Saturday, August 6, 2016

Ghost Story 6

###သရဲတစ်ကောင်၏ညစာ(၁)###
“ရှကီ….ရှကီ….ရှကီ…ရှကီဆိုတာ အရက်ကိုခေါ်တယ်…အရက်ကိုသာ သစ္စာရှိရှိသောက်ရင်..တပြည်လုံးက အရက်ကမူးပါတယ်..ဟေ့…ယောက်ခမကြီးက တစ်စက်မကှိုကြည့်မရ..ကျွန်တော့မယားက အသေကိုသတ်ချင်တယ်ဗျာ..အေ့….”
မနက်စောစောစီစီ ထိုကျက်သရေမရှိသော အသံဝါကြီးကိုကြားရပြီဆိုလျှင် စိန်ကြီးတစ်ယောက်မူးနေပြီမှန် လူတိုင်းသိ။
“ဟိုမှာစိန်ကြီးစောစောစီစီမူးနေပြန်ပါပြီအေ…”
“ဟုတ်ပါ့တော်..အလုပ်မရှိအကိုင်မရှိ မိုးလင်တာနဲ့မူးနေတော့တာပါပဲအေ..”
“ဒီလိုကျက်သရေမရှိတဲ့ ငမူးတွေများကျတော့လဲသေပဲမသေနိုင်ဘူး…”
“အေဟယ်…သီတာလေးသနားပါတယ်..ဒီလိုအရက်သမားကိုယူမှတော့ ဒူးနဲ့မျက်ရည်သုတ်နေရတာပေါ့…”
“ဟော..ဟော..ပြောရင်ဆိုရင်ဒီဘတ်လာနေပြီ…မြန်မြန်လျှောက်ပါအေ..”
ဒယိမ်းဒယိုင်နဲ့ တစ်လမ်းလုံးသူ့ပထွေးခင်းထားတဲ့လမ်းလို့လျှောက်နေတဲ့ စိန်ကြီး အာရုံဆွမ်းသွားကပ်မဲ့ ယောဂီဝတ်စုံနဲ့ အတင်းပြောနေသူတစ်စုကိုကြည့်ပြီ အေ့…ဆိုတစ်ချက်လေချဉ်တက်ကာ
“ဟိတ်…ဟိုရှေ့က ဆွမ်းချိုက်တွေကိုင်ပြီ ဘုန်းကြီးကျောင်းအတင်းသွားပြောမဲ့ သူတွေ ဘုန်းကြီးကျောင်းတောင်မရောက်သေးဘူးလမ်းမှကတည်းက သောက်တင်းတွေကတုတ်နေပြီဟုတ်လာ…အေ့…ဒီမှာ စိန်ကြီးတို့က မူးသာမူးတာ ဘယ်သူသောက်တင်းမှမတုတ်ဘူး..ဘယ်သူ့မှ ဒုက္ခမပေးဘူး..ငါ့မိန်းမကလွဲပြီးတော့…အေ့…အဲ့ဒါမှတ်ထား…သွားသွားရှေ့ကနေ ငါအကုန်မယားတော်လိုက်လို့မကောင်းရှိတော့မယ်…အေ့…”
“အောင်မလေးလေးတော်..အမူးကများတို့ကို…”
“တော်ကြည့်ပါလား..လက်ဝါးနဲ့ပါးမိတ်ဆက်သွားမယ်…”
“ကြည့်စမ်းကြည့်စမ်းငမူးကများတို့ကိုစော်ကာနေတာ..သူကြီးနဲ့ကိုတိုင်မယ်…”
“အေ့…တိုင်တိုင်…တိုင်တစ်လုံး ၅ ကျပ်…”
မနက်စောစောအရက်သမားစိန်ကြီးနှင့် တင်တုတ်သည်.အဲ့ယောင်လို့ ဥပုတ်သည်တစ်သိုက်တို့၏ စွာတာတာအသံတို့သည် လှချင်တိုင်းလှနေသည့် တောင်ပုရွာကလေး၏အလှကို အကြည်းတန်နေစေတော့လေသတည်။ဘာနဲ့တူသလဲဆိုတော့ အင်မတန်မှလက်ရာမြောက်လှတဲ့ပန်ချီးကတစ်ချက်ကို သစ်သာဘောင်နဲ့ခတ်ထားသလိုဖြစ်နေလေတော့၏။
“ဟဲ့…သီတာ…ဟဲ့..သီတာ…ကောင်မ..ငါခေါ်တာကိုမကြားချင်ယောင်ဆောင်နေတယ်…ငါလုပ်လိုက်ရသေ….”
ဒေါင်….
စကားမဆုံးသေးစိန်ကြီးနှဖူးကို ကော်ခွက်တစ်လုံးလာမှန်တယ်။ပြေးမကြည့်နဲ့ ကမ္ဘာအိုလံပစ်ပြိုင်ပွဲဝင်လို့ရသည် သူ့၏ရှူမညီးတဲ့ချစ်ဇနီး သီတာလက်ချက်ပင်။
“အေ့…မိန်းမကလဲ..အတိုကချစ်လို့စတာကို….ဟီး..ဟီး..အေ့..ကယ်ကြီးလုပ်တယ်…”
“ဟဲ့သေနာ…မူးလာပြန်ပြီလာ…စောစောစီစီ…”
“မိန်းမကလဲ နည်းနည်းပါးပါးလေးကစ်လာတာပါ..အဲ့ဒါရေချိန်မကိုက်သေးလို့..အဟိ….အေ့…”
“ဘာလဲငနား..အရက်ဖိုးလာ…မရှိဘူး…ဒီမှာရှင်တို့မျိုဖို့ဆိုဖို့ ဈေးသွားရောင်းရဦးမယ်…ဖယ်…”
“မိန်းမလေးကလဲ…လုပ်ပါ..တစ်ပိုင်းဖိုးပဲပေး..နော်…နော့လို့…အေ့…”
“ရှင်မှာလဲလေ မိုးလင်းမိုးချုပ်မူးနေတော့တာပါပဲ..မပေးရင်လဲဖယ်မှာမဟုတ်ဘူး..ရော့ရော့..အဲ့အရည်တွေပဲမျိုဆို့…မြန်မြန်သေအေးတာပဲ..”
ပြောပြောဆို ထမီကြားထဲထည့်လိပ်ထားတဲ့ ပိုက်ဆံကိုထုတ်ပေးလိုက်တယ်။ပါးစပ်ကလဲ ပွစီပွစီ။ပိုက်ဆံလဲလက်ထဲရရော
“အောင်မာ…ဒီမိန်းမ…အိမ်ဦးနတ်ကိုများပမာမခန့်..ငါလုပ်…”
ပြောမဆုံးသေး သီတာထင်းပိုင်းကောက်ကိုင်လိုက်တာတွေ့လို့ စိန်ကြီးတို့ပြေးလိုက်တာ မှုံလို့ အရက်ဆိုင်ကို။ပုံမှန်အတိုင် စိန်ကြီးမူးမူးရူးရူးနဲ့ သင်းချိုင်းကုန်ကိုရွှေစက်တော်ခေါ်တော်မူဖို့ လျှောက်လာလေ၏။နေကလဲပူ အရက်ကလဲမူး တစ်နေရာအရောက် သစ်မြစ်တစ်ခုကိုခလုတ်တိုက်ပြီ
“အောက်မလေး..အရက်ပုလင်းဝနဲ့ ငါ့ပါးစပ်နဲ့ညား…”
တစ်ချက်ယောင်ပြီ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားလေတော့သတည်း။
ဘုတ်…ဘုတ်…ဘုတ်..
မည်မျှကြာအောင် မေ့နေသည်မသိ တစ်ယောက်ယောက်ဆောင့်ကန်ပြီနိုးတော့မှသတိရလာတယ်..မျက်လုံးပွတ်သက်ပြီ ကန်နိုးနေတဲ့သူကိုကြည့်လိုက်တယ်
“အောင်မလေး…ဘာကောင်ကြီးလဲဟ…”
အော်ပြီထပြေးဖို့အလုပ် ထိုအကောက်ကြီးက ဂုတ်ကိုလှမ်းဆွဲထားလို့လေထဲမှရက်ကန်ရက်ကန်နဲ့ဖြစ်နေလေရော..
“ဟေ့ကောင်..စွတ်ပြေးမနေနဲ့..”
“ခင်ဗျာကဘာလဲ ဘာကောင်းကြီးလဲသရဲလာ….”
“ဟုတ်တယ် ငါကသရဲ..မင်းလဲသရဲပဲ…”
“ဗျာ…ကျူပ်ကဘာလို့သရဲဖြစ်ရမှာလဲ..လူဗျာ..လူ…”
“ဒီသရဲဖြစ်ကာစ ကောင်းကိုစကားတွေရှည်ရှည်ဝေဝေပြောမနေပါနဲ့ဗျာ ပါးသာဖြတ်ရိုက်ပစ်လိုက်…”
ဘေးကပြောသံကြားလို့ခုမှသတိထားမိတယ် ပတ်ဝန်ကျင်မှာ ပုံစံမျိုးစုံနဲ့အကောင်တွေ သူကိုကြည့်နေကြတယ်။တစ်ချို့ကလဲ အုတ်ဂူတွေပေါ်ငုတ်တုတ်ထိုင်ပြီ အတင်းတုတ်လို့။တစ်ချို့ကလဲ ဒီနေတော့ဟိုလူသေမယ်ဒီလူသေမယ်ပြောလို့။တစ်ချို့ကလဲဇရက်ထမှာအိပ်နေတုံးလုံးပက်လတ်အိပ်လို့။ခုမှသရဲဖြစ်ကစဆိုတော့ လန့်တော့လန့်သား။
