ဟာကြီးမှာ ကြိုးတွေရစ်ထားပြီ ဂီယာနဲ့ အရှေ့ရစ် အနောက်ရစ်ပေါ့။တွင်းအပေါ်မှာ တိုင်တွေနဲ့ စင်ပုံစုံဆောက်ပြီ အဲ့မှာကြိုးသွားဖို့ချိန်သီးနဲ့ ကြိုးက တွင်းနဲ့တည့်တည့် ကိုဆင်းတယ် တစ်စက စောစောက ဂီယာနဲ့လုပ်ထားတဲ့ ရစ်ဘီးကိုသွားတယ်။တွင်းထဲကိုသွားတဲ့ ကြိုးစမှာတော့ လက်သုံးပြန်စာလောက်ရှိတဲ့ တူးရွင်းအကြီးကြီးတပ်ထားပြီး တွင်းဆရာက အချက်ပြတာနဲ့ စက်နားမှာနေတဲ့သူက ဂီယာကိုရှေ့တိုးနောက်ငင်ပြုလုပ်ပြီတူးရတာ။တွင်းဆရာအပေါ်မူတည်း၍ တွင်းတည့် တွင်းစောင်းဖြစ်တက်တဲ့။တွင်းနဲ့ပတ်သက်ရင်သူကဆရာပဲ။
“ဒါနဲ့ဘယ်နှတွင်းထွက်ပြီလဲ..”
“သုံးတွင်းတော့ တစ်ရက်ကို နှစ်ပေပါလောက်ထွက်တယ်..လျှံတွင်းတော့မထွက်သေးဘူး…”
“သြော်..ဟုတ်လာ..ခင်ဗျာတို့လဲနားတော့လေ ည ၈ နာရီပဲထိုးနေပြီ..”
“ခဏနေရင်နားတော့မှာပါ..”
သူတို့ကိုနှုတ်ဆက်ကာ တဲကိုပြန်လာပြီ ထမင်းစားသောက်၍ညတစ်ညကိုအတွေးတွေနဲ့ချိတ်ပြီး မျက်လွှာကိုချကာအိပ်စက်ခြင်းကို မျှားနေမိတော့တယ်။
အီးးးးအီးးးးအီးးးးးး
ပထမ စကြားရတာက ညီးသံလိုလိုဘာလိုလိုအသံ။ခွေးတွေများလာ။အသာနားစွင့်နေလိုက်ပြီ ထရံပေါက်ကနေအပြင်ကိုကြည့်လိုက်တော့ နည်းတာကြီးမှမဟုတ်တာ အရပ်က ၁၀ ပေနီးပါလောက်ရှိတယ် မျက်လုံးနှစ်လုံးကလဲ သပိတ်လုံးလောက်ကိုရှိတာ ဟိုအပင်ကနေပြီ ဒီတဲဘတ်ကိုလာနေတာအတိုင်းသာမြင်နေရတယ်။သရဲတစ္ဆေဆိုတာမကြောက်တက်တဲ့ကျွန်တော်တောင် ခဏတော့ကြောင်သွားတယ်။နောက်တော့ဘေးနားမှာ မအိပ်ခင်ကချထားတဲ့ လေးဂွကိုယူပြီ အပြင်ကိုထွက်ကာ ထိုအကောင်ကြီးကိုဆော်တော့တာပဲ။
ဖုတ်…ဖုတ်…
လက်ကတည့်သလားမမေးနဲ့ ခေါင်းဆိုခေါင်း လက်ဆိုလက်ပဲ။ခဏနေတော့ အလုပ်သမားတွေနိုးလာလေရော။
“ဘာဖြစ်နေတာလဲ ကိုသန်းနိုင်း ညကြီးမင်းကြီးလေးဂွတစ်လက်နဲ့…”
“ဟိုမှာလေ ဘာကောင်ကြီးမှန်မသိဘူး ဒီဘတ်ကိုလာနေလို့ လှမ်းပစ်နေတာ..”
“ဘယ်မှာလဲ ဘာမှလဲမရှိပါလာ…”
“ဟာ..ဟုတ်သားပဲ စောစောကရှိနေသေးတယ်..အမြင်မှားတာနေမှာပါ..ကဲကဲပြန်အိပ်ကြတော့...
ဒါနဲ့ ကိုကျော်ဦးမနက်ထမင်းကြမ်းစားပြီးတာနဲ့ ကျွန်တော်နဲ့စကားပြောရအောင်ဗျာ..ကျွန်တော့တဲကိုလာခဲ့..”
“ဟုတ်ကဲ့ပါ…”
ပြောပြီ တဲထဲပြန်ဝင်အိပ်နေလိုက်တယ်အိပ်လို့တော့မပျော်။မနက်ရေမိုးချိုး ထမင်းစားပြီတော့ ကိုကျော်ဦးအလာကိုစောင့်နေလိုက်လေ၏။
“ကိုသန်းနိုင် ကျွန်တော်ရောက်ပါပြီ ..နိုးနေပြီလာဗျ..”
“လာလာ ကိုကျော်ဦး..ခင်ဗျာကိုစောင့်နေတာ..”
“ကျွန်တော့ကိုပြောစရာရှိတယ်ဆိုပြောလေ..”
“ဒီလိုဗျ…ကျွန်တော့အဖေကိုကျွန်တော်မသင်္ကာဘူး..ခင်ဗျာ ကိုဘယ်လိုထင်လဲ…”
“အမှန်မတိုင်းပြောရင် စိတ်မဆိုးနဲ့နော်…”
“မဆိုးပါဘူးဗျာ…အမှန်အတိုင်သာပြောပါ..”
“ဆရာကဆေးမိနေတာထင်တယ်ဗျာ..အရင်ကဒီလိုမဟုတ်ဘူး..ကျွန်တော်လဲသတိထားမိနေတာကြာပြီ..ရန်ကုန်ကိုပြန်ခိုင်တာလဲမပြန်ဘူး..တစ်နေ့တစ်နေ့အဲ့ခုံမှာပဲထိုင်ပြီးငူနေတယ်…”
“ဒါဆိုကျွန်တော်ထင်တာ မလွဲဘူးဆိုရင် ဟိုတဲကအဖွားကြီးနဲ့ပတ်သက်နေမယ်ထင်တယ်…”
“အမှန်ပဲဗျို့…အဲ့တဲမှာ ကောင်မလေးတစ်ယောက်ရှိတယ်..အဖွားကြီးတစ်ယောက်နဲ့နေတယ်..အဲ့ကောင်မလေးက မစကဒီကိုသိပ်မလားဘူး..နောက်တော့ ဒီကိုအဝတ်လျှောဖို့လာတယ်..နောက်ဆရာကဒီဖြစ်သွားတာပဲ…”
“ဒီလိုဆိုမဖြစ်ဘူးဗျာ..အဖေကိုရန်ကုန်ပြန်ပို့မှရမယ်..ခင်ဗျာကူညီဗျာ..”
“ဟုတ်ကဲ့ကူညီပါမယ်..ဒါနဲ့ဒီအဖွားကြီးတဲရှေ့ကဖြတ်သွားရတာနော်..အဲ့ဒါဘယ်လိုလုပ်မလဲ..”
“ကြည့်လုပ်တာပေါ့ဗျာ..ကဲကဲခင်ဗျာလဲအလုပ်သွားတော့..ကျွန်တော်လဲပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ဦးမယ်..”
နေ့တစ်နေ့သည်လျှင်မြန်စွာသေဆုံးသွားပြီ ညတစ်ညသည်လျှင်မြန်စွာမွေးဖွားလာလေတော့၏။အတွေးတွေ နယ်ချဲ့ရင် မှေးကနဲအိပ်ပျော်မယ်ကာရှိသေး
အူး……….အူး………အူး……..
ခွေးအူသံကြားလို့ တဲပြင်ထွက်ကြည့်လိုက်တယ်။ဟိုကြည့်ဒီကြည့်နဲ့ အမှတ်မထင် အဖွားကြီးနေတဲ့တဲကိုလှမ်းကြည့်မိတော့ အဖွားကြီးက မီးအိမ်လေးကိုင်ပြီ တဲထဲကနေထွက်လာတယ် တစ်ခြားလက်တစ်ဖတ်မှာလဲ တစ်ခုခုကိုဆွဲလာပြီ ကျွန်တော်တို့တဲရှိတဲ့ဘတ်ကိုတစ်ချက်လှမ်းကြည့်တယ်။ကျွန်တော်လဲအသာ ပုန်းနေလိုက်ပြီ ဒီအဖွားကြီးဘာလုပ်မလဲဆက်ကြည့်နေမိရော။အဖွားကြီးက တရွေ့ရွေ့သွားပြီ အပင်တစ်နားအရောက် ရပ်လိုက်ပြီ ပါလာတဲ့အထုတ်ကိုချကာ ဘာတွေရွတ်နေမှန်မသိ ပြီတော့ပြန်ထွက်သွားတယ်။သူလဲထွက်သွားပြီ ခဏအကြာမှ အပင်ပေါ်ကနေအကောင်တစ်ကောင် ဇောက်ထိုးကြီးဆင်းချလာပြီ စောစောကအဖွားကြီးချထားတဲ့ဟာကိုစားနေလေရဲ့။မြင်ရသည့်မြင်ကွင်းကအသည်းငယ်သူအဖို့လိပ်ပြာလွင့်ရုံတင်မကဘူး လွင့်သွားတဲ့လိပ်ပြာပင်ကြောက်ပြီသေသွားနိုင်သည်။
“ဒါအစားကျွေးတာပဲ…ဒီလိုဆို ဒီအပင်မှာ အဖွားကြီးမွေးထားတဲ့သရဲရှိရမယ်…မနေ့ညကတွေ့တာဒီကောင်ပေါ့..တွေ့ကျသေးတာပေါ့ကွာ…”
ကြုံးဝါးပြီ ပြန်အိပ်နေလိုက်ရော။မိုးလင်းတာနဲ့ အလုပ်သမားတွေကိုခေါ်ကာ ညကအပင်ရှိရာကိုထွက်လာပြီ
“ကဲ့..ကိုကျော်ဦး ဒီအပင်ကိုခုတ်ဗျာ…”
“ဗျာ….ဘာလို့လဲ…”
“ခုတ်ဆိုခုတ်ဗျာ…”
“ဟုတ်ကဲ့…”
ကျွန်တော်တို့အပင်ကိုစခုတ်တယ်ဆိုရင်ပဲ အဖွားကြီးကထွက်လာပြီ။
“ဟဲ..သေနာတွေ ငါ့အပင်ကိုဘာလိုခုတ်နေတာလဲ..သေချင်လို့လာ…”
“ဒီမှာအဖွားကြီး…ဒါခင်ဗျာအပင်မဟုတ်ဘူး..ခင်ဗျာခြံထဲမှာရှိတာလဲမဟုတ်ဘူး…ကျူပ်ဟာကျူပ်ခုတ်ချင်ခုတ်မယ်မခုတ်ချင်နေမယ် ခင်ဗျာအပူမဟုတ်ဘူး…”
“တောက်….အောင်မာ…ဒီမလောက်လေမလောက်စားကများ ငါကို..ငါတပည့်နဲ့နင်ကိုတိုက်သတ်လိုက်ရမလာ…အပင်းဆို့သေမဲ့ကောင်တွေ…”
“ဟား….ဟား…..လုပ်လေ..ခင်ဗျာ တပည့်ကဘယ်မှာနေလဲတော့မသိဘူး…ခုတော့ ခင်ဗျာ ကျူပ်လက်ချက်နဲ့ ဇတ်ပြတ်ပြီသာမှတ်..”
ဆိုပြီ ထင်းခုတ်ဓါးမကို ကိုင်ပြီ ရှေ့တိုးသွားလိုက်တယ်။
“မလုပ်ပါနဲ့ ကိုသန်းနိုင်ရယ်..လာပါ…လာပါ..”
ကိုကျော်ဦးကဝင်ဆွဲတယ်..အဖွားကြီးကိုလဲ
“လာပါအဖွားရယ်…”
ဆိုပြီသူ့မြေးလာဘာလာမသိတဲ့ကောင်မလေးတစ်ယောက်ကဆွဲတယ်။
“နင့်သတိထားနေ….ငါ့အကြောင်းသိစေရမယ်….နင့်ကိုငါသတ်မယ်…ငါ့ထမီခြုံလင်းဒဖြစ်အောင်လုပ်ပြီ နင်ကိုသတ်မယ်..”
“လုပ်လေ ခင်ဗျာကြီးစွမ်းတယ်ဆိုရင်…ခင်ဗျာကြီးလင်းဒဖြစ်မဖြစ်တော့မသိဘူး ကျူပ်ဓါးကတော့ ခင်ဗျာဇတ်ပေါ်ကျရင် ဇတ်တော့ပျက်တယ်နော်…ကျူပ်ကလဲဓါးသွေးပြီစောင့်နေမယ်…”
“အစ်ကို အပင်တော့လဲသွားပြီဘာဆက်လုပ်မလဲ..”
“မီးရှို့ပစ်ကွာ…ကြာတယ်ငါကိုယ်တိုင်ရှို့မယ်…”
ပြောပြောဆိုဆို ဓါတ်ဆီလောင်းပြီမီးရှို့လိုက်တယ်သစ်ပင်ကို။သစ်ပင်ကထူးဆန်းစွာ အသားညှော်နံတွေထွက်နေတော့သည်။ဘေးကလူတွေကလဲ ဝိုင်းကြည့်လို့။အဖွားကြီးကတော့ တဲထဲကနေ စားမတက်ဝါးမတက်မျက်လုံးစိမ်းကြီးတွေနဲ့ကြည့်လို့။လုပ်ချင်တာလုပ်ပြီ အားရတာနဲ့ အဖွားကြီးကိုဓါးမထောင်ပြပြီ တဲကိုပြန်လာလိုက်လေ၏။ထုံးဆန်အတိုင် အဖေကတော့ ငုတ်တုတ်။
“ကဲကိုကျော်ဦး..မနက်ဖြန် ကျွန်တော် အဖေကိုခေါ်ပြီ ရန်ကုန်ပြန်မယ်..ခင်ဗျာပဲဒီမှာခဏကြီးကြပ်ထားလိုက်..”
“စိတ်ချပါ..”
ညရောက်တော့ ခြံကိုစည်းချပြီ မေတ္တာပို့ သုတ်တော်တွေရွတ်ဖက်သရဆယ်ပြီ အိပ်ရာဝင်ခဲ့တယ်။
အား…နား..တယ်…..အောင်မလေး..ကယ်ပါဦး….
အဖေအော်သံကြောင့်လန့်နိုးလာပြီ အဖေရှိတဲ့တဲကိုပြေးကြည့်မိတော့ အဖေကလူးလိမ့်လို့။
“ဟို….ဟို…မှာ..ငါ့ဆီကိုလာနေပြီ….ငါ့ကိုစားတော့မယ်….အောင်မလေးလုပ်ပါဦး….”
အလုပ်သမားတွေလဲရောက်နေကြပြီ။သူတို့လဲဘာလုပ်လို့လုပ်ရမှန်မသိ။ကျွန်တော်လဲဒေါသထွက်ထွက်နဲ။
“ကိုကျော်ဦးခင်ဗျာကျွန်တော်နဲ့လိုက်ခဲ့..အောင်ဆန်းမျိုး အဖေကိုစောင့်ကြည့်နေ..ခင်ဇော် လူကြီးတွေသွားခေါ်ပြီ ငါ့နောက်လိုက်ခဲ့..”