ဖောင်း…ဖောင်း…
ပြောတာမှကြာဦးမယ် ပါးကိုဘယ်ပြန်ညာပြန်အရိုက်ခံလိုက်ရတယ်။
“ခွီ..ဒီသရဲတွေ ရဲသေလို့ဖြစ်တာလာမသိဘူး..ပါးရိုက်မယ်ဆိုတာကြီးပဲ..”
ပါးအရိုက်ခံလိုက်ရတော့ တော်တော်လေးနေရထိုင်ရတာ သရဲသားကျသွားတယ်။
“ကျူပ်ကိုလွှတ်ပါဦးဗျာ…ဒါဆိုကျူပ်ကခုသရဲဖြစ်နေတာပေါ့…ဘယ်လိုဖြစ်သွားတာလဲသရဲက..”
“မင်းနေ့လည်ကမူးပြီဒီကိုလာတာ…ခလုတ်တိုက်ပြီလဲတယ်..ပြီးတော့ အုတ်ခုံနဲ့ခေါင်းနဲ့ဆောင့်ပြီ မလကီးယားဖြစ်သွားတာပဲ…”
“ဟေ့ကောင်..အောင်မော်…စကားတွေရှည်ရှည်ဝေးဝေးပြောမနေနဲ့..ဒီကောင်ပါးစပ်ကအရက်စော်နံတယ်..ဟိုမသာပုတ်တုန်းကခံထားတဲ့အရည်တွေရှိတယ် သောက်ခိုင်းလိုက်…”
ကြီးကြီးကျယ်ကျယ်သရဲတွေကပဲ အရက်စော်နံရတယ်လို့ ဒီလောက်မွှေးတဲ့အရက်ကို။
“ဒါနဲ့ အောင်မော်…”
“ဟေ့ကောင်…ခုမှသရဲဖြစ်တယ်သရဲပါးမဝနဲ့..ငါသရဲဖြစ်တာ မင်းထက်တစ်ရက်စောတယ်..ငါကိုဆရာအောင်မော်လို့ခေါ်..”
“ဗျာ..ဟုတ်..ဟုတ်…”
အရေးထဲ သရဲဖြစ်တာတောင်ဆရာအခေါ်ခံချင်နေသေးတယ်။အကျင့်ကိုကမပျောက်ဘူး။
“ဟေ့ကောင်…ဘာတွေပြောနေတာလဲ..အထက်ကိုပြောပြီ အထဲထည့်လိုက်ရမလာ…”
“အဲ့…မလုပ်ပါနဲ့ ဆရာရယ်….”
“အေ..ဒီလိုလိမ်မာမှပေါ့..ကဲ့လာ..မင်းကငါ့တပည့်ဖြစ်သွားပြီ..သရဲတို့သိထိုက်သိသင့်တာလေးတွေကိုပြောပြမယ်ငါနဲ့လိုက်ခဲ့…”
တကောင့်သရဲက သရဲမပျိုလေးရှေ့မှာမို့လားမသိဘူး စွတ်ကိုဟောက်နေတော့တာတဲ့။ဒီဘတ်လဲဟောက်သေးတယ် ဟိုဘတ်ကိုလဲသူ့ဗိုက်ချွဲချွဲကြီးကိုပွတ်ပြီ မျက်စကလှမ်းပစ်နေသေး။ဟိုကလဲ တစ်ခစ်ခစ်နဲ့ မသံပေးလို့။ဒီလိုပါပဲ လူဘဝတွေမှာလဲ ဗိုက်ရွဲရွဲ အသားမည်းမည်း ပိုက်ဆံအိတ်စက္ကူအထပ်လိုက်ထဲပြီ ဂျိုင်းကြားညှပ်ထားရင် လွတ်ကြည်တာကိုစကီလေးတွေက။
“အဟိ..အတိုကြီးအောင်မော်က ရမ်းချစ်ဖို့ကောင်းတာပဲနော်..”
“ဟဲ..ဟဲ..ညလေးတို့ကသိပ်ကြည့်တက်တာပဲ…အထက်ကိုပြောပြီနေရာကောင်းကောင်းရအောင်လုပ်ပေးမယ်…”
“ဟယ်..ဒါမှဒို့ တိုကြီးတော့…ဟိုဘတ်ကသရဲကြီးနဲ့များကွာပါ..ကြည့်ပါလာရုပ်ကိုက..”
“ဘာမှလဲမဆိုင်ဘူး…လှမ်းခွပ်နေသေးတယ်…ထားပါတော့..”
“တွားလိုက်ဦးမယ်နော်..ညလေးတို့..တာ့တာ…”
သွားမဲ့ကိစ္စကိုမသွားပဲလှမ်းညှူနေသေးတယ် ဝါသနာ ဝါသနာ။
ဒီလိုနဲ့ သရဲအသစ်စက်စက် စိန်ကြီးနဲ့ စီနေရာသရဲ အောင်မော်တို့ သင်ချိုင်းကုန်ကနေထွက်လာလိုက်တယ်။ကြည့်ပါဦး သရဲအောင်မော်ခေါ် ဆရာအော်မော်ရုပ်ကိုလဲ အစွယ်ကကားကား နားရွတ်ကရှည်ရှည် မျက်လုံးကတစ်လုံးကထန်သီးလောက် တစ်လုံးကဇီးသီးလောက် အမွေးတွေကလဲကြိုတို့ကျဲတဲ..
ဟိဟိရယ်ချင်စရာကြီး ဒါကိုများဟိုစကီသရဲမလေးတွေကလဲ ချောတယ်တဲ့။အံသြပါရဲ့။
“ဟေ့ကောင်.. မင်းဘာတွေရယ်နေတာလဲ..ငါ့ကိုကြည့်ပြီရယ်နေတာလာ..ငါ့အလှကိုကြည့်ပြီးမနာလိုဖြစ်နေတာလာ..ငါကသရဲချောချောတာကွ..မင်းပုံကိုလဲပြန်ကြည့်ကြည့်ဟိုမှာ ရေကန်ရှိတယ်..”
သူပြရာရေကန်ကိုသွားပြီ စိန်ကြီးကိုယ့်ဟာကိုပြန်ကြည့်လိုက်တယ်။
မဆိုးပါဘူးချောသာဟ။နာတံက ကိုစိုးသူလို့ ချွန်ချွန်လေး ရှေ့ကိုတစ်တောင်လောက်ထွက်နေတယ်။အံမယ်သွားကလဲ ပြေတီဦးကို အစွယ်လေးနဲ့ သိပ်မရှိပါဘူး တစ်ထားလောက်ရယ်။မဆိုးပါဘူး သရဲလောကမှဆိုရင်တော့ တန်းဝင်ပါတယ်။ကိုယ့်ဟာကိုကြည့်ပြီ (သရဲရုပ်ကိုပြောတာနော်)ဆရာအောင်မော်ခေါ်ရာနောက်ဆက်လိုက်လာပြီးတစ်နေရာအရောက်
“အောင်မလေးဗျ….ဂစ်…ဂစ်….”
နားရွက်တစ်ဖတ်ကိုခင်းတစ်ဖတ်ကိုခြုံပြီးအိပ်နေတဲ့ပုတ်လောက်ရှိတဲ့မဲမဲအကောင်ကြီးကိုတွေ့လို့လန့်အော်မိတယ်။
“ဟေ့ကောင် တိုးတိုးလုပ်ပါကွာ…”
“ဘာကောင်းတွေလဲကွ..ငါအိပ်နေတာကို အော်ကြီးဟစ်ကျယ်နဲ့…”
“ဟို..ဟို…ကျွန်…တော်တော် အောင်မော်ပါ တိုကြီးသဘတ်..ဟီ..ဟီ..”
“ဟိုကောင်ကကောဘယ်သူလဲ…”
“သူ…သူက…နယူလေးပါ..ခုမှကျောက်မြောင်းကပြောင်းလာတာပါ.အဲ့ဟုတ်ပါဘူး မာဆက်နဲ့ရောသွားလို့..ဒီနေ့မှသရဲဖြစ်လာတဲ့ကောင်ပါ…”
“ဒီနေရာမှဟွန်းမတီးရ..အဲ့မှားလို့.အသံကျယ်ကျယ်မအော်ရဘူးဆိုတာမသိဘူးလာ…ဘာလို့အော်တာလဲ..”
အောင်မော်ဆိုတဲ့သရဲက စောစောကတော့ဟိတ်ကြီးဟန်ကြီးနဲ့ခုကျတော့ ကြောက်လိုက်တာများဒူးကိုတုန်းလို့။
“ဒီလိုပါ..ကိုသဘတ်…”
“ဟေ့ကောင်..ဘာကိုသဘတ်လဲ…ဆရာကြီးသဘတ်လို့ခေါ်..ပါးဖြတ်ရိုက်လို့..နာတော့မယ်..”
“ဟုတ်..ဟုတ်..ဆရာကြီးသဘတ်..ဆရာကြီးကိုတွေ့လို့ကြောက်ပြီးအော်မိတာပါ..”
“ဘာ..သရဲက သရဲကိုတွေ့ပြီကြောက်လို့အော်တယ်..ငါ..တယ်လုပ်လိုက်ရမကောင်းဖြစ်တော့မယ်..သွားသွားငါ့ရှေ့ကနေမြန်မြန်..ဘယ်လိုအူကြောင်ကြောင်သရဲတွေမှန်ကိုမသိဘူး….”
ကုတ်ချောင်းကုတ်ချောင်းနဲ့ ထွက်လာလိုက်ရော ဆရာကြီးဆိုသူ့အရှေ့ကနေ။
“ဆရာမော်..စောစောကအကောင်ကြီးကဘာလဲဗျာ..”