ကျွန်တော်လဲ ထင်းခုတ်ဓါးမကိုယူ မီးတုတ်ကိုကိုင်ပြီ အဖွားကြီးရှိတဲ့တဲကို အပြေးထွက်လာလိုက်တယ်။ကိုကျော်ဦးကနောက်ကလိုက်လို့။
“ဒီမှာ အဖွားကြီးခင်ဗျာ လုပ်တာရပ်တန်းကရပ် မရပ်ရင် ကျူပ်အဆိုးမဆိုနဲ့နော်….ဘယ်မှာလဲခင်ဗျားမွေးထားတဲ့ အစိမ်းသရဲဆိုတဲ့အကောင်…”
“အောင်မာ..နင်ကငါကိုဘာလုပ်နိုင်မှာမို့လဲ…ငါမရပ်နိုင်ဘူးဟဲ..သေနာကောင်ရဲ့…မသာကောင်ရဲ့..သေဆိုးနဲ့သေမဲ့ကောင်ရဲ့..”
“ဘာလုပ်နိုင်လဲသိရတာပေါ့..”
ပြောပြောဆိုဆို ဓါးမနဲ့ဝင်ပိုင်းဖို့အပြေး လူကြီးတွေရောက်လာပြီဝိုင်းဆွဲကြတာနဲ့ဒီအဖွားကြီးသက်သာသွားတယ်။
“တော်ပါတော့ မောင်သန်းနိုင်ရယ်..လာပါ..လာပါ…”
လူကြီးတွေကကျွန်တော့ကို တဲရှိတဲ့နေရာပြန်ခေါ်လာလိုက်ကြတယ်။နားထဲကြားနေရတာတော့ ဟိုအဖွားကြီးရဲ့ ကျက်သရည်မရှိတဲ့ရယ်သံတွေပဲ။
ဟင့်…..ဟင့်……ဟီးးးးးးဟီးးးးးးး
“တောက်….ခင်ဗျာတို့တားလို့ပေါ့ဗျာ…”
“စိတ်လျှော့ပါဗျာ..ကဲကိုကျော်ဦး ကားစီစဉ်ဗျာ..ခုပဲ မင်းဘူးတက်ရအောင်..ခင်ဗျာဆရာကိုရန်ကုန်ပြန်ပို့မယ် ..မောင်သန်းနိုင်လဲလိုက်ခဲ့ ဒီမှာနေရင် အန္တရယ်ရှိတယ်..”
“ကျူပ်ကဘာလို့လိုက်ရမှလဲ..မလိုက်ဘူး ဒီအဖွားကြီးကိုအပြတ်ရှင်းရမယ်…”
“မောင်သန်းနိုင်ရယ် ဦးတို့စကားကိုနားထောင်ပါ…”
လူကြီးတွေဝိုင်းနားချတာနဲ့ စိတ်လျှော့ပြီနေလိုက်ကာ ကားလာတာနဲ့ မင်းဘူးကိုတက်လာလိုက်လေတော့၏။မင်းဘူးရောက်တော့ ရန်ကုန်ကိုဖုန်းကြိုဆက်ထားပြီအဆင်သင့်ပြန်ခိုင်းထားလိုက်တယ်။အဖေကတောတစ်လမ်းလုံးလူလိမ့်လို့။ဒီလိုနဲ့ရန်ကုန်ရောက်တာနဲ့ ဆရာရှိတဲ့ နေရာကိုတန်းမောင်းသွားပြီ ဆရာ့ခြံဝလဲရောက်ရော အဖေ အသံတွေမူအရာတွေကပြောင်းသွားပြီ အဖေမဟုတ်တော့သလိုပဲ။
“ဟင့်..ဟင့်..ငါမလိုက်ဘူး…ငါမလိုက်ဘူး…ငါပြန်မယ်….”
“မလိုက်လို့မရဘူးအဖေ…”
“ဘာအဖေလဲ ငါနင့်အဖေမဟုတ်ဘူး….ဟီးးးးဟီးးးးး”
ပါလာတဲ့သူတွေအကုန်အံသြမှင်တပ်ကုန်ရော။တစ်ခုခုလုပ်မှရတော့မယ်ဆိုတာ သိတာနဲ့ စိတ်ထဲကနေအဖေကိုတောင်းပန်ရှိခိုးပြီး
“မလိုက်လို့မရဘူး..သေချင်လို့လား…ကားပေါ်ကအတင်းဆွဲချကွာ..ကြာတယ်…”
ဒေါသထွက်ထွက်နဲ့ ကားပေါ်ကအတင်းဆွဲချပြီ ဆရာအိပ်ပေါ်ကိုခေါ်သွားရတော့တာပဲ။
“ဆရာကျွန်တော့အဖေကိုကယ်ပါဦး..”
“လာလာ..ထိုင်..ဘယ်လိုဖြစ်လာတာလဲ..”
“ဒီလိုပါဆရာ..”
ဖြစ်စဉ်အားလုံးကိုအတိုချုပ်ရှင်းပြလိုက်တော့တယ်။
“ဟုတ်ပါပြီ ဆရာနဲ့တွေ့ပြီဆိုတော့စိတ်ချပါ..”
ဆရာကပြောပြီ အဖေရဲ့အသက်နဲ့ခန္ဒာကိုအအပ်ခံပြီ သက်ဆိုင်ရာများကိုပင့်ဖိတ်၍အစွဲကိုခေါ်လေတော့၏..
“ဟားးးးဟီးးးးဟင့်……နင်ကဘာလဲ..ဘာကောင်လဲ…ငါထလုပ်လိုက်ရင်သေတော့မယ်….”
“ဒီအစိမ်းသရဲက လေကတော့မလျှော့ဘူး ငါထင်းခုတ်ဓါးမနဲထခုတ်လိုက်ရသေတော့မယ်..မမှတ်သေးဘူးလာ..”
ကျွန်တော်ထဟောက်လိုက်တော့ အစိမ်းသရဲနည်းနည်းတွန့်သွားတယ်။
“နင်ကံမြင့်နေတုန်းတော့လုပ်ထားဦးပေါ့..နင်ကိုမကျေနပ်ဘူး.ငါကိုလဲ လေးခွနဲ့ပစ်တယ်.ငါနေတဲ့အပင်ကိုလဲခုတ်တယ်.မီးနဲ့လဲရှို့တယ်…”
ဆရာကပြုံးလျှက်ပင် ကျွန်တော့ကိုလက်ကာပြပြီ
“အေးအေးဆေးဆေးမဝင်ပဲ အာခံချင်တယ်ဟုတ်လာ..ကဲ ကြိုးပိုင်ကြိုးနဲ့လက်ပြန်ကြိုးတုတ်.ကြိမ်ပိုင်ကြိမ်နဲ့ရိုက် အကူစက်အားလုံးဖြတ်..အဖဆရာတော်ကြီးများအမိန့်..ဘုရားငါးဆူးအမိန့်..နတ်မင်းကြီးလေးပါနဲ့သူရဿတိမယ်တော်အမိန့်..ငါဆရာအမိန့်..”
“အောင်မလေးးးးးသေပါပြီးးးးးတော်ပါတော့..မရိုက်ပါနဲ့တော့..နာလှပါပြီ….ဟီးးဟီးးး”
“ဒါဆိုကောင်းကောင်းဖြေ..”
“ဟုတ်…ဟုတ်ကဲ့ပါ…”
“နင်ကဘယ်သူလဲ..ဘာလို့နှောင့်ယှက်တာလဲ..”
“ငါ….ငါက အောက်လမ်းဆရာကြီးမွေးထားတဲ့အစိမ်းသရဲပါ…သူခိုင်းလို့လုပ်ရတာပါ..ခွင့်လွှတ်တော်မူပါ..”
“ဟုတ်ပြီ…ကြိုးပိုင် သူကိုအနီးတစ်နေရာမှကြိုးနဲ့တုတ်ထား…အစွဲရင်ဝင်စမ်း…”
ဆရာအမိန့်ပေးလိုက်ရင်ပဲစောစောကအသံနဲ့အမူအရာကပြောင်းသွားပြီ..
“ငါကိုခေါ်တာဘယ်သူလဲ သေချင်လို့လာ..ငါအောက်လမ်းတိုက်လိုက်ရင်ဘာဖြစ်သွားမယ်မှတ်လဲ…ဟားးးးးးး”
တစ်ဟားဟားရယ်ပြီ လက်ပြန်ကြိုးတုတ်ထားတဲ့လက်ကရှေ့ကိုရောက်လာရော။ငုတ်တုတ်ထထိုင်ပြီ ကျွန်တော့ဘတ်လှည့်ကာ
“နင်လဲကံကောင်းသွားတယ်မှတ်..ငါ့တပည့်ငါ့ဆီလာတာနောက်ကျလို့…”
“နင်ကများငါ့ကို..ငါထပြီထိုးလိုက်ရ..”
ပြောပြောဆိုဆိုကျွန်တော်လဲထထိုးဖို့ပြန်လိုက်တယ်။
“မောင်သန်းနိုင် အသာနေစမ်းပါ..”
“ဟုတ်ကဲ့ဆရာ…”
“အောင်မာ..နင်ကလဲအလာကြီးပါလား…ဟဲ့ကြိုးပိုင် မရုန်းနိုင်အောင် ခိုင်တဲ့ကြိုးနဲ့တုတ်စမ်း..ဆင်ပိုင်ဆင်နဲ့နင်းစမ်း..သေတော့မသေစေနဲ့..လှံပိုင်လှံနဲ့ထိုးစမ်း..မသေစေနဲ့…”
“အောင်မလေး..အား…သေပါပြီ….နင်းတယ်...တယ်….ထိုးတယ်….လုပ်ပါဦး…ရပ်ပေးပါတော့..အရှုံးပေးပါတယ်…”
“အေးအေး..ဒါဆိုလဲမေးတာကိုဖြေ…ဘာလို့မကောင်းတဲ့အလုပ်တွေလုပ်နေရတာလဲ..သေရင်အဝေစီမှဂျိုးကပ်မှမသိဘူးလာ…”
“သိ…သိပါတယ်….ခုကလဲ ဟိုမြေးအဖွားကခိုင်လို့လုပ်ပေးရတာပါ…သူတို့နဲ့ကကျေးဇူးခံကျေးဇူးစားရှိလို့ပါ”
“သူတို့ဘာလို့ခိုင်းတာလဲ…”
“သူတို့က သူမြေးမလေးနဲ့ယူရအောင်လို့ပါ…”
“အေးအေး..သူများမှာ သားနဲ့မယားနဲ့ရှိတယ်..ဒုသနသောကအပြစ်ပိုကြီးတယ်မကြောက်ဘူးလား…ခုပညာတွေအကုန်ပြန်နှုတ်သွား..ငါပြန်စစ်လို့ရှိနေသေးရင် နင်မလွယ်ဘူးနော်…နောက်ပြီးမွေးထားတဲ့ အစိမ်းသရဲကိုလဲငါလွှတ်ပေးလိုက်တော့..”
“ဟုတ်ကဲ့ပါ…”
ပြောပြီ အစွဲလဲပြန်ထွက်သွားတော့တယ်..စောစောကချုပ်ထားတဲ့အစိမ်းသရဲကိုလဲပြန်ခေါ်ပြီ..