“အဲ့ဒါ သဘတ်လို့ခေါ်တယ်..ငါ့တို့သရဲတွေထဲမှာတော့ စီနေရာသရဲပေါ့ကွာ..”
“ဟုတ်လာ…ဟာ..ဟိုမှာ ဘာဖြစ်နေတာလဲသွားကြည့်ရအောင်ဗျာ…”
“ဘယ်မှာလဲ..”
“ဟိုမှာလေဗျာ..”
သရဲစိန်ကြီး..စိန်ကြီးသရဲ ပြရာနေရာကိုသွားကြည့်လိုက်ကြတယ်အတူတူ။ကြည့်ပါဦးအကောင်တွေကိုလဲ။ပတ်ကျိလို့ခန္ဓာကိုယ်နဲ့ မျက်လုံးနဲပါးစပ်ကားအပ်ပေါက်လောက်ပဲရှိတယ်။ကိုယ်လုံးကတော့ အိမ်တစ်လုံးစာလောက်ရှိတယ်။တစ်ကောင်နဲ့တစ်ကောင် တင်ပုတ်တွေနဲ့ထုနေကျတယ်။ထုနေတဲ့နေရာတွေကလဲချက်ခြင်းပုတ်ပွပြီ ပြည်တွေဖြစ်လို့။အဲ့ဒါအနာကိုပြန်ပြီးတော့စုတ်စားနေလေရဲ့။
“ဘာကောင်တွေလဲဗျာ ဆရာမော်ရ…”
“အဲ့ဒါ ပိတ္တာလို့ခေါ်တယ်..ပိတ္တာဆိုတာလဲအမျိုးမျိုးရှိတယ်..ဒီအကောင်တွေကတော့အမြဲဗိုက်ဆာနေပြီ ကိုယ်ဟာကိုထု ကိုယ်ဟာကိုပြန်စားနေတဲ့အကောင်တွေ..လာပါကွာ ရွာထဲသွားကြမယ်။”
“ဟိုမှာ..ဟိုမှာ..လူမဟုတ်လာ..”
“ဟုတ်တယ်ဟုတ်တယ် ဘေးကပ်နေတော်ကြာဝင်တိုက်သွားလို့ဟုတ်ပေ့ဖြစ်နေမယ်..”
ဆရာမော်ပြောလို့လူဆိုတာကိုဘေးကပ်ပေးလိုက်ပြီတစ်ချက် ရှိုးလိုက်တယ်။ရုပ်ကလဲဆိုးပလူဆိုတဲ့အမျိုးကလဲ။ဒီလိုမှန်သိရင် သရဲမြန်မြန်ဖြစ်အောင်လုပ်ပါတယ်။ကိုယ်ဟာကိုတွေးပြီ သရဲဖြစ်နေရတာကိုကြိတ်သဘောကျနေမိတယ်။ထိုစဉ် ထိုလူက တံတွေးထွေးလိုက်ပါလေရော။
ဝုန်း…အုန်း…ဖောင်း…ခွတ်….
“ဆော်ကျပြီဟ..ဘာဖြစ်တာလဲ..”
“ဟေ့ကောင်ဝေးဝေးနေ..အဲ့ဒါပိတ္တာတွေ စောစောကလူထွေးလိုက်တဲ့ တံတွေးကိုဝိုင်းလုနေတာ..မင်းပါမဆစ်ပါသွားမယ်..လာလာ…”
ပြောပြောဆိုဆို ဆရာမော်လဲခပ်သုတ်သုတ်လျှောက်သွားတာတွေ့လို့ပြေးလိုက်သွားလိုက်တယ်။ရွာထိပ်ကရောက်တော့ အိမ်ကြီးအိမ်ကောင်းတစ်လုံးကိုစတွေ့တယ်။ဒီအိပ်ကလူကိုသူသိတာပဲ။ဒေါ်စိန်မှန်ကြီးပဲ သိပ်ကျန်းမာတာမဟုတ်ဘူးသူက။သူ့အိမ်နားလဲရောက်ရော သူတို့လိုအကောင်တွေအများကြီးပဲတစ်ချို့ကိုသူသိတယ် တစ်ချို့ကိုသူမသိဘူး။ဒါနဲ့
“ဆရာမော် အဲ့ဒါဘာလုပ်နေကျတာလဲ..”
“အဲ့ဒါလာ..အဲ့အိမ်က လူကသေတော့မှာမကြာခင်..ဒါကြောင့် သွားစောင့်နေကျတာ ကြိုဖို့..ဟိုမှာတွေ့လာကုတ်ချောင်းကုတ်ချောင်းနဲ့ ရုပ်ဆိုးဆိုးပိန်ညှောင်ညှောင်အကောင်တွေ..”
“ဟုတ်တွေ့တယ်..”
“အေ…အဲ့အကောင်တွေက အချောင်သမားတွေဖုတ်လို့ခေါ်တယ်..ဘယ်လောက်စားစားမဝဘူး..ကိုယ်တိုင်လဲမရှာချင်ဘူး..သေခါးနီးလူနားမှကပ်ပြီ လစ်တာနဲ့ဝင်အယောင်ဆောင်ပြီ တောင်းစားတော့တာပဲ..အဆင့်မရှိတဲ့အကောင်တွေပေါ့ကွာ..ဖုတ်အမျိုးပေါင်း ၄၀ ရှိတယ်ကွ.ရေနေ ၁၀ မျိုး.တောင်ကုန်နေ ၁၀ မျိုး.လျိုမြောင်နေ ၁၀မျိုး.ချိုင့်ဝှမ်းနေ ၁၀ မျိုးရှိတယ်ကွ.ရေနေဖုတ်ထက် တောနေဖုတ်ကနိမ့်တယ်.တောနေဖုတ်ထက်တောင်နေဖုတ်ကနိမ့်တယ်.တောင်နေဖုတ်ထက်ချိုင့်ဝှမ်းနေဖုတ်ကနိမ့်တယ်.အဲ့ထပ်နိမ့်ပြီ လမ်းကြမ်း အိမ်ကြမ်း သစ်ပင်အောက်တွေမှာနေတဲ့ အဆင့်အနိမ့်ဆုံး လမိုင်းဆိုတဲ့အကောင်တွေလဲရှိသေးတယ်..ငါ့တို့ကကိုယ့်ဟာကိုရှာစားတာ..ဒီကောင်တွေကအချောင်သမားတွေ…ကျန်တဲ့အကောင်တွေကတော့ သေမဲ့သူကိုကိုလာကြိုတာ..ဘာလို့လဲဆိုတော့ ဒီလူကသေရင်သရဲဖြစ်မှာသေခြာနေလို့ပဲကွ…”
ဒီလိုနဲ့ဆက်ပြီလျှောက်လာလိုက်ကျတယ်။ရွာထဲမှာလဲ လူတွေကော သရဲတွေကော ဘာတွေမှန်ကိုမသိဘူး ရှုတ်ရှုပ်ကိုခတ်လို့။သရဲမလေးတွေကလဲလှတပတလေးတွေ။လုံးကြီးပေါက်လှလေးတွေ။သူတို့ကိုကြည့်ပြီ ငေးနေလိုက်တာ
အူး……အူး……အူး….
ခွေးတစ်ကောင်ထအူတော့မှသရဲအသိပြန်ဝင်လာတယ်။
“ဟဲ့ခွေး ဘာလို့အူနေတာလဲ..သရဲကိုမမြင်ဖူးဘူးလာ..”
“ဟေ့ကောင်စိန်ကြီး..ကိုယ့်ဟာကိုသွားစရာရှိတာသွား..သူဟာသူအူနေပလေ့စေ..သွား..သွား…”
“ဟာ…ဆရာမော်..ဟိုမှာကျွန်တော်နဲ့သောက်ဖော်သောက်ဖတ် ငမျိုးပဲ..ဒီဘတ်ကိုလာနေတယ်..ကျွန်တော်ကိုယ်ထင်ပြပြီလှမ်းနှုတ်ဆက်လိုက်မယ်နော်..”
“ပြချင်ရင်ပြကြည့်လိုက်လေ..”
“ဒါနဲ့..သရဲပုံနဲ့ ပြရင်ကောင်းမလား..ဒါမှမဟုတ် လူပုံနဲ့ပြရင်ကောင်းမလာ ကိုယ်ထင်ကို..ဆရာမော်…”
“ပြချင်သလိုပြကွာ..လျှာကရှည်သလောက် တိုကိုတိုတယ်..”
“ဟုတ်ပြီဗျာ သရဲပုံပြရင်ကြောက်ပြီထွက်ပြေးနေဦးမယ်..လူပုံပဲပြမယ်..ကဲ.လာလေရော…”
ပြောပြောဆိုဆို မရှိမဲ့ရှိမဲ့တန်းခိုးလေးနဲ့ ကိုယ်ထင်ပြပြီ
“ဟေ့ကောင် ငမျိုး..ငမျိုး..”
ပထမတော့ ငမျိုးကကြောင်ပြီကြည့်နေတယ်။သူမျက်လုံးသူပွတ်လို့။ပြီတော့မှတ်မိသွားဟန်နဲ့။
“အောင်မလေး…စိန်ကြီး…သူငယ်ချင်းအမျှ..အမျှ…စိန်ကြီးကျွန်တော့ကိုခြောက်တယ်ဗျို့..စိန်ကြီးသရဲဗျာ…”
အော်ပြီးပြေးတာမှုံလို့။
ဒီလူနယ် ဘာများဖြစ်သွားတာလဲ.ငါ့ကခင်လို့ ကိုယ်ထင်ပြတာကို ရူးများရူးနေလာမသိ..အရက်ကြောင်ကြောင်နေတာလဲဖြစ်မှာပေါ့လေ..(ဆက်ရန်..နည်းနည်းတော့စောင့်ပေးနော်.ပရလောကအကြောင်းကိုလေ့လာမိသလောက်ဇာတ်လမ်းသဖွယ်ရေးဖွဲ့ထားတာပါ....(သင်္ခ))