“ဒီအစိမ်းသရဲဘဝမှပျော်မနေနဲ့အလှူအတန်းလုပ်ပေးမယ် သာဓုခေါ်…”
လို့ပြောပြီပြန်ထွက်ခိုင်းလိုက်တယ်ဆိုရင်ပဲ အဖေကလူကောင်းပကတိအတိုင်းဖြစ်သွားတော့တယ်။နောက်ဆုံးရေနံမှော်ကတွင်းတွေကိုလဲရောင်းလိုက်တော့တယ်။ရောင်းဖို့သွားရင် အဖွားကြီး ကျွန်တော်နဲ့တွေ့တော့ ခေါင်းတောင်မော်မကြည့်ရဲဘူး။ကျွန်တော်လဲသနားတာနဲ့ ငွေအချို့ကန်တော့ပြီ ပြစ်မှားခဲ့တာရှိရင်ခွင့်လွှတ်ဖို့တောင်းပန်လိုကတယ်။သူကလဲ ချမ်းသာချင်လို့ကြံမိကြံရာလုပ်မိတာပါ သူကိုလဲခွင့်လွှတ်ဖို့ပြန်တောင်းပန်တယ်။ကျွန်တော်ကံကောင်းသွားတာက အဖွားကြီးကစုန်းမ မစစ်တစ်စစ်ဖြစ်နေတာရယ် ကံမြင့်နေတာကြောင့်ပါပဲ။ငယ်ရွယ်စဉ်အချိန်က ဘာမှမတွေးတောပဲဒေါသအလျှောက်လုပ်ခဲ့တာတွေကို ခုချိန်ပြန်တွေးမိရင်ကျောချမ်းမိတယ်။အကယ်၍အဖွားကြီးသာစုန်းမဖြစ်နေခဲ့လျှင်တော့…..(အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့သူငယ်ချင်းတစ်ယောက်ပြောပြတဲ့သူကိုယ့်တွေ့ကို နာမည်းတွေပြောင်းပြီတင်ပြထာတာပါ..အမှားအယွင်းများပါခဲ့ရင် ကျွန်တော့အပြစ်သာဖြစ်ပါသည်(သင်္ခ))
### သားအပြစ်လား မေမေ ###
သားနာမည် " အာကာ"တဲ့
သားအသက် ၄ နှစ်ခွဲရှိပြီ။
သားမှာ ဖေဖေရယ် ၊ မေမေရယ်
ပြီးတော့…
သားသိပ်ချစ်တဲ့ မမရယ် ရှိတယ်။
သားတို့မိသားစုက ပဲခူးမြို့မှာ နေထိုင်
ကြတာပါ။
သားက မူကြိုကျောင်းတက်နေပါပြီ။
သိပ်မကြာခင် ကျောင်းကြီးထားတော့မယ်လို့
သားကိုမေမေက ခဏခဏပြောပြတယ်။
သားမေမေနဲ့မခွဲချင်ဘူး။
သားအသက် ၄ နှစ်ပြည့်တော့ မေမေက
သားကိုမူကြိုကျောင်းကို သွားဖို့ ပြောတယ်။
မူကြိုကျောင်းသွားဖို့ ကျောင်းကကားကြီးက
လာခေါ်ရင် သားက မလိုက်ချင်လို့ ငိုရော…
အဲဒီအခါ မေမေကသားကို ချော့မော့ပြီး
မူကြိုကျောင်းကို သွားစေတယ်။
"သားရယ်…
သားလေးကို မေမေလည်း ဘယ်ခွဲချင်ပါ့
မလည်းကွယ်။
သားမူကြိုကျောင်းသွားမှ သားကဗျာတွေ
စာတွေ ရွတ်တတ် ၊ ဖတ်တတ်မှာပေါ့။"
" သားစာတတ်မှ ၊ စာတော်မှ သားဖြစ်ချင်တဲ့
ဆရာဝန်ဖြစ်မှာပေါ့။
ဒါမှ ဖေဖေ၊ မေမေနဲ့ မမတို့ကို သားလေးဆေးကု
ပေးနိုင်မှာပေါ့။
သားလေးက လိမ္မာပါတယ်ကွယ်"
ဆိုပြီး မေမေက ချော့မော့ပြောတော့
သားလည်း ကျောင်းကိုသွားတော့တာပေါ့။
သားဖေဖေကလေ ကုန်ကားကြီးမောင်းတယ်။
ဒါကြောင့်အိမ်မှာမရှိလိုဘူး။
ဖေဖေက ခရီးပဲထွက်နေရတာများတယ်။
သားရဲ့ မမနာမည်က " သီတာ " တဲ့။
မမက အသက် ၇ နှစ်ရှိပြီး ၁ တန်း တက်နေပြီ။
သားမေမေကတော့ သားတို့ကိုပြုစုထိန်းကျောင်းလိုက်၊ အိမ်မှုကိစ္စလေးတွေလုပ်လိုက် ၊ ဖေဖေ့ကိုပြုစုလိုက်နဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဘဝမှာနေလာခဲ့တယ်။
သားမမကလေ ကြီးလာရင် ကျောင်းဆရာမကြီး
လုပ်မှာတဲ့။
အဲဒီအခါကျ သားကလည်း အားကျမခံ ပြန်ပြော
လိုက်တယ်။
"သားက ကြီးလာရင် ဆရာဝန်ကြီး လုပ်ပြီး
ဖေဖေ ၊ မေမေ နဲ့ မမတို့ကို ဆေးကုပေးမှာ…"
လို့လေ…။
ဟုတ်တယ်…
သားက ဆရာဝန်အလုပ်ကို အရမ်း
ဝါသနာပါတာ။
မေမေက သားကို ကလေးကစားတဲ့
ဆရာဝန်ကိုင်တဲ့နားကြပ်တို့ ၊ ဆေးထိုးအပ်တို့
ဆေးပစ္စည်းတို့ကို အစုံလိုက်ဝယ်ပေးထားတယ်။
သား နဲ့ သားမမနဲ့ဆော့ကြရင် အမြဲတမ်းသားက
ဆရာဝန်ဖြစ်ပြီး မမက သားရဲ့လူနာပဲ။
တစ်ခါတစ်လေမှာ မေမေတောင် သားရဲ့လူနာ
ဖြစ်သေးတယ်။
သားမမကို ဆေးကုတဲ့ပုံကို ဖေဖေခရီးက ပြန်ရောက်တဲ့
အချိန်မှာ ဆိုရင် ဖေဖေနဲ့မေမေဟာ အတူပြုံးပြီး
ကြည့်နေတတ်တယ်။
မေမေကပြောတယ်။
သားဟာ သိပ်ကို ဥာဏ်ကောင်းတဲ့ကလေး တဲ့။
ကဗျာရွတ်၊ စာရွတ် ၊ စာရေးရင် အရမ်းရလွယ်တာပဲတဲ့။
ဖေဖေကားကြီးမောင်းပြီး အိမ်ပြန်ရောက်လာရင်
မေမေဟာ ပျော်ရွှင် ကြည်နူးတဲ့မျက်နှာနဲ့ ပြုံးပြီး
ဖေ့ဖေ့ကို ပြောပြလေ့ရှိတယ်။
ဖေဖေနဲ့ မေမေဟာ အမြဲတမ်း မမနဲ့ သားရဲ့
အနာဂါတ်တွေကို စိတ်ကူးအိပ်မက်လေးမှာ
ပုံဖေါ်နေတတ်ကြတယ်။
မိဘဆိုတာကတော့ ဒီလိုပဲ ကိုယ့်သားသမီးလေး
တွေရဲ့ နောင်ရေးကို တွေးပူရတာကတစ်မျိုး
ပုံရိပ်ကောင်းတွေကို စိတ်ကူးယဉ်ပြီး မျှော်လင့်
ရတာက တစ်မျိုးလို့ ဖေဖေနဲ့ မေမေ ပြောနေကြတာကို သားတို့မောင်နှမနှစ်ယောက် အမြဲ
ကြားနေရတယ်။
ဒါကြောင့်…
သားနဲ့ မမတို့ စကားပြောကြတိုင်း သားနဲ့မမတို့
ပြောကြတာက…
"ဖေဖေနဲ့ မေမေတို့ဆန္ဒ ပြည့်စေရပါမယ် " လို့လေ…။
---------------***---------------
တစ်နေ့…
ဒီတစ်နေ့ကိုတော့ သားဘယ်တော့မှ
မမေ့နိုင်ပါဘူး။
အဲဒီနေ့မှာ…
ဖေဖေက ရှမ်းပြည်ကို ကုန်ပို့ပြီး
ည ၈ နာရီလောက် အိမ်ကို ပြန်ရောက်လာတယ်။
သားတို့အိမ်က ကားလမ်းမကြီးရဲ့ ဘေးမှာဆိုတော့
ဖေဖေက ပြန်လာရင် ဖေဖေမောင်းလာတဲ့
ကားကြီးကို အရင်အတိုင်းသားတို့အိမ်ရှေ့မှာပဲ အမြဲ
ရပ်ထားတတ်တယ်။
ဒီနေ့ သားတို့ မူကြိုကျောင်းပိတ်တယ်။
ဒါကြောင့် သားမနက် ၈နာရီလောက်မှာ
အိပ်ယာထ ပြီးကတည်းက
ဘေးအိမ်က သားသူငယ်ချင်း သူရိန်နဲ့
ဘော်လုံးကန်ကြတာ ပျော်လိုက်တာ။
မနက် ၉ နာရီလောက်ကျတော့ သား
ဗိုက်ဆာလာပြီ။
မေမေက သားစားဖို့ ခေါက်ဆွဲပြုတ်နေတယ်။
သားက မာမားခေါက်ဆွဲပြုတ်ကို သိပ်ကြိုက်တာ။
မနက် အိပ်ယာကနိုးပြီးရင် ခဏဆော့ပြီးရင်
သား ခေါက်ဆွဲပြုတ်စားတာက အကျင့်လို
ဖြစ်နေပြီ။
ဖေဖေနဲ့ မမနဲ့က ဖေဖေ့ညီမ တစ်ယောက်ရဲ့
အလှူကို သွားကြတယ်။
သားနဲ့ သူရိန်နဲ့ ဘော်လုံးကန်နေတုန်း မေ့မေ့ရဲ့…
"သားလေးရေ…
အာကာရေ…ခေါက်ဆွဲပြုတ်စားရအောင်လာခဲ့တော့ "
"သူရိန်ပါ လာနော်
ဒီမှာပဲ စားသွားလိုက်တော့ သား"
ဆိုတဲ့ မေ့မေ့အသံကို နားထောင်နေရင်း
ဘော်လုံးကိုကန်လိုက်တာ အိမ်ရှေ့မှာ ရပ်ထားတဲ့
ဖေ့ဖေ့ရဲ့ကားကြီးအောက်ကနေ ဘော်လုံးဟာ
လမ်းမပေါ်အရှိန်နဲ့ ရောက်သွားတော့တယ်။
အဲဒါနဲ့ သားလည်း ဖေဖေ့ကားကြီးရှေ့ကနေ
ဖြတ်ပြီး ကားလမ်းမပေါ် ဘော်လုံးကို ပြေးအယူမှာ
တစ်ဖက်က လာတဲ့ ကားကြီးတစ်စီးရဲ့ ဘရိတ်အုပ်လိုက်တဲ့အသံ
"ကျွီ…"
ဆိုတဲ့အသံကြီးကို သားကြားလိုက်ရပြီးနောက်
သားရဲ့ အသိအာရုံဟာ မှောင်အတိဖြစ်သွားခဲ့တယ်။
---------------***---------------
သားစိတ်ညစ်တယ်။
သားမေမေကိုကြည့်လိုက်တိုင်းငိုနေတာပဲ။
"မေမေ့သားလေးရယ်…
မေမေဘယ်လိုဖြေရမလည်း သားရဲ့ "
လို့ ပြောပြောပြီးငိုနေတာ…။
သားက "မေမေ…မေမေ " လို့ ခေါ်တော့လည်း
မကြားဘူး။
လှည့်လည်းမကြည့်ဘူး။
ဘာထူးသေးလဲ…
ဖေဖေနဲ့ မမလည်း ဒီအတိုင်းပဲ။
ဖေဖေဆိုရင်…
မျက်လုံးထဲက မျက်ရည်တွေကျလို့…
စကားတွေလည်းတတွတ်တွတ်ပြောလို့…။
"သားလေးရယ်…
တစ်ခါတည်း ပွဲခြင်းပြီး ကားအောက်ရောက်ရတယ်လို့ကွယ်။
အိမ်ရှေ့မှာ ရပ်ထားတဲ့ ဖေဖေ့ကားကြီး
ကွယ်နေချိန် သားဘော်လုံးထွက်ကောက်လို့်
လမ်းဟိုဘက်က လာနေတဲ့ကားနဲ့တွေ့ခဲ့ရလို့
ခုလို အဖြစ်ဆိုးမျိုးနဲ့ ဖေဖေ့သားလေး ကြုံရတာပါ။
သားလေးရေ…
အာကာရဲ့
ဒီကားကြီးကို ရပ်ထားမိတဲ့
ဖေဖေ့ကို ခွင့်မလွှတ်ပါနဲ့ သားရဲ့ …"
ဆိုပြီး ပြောနေတာ…
ဘာတွေ ပြောနေမှန်း
သားနားမလည် ၊ မသိတော့ပါဘူး။
သား ဖေဖေ့ဘေးမှာ ရပ်ပြီး
ဘယ်လောက်ခေါ်ခေါ် ဘယ်သူမှ
လှည့်မကြည့်ကြဘူး။
မေမေရယ်၊ ဖေဖေရယ် ၊ မမတို့ရယ်…
သားကို မစိမ်းကားကြပါနဲ့။
သားမှာ ဖေဖေ ၊ မေမေ ၊ မမတို့ပဲရှိလို့ပါ။
နောက် စိတ်ညစ်တာတစ်ခုက
အိမ်မှာ လူတွေ များနေတာကိုပဲ။
အရင်ရက်တွေတုန်းကထက် ပိုများနေလို့
သားလေ အိမ်နဲ့ အဝေးကြီးကို ထွက်သွားလိုက်တယ်။
---------------***---------------
စိတ်လွတ်လက်လွတ် သား လျှောက်သွားပစ်လိုက်ပြီး
အိမ်ကိုပြန်လာတော့ လူတွေမရှုပ်တော့ဘူး
ရှင်းနေပြီ။
သား အိမ်ကိုပြန်လာတဲ့အချိန်က မှောင်မဲနေတဲ့
ညတစ်ညမှာပေါ့။
သား အိမ်ပေါ်တက်လာတော့ ဖေဖေနဲ့မေမေအိပ်တဲ့
အိပ်ခန်းထဲကနေ မေမေ့ရဲ့ ငိုရှိုက်သံကို ကြားလို့
ူသားသွားကြည့်လိုက်တော့…
ဖေဖေက မေမေ့ကျောကို ပွတ်ပေးနေပြီး စကားတွေ
ပြောနေတယ်။
"ဝါ ရယ် မငိုပါနဲ့တော့ကွာ
သားမရှိတော့တာပဲ နှစ်ပါတ်ရှိနေပြီပဲ
စိတ်ကိုထိန်းပြီး နေမှပေါ့…
ကိုလည်း တကယ်ခံစားရပါတယ် ဝါရယ်
စိတ်ကိုဖြေနော် "
ဆိုပြီး ပြောနေတယ်။
ဖေဖေဘာတွေပြောနေသလဲ…
လူတွေရှုပ်လို့ သားအပြင်ကိုထွက်သွားတာပါ။
ခု သားပြန်လာပြီလေ ဖေဖေ…။
သားပြောတာ ဖေဖေနဲ့ မေမေမကြားဘူး။
သားနဲ့ မမတို့ မောင်နှစ်မနှစ်ယောက် အိပ်တဲ့
အခန်းထဲပဲ သွားပြီး အိပ်တော့မယ်။
သားဖေဖေနဲ့ မေမေတို့အိပ်ခန်းနဲ့ ကပ်လျက်က
သားနဲ့ မမတို့ အိပ်တဲ့ ကုတင်ကို လာခဲ့တယ်။
သားမမ " သီတာ"က အိပ်မောတွေကျလို့ …
သားလည်းခါတိုင်းလိုပဲ အိပ်ရာခြေရင်းမှာထားထားတဲ့ သားရဲ့စောင်ပါးလေးကို ယူခြုံလိုက်ပြီး မမရဲ့ဘေးနားက
ခေါင်းအုံးလေးပေါ်မှာ ဝင်ပြီး အိပ်လိုက်တယ်။
မနက်အိပ်ရာနိုးရင် ဘေးအိမ်က သားသူငယ်ချင်း
သူရဆီ သွားလည်လိုက်ဦးမယ်။
----------------***----------------
မနက် ၄ နာရီလောက်မှာ သားအစောကြီးနိုး
နေတော့ သူရဆီ သားရောက်သွားတယ်။
သူရက အိပ်နေတုန်းဆိုတော့ သားလည်း
သူရ အနိုးကို စောင့်နေရင်း သူရရဲ့
အိပ်ခန်းရှေ့ကသူရ ကစားနေတဲ့ ကစားစရာတွေ
ထားထားတဲ့နေရာမှာ ဝင်ထိုင်လိုက်ပြီး
သူရရဲ့ ကစားစရာ သေနတ်တစ်လက်ကို
တခြားကစားစရာ ပစ္စည်းပုံကြီးအောက်ကနေ
ဆွဲယူလိုက်တယ်။
အဲဒီတော့ သေနတ်ရှည်ကြီးရဲ့အပေါ်က
တခြားကစားစရာတွေဟာ ပြုတ်ကျလာတာ
ဆူညံသွားတာပဲ။
"ဝရုန်း… ဝရုန်း "
ဆိုတဲ့အသံ ကြားပြီး တာနဲ့…
"ဘယ်သူလဲ "
ဆိုတဲ့အသံနဲ့အတူ သူရ ရဲ့မေမေဟာ
အိပ်ခန်းထဲက ထွက်လာတယ်။