### ပြေးလို့ လွတ်ရိုးလား ###

ဝုတ်....၀ုတ်..
ဝု...၀ု..အု...အု

ညဥ့်၁၂နာရီကျော်ချိန်..လူသားတို့အနားယူ
အိပ်စက်၍ကောင်းနေချိန်တွင်...
ရွာလယ်လမ်းမကြီးအတိုင်း အနက်ရောင်
ဝတ်စုံဝမ်းဆက်ဟုထင်ရမည့် ၀တ်ဆင်ထား
သူတစ်ယောက် ညစ်ထေးထေးလွယ်အိပ်ကို
လွယ်ကာ အမှောင်ထုကိုအကာကွယ်ယူ၍
သူ၏ရည်ရွယ်ရာ အပျိုကြီးမသန်းလှအိမ်ဆီ
သို့လျောက်လှမ်းလာသည်။

အပျိုကြီးမသန်းလှအိမ်မှ အစာကောင်းစွာ
စား၍ဂရုတစိုက်မွေးခံထားရသော ခွေးကြီးနက်ကျော်က
ထိုလူစိမ်းအား တ၀ုတ်ဝုတ်နဲ့ဆီး၍ဟောင်နေရာမှ
ထိုလူစိမ်း၏လက်ထဲမှအစာကျွေးသည့်အတွက်တအုအုနဲ
့မြည်ကာနောက်ထပ်အစာကိုတောင်းခံနေခြင်းဖြစ်သည်။
ထိုလူစိမ်းကလက်တစ်ဘက်ကိုလွယ်အိပ်ထဲနိုက်ကာ
အမဲသားအစအနအချို့ကိုနက်ကျော်အားကျွေးရန်အနီး
သို့ခေါ်လိုက်၏။နက်ကျော်ကအစာငမ်းကာ၊
ထိုလူစိမ်းအနီးတိုးသွားလိုက်သည်။
လူစိမ်းကလက်တစ်ဖက်မှအစာကိုချကျွေးကာ၊လက်တစ်ဖက်မှ
နီးကပ်လာသောနက်ကျော်၏နံသိမ်ပိုင်းကို
ဓားမြောင်ရှည်ဖြင့်၊တချက်တည်းအပိုင်ထိုးလိုက်ရာ
ခွေးမှာအိကနဲ့မြည်ကာ၊လဲကျသွားသည်။
လုပ်နေကျအလုပ်သဖွယ်၊ကျွမ်းကျင်နေသူ
ထိုလူစိမ်းက၊သေသွားသည့်ခွေးကိုဆာလာအိပ်ထဲသို့
အမြန်ထည့်ကာသူလာရာလမ်းအတိုင်းပျောက်ကွယ်သွားလေ၏။

နောက်တစ်နေ့နေလည်၁၀နာရီခန့်တွင်၊ရွာထဲတွင်
ရုတ်ရုတ်သဲသဲနှင့်အပျိုကြီး၏ခွေးပျောက်မှုပြဿနာက
စလေတော့သည်။ထိုခွေးမှာမသန်းလှကအိမ်မှာသံယောဇဉ်
ကြီး၍စနစ်တကျကျွေးမွေးခြင်း၊အချိန်မှန်ရေချိုးသန့်ရှင်းခြင်း
တို့ပြုလုပ်ကာတယုတယမွေးထားသောအိမ်မွေးခွေးဖြစ်သောကြောင့်
၊၎င်းခွေးအားပြန်လာပေးသူအားဆုငွေ ၃၀၀၀ ပေးမည်
ဟုကြေငြာထားသည်။ခွေးပျောက်မှုကိုလည်းရပ်ကျေး
ဥက္ကဌရုံးတွင်တိုင်ထားလေ၏။အပျိုကြီးမသန်းလှမှာ
ယဉ်ကျေးသိမ်မွေ့သူဖြစ်သောကြောင့်၊ခွေးပျောက်ခြင်း
အပေါ်စိတ်မကောင်းဖြစ်မိရုံမှအပ၊ဆဲဆိုခြင်းမပြုလုပ်ချေ။
သို့သော်ခြံစည်းရိုးအနီးတွေ့ရသော၊သွေးစက်များကြောင့်
ဂရုဏာဒေါသဖြင့်"ငါ့ခွေးလို..ဒုက္ခမတွေ့ကြပါစေနဲ့"
"ငါ့ခွေးလေးနာကျင်သလိုမနာကျင်ပါစေနဲ့"ဟု
ကျိန်စာတိုက်နေရှာသည်။ခွေးပျောက်မှု
မှာထိုနေ့မှစ၍ရက်ခြားဆိုသလိုပင်ရွာအတွင်း၌
ထပ်မံ၍အကြိမ်ကြိမ်ဖြစ်ပျက်နေလေသည်။