သားက လက်မှာကိုင်ထားတဲ့
သေနတ်ကို အခန်းရှေ့ကို ပစ်ထုတ်လိုက်ပြီး
သူရရဲ့မေမေကို လှမ်းပြီး
ပြုံးပြလိုက်တယ်။
"အန်တီ…သား သူရဆီလာတာပါ။
သူရမနိုးသေးလို့ စောင့်နေတာပါ "
လို့လည်း ပြောလိုက်တယ်။
အဲဒါ သူရမေမေက သားကို မြင်ပုံမပေါ်ပါဘူး။
သူရရဲ့မေမေဟာ သားပစ်ထုတ်လိုက်လို့ လွင့်ထွက်
သွားတဲ့ သေနတ်ရှည်ကို အထိတ်တလန့်နဲ့ကြည့်လိုက်တယ်။
ပြီးတော့…
သူရ အခန်းထဲကို ဝင်သွားပြီး သူရကို သွားပြီး ဘေးကနေ ရပ်ပြီး
ကြည့်နေတယ်။
သူရကိုကြည့်ပြီးပြန်အထွက်မှာ
သားခုနက သေနတ်ဆွဲအထုတ် ပြိုကျသွားတဲ့
ကစားစရာပုံကို မြင်ပြီး မျက်နှာဟာ
တစ်ခုခုကို စဉ်းစားမိပြီး
သွေးဆုတ်ဖြူရော်သွားတယ်။
ပြီးတော့ သူရအိပ်နေတဲ့ အိပ်ရာဆီနောက်တခေါက်
ထပ်သွားပြီး
သူရ ရဲ့ခေါင်းလေးကို ဖြေးဖြေးလေး
ကိုင်ပြီး သူရ ရဲ့ဆံပင်လေးတွေကို
သပ်တင်ပေးနေတယ်။
သားလည်း စိတ်ထဲတစ်မျိုးဖြစ်လာလို့
သူရရဲ့ အိပ်ခန်းတံခါးကို ပြေးပြီး အရှိန်နဲ့
တွန်းထည့်လိုက်တယ်။
လေမတိုက်ပဲ အရှိန်နဲ့ တွန်းထည့်လိုက်တဲ့
တံခါးရွက်ရဲ့ နံရံကိုအရှိန်နဲ့ထိသံဟာ
"ဝုန်း " ကနဲ ကျယ်ကျယ်လောင်လောင်နဲ့
ထွက်ပေါ်လာတယ်။
အိပ်ပျော်နေတဲ့ သူရ တောင် လန့်ပြီးနိုးလာလို့
သူရမေမေက သူရကို စိုးရိမ်တကြီးနဲ့
အိပ်ယာပေါ်မှာ ပွေ့ဖက်ထားတယ်။
သားကို ဘာလို့မမြင်တာလဲ…
သားနားမလည်ဘူး။
အိမ်ပြန်လာတော့လည်း မေမေက
မမအိပ်ရာဘေးမှာ ရပ်ပြီး စိုးရိမ်တဲ့မျက်လုံးတွေနဲ့
မမကို ကြည့်လိုက် သားအိပ်ထားလို့် ချိုင့်ရာလေးပေါ်
နေတဲ့ ခေါင်းအုံးလေးနဲ့ အနေအထားပျက်ယွင်း
နေတဲ့ သားခြုံထားတဲ့စောင်ကလေးကို ကြည့်လိုက်နဲ့
လုပ်နေတော့ သားက မေမေ့ကို အကျယ်ကြီး အော်ခေါ်
မိလိုက်တယ်။
"မေမေ…"
မေမေကတော့ သားအော်ခေါ်တာမကြား ၊ မသိဘူး။
သားကို မေမေဟာဂရုမစိုက်တော့ဘူး။
သားဝမ်းနည်းတယ်။
မမကိုပဲ ဂရုတစိုက်ရှိပြီး သားကို ဘာလို့ဂရုမစိုက်ရတာလဲ…
သားမကျေနပ်ဘူး။
ဘယ်သူ့ကို စိတ်ဆိုးရမလဲဆိုတာ သားမသိတော့ဘူး။
သား မကျေမနပ်နဲ့ ညက သားအုံးခဲ့တဲ့ ခေါင်းအုံးလေးကို
ကုတင်အောက်ကို ပုတ်ချလိုက်တော့ မေမေက
မျက်နှာပျက်သွားပါရော…။
ဖေဖေပြန်လာတော့လည်း မေမေက ဖေဖေ့ကို
အဲဒီအကြောင်းတွေကို တိုးတိုး…တိုးတိုးနဲ့
ပြောပြနေတာ သားသိပါတယ်။
သားခံစားရတယ်။
ဖေဖေ၊ မေမေနဲ့ မမဟာ သားကို
အချစ်ရဆုံးလို့ပြောပြီးတော့
သားကို ဂရုမစိုက်ကြတော့ဘူး။
ဖေဖေရယ် မေမေရယ် မမရယ်
ထမင်းစားကြရင် သားကို မခေါ်
တော့ဘူး။
မေမေက သားကို ခေါက်ဆွဲလည်း
ပြုတ်မကျွေးတော့ဘူး။
ဖေဖေတို့ထမင်းစားနေကြတုန်း
သားက…
"ဖေဖေ…"
"မေမေ…"
" မမ "
အားလုံးကိုခေါ်တာ…
ဘယ်သူမှ လှည့်မကြည့်ကြတော့
သားလေ ပန်းကန်စင်က ခေါက်ဆွဲ
ပြုတ်ထည့်ပြီးသောက်တဲ့ ပန်းကန်
လုံးကို အောက်ကို တွန်းချလိုက်ပြီး
သားရှိနေတဲ့အကြောင်းကို သိစေချင်လို့ ပြလိုက်တယ်။
"ချွမ်း…" ကနဲ ပန်းကန်လုံးကျကွဲသံ
ကို ကြားလိုက်တော့ ထမင်းစားနေတဲ့ ဖေဖေ ၊ မေမေ နဲ့
မမတို့ ထမင်းစားနေကြတာ
ရပ်သွားပြီး ပန်းကန်လုံးကျကွဲတဲ့
ပန်းကန်စင်နေရာကို အားလုံးရဲ့
အကြည့်တွေ ရောက်ကုန်တယ်။
မေမေက ဖေ့ဖေ့ကို
"ဝါပြောတာ မမှန်ဘူးလား " ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့
မျက်လုံးတွေနဲ့ ကြည့်လိုက်တာကို
သားတွေ့လိုက်တယ်။
သား ခုလိုလုပ်ပေမယ့် သားကို ဘယ်သူမှ
မမြင်ကြဘူးရယ်…။
သားဝမ်းနည်းလိုက်တာ။
ဒီလိုအဖြစ်အပျက်တွေဟာ နေ့စဉ် ရက်ဆက် ဖြစ်ပျက်လာတော့
ဖေဖေ နဲ့ မေမေတို့ဟာ ကြောက်ရွံ့
ထိတ်လန့်လာကြတယ်။
သားကို အိမ်မှာမရှိစေချင်ကြတော့ဘူး။
သားနဲ့ပါတ်သက်ပြီး မေမေတို့
သားကိုမလိုလားကြတာကို သားအရမ်းဝမ်းနည်း
မိတယ်။
နောက်ပြီး သူရရဲ့မေမေက သားတို့အိမ်ကိုရောက်လာပြီး
မေမေနဲ့ တီးတိုးတိုင်ပင်ကြ ၊ ပြောဆိုကြတယ်။
သားသိပါတယ်။
မေမေတို့တွေ သားအကြောင်းကို ပြောနေကြမှာပါ။
---------------***---------------
တစ်နေ့မနက်မှာတော့ သားတို့အိမ်ကို
သားတို့ကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းက
ဆရာတော် ကြွလာတယ်။
ဆရာတော်က ဝိနည်းနဲ့ညီတဲ့၊
ရဟန်းသိက္ဓာပုဒ်နဲ့ အညီ ကျင့်သုံးနေထိုင်တဲ့
ကိုယ်တော်ကြီးတစ်ပါးပါ။
သားကိုလည်း သိပ်ချစ်တာ။
ဆရာတော်ကြီး ဟာ တခြားသူတွေနဲ့မတူဘူး။
သားတို့အိမ်ထဲကို ဝင်တာနဲ့ သားကိုတွေ့တယ်။
ဖေဖေနဲ့ မေမေနဲ့စကားပြောနေရင်း
သားတို့ အိပ်ခန်းတံခါးဝမှာ ရပ်နေတဲ့ သားကို
တွေ့သွားတယ်။
"အင်း…သိပ်ကိုသနားစရာကောင်းတဲ့ သားလေးပါလား"
လို့လည်း ရေ ရွတ်လိုက်တယ်။
ပြီးတော့ ဖေဖေနဲ့မေမေကို…
"ကလေးဟာ သိပ်ကိုသနားစရာကောင်းနေပြီ။
သူသေမှန်းကို သူမသိဘူး ဒကာကြီးနဲ့ ဒကာမကြီးတို့…
ခုလည်း သူဘာလုပ်ရမယ်မှန်း သူမသိဘူးလေ…
ဒါကြောင့် သူမဆုံးခင်ကအတိုင်း သူနေထိုင်နေတာပဲ။
သားလေးမရှိခဲ့တာပဲ ၅ လ တောင်ကျော်လာပြီ
မဟုတ်လား "
"ခုအတိုင်းကတော့ မဖြစ်ဘူး။
သားလေးအတွက် ကောင်းမွန်ရာနေရာ
တစ်နေရာ ရဖို့အတွက်
သာသနာတော်စောင့်နတ်မင်းကြီးလေးပါးဆီ
ခွင့်ပန်ပြီး နေရာတစ်နေရာရဖို့နဲ့ သားလေးကောင်းမွန်ရာ ဘုံဘဝကို
ရောက်ဖို့ လုပ်ပေးရမယ် "
ဆိုပြီး ပြောနေတယ်။
ဒါတွေကို သားနားလည်ပါဘူး။
သားအရင်လို ဖေဖေ၊ မေမေ ၊ မမတို့နဲ့
နေချင်တယ်။
သားခေါ်တာပြောတာကို ဘယ်သူမှ အရေး
မလုပ်လို့ သားလုပ်တတ်သလို ပစ္စည်းတွေကို
ဆွဲချတာတို့…
ခေါင်းအုံးတွေ စောင်တွေကို လွှင့်ပစ်တာတို့နဲ့ပဲ
ပြနေရတယ်
ဒါကို အားလုံးကကြောက်နေကြတယ်ပေါ့။
ဆရာတော်ရဲ့စီစဉ် ကြပ်မတ်မှုနဲ့
ဖေဖေနဲ့ မေမေဟာ သားမရှိတာ ၆ လ ပြည့်တဲ့နေ့မှာ
ဆရာတော်ကြီးနဲ့အတူ သံဃာတော်မြတ်
တွေကို ဆွမ်းကပ်လှူကြတယ်။
ဆွမ်းမကပ်ခင် သားကို
သားကို ကားတိုက်တဲ့ နေရာ ဖြစ်တဲ့
သားတို့အိမ်ရှေ့မှာ မေမေက
သားကို သွားခေါ်ပြီး သားကို အမျှဝေပြီး
ကုသိုလ်လုပ်ခဲ့ကြတယ်။
သားကိုအမျှဝေတော့ သားလေ…
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။
ဖေဖေနဲ့မေမေကလည်း ငိုနေကြတယ်။
ဖေဖေတို့…
မေမေတို့ရယ်…
သားကို သိပ်ချစ်တယ်ဆို…
သားကို ဆရာဝန်ကြီးဖြစ်တာမြင်ချင်တယ်ဆို…
ဒါဆို သားကိုဘာဖြစ်လို့ ဖေဖေနဲ့ မေမေတို့ရဲ့ အနားကနေ နှင်ထုတ်ကြတာလဲဟင်
သားနားမလည်နိုင်တော့ပါဘူး မေမေရယ်။
သားကို အမျှဝေပေးတဲ့ သာဓုခေါ်ဖို့ပြောတဲ့
ဖေဖေ့ရဲ့မျက်လုံးမှာလည်း မျက်ရည်တွေနဲ့ အပြည့်
ပါလား…
သား ဖေဖေ ၊ မေမေ ၊ မမတို့နဲ့ မခွဲချင်ဘူး။
ဒါပေမယ့်…
သား သွားရတော့မယ်။
သားကို လာခဲ့ဖို့ ဟိုအရှေ့မှာစောင့်နေတဲ့
ဘိုးဘိုးတစ်ယောက်က ခေါ်နေပြီ။
ဖေဖေရယ်…မေမေရယ်…မမရယ်…
သားကို ဘာကြောင့် ဖေဖေနဲ့မေမေတို့နဲ့
ပေးမနေတာလဲ…
ခုလိုဖြစ်တာ သားအပြစ်လားဟင်…
မေမေရယ် ပြောပါဦး
ခုလိုဖြစ်တာ…
သားအပြစ်လားမေမေ…
သားအပြစ်လား မေမေ…
သားအပြစ်လား မေမေ…။ ။
Credit by Moe San Pann
ADMIN @_# TH!t P!N
### အနှစ် ၂၀ ကြာ ဖုတ်သရဲဝင်ပူး၍ လူဟန်ဆောင်၍ စားသောက်နေခြင်း ###
( အရင်က ပရလောကပေ့ခ်ျမှာ Admin လုပ်ပေးခဲ့တဲ့ပြီးတော့ အခုလည်း
ပယောဂနှင့်ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်မှန်များ ပေ့ခ်ျပိုင်ရှင် အရမ်းခင်မင်ဖို့ကောင်းတဲ့ အစ်ကိုကြီး
Ko GoodLuck Zaw ရေးသားထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကောင်းလေးကိုလည်း
အားပေးကြပါဦးနော် =) TH!t P!N )
တနေ့သ၌ ရွှေရင်ကျော်ဆရာ ဦးကိုကိုသည် နေထိုင်ရာ
အိမ်တွင် ရှိနေခိုက် ယောက်ဖဖြစ်သူ ဦးထွန်းအောင် ရေးကြီးသုတ်ပြာဖြင့်ရောက်ရှိလာလေသည်။
" ကိုကို ဟေ့ရောင် ကိုကို လာဦးကွ "
" ဟ ထွန်းအောင် ယောက်ဖ မင်းမလာစဖူး အလာထူးလှချည်လား လာကွာထိုင် " " အေးကွာ ငါလည်း သားရေးသမီးရေး ဘာညာတွေကြောင့်ကွာ အခုကိစ္စပေါ်မှ လာတယ်ပြောလည်း မင်းပြောတော့ကွာ ငါခံပါ့မယ် "
" ကဲဆို ထွန်းအောင် ဘာကိစ္စလဲ "
" အေး ငါ့ယောက္ခထီးကြီးပေါ့ကွာ သူ့ကိစ္စ "
" ဘာဖြစ်လို့လဲ မင်းယောက္ခထီးကြီး နေကောင်းတယ်မလား တလောတုန်းကကို ငါမင်းတို့အိမ်ရောက်တုန်းက ငါ့မြင်တော့ သူက ဘုကြည့်ကြည့်သေးတယ်ကွ ငါ သပ်လျိုတာမဟုတ်ဘူး မင်းကိုလည်းမတွေ့လို့ ငါပြန်လှည့်လာတာ"
" အေးကွာ ဘယ်လိုပြောရမလဲ မသိဘူးကွာ အခုလည်း သူက အသက်သာကြီးတာကွ အိမ်ကလူတွေ ဘယ်သူနဲ့မှ မတည့်ဘူး အဲ တစ်ခုတော့ရှိတယ် သူစားချင်တာလေး ချက်ကျွေးလိုက်လို့ကတော့ ဖြီးနေတာမောင် "
" အင်း ပြောပါဦီး "
" နေ့ခင်းဆို တစ်နေကုန်စောင်ခြုံကွေးနေတယ် ညကျမှ ထထစားတာကွ " " နေ့ခင်းမှာ အပေါ့အလေးရော ထသွားလား " အဲတာတော့ သွားတယ်ကွ အဲလိုထချိန်မှာ ဘာစားချင်ကြောင်း ပြောတာပဲ "
" နေမကောင်းဖြစ်တယ်လို့လည်း မကြားမိပါဘူးကွာ
မင်းယောက္ခထီးကြီးက " " အေး နေကောင်းတာကတော့ ဒေါင်ဒေါင်မြည်ပဲ ညညထပြီး စားလိုက်သောက်လိုက်တာကလည်း သူ့အတွက်ဖယ်ထားတဲ့ ထမင်းအကုန်ပြောင်ပဲ သူမဝရင် မနက်ကျတော့ ဆဲဆိုနေတာပဲကွ အိမ်ကလူက သူအပါ ငါးယောက်ကွာ အခု ကျန်သူလေးယောက်စားတာက အလွန်ဆုံး တစ်ရက်ကို ၃ ဗူး ၄ဗူးပေါ့ သူတစ်ယောက်တည်း ထိုင်စားရင် တို့လေးယောက်စာနဲ့ ညီတယ်ကွ " " !!!! ဟေ "
" ဟင်းရော ထမင်းရော အိုးကပ်တောင် မကျန်ဘူးမောင် အခုနောက်ပိုင်း ပိုပိုဆိုးလာတယ် ငါက သူ့ကို အပများမှီနေသလားလို့ မသင်္ကာဖြစ်လာတယ်ကွာ " " သူ နေမကောင်းတာ မရှိဘူးနော် " " နေ့ခင်းဆိုရင် စောင်ခြုံကွေးနေတာကလွဲပြီး အကုန်အကောင်းကွ တခါတခါတော့ သူလုပ်ချင်ရာတွေ လျှောက်လုပ်တတ်တယ်"
" အဲတာကမင်းတို့ ညားပြီးတော့ သိပ်မကြာခင် ဖြစ်တာလား ဒါနဲ့နေပါဦး မင်းတို့ ညားတာ နှစ် ၂၀ လောက်တောင်ရှိပြီလားပဲ ဒီကြားထဲ သူနေမကောင်းတာ ရှိလား "
" ငါတို့ ယူပြီးနောက် အဘိုးကြီးဆေးရုံတင်ရသေးတယ်လေကွာ အဲတုန်းက မရတော့ဘူးလို့ကို ထင်တာ ဗျုန်းစားကြီး အိမ်ပြန်မယ် ငါနေကောင်းတယ်ဆိုပြီး ဆေးရုံက ဇွတ်ဆင်းတာကွ ငါလည်း သေမယ့်အတူတူ အိမ်ကို အသက်ပါလာတော့ တော်သေးတာပေါ့ဆိုပြီးတွေးပြီး သူ့ကိုတွဲပြီး ကားနဲ့ ပြန်လာတာ အိမ်ကျအကောင်းဗျာ အဲအချိန်ကစပြီး သူ နေမကောင်းဘူးဆိုတာ မရှိသလောက်ပဲ တခါတခါ နေ့ခင်း စောင်ကြီးခြုံပြီး ညည်းနေတာကလွဲလို့ပေါ့ "
" ထူးဆန်းနေတယ်နော် ထွန်းအောင် " " အေးကွ သူ့ ပယောဂတွေများ ရှိနေမလားမသိဘူးနော် ယောက်ဖ"
" ငါ့အထင်မလွဲရင်ပေါ့ကွာ မင်းယောက္ခထီးကြီးကို ငါ ကုရမယ်ဆိုရင် အခေါင်းတခါတည်း ဝယ်ထားမှ သင့်မယ် ထင်တယ်"
" !!! ဘာ .... ဘယ်လို မင်းဟာက မဦးမချွတ်
ကုလို့သေရတယ်လို့ ကိုယ့်သိက္ခာကိုမှ မထောက် ဖွဟဲ့ လွဲပါစေ ပယ်ပါစေ " " မင်းငါ့ပညာကို ယုံလား " " အေးပါကွာ ပညာကို ယုံပါတယ် မထင်မှတ်တဲ့ စကားမို့ပါ "
" မင်း မိန်းမကိုလည်း ပြောပြထား ငါ မင်းအိမ်ကို တစ်ည နှစ်ညတော့ လာအိပ်ဦးမယ် အတည်ဖြစ်မှ အခေါင်းဝယ်ပေါ့ " " အေးပါ အေးပါ ငါ့ယောက္ခထီးကြီးက ဘာဖြစ်နေတယ်လို့ ထင်လဲ " "ငါ့အထင် မလွဲရင် မင်းယောက္ခထီးက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ တည်းက သေသွားပြီကွ အခု မင်းအိမ်မှာ ရောက်နေတာက ဖုတ်ကွ "
" ဟာ ဟုတ်ရဲ့လားကွာ " " ငါထင်တာမလွဲရင်ပေါ့ "
" ဒါဆို မင်း အခုလိုက်ခဲ့မှာလား "
" သဘက်ခါ "
နောက်နှစ်ရက်မြောက်တွင် ဆရာကိုကိုသည် သူ့ယောက်ဖ၏နေအိမ်သို့ ရောက်ရှိလာလေသည်။ အိမ်ရှေ့အရောက်တွင် ကိုထွန်းအောင်၏ ယောက္ခထီးကြီးသည် ထင်းခွဲနေလေသည်။ အသက်ကား ၆၀ ဝန်းကျင်ခန့်အရွယ်ကြီးက ထင်ခွဲနေသည်မှာ မထင်မှတ်စရာပါပေ။
ဆရာကိုကိုအား မြင်သည်နှင့်တပြိုင်နက် ထင်းခွဲနေသော အဘိုးကြီးသည် ဓားမကို ပစ်ချ၍ "ဟေ့ကောင် သူ့ကို အိမ်ထဲ ပေးမဝင်နဲ့ အဲလူက ယောကျာ်းစုန်းကြီးကွ " ဟုပြောကာ အိမ်ပေါ်သို့ လျှင်မြန်စွာ တက်သွားပြီးသကာလ သူ၏ အိပ်ယာထက်တွင် စောင်ကို ခေါင်းမြီးခြုံ၍ နေလေတော့သည်။
ဆရာကိုကိုက ယောက်ဖဖြစ်သူအား ဘယ်လိုလဲ ဆိုသောအကြည့်ဖြင့် ကြည့်သော် ကိုထွန်းအောင်မှ ခေါင်းငြိမ့်ပြလေသည်။ ကိုထွန်းအောင်၏ ဇနီးဖြစ်သူမကြူကြူခိုင်ကား သူမ၏ဖခင်အကြောင်း ကိုထွန်းအောင်မှတဆင့် ကြားသိထား၍ မယုံတဝက် ယုံတဝက်ဖြစ်သည့် သဏ္ဍာန် ရှိနေလေတော့သည်။ သူမ၏ မျက်နှာမှာကား သူမ၏ဖခင်ကို ဆရာကိုကိုမှ ထိုသို့ ပြောခြင်းအတွက် မိမိ၏ဖခင်အား ထိပါးသည့်အရာဟု မှတ်ယူ၍လားမသိ ဆရာကိုကိုအားတွေ့လျှင် ယခင်လို စကားသိပ်မပြောချေ။
ဆရာကိုကိုသည် လျပ်တပြတ် ဖြစ်ပေါ်သောအခြေအနေကို ဆရာပါးဝစွာ အကဲခတ်မိလိုက်လေသည်။
ထမင်းဝိုင်းဝယ် သုံးဦးသား လက်စုံစားနေကြသည်။ သားနှင့် သမီးဖြစ်သူတို့မှာ သားကြီးတစ်ယောက်က ရုံးသွားနေပြီး အငယ်တစ်ယောက်က ကျောင်းတက်နေသည်။ ထမင်းချိုင့် ထည့်ပေးလိုက်၍ နေ့ခင်းတွင် ပြန်မလာပေ။ ကိုထွန်းအောင်၏ ယောက္ခမကြီးမှာ ဆုံးသွားသည်မှာ သူတို့ မယူခင်တည်းကပင်ဖြစ်သည်။
" ကြူကြူ ညီမရေ ညည်းအဖေကိုရော ထမင်းစားမခေါ်ဘူးလားဟ "
" သူက နေ့ခင်းဆိုမစားဘူးအစ်ကိုရဲ့ " " ဘာလို့တဲ့လဲ "
" လက်ရှုပ်လို့တဲ့ ငါ့ဖာသာ ဆာတဲ့အချိန်ထစားမယ်ဆိုပြီး ငေါက်ငေါက်လွှတ်လို့ သူ့အတွက် သီးသန့်ဖယ်ပေးထားရတယ် "
" သူက ထမင်းရော စားနိုင်ရဲ့လား ညီမ " အမှန်မှာ ဆရာကိုကိုက မသိဟန်ဆောင်၍ မေးခြင်းဖြစ်လေသည်။
" စားတဲ့အခါကျရင် အတော်စားတယ်အစ်ကို ခက်တာက နေ့ည လွဲပြီးစားတာ သူက ညည မအိပ်တော့ သူ့အတွက် သုံးနပ်စာလောက် ပြင်ထားပေးရတယ်၊ တခါတခါ ည သန်းခေါင်လောက် အဖေထမင်းစားပြီးပြီလားသိချင်လို့ ကြောင်အိမ်ဖွင့်ကြည့်ရင် သုံးနပ်စာလုံး အကုန်ပြောင်နေပြီ ၊ ညီမလည်း ကိုယ့်အဖေ စားနိုင်လို့ စားတာ ဝမ်းသာရတာပေါ့ ၊ အခု အစ်ကိုက အခုလို ပြောတော့ ညီမ ခံစားရပါတယ် နားလည်ပေးပါအစ်ကို "
" ရပါတယ်ညီမရယ် အစ်ကိုလည်း ဒီလိုကိစ္စကို အတွေ့အကြုံအရ ထင်လို့ရယ် ကိုယ့်ဆွေမျိုးတွေမို့လို့ကြောင့်ရယ် ကြိုပြောတာပါ အစ်ကိုထင်တာ လွဲရင်လည်း စိတ်မဆိုးနဲ့ "
" ဟုတ်ကဲ့ပါအစ်ကို ညီမ ပြောတာတွေ မှားရင်လည်း အစ်ကို စိတ်မရှိပါနဲ့နော် အဖေ့ကို တတ်နိုင်သလောက် ကယ်ပါ "
ဆရာကိုကိုသည် ကိုထွန်းအောင်အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လေသော် ကိုထွန်းအောင်မှ
" ယောက်ဖရေ ငါ့မိန်းမက အဲတာတွေ နားမလည်ဘူးဟ ငါလည်း သူစိတ်ဆင်းရဲမှာ စိုးလို့ အကုန်မပြောပြဘူး "
" ဘာလဲဟင် ယောကျာ်း ပြောပြလေ အကုန်ပြောပြ " ကိုထွန်းအောင်မှ ဆရာကိုကို ကို ပြောလိုက်ရမလား ဟူသော အကြည့်ဖြင့်ကြည့်ရာ ဆရာကိုကိုမှ ခေါင်းဆတ်ပြလေသည်။
ကိုထွန်းအောင်က လေသံတိုးတိုးဖြင့်
" မိန်းမ နင့်အဖေ အခုလို မတရာကြီး စားတာတွေဟာ ဖုတ်ဝင်နေတာ ဖြစ်နိုင်တယ်တဲ့ ၊" " ဖုတ်ဝင်တယ် အဲ့တာဘာဖြစ်တတ်သလဲ ဖုတ်ဝင်တော့ ဖုတ်ဆိုတာက ဘာလဲ "
ဆရာကိုကိုမှ ကြားဖြတ်၍ " ဒါက အစ်ကို့အထင်ပါ ဖုတ်ဝင်တယ်လို့ ထင်တာ မကြာခင် အဖြေပေါ်ပါလိမ့်မယ် ၊ ငါ့ညီမကြားပါလိမ့်မယ်။ အစ်ကို ညီမတို့အိမ်ရှေ့ရောက်တုန်းက ညီမအဖေက အစ်ကို့ကို ယောကျာ်းစုန်းလို့ ပြောတာလေ" " ဟုတ် ကြားတယ်အစ်ကို "
" တကယ်က ညီမအဖေနဲ့ အစ်ကိုနဲ့က ရင်းတာတော့ မရင်းနှီးဘူး သိရုံပဲ လွန်ခဲ့တဲ့ အနှစ်၂၅နှစ် ကျော်တည်းက သိကြပါတယ် မေးထူးခေါ်ပြောလောက်ပါ ၊ ရန်သူမဟုတ်ဘူး အခုကျ တမျိုးဖြစ်နေတယ် ၊ သူ့သဘောက အခုရန်လိုနေတယ်။ သာမာန်ထက် အစာပိုစားနေတာရယ် စားသလောက်လည်း ဝမလာတာရယ်ကလည်း သံသယဖြစ်ဖွယ်အချက်ပဲ ။ အဲလိုဖြစ်လာရင် ဖုတ်ဝင်တာဖြစ်နိုင်တယ် "
" အစ်ကိုက ပယောဂကုတဲ့ ဆရာမလား အဖေ ဖုတ်ဝင်တာဆိုရင် ပျောက်အောင် ကုပေးပါအစ်ကို ညီမအပ်ပါတယ်။ ညီမမှာ အမေလည်း မရှိတော့ အဖေ့ကိုပဲ ပြုစုခွင့်ရလို့ပါ "
ခက်ချေပြီ ။ ကုလည်းခက် မကုလည်းခက် ဖြစ်နေပါရောလား ။ " အခုတော့ အစ်ကို မပြောနိုင်သေးဘူးညီမ ဒါပေမယ့် ဘယ်ပယောဂကိုမဆို အစ်ကို နိုင်နိုင်နင်းနင်း ကုသနိုင်ပါတယ် စိတ်ချမ်းသာအောင်နေ အစ်ကိုလာတာက ညီမတို့မိသားစုအကျိုးအတွက်ပါ " " ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ် " သို့နှင့် ထမင်းလည်းစားအပြီး သက်ပြင်းရှည်ကြီးကို ဆရာကိုကိုမှ မသိမသာ မှုတ်ထုတ်လိုက်မိလေသည်။
" ထွန်းအောင် မင်းငါ့ကို မင်းယောက္ခထီးကြီး နဲ့အခန်းကပ်လျက်နားမှာ အိပ်ယာပြင်ပေးနိုင်မလား " " ဟာ ယောက်ဖကလည်း မင်းဘုရားခန်းမှာ အိပ်လေကွာ " " သူ့အိပ်ယာနဲ့ ကပ်လျက်အခန်းမရှိလို့လား " " ရှိတော့ရှိတယ် အိမ်က အပိုပစ္စည်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးမို့ကွ အိမ်ကလည်း ဝါးထရံအိမ်ဆိုတော့ မင်းကို အားနာလို့ပါကွာ"
" မင်းငါ့ကို အားနာတယ်ဆိုတဲ့အခန်းက ငါတို့အတွက်
အဆင်ပြေလိမ့်မယ်ကွ " " အဲအခန်းက အိမ်နောက်က
ကြက်ခြံနဲ့ နီးတော့ ကြက်ချေးနံ့တော့ ရမှာနော် " " ရတယ် အဆင်ပြေတယ် ဒီည မင်းပါ ငါနဲ့အတူ စောင့်ကြည့်ကြစို့ " သြ ကြက်ဆိုလို့ တခါတခါကွာ အဖေ့ပြတင်းပေါက်အခြေမှာ ကြက်မွှေးတွေ တွေ့တယ်ကွ အဖေ့ကို မေးကြည့်တော့ ကြောင်ခုတ်တာဖြစ်မှာလို့ ပြောပြီး ရယ်ရယ်နေတာ သူရယ်တာကလည်း ကြောက်စရာကြီးကွာ "
" ငါပြောမယ် ဒီညကို သူ့အတွက်ဖယ်ထားမယ့် ထမင်းဟင်းကို လျှော့လိုက်ကွ အဲအခါ သူမနေနိုင်ရင် ကြက်ဖက်ကို မျက်စပစ်ရင် မင်းယောက္ခထီးကြီးက ဖုတ်ဝင်တာအစစ်ပဲ"
" အေးအေး ငါ ကြူကြူ့ကို ပြောလိုက်မယ် "
သို့နှင့် ညဦးပိုင်းသို့ရောက်သောအခါ ကိုထွန်းအောင်နှင့် ဆရာကိုကိုတို့သည် ကိုထွန်းအောင်၏ ယောက္ခထီးကြီး၏အခန်းနှင့်ကပ်လျက် ဆရာကိုကိုအိပ်ရန်အတွက် ပြင်ဆင်ထားသော စတိုခန်းလေးထဲတွင် စောင့်ဆိုင်းနေကြလေသည်။
သူတို့အခန်းမှနေ၍ တစ်ဖက်ခန်းရှိ ကိုထွန်းအောင်၏ ယောက္ခထီးကြီး၏ အခြေအနေကိုလည်း
ထရံပေါက်မှနေ၍ ချောင်းကြည့်ကြရာ သန်းခေါင်ကျော်သည်အထိ ထိုလူမှာ ထမလာချေ ။ ပြတင်းပေါက်မှ လရောင်ရေးရေးလေး မြင်ရသည်မို့ လျှပ်စစ်မီးသီးကိုလည်း မဖွင့်ချေ။ သို့နှင့် နှစ်ယောက်သား ခေါင်းချင်းဆိုင်လိုက် ချောင်းကြည့်လိုက်နှင့် စောင့်ကြည့်နေခိုက် တိတ်ဆိတ်ငြိမ်သက်နေသော ညကို ဖြိုခွင်းလိုက်သည်က .... ရှပ် ရှပ် ရှပ် ရှပ်
စတိုခန်းဆီသို့ ဦးတည်လာနေသော ခြေသံ ၊ ဖွနင်းလာသော်လည်း ညသည်တိတ်ဆိတ်လွန်း၍လည်းကောင်း တစုံတရာကို သိလို၍ စောင့်ဆိုင်းနေသူများ ဖြစ်၍လည်းကောင်း ထိုလာနေသည့် လမ်းလျှောက်သံကို ပီပြင်စွာ ကြားရကြောင်း ၂ ယောက်လုံး၏ မျက်လုံးချင်းစုံသည့် အကြည့်များက ပြောပြကြသည်။
ထိုလမ်းလျှောက်သံသည် သူတို့နေသည့် စတိုခန်း၏ တံခါးဝအရောက်တွင် ရပ်သွား၏ ။ နှစ်ယောက်သား အသံတိတ်ဆိတ်စွာဖြင့် သတိရှိနေကြသည်။ ကိုထွန်းအောင်မှ တံခါးချက်ကို မထိုးထားမိသည်ကို အမှတ်ရလိုက်သည် ။ သို့နှင့်ထိုခြေသံရှင် မည်သူလဲဟု သိရန် တံခါးဝသို့သွား၍ ထရံပေါက်မှ ချောင်းကြည့်မည့်အခိုက်
!!!! ကတော် ကတော် ကရစ် ရစ် ဖျောက် ...