ဒီလိုနဲ့..ရွာထဲကခွေးတွေဟာ သုံး..လေးရက်
ခြားဆိုသလို ပျောက်ဆုံးနေလေ့ရှိတယ်။
ရက်ကွက်ထဲမှာက လူအမျိုးမျိုးလေ။ကိုယ်
ဒုက္ခမရောက်မချင်း သူများဒုက္ခဆိုတာကို
စာနာနားလည်တတ်ကြတာမဟုတ်။အချို့ကျ
ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးအမုန်းမခံ
ချင်ကြတာတဲ့။အချို့ကျလည်းတုဖက်ပြောရ
မဲ့သူက လူဆိုးလူမိုက်တွေမို့ ခက်ရချည်ရဲ့လို့
ဆိုပြီး မဆိုင်သလို ခပ်အေးအေးနေတတ်ကြသူများပေါ့
။ပြောရမယ်ဆိုရင် ဒီလိုခွေး
ပျောက်နေရတဲ့အကြောင်းရင်းက အုန်းပင်
တက်တဲ့စိုးကြီးလက်ချက်ဆိုတာကို အချို့က
သံသယရှိနေကြတယ်။စိုးကြီးဆိုတာက ရွာ
တောင်ဖျားမှာနေတယ်။လင်မယားနှစ်ယောက်ထဲရှိတယ်။
သားသမီးမရှိဘူး။အုန်းပင်တက်ပြီး၊အုန်းသီးခူးရောင်းတယ်။
သဘောကတော့၊ရပ်ကွက်ထဲရှိတဲ့အိမ်တွေက အုန်းပင်တွေကို
သူကသီးစားလိုက်ဝယ်တယ်လေ။အိမ်တိုင်း
လိုလိုအုန်းပင်ရှိကြတဲ့ရပ်ကွက်
ဆိုပေမဲ့ ဘယ်သူမှ အုန်းပင်တက်ပြီးမခူးနိုင်ဘူး။
အဲ့ဒီတော့ စိုးကြီးကို ခေါ်ဈေးဖြတ်ပြီး
အုန်းသီးရောင်းကြတယ်။စိးုကြီးက သူကိုယ်တိုင်တက်ပြီး
အုန်းသီးကိုခူးတတ်တော့ ၂ဦး၂
ဖက်အဆင်ပြေကြတယ်။တရပ်ကွက်လုံးက
စိုးကြီးရဲ့ဖြတ်ဈေးကို သဘောကျတယ်။ဈေးမှန်တယ်ဆိုပြီး
စိုးကြီးကို ကြည်ဖြူစွာရောင်းကြတယ်။ဒီနောက်ပိုင်း စိုးကြီးဟာ
ရွာကနေတစ်လလောက်ပျောက်သွားတယ်။
အုန်းသီးမရှိတဲ့အချိန် မြို့တက်ပြီးအလုပ်လုပ်
တယ်ပြောကြတာပဲ။ စိုးကြီးပြန်လာတော့
ရပ်ကွက်ထဲက အုန်းပင်ရှိတဲ့အိမ်တွေကို အုန်
သီးအရောင်းဝယ်လုပ်ဖို့ လိုက်စပ်တယ်လေ။
ရင်းနှီးနေတဲ့တစ်ရပ်ကွက်သားတွေမို့ စိုးကြီးကို
ဂရုမစိုက်မိကြပေမဲ့၊စိုးကြီးက အိမ်တွေဝင်ရင်
ခွေးရှိမရှိ လေ့လာနေတတ်တယ်
ပြီးရင် အဲ့ဒီခွေးကို သေချာကြည့်သွားလေ့ရှိတယ်။

အမှန်တော့..စိုးကြီးဟာ မြို့တက်အလုပ်လုပ်
တာမှန်ပေမဲ့ လူပေါင်းမှားခဲ့တယ်ဆိုရမယ်။
ဘာကြောင့်လည်းဆို သူကမြို့မှာအလုပ်လုပ်ရင်း
သူထိုင်နေကျအရက်ဆိုင်က ခွေးသတ်ပြီးအသားပေါ်ကာ
ဆိတ်သားဆို လိမ်ရောင်း
တဲ့ကုလားအချို့နဲ့ရင်းနှီးပြီး ငွေအရချောင်တဲ့
အဲ့ဒီခွေးသတ်အလုပ်ကို လုပ်ခဲ့လို့ပဲ။မြို့မှာ
ခွေးသတ်ကုလားတွေကို ကျော်ပြီးမလုပ်နိုင်တဲ့အခါ
သူ့အတွက်ဝင်ငွေနည်းပါးတယ်။
ဒါကြောင့်သူက သူ့ရွာကိုပြန်ပြီး စားကျက်သစ်ရှာတဲ့သဘောပေါ့။
သူ့တွက်ကိန်းမှန်တယ်ပြောရမယ်။အခုဆို သူ့အတွက်ဝင်ငွေ
ဖြောင့်နေပြီး၊သူ့မိန်းမ နားပေါက်ဟောင်း
လောင်းတောင်ခြယ်နားကပ်နဲ့၊ သူ့အိမ်မှာလည်း ၂၂လက်မ
LCD TVနဲ့ ဆောင်းဘောက်အကောင်းစားနဲ့ ညညဆို အရက်မူး
ပြီး ကာရာအိုကေသီချင်းကို လင်မယား၂ယောက်ဆိုလို့ပေါ့။

ဒါပေမဲ့..အကုသိုလ်လုပ်ငန်းဆိုတာ ရေရှည်
အကျိုးမပေးပါဘူး။ စိုးကြီးဟာ လောဘတက်
လာပြီလေ။ဒီတော့ သူတို့ရွာရဲ့တောင်ဘက်
က ရွာသားဖိုးလှ အားစည်းရုံးကာ ခွေးသတ်
ပုံသတ်နည်းနှင့်အသားပေါ်ပုံကို လက်ထပ်
သင်ကြားပေးထားသည်။ပြီးတော့ ရလာတဲ့အ
သားကို သူ့ဆီလာအပ်စေတယ်။သူက၊တပိ
သာကို ၅၀၀၀ကျပ်ရရင် ဖိုးလှကို ၃၀၀၀
ပေးပြီး ၂၀၀၀ကျပ်စားတယ်လေ။ အသားများ
များရလေသူ့အတွက်.တွက်ချေကိုက်လေပေါ့
စိုးကြီးက ကွက်ကျော်မြင်တယ်။လုပ်ငန်းစေ့
စပ်တယ်ပြောရမယ်။ဘာလို့လည်းဆို ဒီခွေး
သတ်လုပ်ငန်း(ဝါ)ဆိတ်ဂတုံးသား လုပ်ငန်း
ဟာ လူချပြရတဲ့အလုပ်မဟုတ်တော့ သူက
အုန်းပင်တက်တဲ့လုပ်ငန်းကိုလည်း ဟန်ပြလုပ်နေရ
တယ်လေ။စိုးကြီး အုန်းသီးအရောင်းအ၀ယ်လုပ်ပြီး
အဆင်ပြေနေတယ်လို့ပဲ ရိုးသားတဲ့ရပ်ခံရွာခံတွေက
ထင်ကြတယ်လေ။ဒါဟာ စိုးကြီးရဲ့ လိမ္မာပါးနပ်မှု
တစ်ခုပဲပေါ့။

အမှန်တော့ ရပ်ကွက်ထဲ ခွေးတွေပျောက်နေတယ်ဆိုတာကို
လူတွေကသတိထားမိမယ်ဆိုရင် စိုးကြီးဟာသံသယ
အရှိဆုံးလူပဲဖြစ်ရမယ်လေ။ဘာကြောင့်လည်းဆို
ရပ်ကွက်ရဲ့လမ်းမကြီးဟာ ဈေးသွားဈေးလာသာမက
လူတိုင်းအသုံးပြုနေကြတဲ့၊လမ်းမကြီးပဲလေ။လူတွေ၊
ဥဒဟိုသွားလာနေကြတဲ့လမ်းမကြီးမှာ၊ထူးထူးခြားခြားစိုးကြီးနဲ
့ဖိုးလှလမ်းလျောက်သွားရင်၊ခွေးတွေကနေ့ခင်းဘက်မှာတောင်
အူကြဟောင်ကြနဲ့လေ။ခွေးဆိုတဲ့
တိရစ္ဆာန် မျိုးက သူတို့ကိုအန္တရာယ်ပေးမဲ့သူကို
အနံ့ခံကောင်းတယ်။သခင်ကိုလည်းသစ္စာရှိတယ်။ဒါဟာ
လူတွေမမြင်နိုင်တဲ့ သဘာဝစွမ်းအင်တစ်ခုပဲ။ဒါကြောင့်
စိုးကြီးတို့ ခွေးသတ်ပြီး လုပ်ငန်းလုပ်နေတယ်ဆိုတာကို
ရိပ်မိတဲ့ ကျောင်းဆရာကိုအောင်မြင့်က စိုးကြီးကို
သံသယရှိနေလေတယ်လေ။ဒါပေမဲ့ လက်ပူးလက်ကြပ်
မမိပဲပြောဖို့ဆိုတာ စိုးကြီးရဲ့လူမိုက်ဆန်ဆန်
လက်ယဉ်ပါးနေမှုကို စိုးရိမ်ကြောက်ရွံလို့ပဲပေါ့။

===========================

အကုသိုလ်နဲ့အကျိုးပေးတာနော်လို့ လူတွေ
ပြောတာ ကျနော်ကြားဖူးတယ်။ဒါပေမဲ့ သူတို့
တတွေဟာ ဘယ်လိုဇာတ်သိမ်းမျိုး နဲ့ အဆုံး
သတ်ခဲ့ကြသလည်း။ကျနော်သိတဲ့ ဆိတ်ဂတုံးသား
လုပ်တဲ့ စိုးကြီးနဲ့ ဖိုးလှရဲ့ ဇာတ်သိမ်းခန်းကတော့
ဒီလိုပါခင်ဗျာ......။