ကြက်ခြံဖက်မှ ကြက်အော်သံကို ကြားရသည်။ ထိုအခါ ဆရာကိုကိုနှင့် ကိုထွန်းအောင်သည် တစ်ဖက်အခန်းမှ ကိုထွန်းအောင်ယောက္ခထီးကြီးကို ကြည့်ရမလား
တံခါးဝမှ ခြေသံရှင်ကို ချောင်းရမလား
ကြက်ခြံဆီသို့ ပြတင်းကနေကျော် ခွသွားရမလား ဗျာများလျက်ရှိနေကြတော့သည်။
ထိုအခိုက် !!! ကျွီ
စတိုခန်းတံခါးသည် ဖြေးညှင်းစွာ ပွင့်လာလေရာ ကြည့်လိုက်သောအခါ ကိုထွန်းအောင်ရဲ့ အမျိုးသမီး ကြူကြူခိုင် ဆံပင်ကြီးဖားလျားချ၍ လက်ထဲမှာလည်း ဝါးရင်းတုတ်တစ်ချောင်းကိုင်လျက်ဝင်လာသည်။ သူမအမူအယာသည် တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက် စူးရှနေလေသည်။ ကိုထွန်းအောင်မှ ရုတ်တရက် ယောင်၍ သူ့မိန်းမကြူကြူအား လက်သီးဖြင့် ချိန်ရွယ်ရာ ကြူကြူမှ အလန့်တကြား လက်ကာပြပြီး သူမလက်ထဲမှ ဝါးရင်းတုတ်ကိုထိုးပေးသည်။ လွန်စွာမှ အရိပ်အခြေ သိသည့် ကြူကြူခိုင်ပင်ဖြစ်သည်။
ထိုအခိုက် ကိုထွန်းအောင်ကို ဆရာကိုကိုမှ လက်တို့ရာ ဆရာကိုကိုလုပ်နေသည့်အတိုင်း ထရံပေါက်မှ တစ်ဖက်အခန်းသို့ ချောင်းကြည့်ကြရာ တစ်ဖက်ခန်းထဲသို့ ပြတင်းပေါက်မှ အရိပ်မည်းကြီးတစ်ခု ကျော်ဝင်လာသည်ကို တွေ့ကြရတော့သည်။ ထိုအရိပ်မည်းကြီး၏ လက်ထဲတွင်မတော့ ရုန်းကန်နေသော ကြက်တစ်ကောင် ။ ကိုထွနိးအောင်၏ ယောက္ခထီးကြီး အိပ်သောအခန်းသည် မီးဖွင့်ထားခြင်းမရှိသော်လည်း ပြတင်းမှ ဝင်လာသော လရောင်ဖြင့် မြင်သင့်သလောက်တော့ မြင်ရပါသေးသည်။
ကြူကြူခိုင်သည် ထရံပေါက်မှနေ၍ သူမဖခင်အား ရှာဖွေရာ ကုတင်ပေါ်တွင်လည်း မရှိချေ။ အခန်း၏အခြားနေရာများတွင်လည်း မရှိ။ သို့ဆိုလျှင် စောစောက ဝင်လာသည့် အရိပ်မည်းမည်းကြီးသည် သူမ၏ ဖခင်ပင်ဖြစ်သလော ။ ထိုအခိုက်
!!! ဂျွတ် ... ကတော် ကတော် အွစ် ဖျောက်
" ဟွန်း ငါ့ဖို့ ထမင်းဟင်း နည်းနည်းပဲ ပြင်ပေးထားတာ မသာမ ငါမဝဘူးဆိုတာ မသိတာလားမသိဘူး။ အခုလို ကြက်ကို အစိမ်းလိုက် စားရတော့ ပိုတောင်ကောင်းသေး "
ကြက်ကို လည်ချိုးရင်း ကုန်းကိုက်လိုက်သော အရာကို မြင်ပြီးနောက်လကြူကြူခိုင်သည် နောက်သို့ လန်ပြီးလဲကျလာလေရာ ကိုထွန်းအောင်မှ အချိန်မီထိန်းလိုက်၍သာ တော်သေးသည်။ ဆရာကိုကိုသည် မြင်ရသော မြင်ကွင်းအား ပြီးဆုံးသည်အထိ မကြည့်တော့ပဲ တိတ်ဆိတ်စွာဖြင့် ကြူကြူခိုင်အား ပြုစု ယပ်ခပ်ပေးရလေသည်။ သူမ၏ ပါးစပ်ကိုကား ကိုထွန်းအောင်မှ လက်နှင့် ပိတ်ထားလေသည်။
မကြာခင် သတိလည်လာသောအခါမှ ဆိတ်ဆိတ်နေရန် အမူအယာနဲ့ ပြရာ သူမမှ ခေါင်းငြိမ့်လေသည်။ ထို့နောက် သူမကို ကိုထွန်းအောင်မှ တွဲချီခေါ်၍ အပေါ်ထက်သို့ ဖြေးညှင်းစွာ တက်သွားကြလေတော့သည်။
မနက်ရောက်သော် " ကဲ ထွန်းအောင်ရေ ၊ ဘယ်လိုလဲ ငါ ကုရတော့မလား "
" အေးကွာ ငါလည်း မနက်စောစောမှာ မိန်းမကို အကုန်ပြောပြလိုက်ပါတယ် သူလည်း အရမ်းဝမ်းနည်းတာပေါ့ ဒါပေမယ့် ခဏနေကျတော့ ငါ့ကို အခေါင်းဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးပါတယ်ကွာ ငါစိတ်မကောင်းဘူးယောက်ဖရာ "
" အေးပေါ့ကွာ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ကုရင်လည်း လူနာက သေမယ် မကုရင်လည်း မင်းတို့မိသားစုပိုင်ငွေကို ဖုတ်က စားသောက်နေရင်းနှိပ်စက်မှာကွ။ တကယ်တော့ မင်းယောက္ခထီးကြီးက သေတာ ကြာလှပါပြီကွာ ငါ့အထင်အနှစ်၂၀ လောက်ရှိရော့မယ် " " အေးပါယောက်ဖ မင်းကောင်းသလို စီစဉ်ပေးပါ ငါအခု အခေါင်းသွားဝယ်ရတော့မလား " " အေး ဝယ်ချည်တော့ နာမည်ပါ တခါတည်းရေးခဲ့ "
ကိုထွန်းအောင်တစ်ယောက် အခေါင်းကြီးဝယ်ပြီး ပြန်လာရာ ဘေးမှ မြင်တွေ့ကြသော လူများက ထွန်းအောင်ကြီး အမွေရပဟ ဟု နောက်ပြောင်ရင်း ဘယ်တုန်းက ဆုံးတာလဲ ဟု မေးမြန်းကြရာ " ကြာပြီဗျ " " ဟာ ... မင်းဟာက "
လိုက်သာကြည့်ကြတော့ဗျာ ကျုပ်အခု မဖြေနိုင်ဘူး " သို့နှင့် ကိုထွန်းအောင် ပြန်ရောက်လာသောအခါ အခေါင်းတစ်လုံးနှင့်အတူ ရပ်ကွက်ထဲမှ လူအုပ်ကြီးပါ ပါလာခဲ့လေသည်။
ဆရာကိုကိုသည် ဘုရားစင်ရှေ့တွင် တိုင်တည်သစ္စာဆိုပြီး ရေစင်တော်ကို တောင်းခံလေသည်။ ထိုနောက် အခေါင်းကို အိမ်ရှေ့တွင် မြေပေါ်ချထားစေ၍ အဖုံးကို ဖွင့်ထားစေသည်။
ကိုထွန်းအောင်၏ယောက္ခထီးကြီး၏ အခန်းဝတွင်သွားရပ်ကာ အိပ်ယာပေါ်ရှိ လျောင်းနေသူအား
" ဟဲ့ ဖုတ်ကောင် နင့်မူလပြန်စေ ထွက်စေ ဆက်လက်မှီတွယ်ခြင်းမရှိစေရ ။ မထွက်ခင် ဒီခန္ဓာကို သက်ဆိုင်တဲ့ နေရာကို အရောက်ပို့ပြီးမှ ထွက်ခွာစေ ။ ငြင်းဆန်မရနိုင်စေရ ငြင်းရင် မီး ဆက်တိုက်လောင်စေ ။ အထက်ဆရာတော်ကြီးများရဲ့ အမိန့်အာဏာ ....... ဟုအမိန့်ပြန်၍ ရေစင်တော်ဖြင့် ပက်ချလိုက်ရာ ထ၍ ထိုင်လေသည်။
ထို့နောက် အခန်းအပြင်ဖက်သို့ တစ်လှမ်းချင်းလှမ်း၍
အခေါင်းရှိရာသို့သွားလေသည် ။ ခန္ဓာသည်ကား
ရုတ်တရက် ချက်ချင်းဆိုသလို ယိုယွင်းလာချေပြီ ။
ပါးစပ်များ နှာခေါင်းပေါက်များမှ အရိအရွဲများ
ယိုစီးကျလာသည် ။ မျက်ကွင်းကြီးကား ဟောက်ပက်ဖြစ်လာ၍
မျက်လုံးများမှာ နီရဲ၍ ပြူးကျယ်ဝိုင်းစက်နေသည်။
ဘာကိုမှ မကြည့်ပဲ အခေါင်းရှိရာသို့သွား၍ အခေါင်းထဲသူ ဖာသာသူဝင်ထိုင်၍ လျောင်းလိုက်သောနောက်တွင်ကား
အပုပ်နံ့များ လှိုင်တက်လာပြီး အသားများမှ လောက်များ
တစ်ဖွားဖွားထွက်ကျလာတော့သည်။ ထိုလောက်များသည်
အရိုးပေါ်အရေတင်အသားများကို ရုတ်ချည်းစားသောက်ပြီးနောက်
အရိုးပြိုင်းပြိုင်းသာ ကျန်ခဲ့လေတော့သည်။
အပုပ်နံ့များ ပျောက်သွားသောအခါ ကိုထွန်းအောင်တို့သည်
ချက်ချင်းကို သုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်လိုက်ကြတော့သည်။
ကြူကြူခိုင်သည်ကား အံ့သြဝမ်းနည်း ချောက်ခြားလွန်း၍
ဆေးများပင် ထိုးယူရလေ၏ ။
ပြီးပါပြီ။
Credit by Ko GoodLuck Zaw
( ပယောဂနှင့်ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်မှန်များ )
ADMIN @_# TH!t P!N
👿👿👿👿ခြံစောင့်ဘီလူး👿👿👿👿
မှောင်ရီဝိုးတဝါး လမိုက်ညရဲ့ ကြယ်ကလေးတွေအလင်းပြမူအောက်မှာ လူသားသုံးယောက်ခြေလှမ်းကျဲတွေနဲ့ ခပ်သုတ်သုတ်လျှောက်နေကြတယ်။ဘယ်ကိုသွားကြမှာလဲ။ဘာလုပ်ဖို့လဲ။ဘယ်သူတွေလဲ။ကြည့်လော။ခြေလှမ်းတွေ၊ပုံစံတွေ၊အမူအရာတွေက လူကောင်းတွေတော့မဖြစ်နိုင်။
“ဟေ့ကောင်တွေမြန်မြန်လျှောက်ပါဟ…”
ပြောလိုက်တဲ့သူက ဒီအဖွဲ့မှာခေါင်ဆောင်ဖြစ်တဲ့ မောရမ်း….
“လျှောက်နေတာပဲ မောရမ်းရာ..”
“ဒါနဲ့ မင်းပြောတာသေခြာရဲ့လာ မောရမ်း…”
ပြန်ဖြေလိုက်ကြတာက အလိုတူအလိုပါ သားအို နဲ့ ဝင်းနိုင်။သူတို့ကသောက်ဖော်သောက်ဖတ် ပုလင်တူဗူးစို့တွေ။ဒါပေမဲ့ ဒီနေရာမှာတော့ မောရမ်းကိုဆရာတင်ထားတယ်။မတင်လို့လဲမရဘူး ဒီဂွင်ကိုသိတာသူပဲလေ။သူခေါ်လို့ သားအိုနဲ့ဝင်းနိုင်ကပါလာတာ။
“သေခြာတယ်ကွ..ငါဒီနေ့ရာကိုလေ့လာနေတာတော်တော်ကြာပြီ..ညဘတ်ဆိုလူမရှိဘူး..အစောင့်မရှိဘူး..”
“ကွမ်းသီးတွေကရှိတာကောသေခြာလို့လာ…”
“ဟာ..ဒီကောင်ကတော့..ရှိတာမှ မင်းတို့အမျိုးတွေရဲ့ အိမ်တွေအားလုံးကို ပုတ်လုပ်ပြီထည့်တာတောင်ဆံ့မှာမဟုတ်ဘူး…”
“သေခြာတယ်ဆိုလဲပြီးတာပဲ..”
မောရမ်းပြောနေတဲ့နေရာက သူတို့ရွာနဲ့တော်တော်ဝေးဝေးမှာ တောထွင်ပြီစိုက်ထားတဲ့ကွမ်းခြံကြီး။ဘယ်သူက၊ ဘယ်ရွာကလူတွေက လာလုပ်ထားတဲ့နေရာလဲမသိ။သိဖို့လဲမလွယ် ဒီအရပ်ဒေသမှာ တောတွေတောင်တွေကိုရှင်းပြီ ကိုယ်ပိုင်ဥယာဉ်တွေလုပ်ကိုင်နေကြတာအများအပြာ။ဒါပေမဲ့ ခြံတွေအားလုံးက ရွာနဲ့ခပ်လှမ်းလှမ်းတွေမှာသာရှိကြတာ။ဒီလို တောခပ်နက်နက်ထဲမှာသိပ်ရှိကြဘူး။ဒီနေရာကို မောရမ်း တွေ့လာတာက တောတက်ရင် အမှတ်မထင်တွေ့ခဲ့တာ။ခြံကြီးကလဲကျယ်သလားမမေးနဲ့။အုန်းမောင်းခေါက်ကတည်းက မြင်းနဲ့စဆုံးလိုက်ကြည့်ရင် နေထန်းတဖျားရောက်မှာ ပြန်ရောက်တယ်ဆိုတာ ဒီလိုခြံမျိုးကိုပြောတာနေမယ်။သီးပင်စားပင်တွေကလဲစုံလို့။လူသူအရောက်အပေါက်နည်းလို့ထင်တယ် သီးချင်တိုင်သီး ပွင့်ချင်တိုင်ပွင့်နေကြတာ။ဒီအထဲမှာ သူစိတ်ဝင်စာတာက ကွမ်းသီ။မရည်တွက်နိုင်တဲ့ ကွမ်းပင်တွေပေါ်က ရွှေကွမ်းသီး ငွေကွမ်းသီး။ဒါကြောင့်လဲ ဒီခြံအခြေအနေကိုသေခြာလေ့လာထားတာ။အစောင့်ဆိုလို့သိပ်မတွေ့ရ တစ်ခါတစ်လေမှသာ လူသံသဲ့သဲ့ကြားရတယ်။ဒါကြောင့် ပုလင်းတူဗူးဆို့တွေ့နဲ့ ခိုးဖို့လာတာ။သူတို့အစီအစဉ်က ကွမ်းသီးတွေကို ဂုံနီအိတ်တွေထဲထည့်ပြီးဖွတ်ထားမယ် ပြီးမှာ လှည်းနဲ့ ထင်းရှာ သလိုလို ဝါးခုတ်သလိုလိုနဲ့သယ်မယ်။
“မင်းဟာကမရောက်သေးဘူးလာကွာ..”
“ရောက်တော့မှာပါကွာ..ရှေ့နည်းနည်းထပ်လျှောက်ရင်ရပြီ..”
ဒီလိုနဲ့လျှောက်လာလိုက်ကြတာ ကွမ်းတစ်ယာညတ်ခန့်အကြာမှာတော့…
“ဟိုမှာတွေ့လာကွမ်းပင်တွေနည်းတာမဟုတ်ဘူး..”
မောရမ်းလက်ညှိထိုးတဲ့နေရာကို သားအိုနဲ့ဝင်းနိုင် ပြိုင်တူကြည့်ပြီ ငါးခူးပြုံးပြုံးလိုက်ကြတယ်။
“ဟုတ်တယ်ကွ အပင်တွေကနည်းတာမဟုတ်ဘူး..ရှယ်ပဲ..”
ညသည်အင်မတန်မှာ တိတ်ဆိတ်နေ၏။တစ်ခါတစ်ခါ တောရိုင်းတိရစ္ဆာန်အော်သံတွေမှအပ တိတ်ဆိတ်လို့။
“ကြာတယ်ကွာ သားအို မင်းအရင်တက် ငါတို့အောက်ကစောင့်မယ် တစ်ယောက်တစ်လှည့်တက်မယ်..”
“အေးပါကွာ..”
ပြောပြောဆိုဆို သားအို ကွမ်းပင်ပေါ်တက်သွားတယ်။ပြီးတော့ ကွမ်းသီတွေကိုအောက်ကိုခူးချပေး၊အောက်ကသူတွေကလဲ အသံမကြားအောင် ကွမ်းသီးမနာအောင် ပုဆိုးကိုနှစ်ယောက်ကိုင်ပြီခံကြတယ်။တယ်လဲတက်ညီလက်ညီတော့တာကို။မဟုတ်တဲ့နေရာမှဆို။
“ဂျွတ်…..”
တိတ်ဆိတ်မူတွေကိုထိုးဖောက်ပြီ ထွက်လာတဲ့အသံက သစ်ကိုင်ခြောက်ကျိုးသံ။ဘာလဲဟ။ခြံစောင့်များလာ။ဘေးဘီကိုပြိုင်တူကြည့်လိုက်တယ်။ဘာမှာမရှိ။ဒါပေမဲ့သူတို့တစ်ခုကိုတော့သတိထားမိသွားတယ်။
“မောရမ်း..ဟိုမဲမဲကြီးကဘာလဲကွ..”
“မှန်..ဘယ်မှာလဲ…”
“ဟိုမှာလေကွာ..”
“ခြံစောင့်တွေနေတဲ့ တဲဖြစ်မှာပါကွာ မင်းကလဲ..”
“စောစောကရှိလို့လာ အဲ့ဒါကြီးက…”
“ရှိရှိမရှိရှိ ကိုယ့်ကိစ္စမဟုတ်ဘူး..လုပ်စရာရှိတာဆက်လုပ်..သားအို ဆက်ခူးကွာ ကုန်ရင်နောက်တစ်ပင်ကူးမယ်..”
“မရှိတော့ဘူး ဆင်းလာတော့မယ်..”
ရှပ်…ရှပ်…….ရှပ်…
တစ်ကောင်ကောင်တောတိုးလာသံ တိုးတိုးလေးကြားလို့ ဝင်းနိုင်နောက်လှည့်ကြည့်လိုက်တယ်။
“ဟင့်…. တဲကြီးကရွေ့နေတာလာ..မဟုတ်သေးပါဘူး..မောရမ်း..မောရမ်း…မင်းပြောတဲ့ တဲကြီးကရွေ့နေသလိုပဲနော်..”
“မဖြစ်နိုင်တာ မင်းမျက်စီမှားလို့နေမှာပါ…ထားလိုက်ပါကွာ..”
ဟားးးးးးးးးးဟားးးးးးးးး
စကားတောင်မဆုံးသေး ကြောက်မက်ဖွယ်ရယ်သံကြီးကြောင့် သုံးယောက်သားကြက်သီးတွေဖြန်းဖြန်းထကုန်တယ်..
“မော….မော..ရမ်း…..ဘာ..သူရယ်သံကြီးလဲ….”
“ငါလဲမသိဘူးလေ..မင်းကဘာဖြစ်နေတာလဲ အသံထစ်ထစ်ငေါ့ငေါ့နဲ့..”
“ငါ…ငါ…ကလူသာမကြောက်တာ သရဲတော့ကြောက်….ကြောက်တ…တယ်….”
သုံးယောက်သားကျောခြင်းကပ်ပြီ ရယ်သံရှင်ကိုလိုက်ရှာကြည့်တယ်။ဘာမှာမတွေ့ သူတို့တွေ့နေတာက တဲကြီးတစ်ခုသာ။ဒါပေမဲ့ တဲကြီးရွေ့ပြီသူတို့နားကိုတိုးလာသလိုလို။
ဟီးးးးးဟီးးးးးးဟားးးးးးဟားးးးးးးး
သေခြာပါပြီ အသံကတဲကြီးဆီကထွက်နေတာ။မကြောက်တက်တဲ့ မောရမ်း နဲ့ သားအို ကအသင့်ပါလာတဲ့ ငှက်ကြီးတောင်ဓါးကိုအသင့်ပြင်လိုက်တယ်။ဝင်းနိုင်းက ကြောက်လွန်းလို့ မေ့တောင်မေ့နေပြီလားမသိအသံကိုမထွက် မျက်လုံးကြီးအပြူသားနဲ့ တဲကြီးကိုကြည့်နေလေရဲ့။တစ်ဖြေးဖြေးနီးလာတဲ့ တဲကြီးမှာသူတို့စတွေလို့ရတာက နီရဲနေတဲ မီးလုံးနှစ်လုံး။နောက်တော့ ရှည်လျှာလှတဲ့အမွေးတွေ၊လက်ကြီးတွေနဲ့ ခန္ဓာကိုယ်ကြီး။လက်ထဲမှာလဲ တင်ပုတ်လိုလိုဘာလိုလိုကြီးကိုင်လို့။သူတို့နားလာရောက်ရောက် တဲကြီးကိုသေခြာကြည့်လိုက်တော့မှ မကောင်းဆိုးဝါးကြီးတစ်ကောင်ဖြစ်နေမှန်သိတော့တယ်။နည်းတာကြီးမှမဟုတ်တာ။အစွယ်ကြီးကဖွေးလို့။သုံးယောက်သား ရုတ်တရပ်ကြောင်ကြည့်နေပြီ စအသက်ဝင်လာသူကမောရမ်း။
“ဘာကောင်ဖြစ်ဖြစ်ခုတ်ကွာ..”
ပြောပြောဆိုဆို ဓါးနဲ့ဝင်ပိုင်းတော့တာပဲ။မောရမ်းကြောင့် သားအိုလဲ သတိဝင်လာပြီဓါးနဲ့ဝင်ပိုင်းတော့တာပေါ့။
ဝှစ်..ဝှစ်..ဝှစ်….
သူတို့ခုတ်သမျှက လေထဲကိုခုတ်နေသလိုအရာမထင်။ဝင်းနိုင်ကတော့ သေးတွေတောင်ထွက်ကျကုန်ပြီ။
ဟားးးးးးးဟားးးးးးးးးး
မကောင်းဆိုဝါးရဲ့ရယ်သံကြီးက ခြောက်ကပ်ကပ်နဲ့ အသည်းငယ်သူတို့အဖို့ လိပ်ပြာလွင့်သွားမတက်ကြောက်စရာ။
လက်သည်းချွန်ကြီးတွေနဲ့လက်မဲကြီးတစ်ဖတ်နဲ့ မောရမ်းကို ဖမ်းဆုပ်လိုက်ပြီ တင်ပုတ်လိုလိုဘာလိုလိုကိုင်ထားတဲ့ကျန်လက်တစ်ဖတ်နဲ့ သားအိုကိုလှမ်းထုချလိုက်ချိန်မှာတော့
ပြေးလေပြီ ဝင်းနိုင်တစ်ယောက် ခြေဦးတည်ရာ။ပြေး..ပြေး..ပြေးနိုင်မှာလွတ်မယ်။
ဟားးးးဟားးးးဟီးးးးးဟီးးးးးး
နောက်တွင်တော့ ရယ်သံကြီးကပဲတင်ထပ်လျှက်။တောတောင်တစ်ခုလုံးသည် မကောင်းဆိုးဝါးကြီးရယ်သံတွေသာစိုးမိုးထားလေတော့၏။
“ရှေ့မှာဘယ်သူလဲဟ..ဒရောသောပါပြေးလာတာ…”
“ဘာဖြစ်လာတာလဲမသိဘူး…”
“ဖမ်းကြပါဟ..အရူးလာမသိဘူး..ဒီရွာမှာမြင်လဲမမြင်ဖူးဘူး…”
လူတွေဝိုင်းဖမ်းတော့မှ ဝင်းနိုင်တစ်ယောက်ပြေးမိပြေးရာပြေးလာရာကနေ ရပ်တော့လေ၏။
“ဟောဟဲ…ဟောဟဲ…..မဲ…..မဲ….ကြီး….အ…..စွယ်…..တွေ….နဲ့…..ကြောက်……တယ်…..ကြောက်တယ်…..ဟိုကောင်တွေကိုစား…စား…လိုက်….ပြီ….”
“ဘာဖြစ်လာတာလဲမသိဘူး..နာနာဘဝနဲ့တွေ့လာတာထင်တယ်..ဆေးဆရာကြီး ဦးချမ်းသာအိမ်ကိုပို့ကြကွ.မြန်မြန်..”
ပြောပြီ ဝင်းနိုင်ကိုဝိုင်းချုပ်ပြီ ဦးချမ်းသာတို့အိမ်ကို ခေါ်လာကြတယ်။
“ဗျို့..ဆရာကြီး…ဗျို့…ဆရာကြီး…”
စောစောစီးစီးခေါ်သံကြားလို့ ထမင်းကြမ်းစားနေရာကနေ ဦးချမ်းသာအိမ်ရှေ့ထွက်ကြည့်လိုက်တယ်။
“သြော်..အေးကြိုင်တို့ပါလာ…အစောကြီးရှိသေးတယ် ဘာကိစ္စရှိလို့လဲ…”
“ဟုတ်ကဲဆရာကြီး..ဥယျာဉ်ကိုအသွား လမ်းမှာ မဲမဲကြီးဆိုပြီ ပြေးလာတဲ့သူတစ်ယောက်တွေ့လာဆရာကြီးဆီကိုလာပို့တာ..”
“ဟေ..ဟုတ်လာ..ဘယ်မှလဲ..ဒီရွာကပဲလာ…”
“မဟုတ်ဘူးဆရာကြီး ဒီမှာပါ…”
ဦးချမ်းသာ မျက်လုံးကြီးပြူပြီးအကြောက်လွန်နေတဲ့ ဝင်းနိင်ကိုကြည့်ပြီသဘောပေါက်လိုက်တယ် နာနာဘဝတစ်ခုခုနဲ့တွေ့လာပြီဆိုတာ။
“အေးကြိုင်အိမ်ပေါ်ခေါ်ခဲ့သူကို..”