တနေ့တော့ စိုးကြီးဟာ သူ့ရဲ့သန္ဓေလုပ်ငန်း
ဖြစ်တဲ့ အုန်းပင်တက်တဲ့လုပ်ငန်းကို လုပ်ရ
မယ်လေ။ ထူးထူးဆန်းဆန်း ပါပဲ ။အပျိုကြီး
မသန်းလှအိမ်က အုန်းပင်တက်ရမယ်လေ။
မသန်းလှက အဲ့ဒီအုန်းပင်ခြေရင်းမှာ သူ့ခွေး
နက်ကျော်ရဲ့အသုံးအဆောင်တွေကို မြုပ်ပစ်
ခဲ့တယ်။မသန်းလှရဲ့သဘောကတော့ နက်
ကျော်ကို သတိရမိနေမစိုးလို့ပါတဲ့။

စိုးကြီးဟာ အရက်လည်းသောက်မထားပါဘူး
အပျိုကြီးနဲ့ အုန်းသီးဈေးညှိပြီး သဘောတူလို့
အုန်းပင်ပေါ်တက်သွားခဲ့တယ်။အပျိုကြီးကတော့
သူချက်ပြုတ်စရာရှိတာချက်ရအောင်
နောက်ဖေးမီးဖိုချောင်ဝင်သွားခဲ့တယ်။

စိုးကြီး အုန်းပင်ပေါ်တက်ရင်း အပင်ခါးလယ်
ကျော်ကျော်လောက်မှာ အပုပ်နံ့တစ်ခု ရတယ်တဲ့..
စူးစူးဝါးဝါး ကြီး ဟောင်နေအောင်
နံနေတယ်တဲ့။ ဒါနဲ့..စိုးကြီး မူးနောက်နောက်
ဖြစ်ပြီး အပင်ခြေရင်း ကိုပြန်ဆင်းလာတယ်။
စိုးကြီး အပင်တက်လာတဲ့သက်တမ်းတလျောက်မှာ
ဒီလိုတခါမှမဖြစ်ဖူးပါဘူး။

စိုးကြီး အပျိုကြီးမသန်းလှအိမ်ဆီ သွားပြီး
ရေတစ်ခွက် တောင်းသောက်တယ်။
စိတ်ကပြန်လန်းဆန်းသွားတယ်။ဒါနဲ့သူသစ်
ပင်ပေါ်ပြန်တက်ဖို့ အပင်အောက်ကနေ
အပင်ပေါ်ကို မော့ကြည့်လိုက်တယ်တဲ့။
အဲ့ဒီမယ်...ဘာတွေ့လည်းမသိဘူး
စိုးကြီး နောက်ဆုတ်ရင်း မြင်ကွင်းကို သေချာ
အောင်ကြည့်တယ်။နေထိုးနေတဲ့..အုန်းလက်ပေါ်မှာ
လူတစ်ယောက်အိပ်နေတယ်လို့
မြင်တယ်တဲ့။ဒါပေမဲ့..သေချာပြန်ကြည့်တော့
ဘာမှမရှိပြန်ဘူး။နေထိုးလို့ မျက်စိမှောက်တာပဲဆိုပြီး
စိုးကြီးဟာ အပင်ပေါ်ကို ဒုတိယ
အကြိမ်တက်သွားတယ်။အုန်းပင်ပေါ်ရောက်ခါနီး
အုန်းသီးတွေရဲ့အပေါ်အုန်းလက်ခွဆုံကြားမှာ
ခါးတောင်းကျိုက် လူတစ်ယောက်ကို ဘွားကနဲ့တွေ့လိုက်တယ်။

စိုးကြီး အံဩထိတ်လန့်သွားတယ်လေ။အဲ့ဒီလူကြီးက...
အသံဟိန်းဟိန်းကြီးနဲ့

"ဟိတ်ကောင်...သားသတ်သမား
မင်းဘာလို့တက်လာတာလဲကွ...ဟမ်"

ဗျာ!.
"ကျနော်...ကျနော် အုန်းသီးတက်ခူးတာ
ပါခင်ဗျာ.."

တောက် !!!
"မင်းကို တက်မလာအောင် ငါအနံ့ပေး
ကိုယ်ရိပ်ယောင်ပြတာတောင်...မင်းက
တက်လာရဲတယ်ပေါ့လေ...အကုသိုလ်ကောင်..."

"မ...မ..မသိလို့ပါဗျာ...ခွင့်လွှတ်ပါ "

ဟားးးး ဟားးးး
သူများအသက်ကိုတော့ ရက်ရက်စက်စက်
သတ်ရဲပြီး...မရဘူး..ဟိတ်ကောင်
မင်း..အကုသိုလ်အတွက်ပေးဆပ်ရမဲ့အချိန်
ရောက်ပြီ..ဒါပေမဲ့..ငါ မင်းကို အသေမလုပ်ပါဘူး...
ငါ့အထက်ကမှာထားတဲ့အတိုင်းပေါ့
ကဲ...သွားပေတော့...အကုသိုလ်ကောင်ရေ"

ပြောလည်းပြော ထိုလူကြီးက စိုးကြီးကို
အုန်းပင်ပေါ်ကကန်ချလိုက်တယ်လေ။

အားးး

စိုးကြီးအုန်းပင်ပေါ်ကပြုတ်ကျသွားခဲ့တယ်။
သူကျတဲ့နေရာက ကံကောင်းတယ် ပြောရမယ်
။မြေပျော့ဖြစ်နေတယ်။စိုးကြီး
အပင်ပေါ်ကကျတော့ သတိလစ်သွားတယ်။
အပျိုကြီးရဲ့အထိတ်တလန့်အော်သံကြောင့်
လူတွေရောက်လာပြီး စိုးကြီးကို ဆေးရုံပို့ပေးလိုက်ကြတယ်။

ဆေးရုံရောက်သွားတဲ့ စိုးကြီးဟာ အတွင်း
ဒဏ်ရာမရပေမဲ့ ပြင်ပပွန်းပဲ့ဒဏ်ရာအနည်း
ငယ်ရခဲ့တယ်။စိုးကြီး သတိရတဲ့အချိန်ကစ
ပြီး.."ဟိုလူကြီး..ငါ့ကိုတွန်းချတယ်"ဆိုတဲ့
စကားပဲ ထပ်တလဲလဲ ပြောနေတော့တယ်။
ဒါနဲ့ ဦးဏှောက် နဲ့အာရုံကြောဌာနကို ပို့ပြီး
စီတီစကန် ဖတ်တာတို့ ဓာတ်မှန်တို့ ရိုက်ရ
တယ်လေ။ဆေးရုံမှာ ပိုက်ဆံတော်တော်ကုန်
သွားပြီးမှ..ဘာမှမဖြစ်ဖူးဆိုတဲ့အဖြေနဲ့ဆေးရုံ
ကဆင်းခဲ့ရတယ်။

အိမ်ရောက်လို့..ရပ်ကွက်က အသိမိတ်ဆွေ
တွေ လူနာလာမေးကြတဲ့အခါ စိုးကြီးက
ပြူးကြောင်ကြောင် နဲ့ ငါ့ကို ဟိုလူကြီးတွန်းချ
တယ် ဆိုတာပဲ ပြောနေလို့ သူ့ကို ရူးသွားပြီ
လို့..ထင်နေကြတယ်။စိုးကြီးဟာ အလုပ်လဲ
ဆက်မလုပ်နိုင်ပဲ အိမ်ထဲမှာပဲနေပြီး ကြောက်
လန့်နေရှာတယ်။ ဒီကြားထဲ..သူ့တပည့် ဖိုး
လှတစ်ယောက် ခွေးရှာထွက်ရင်း မြွေကိုက်ခံ
ရပြီးသေတယ်လို့ ကြားရတော့ စိုးကြီးဟာ
အလွန်အမင်း ထိတ်လန့်နေရှာတယ်။

ညဆို..သူ့အနား ခွေးနက်ကြီးတွေလာအူနေ
တယ်ဆိုပြီး ထထအော်တတ်တယ်။ဒါနဲ့
အိပ်ပျော်အောင်ဆိုပြီး သူ့မိန်းမကို အရက်
ဝယ်ခိုင်းပြီး ညဆိုမူးအောင်သောက်ပြီးအိပ်
တတ်တယ်။အရက်သောက်မှ ပိုဆိုးလာ
တယ်ပြောရမှာပဲ..တရေးနိုးတဲ့အချိန်ဆို
စိုးကြီးဟာ..ခွေးတွေလိုအူတတ်တယ်။
ကြာတော့..သူမိန်းမလည်း..သူ့ကြည့်ပြီး
ကြောက်လာလို့ ..ကူဖေါ်ရအောင်ဆိုပြီး
သူ့တူအောင်မောင်းကို အိမ်ခေါ်သိပ်ထား
ရတယ်လေ။