အိမ်ပေါ်ရောက်တော့ ဘုရားစင်ရှေ့မှာထိုင်ခိုင်ပြီး ရေကိုမန်းတိုက်လိုက်မှာ ဝင်းနိုင်စိတ်တွေ နည်းနည်းပုံမှန်ပြန်ဖြစ်လာတယ်။
“သူကိုဒီအတိုင်ခဏထားထာဦး စိတ်ငြိမ်သွားတော့မှာ မေးကြတာပေါ့…”
“ဟုတ်ကဲ့ကျွန်တော်တို့လဲစောင့်နေပါ့မယ်…”
“ရပါတယ် မင်းတို့လဲဥယျာဉ်ထဲဆင်းရဦးမှာမဟုတ်လာ..သူကိုတစ်ရေးတစ်မောအိပ်ခိုင်လိုက်ဦး နိုးတော့မှာပေးကြတာပေါ့…”
“ဟုတ်ကဲ့ ဆရာကြီး..ဒါဆိုကျွန်တော်တို့ သွားလိုက်ပါဦးမယ် ညနေမှာပြန်လာခဲ့ပါဦးမယ်…”
နေလုံးကြီးသည် လှပတဲ့လိမ္မော်ရောင် ညနေခင်းကိုဖန်းဆင်ပြီ လောကလူသားတွေကို ဖျော်ဖြေနေလေပြီ။တစ်ချို့ကလဲ အလုပ်ပြန်လာကြ။တစ်ချို့မိန်းကလေးတွေကလဲ ရေခပ်ဆင်း၊ ကာလသားတွေကလဲ ဘယ်ကညာပျို ဒီရင်ခွင်ကို လွင့်ကာကြွေလေမလဲ မျှော်လင့်ချက်ကိုယ်စီ ဟန်ရေးတစ်ပြပြနဲ့ နေမင်းဖန်းဆင်တဲ့ ညနေခင်းကို အားဖြည့်ကူညီနေလေရဲ့။
“ကျွန်..တော်..ဘယ်ရောက်နေတာလဲ…”
“မောင်ရင်နိုးလာပြီလာ..ဒါတောင်စဉ် ရွာပဲ…”
“ဗျာ….တောင်စဉ်ကိုရောက်နေတာလာ…”
“ဟုတ်တယ် မောင်ရင်ကဘယ်ရွာကလဲ..”
“ကျွန်တော်က ကုန်းကြမ်း ရွာကပါ..”
“သြော်…ဒါနဲ့မောင်ရင်ညကဘယ်လိုဖြစ်လာတာလဲ အဘကိုပြောပြပါဦး..”
“ဟုတ်ကဲ့..ဒီလိုပါအဘ..”
ဝင်းနိုင်ပြောမယ်လုပ်တုန်း အေးကြိုင်းတို့အိပ်ပေါ်တက်လာတယ်။
“ဟော့..ကိုယ့်ဆရာတောင်နိုးနေပါကောလာ..”
“သြော်..အေးကြိုင်တို့ပါလာ..လာကွာဒီမှခုပဲ ညကကိစ္စကိုမေးနေတာ..”
“ဟုတ်ကဲ့အဘ ကျွန်တော်တို့ကလဲအဲ့ဒါပဲသိချင်လို့လာခဲ့တာ..”
“မောင်ရင် ဒါမောင်ရင်ကို အဘဆီလာပို့တဲ့သူတွေပဲ..”
“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ခုလိုကူညီလို့…”
“ရပါတယ်ကွာ..ဒါနဲ့စောစောကစကားပြန်စပါဦး….”
“ဒီလိုဗျာ ကျွန်တော့နာမည်က ဝင်းနိုင်ပါ.အတိုချုပ်ပြောရရင် ကျွန်တော့သူငယ်ချင်းဖြစ်တဲ့ မောရမ်းရဲ့ သားအိုရယ် တောထဲက ဥယျာဉ်တစ်ခုမှာ ကွမ်းသီးသွားခိုးတာ ဥယျာဉ်ထဲက မဲမဲအကောင်ကြီးထွက်လာပြီ ကျွန်တော်တို့ကိုခြောက်လွတ်လိုက်လို့ပါ..ကျန်တဲ့သူနှစ်ယောက်ကို မဲမဲအကောင်ကြီးကပဲ ဖမ်းဆုပ်သွားတာနောက်ဆုံးတွေ့ရတာပါပဲ…”
“ဟေ…..”
“ဟာ…..”
“အို……”
ဦးချမ်းသာမှအပအားလုံးပါးစပ်အဟောင်းသာဖြစ်ကုန်တယ်….
“မင်းတို့ ဥယျာဉ်ကိုစောင့်တဲ အစောင့်နာနာဘဝနဲ့တွေ့လာတာပဲ…ဘယ်လိုမကောင်လဲဆိုတာ တော့ဟိုရောက်မှသိရမယ်…မောင်ရင်နေရာကိုမှတ်မိလာ အဘတို့ကိုလိုက်ပြနိုင်မလာ….”
“ဟုတ်ကဲ့ရပါတယ်…”
“ဒါဆိုမနက်ဖြန်စောစောသွားကြတာပေါ့..အေးကြိုင်တို့လဲလိုက်မယ်မဟုတ်လား..”
“ဟုတ်ကဲ့လိုက်ပါမယ် ဆရာကြီး..”
“ဒါဆို ဒီညတော့ပြန်နားလိုက်ကြဦး….”
တုံ….တုံ….တုံတုံ…
ရွာဦးကျောင်းအုန်းမောင်းခေါက်သံကြောင့် ဦးချမ်းသာနိုးလာကာ ဝင်းနိုင်ကိုနိုးပြီ သွားဖို့လာဖို့ပြင်ဆင်လိုက်တယ်။ခဏနေတော့ အေးကြိုင်တို့လဲရောက်လာကြတယ်။
“အေးကြိုင် ဒီအပင်ကိုယူခဲ့..”
“ဒါဘာအပင်လဲ ဆရာကြီး…”
“ဒါမင်းသားကြီးဂမုန်းလို့ခေါ်တယ်….”
“မင်းသားကြီးဂမုန်းဟုတ်လာ..ဘာလုပ်ဖို့လဲ..ဒါကြီးက…”
“မောင်ရင်တို့မသိပါဘူး…အဘထင်တာမမှားဘူးဆိုရင် အသုံးဝင်လိမ့်မယ်…”
ဆရာကြီးဦးချမ်းသာ ပေးတဲ့ပန်းအိုးနဲ့စိုက်ထားတဲ့ မင်းသားကြီးဂမုန်းပင်ကိုသယ်ပြီအားလုံးအတူထွက်လာလိုက်ကြတယ် တောထဲကို။
နေထန်းတဖျားလောက်ရောက်တော့
“ဟိုနေရာပဲဆရာကြီး…”
ဝင်းနိုင်ပြတဲ့နေရာကိုကြည့်လိုက်ပြီ ဥယျာဉ်နယ်နမိတ်ကိုထိလိုက်ရင်ပဲ ဦးချမ်းသာပြုံးလိုက်တယ်။
“လာ..မောင်ရင်သူငယ်ချင်းအလောင်တွေရှိတဲ့နေရာကိုသွားရအောင်…”
“ဗျာ..ကျွန်တော့သူငယ်ချင်းတွေသေပြီဟုတ်လာဆရာ…”
“အေ့ဟုတ်တယ် သေနေပြီ….”
ပြောပြောဆိုဆို ဟိုနေညကဖြစ်ပျက်ခဲ့တဲ့နေရာကိုလာလိုက်ပြီ ရောက်တော့ ဆရာကြီးချမ်းသာပြောသလိုပဲ မောရမ်းနဲ့သားအိုတို့ မျက်လုံးပြူ လျှာထွက်ပြီ သေနေလေရဲ့။ဦးချမ်းသာအလောင်ကိုစစ်ဆေးကြည့်လိုက်တယ်။တွေ့ပါပြီသူလိုချင်တဲ့အဖြေ။အလောင်ရဲ့ခါးတို့လည်ပင်းတို့နေရာတွေမှာ အညိုအမည်းတွေ။
“နာနာဘဝက သူတို့ကို ဂုတ်ချိုး ခါးချိုးသတ်သွားတာ..ဒါခြံစောင့်ဘီလူးလုပ်တာပဲ..”
“ဗျာ….”
“ဟာ…ဘီလူးဟုတ်လာ…”
“ဟုတ်တယ်..ဒီခြံကိုစောင့်တာဘီလူးပဲ…အချိန်သိပ်မရှိဘူး ပိုသေခြာအောင် အစောင့်တဲကိုရှာကြ…”
“ဟုတ်ကဲ့…”
ဟိုဟိုဒီဒီလူခွဲရှာပြီတစ်အောင့်နေတော့ သူတို့ရှာနေတဲ့ အစောင့်တဲကိုတွေ့ရပါပြီ။တဲလေးက အမိုးတွေကလဲဖွာလန်ကြဲလို့..ကြမ်းခင်းတွေကလဲကျို့တို့ကျဲတဲ။တဲလေးကိုရောက်တော့ ဦးချမ်းသာလိုချင်တဲ့ဟာကိုရှာတော့တာပဲ။
“တွေ့ပြီကွာ..တွေ့ပြီ ငါထင်တဲ့အတိုင်းပဲ..ဒီမှာ ဘီလူးဂမုန်း..”
“ဘီလူးဂမုန်းဟုတ်လာ…”
“ဟုတ်တယ်..ဘီလူးဂမုန်းပဲ…ပိုင်ရှင်တွေကပဲစိုက်ထားတာလာ အစောင့်ကပဲစိုက်ထားတာလားမသိဘူး..အပွင့်တော့မပွင့်သေးဘူးတော်သေးတယ်..အပွင့်ပွင့်ရင်တော်တော်ဆိုးမှာ..”
“ဘီလူးဂမုန်းက ဘီလူးကတကယ်စောင့်လို့လာဆရာကြီး..”
“စောင့်တယ်သူကိုစိုက်ရင် သားစိမ်းငါးစိမ်းရေတွေလောင်းပေးရတယ်..လောင်ရင်လဲအချိန်မှန်လောင်းရကျွေးရတယ်..မဟုတ်ရင် စိုက်တဲ့သူကိုဒုက္ခပေးတယ်…ဒါကြောင့်လဲ ဒီလောက်ကြီးတဲ့ ဥယျာဉ်ကြီးကိုစောင့်ဖို့စိုက်ထားတာပေါ့..ကြည့်ရတာ အစောင့်လဲ မနိုင်တော့လို့ပြေးပြီထင်တယ်..ပိုင်ရှင်တွေကလဲဘာလုပ်ရမှန်မသိလို့ဒီအတိုင်ထားထာတာထင်တယ်…”
“ဘယ်လိုလုပ်မလဲဆရာကြီး..နှုတ်လိုက်ရမလာ..”
“မနှုတ်နဲ့..အဲ့အပင်နားမှာ မင်းသားကြီးဂမုန်းပင်ကိုချထားလိုက်..”
မင်းသားကြီးဂမုန်း ချလိုက်တယ်ဆိုရင်ပဲ ဘီးလူဂမုန်းပင်ကသိသိသာသာလှုပ်လာတာအားလုံးအတိုင်သားတွေ့နေရတယ်..
“ကဲ့အဘတို့ ဒီဥယျာဉ်နယ်နမိတ်အဆုံးကမနေစောင့်ကြည့်မယ်..အသံတော့မထွက်နဲ့နော်..”
အားလုံးကိုသတိပေးပြီ ထွက်လာလိုက်ကြတယ်..လှည့်ကြည့်ဖြစ်အောင်လှည့်ကြည့်လိုက်တဲ့ ဝင်းနိုင်မြင်လိုက်ရတာ ကျောပါချမ်းသွားတယ်။အပင်နှစ်ပင်က လေမတိုက်ပဲသိသိသာသာကိုလှုပ်နေကြတာကို။
အမှောင်သည်တစ်စတစ်စ ကြီးစိုးလာတယ်..ထူးဆန်းစွာ ဒီနားပတ်ဝန်းကျင်က တိတ်ဆိတ်နေတာ ပိုးကောင်အော်သံတောင်မကြားရဘူး။အေးကြိုင်တို့ ဝင်းနိုင်တို့ကတော့ ဥယျာဉ်ထဲကိုမမှိတ်မသုံးစိုက်ကြည့်နေကြတယ် ဘာများဖြစ်မလဲဆိုပြီတော့။ဆရားကြီး ဦးချမ်းသာကတော့ ကွမ်းလေးတစ်မြုံမြုံနဲ့။
ဝုန်း…….ဖောင်း…….ဝုန်း……အုံး……ဝေါ…
ပြုတ်ကျသံ၊လဲပြိုသံ၊ထုသံထောင်သံတွေနဲ့ နဘမ်းလုံးနေတဲ့ မဲမဲအရိပ်ကြီးနှစ်ခု။နည်းတာကြီးတွေမဟုတ်ဘူး။ဝင်းနိုင်သေခြာကြည့်တော့မှာ တစ်ကောင်က သူတွေ့ခဲ့တဲ့ အကောင်ကြီး။ကျန်တစ်ကောင်က မင်းသားလိုလိုဘာလိုလိုဝတ်စားထားတဲ့ပုံရှိတဲ့ သူတစ်ယောက်။သူတပြန်ကိုယ်တပြန်ဆော်နေကြတာ။ကြည့်နေတဲ့ သူတွေအသံတောင်မထွက်နိုင်ဘူး ဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲ။ဘီလူးဆိုတဲ့ အကောင်ကလဲအရှုံးမပေးဘူး ပြန်ဆော်တယ်။မင်းသားဆိုတဲ့တစ်ကောင်လဲ အသေကိုဆော်နေတာ။ခံနေရတဲ့ဘီလူးတော့မသိဘူး ကြည့်နေတဲ့သူတွေတောင် တွန့်တွန့်သွားတယ် ကိုယ်ပဲအဆော်ခံနေရသလို။ဆော်ချက်ကအောင်သလားမမေးနဲ့။ပတ်မကြီးတီးသလိုပဲ။တစ်အုံး…အုံးနဲ့။ပယ်ပယ်နယ်နယ်ကိုသမတာ။လုံးထွေးသတ်ပုတ်နေတာ တော်တော်ကြာတော့မှာ ဘီလူးဆိုတဲ့အကောင်ကထွက်ပြေးပါလေရော။မင်းသားဆိုတဲ့အကောင်ကလဲ ဘီလူးပြေးတဲ့နောက်ပြေးလိုက်ရင် အရာရာဟာအရင်လိုပြန်တိတ်ဆိတ်သွားတယ်။ဟိုတစ်စဒီတစ်စ ညငှက်အော်သံ ပိုးမွှားအော်သံတွေနဲ့ ညကပုံမှန်ပြန်ဖြစ်သွားတယ်။
“ဆရာကြီး ဘီလူးဆိုတဲ့အကောင်ကတော့ပြေးပြီ …”
“ဟုတ်တယ် မနိုင်တော့ဘူးလေကွာ ဒီတော့ပြေးပြီပေါ့..မနက်ကြမှသွားကြည့်ကြတာပေါ့ကွာ..”
မနက်မိုးတော့ တဲကိုသွားကြည့်ကြတာ ထူးဆန်းစွာ မနေ့ကအရွက်တစ်လူလူနဲ့ ရှိနေတဲ့ ဘီလူးဂမုန်းဆိုတဲ့အပင်က သေနေပါလေရော။ဘေးနားဝန်းကျင်မှာလဲ လူနှစ်ယောက်လုံးထွေးသတ်ပုတ်ထားသလို ပွပလဲလို့ရှိနေတော့သတည်း။(ခရီးသွားရင်တွေ့ခင်ခဲ့သော ဦးဝင်းနိုင်ပြောပြတာကိုပြန်ရေးဖွဲ့ပေးထားတာပါ(သင်္ခ))
Saturday, August 6, 2016
Ghost Story 7
Subscribe to:
Posts (Atom)