တညနေတော့..စိုးကြီးဟာ..စောစောစီးစီး
အရက်တွေမူးနေခဲ့တယ်။ စိုးကြီးအလုပ်မလုပ်နိုင်လို့
သူ့မိန်းမ မအေးဟာ ဈေးရောင်း
ကျွေးနေရတာလေ။

စိုးကြီးဟာ...အိမ်ပေါ်မှာမူးရူးနေရာကနေ
အိမ်ရှေ့ကိုထွက်လာခဲ့တယ်။အဲ့ဒီအချိန်
၁၁နှစ်သားလေး မအေးရဲ့တူတော်မောင်
အောင်းမောင်းဟာ..ရွံစေးတွေနဲ့ လောက်စာ
လုံးနေတယ်။

စိုးကြီးဟာ..သူ့ရဲ့ဓားမြောင်ကိုကိုင်ပြီး
အောင်မောင်းအနီးတိုးလာတယ်။ စိုးကြီး
မျက်လုံးထဲမှာ အောင်မောင်းလေးကို ခွေး
တစ်ကောင်လို့ မြင်နေပုံရတယ်။
စိုးကြီးဟာ..အကုသိုလ်တွေဖိစီးနေပြီမို့
သူ့ရဲ့အမြင်အာရုံတွေ လွဲမှားနေပြီဖြစ်တယ်။

ဒါကြောင့်..အောင်မောင်းလေးကို ဓားနဲ့ထိုးဖို့
သူဟာ..တိတ်တိတ်လေးချည်းကပ်လာတယ်။လူကြီးတွေပြောသလိုပဲ...
ကလေးများဟာနတ်စောင့်ရှောက်တယ်ဆိုတာ..
.အောင်မောင်းလေးရဲ့မသိစိတ်က
အန္တရာယ်ကို အနံရသလို နောက်ကိုလှည့်
ကြည့်မိလိုက်ရာ..သရဲစီးနေတဲ့ စိုးကြီးကို
တွေ့ပြီး..ကြောက်လန့်တကြား ထပြေးတယ်။

ဒါကို...စိုးကြီးက သူ့ရဲသားကောင်ပြေးပြီဆို
နောက်ကနေ ဓားနဲ့လိုက်တယ်။ အောင်မောင်းလေးဟာ..
အိမ်အပြင်ထွက် လမ်းမအတိုင်းပြေးရှာတယ်။ ရပ်ကွက်ကလည်း
စိုးကြီးတို့ အဖြစ်မြင်ပြီး အော်ဟစ်ကုန်ကြတယ်။
အော်သူကအော် တားသူကတားနဲ့ ရွာထဲမှာအုတ်အော်သောင်း
နင်းဖြစ်ကုန်ကြတယ်။ဒါကိုကြားတဲ့ ရပ်ကျေး
ရုံးက လူကြီးအချို့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့ အပြေးရောက်လာတယ်။
ဓားကိုင်ထားတဲ့ စိုးကြီးကို..ဓားချဖို့..လူကြီးတွေက အော်
ပြောကြတယ်။

သွားရည်တမြားမြားနဲ့..ခွေးရူးပြန်နေသလို
စိုးကြီးဟာ ဓားကိုမချပဲ ပြူးကြောင်ကြောင်
ကြည့်နေတယ်။ သူဟာ ဘာကိုမှမမြင်သလိုပဲ..
ဓားကိုမြှောက်ကိုင်ကာ လူအုပ်ထဲကနေထွက်ပြေးတယ်..
ဒါပေမဲ့ စိုးကြီးရဲ့
နောက်ဆုံးအချိန်ကို ရောက်ပါပြီ။
စိုးကြီးဟာ..လူကြားထဲကိုမ၀င်ပဲ ကွေ့ပြေး
လိုက်တဲ့အခါ အောက်ကမြေကြီးထဲကထိုး
ထွက်နေတဲ့ ကျောက်စွန်းကို ၀င်တိုက်ပြီး
ပစ္စလက္ခတ် မှောက်လျက် လဲကျသွားတယ်။
အာ့လိုလဲကျရာမှာ သူ့လက်ထဲကဓားဟာ
သူ့နံကြားကို ထိုးသွင်းမိသလိုဖြစ်သွားတယ်။
အသည်းကိုထိသွားပုံရတယ်။စိုးကြီးပါးစပ်
ကပါ သွေးတွေ ပွက်ခနဲ အန်ထွက်လာတယ်

လူတွေဟာ....စိုးကြီးရဲ့အဖြစ်ဆိုးကို
အားလုံးမြင်တွေ့ခဲု့ကြတယ်။စိုးကြီးရဲ့ဘ၀နိဂုံး
ဟာ ကြောက်စရာ..ရွံရှာစက်ဆုပ်ဖွယ်ရာ
အတိနဲ့ ဇာတ်သိမ်းခဲ့ရတယ်။
နောက်ပိုင်းမှာ..စိုးကြီးမိန်းမ မအေးက
သူမတို့ရဲ့ အတ္တလောဘနဲ့. ခွေးများကိုသတ်
ကာ ဆိတ်ဂတုံးသား လုပ်၍ ၀ိသမ စီးပွားရေး
လုပ်မိကြောင်းဝန်ခံခဲ့တယ်။

တစ်ရွာလုံးကတော့..မှတ်ချက်အမျိုးမျိုးပေး
ကြတယ်။သရဲစီးတာ..ရုက္ခစိုးရိုက်တာ
အမျိုးမျိုးပါပဲ။သေချာတာ တစ်ခုကတော့
ဝဋ်ကြွေးဆိုတာ ဘ၀မကူးခင်ပေးဆပ်ရတယ်လို့ပြောပါရစေ။

ကျေးဇူးတင်ပါတယ်
ဒီဇာတ်လမ်းကို ပြောပြတဲ့ညီမလေးကိုလည်း
ကျေးဇူးအထူးတင်ပါတယ်။

Credit by Pe Pe
ADMIN  @_#  TH!t P!N



###သရဲတစ်ကောင်၏ညစာ (၂)####
“ဆရာမော် ငမျိုးဘာဖြစ်သွားတာလဲ..”
“မင်းကသွားခြောက်လိုက်တာကို..ပြေးမှာပေါ့ကွ…”
“ဟာ..ကျွန်တော်မခြောက်ပါဘူး..ခင်လို့ကိုယ်ထင်ပြလိုက်တာပဲရှိတာပါဗျ..”
“ဒီလိုပဲကွာလူတွေက..ငါတို့ကခင်လို့ချစ်လို့ကိုယ်ထင်ပြတာ..ဒါပေမဲ့ သူတို့ကငါတို့ကိုကြောက်ကြတယ်..အမှန်တော့လူတွေကအယူအဆတွေလွဲနေတာကွ..လူတစ်မျိုးပဲ သေရင် သရဲ၊တစ္ဆေ၊မှင်စာ စသဖြင့်ဖြစ်ကြတယ်လို့ထင်နေတာ..တကယ်တော့ သတ္တဝါတိုင်းမှာ အသက်ဝိဥာည်တွေရှိတယ်..ကြက်တို့၊နွားတို့၊ငါးတို့၊ပုဇွန်တို့သေရင်လဲ သရဲဖြစ်နိုင်တာပဲ..”
“ဟုတ်လို့လားဆရာမော်ရာ..ကျွန်တော့ကိုမဖော်နဲ့နော်..”
“ဟ.မင်းကိုငါကဖော်လို့ဘာရမှလဲကွ..မင်းကိုငါတစ်ခုပြောမယ်…”
“ဟုတ်ပြောကြည့်လေ…ရင်ထဲပေါ့သွားတာပေါ့..”
“ဟေ့ကောင်.သရဲကသရဲလိုပြော..ဟိုမရောက်ဒီမရောက်စကားတွေလာမပြောနေနဲ့..အင်္ဂလန်ပို့လိုက်မယ်ဘာမှတ်နေလဲ..”
အင်္ဂလန်ပို့လိုက်မယ်ဆိုတော့ စိန်ကြီးသရဲနည်းနည်းတွန့်သွာတယ်။သရဲဘဝကြီးနဲ့ အင်္ဂလန်ရောက်ရင်တော့မလွယ်ဘူး။
“ဘာမှန်လဲသူဘူး..သူများကစတာကို..သွားသရဲဆိုးကြီး..အဟင့်..အဟင့်…”
“ဟာ…ဒီကောင်…”
“ယောင်သွားလို့ပါ ဆရာမော်ရယ်..ဆက်ပြော..”
“သေခြာနားထောင် ပြောတာကို..လူသေရင် ကုသိုလ်၊အကုသိုလ်ပေါ်မူတည်ပြီ  သရဲ၊တစ္ဆေ ဖြစ်နိုင်သလို အပ္ပါယ်ငရဲမှာလဲကျနိုင်တယ်၊နတ်ပြည်ကိုလဲရောက်နိုင်တယ်၊တိရစ္တာန်လဲဖြစ်နိုင်တယ်ဆိုတာသိတယ်နော်…”
“ဟုတ်..ဒီလောက်တော့သိပါတယ်ဗျ..ဆရာမော်ကလဲ..”
“ဟုတ်ပြီ..သရဲ၊တစ္ဆေ၊နတ်၊တိရစ္ဆှာန်သေရင်လူဖြစ်နိုင်တယ်ဆိုတာကောသိတယ်ဟုတ်…ဒီတော့ သတ္တဝါတွေက နိဗ္ဗာန်မရောက်ခင်ထိ ဘဝပေါင်းစုံမှာ ကူးလူးပြီအပြန်အလှန်သွားလာနေကြတာပဲ..”
“ဒါဆို..ကြက်တို့၊ငှက်တို့စသဖြင့်သေရင်လဲသရဲဖြစ်နိုင်တာပေါ့နော်…”
“ဖြစ်နိုင်တာမဟုတ်ဘူးဖြစ်ကိုဖြစ်တယ်..သူတို့က ကုသိုလ်၊အကုသိုလ်မသိလို့ပိုပြီးတော့တောင်ဖြစ်သေးတယ်…ဒါပေမဲ့လူတွေက အဲ့ဒီအသေကောင်တွေကိုကျတော့ စားကြသောက်ကြနဲ့ ပျော်နေလိုက်ကြတာ.အိမ်ရှေ့မှာလဲထားလိုထား..ရေခဲသေတ္တာထဲမှာ တယုတယသိမ်းလိုသိမ်းနဲ့..လူကြတော့သေရင် အမင်္ဂလာကောင်ကြီးလိုသဘောထားတယ်..ရွံစရာကြီးလို့မြင်တယ်..ကျက်သရည်မရှိဘူးလို့ထင်တယ်..အမှန်တော့အတူတူပဲ သတ္တဝါဆိုတာ..”
“ဟုတ်နားလည်ပါပြီဆရာမော်…ဒါနဲ့ ကျွန်တော်ဗိုက်ဆာပြီဗျာ..တစ်ခုခုလုပ်ဦး..ကျွန်တော်ကခုမှသရဲဖြစ်တာဆိုတော့ မရှာစားတက်သေးဘူး..”
“လုပ်ပေးရမှာပေါ့..လာ..သားကောင်ရှာအောင်…”
ပြောရင်လမ်းလျှောက်ရင်နဲ့တစ်နေရာအရောက်
“ဟော့..ဟိုမှာတွေ့ပြီ ကလေးတစ်ယောက်..ငါ့အစွမ်းကိုကြည့်နေ..”
“ဟုတ်ကဲ့ဆရာမော်…”
“ကိုင်..လာလေရော..”
“ဟိတ်ကောင်…ဘာလုပ်တာလဲ..”
ကြီးမားတဲ့ အသံနက်ကြီးကြောင့်နှစ်ရဲလုံးလန့်ဖြန့်ပြီအသံရှင်ကိုတစ်ချက်လှမ်းရှိုးလိုက်၏။
“ခင်ညာ..တိုကြီးကိုယ်စောင့်နတ်ပဲ..တားတားတို့ကဘာလုပ်မိလို့လဲ..ဟိဟိ…ဟဲဟဲ…”
“မင်းဘာလုပ်လဲမင်းသိမှာပေါ့..ငါ့စောင့်တဲကလေးကို ယိတီးယားတာလုပ်နဲ့နော်..သေသွားမယ်..”
“တိုကြီးကလဲ..လုပ်ပါဘူး…တားတို့ကချစ်လို့စတာပါ..ဟုတ်တယ်နော် စိန်ကြီး…”
“ဟုတ်..ဟုတ် တိုကြီးကိုယ်စောင့်နတ်ရယ်..တားတားတို့ကချစ်လို့စတာ..ကြည့်ပါဦးကလေးလေးကချစ်ချာလေး..ဟဲဟဲ..”
“သွားငါ့နားက..မျက်နှာတွေက ပိုလီယိုလေဖြတ်ထားတဲ့ရုပ်တွေနဲ့..သွား…သွား….”
“သွားတော့မယ်နော် တိုကြီး..ရမ်းချစ်တယ်..အာဘွား….”
“ဘာမှန်လဲသိဘူးရမ်းဟောက်တာပဲ…သွားနတ်ဆိုး…အဟင့်..”
ဆရာမော်နဲ့ စိန်ကြီးပြောပြီမပြေးရုံတမယ်ခပ်သုတ်သုတ်ထွက်လာလိုက်တော့၏။
“ဟောဟဲ..ဟောဟဲ..မောလိုက်တာဆရာမော်ရာ..”
“ငါလဲမောတာပဲကွာ..ဗိုက်ကလဲဆာတယ်ကွာ..”
“ဘယ်လိုလုပ်မလဲဆရာမော်…”
“အေးဆေးပါကွာ ရွာထဲမှဖလန်းဖလန်းရမ်းထတဲ့ ကလေးတွေဘာတွေရှိမှာပေါ့..”
စကားတစ်ပြောပြောနဲ့ သားကောင်ရှာရင်ရွာရိုးတစ်လျှောက်လမ်းသလားနေလိုက်တာ တစ်အောင့်နေတော့ တွေ့ပါပြီ ညကြီးမိုးချုပ်လမ်းသလားနေတဲ့ ကလေးတစ်ယောက်။
“ဆရာမော် ဟိုမှာ ကလေးတစ်ယောက်ဒီတစ်ခါတော့အပိုင်ပဲ သူ့ကိုယ်စောင့်နတ်ဘယ်မှာ သွားပြီဖဲရိုက်နေလဲမသိ မတွေ့ဘူး..”
“အေးဟုတ်တယ်..ဒီတစ်ခါတော့အပိုင်ပဲလာလေရော….”
ဝါး…..ဝါး…..ဝါး….
ကလေးငယ်က အောက်မှဆော့နေရာကနေ ရုတ်တရတ်ထငိုလေတော့၏။ကလေးငယ်၏စူးစူးဝါးဝါးငိုသံကြောင့်လူကြီးတွေပြာယာခတ်ကုန်တယ်။
“ဟဲ့ကလေးကငိုလှကြီးလား..ဒါကြောင့်ပြောတာ ညကြီးမိုးချုပ်အပြင်မထွက်ဆော့ပါနဲ့လို့….ခုမကောင်းဆိုးဝါးတွေကပ်ပါလာပြီထင်တယ်..သွားခေါစာသွားပစ်လိုက်..”
အိမ်ရှေ့ကွတ်ပစ်မှာ ဆေးလိပ်ထိုင်ဖွာနေသောကလေးရဲ့အဖွားဖြစ်ဟန်တူတဲ့သူက ကလေးအမေကိုဆူပြီးသကာလ ကလေးအဖေကိုခေါစာသွားပစ်ခိုင်နေလေ၏။ကြည့်နေတဲ့ စိန်ကြီးကတော့ အစွယ်ရည်တွေပိုတိုးပေါက်တောက်ကျလို့စားချင်လွန်းလို့လေ။လျှာကြီးကလဲ နှစ်တောင်လောက်ကိုရှိနေပြီ။
“ဆရာမော်တို့ကတော့ တယ်တော်သကို..ဒီတစ်ခါတော့စားရပြီ.အဟိ..ဂလု…”
“ဟေ့ကောင်..ငါဘာမှမလုပ်ရသေးဘူး..ကလေးကသူ့ဟာသူ ဘာဖြစ်လို့ငိုမှန်မသိဘူး..အဖွားကြီးက ကလေးငိုတာနဲ့သရဲပြုစားတာထင်နေတော့တာပဲ..”
“ဟင်..ဆရာမော်ဘာမှမလုပ်ရသေးဘူးလား..ကျွန်တော်ကတစ်ခုခုလုပ်လိုက်တယ်ထင်တာ..”
“ဘာဆိုဘာမှကိုမဘာရသေးတာပါကွာ..အဲ့ဒါခတ်တာပဲ…လူတွေ..လူတွေ..ဘာပဲဖြစ်ဖြစ်စားရကံကြုံလို့ သရဲမုတ်ဆိတ်ပျားစွဲတာပေါ့ကွာ..လာဆွဲကြရအောင်…”
စားသောက်ပြီးတော့ ဆရာတပည့်နှစ်ယောက် သရဲမင်းစည်စိမ်းခံနေလိုက်တယ် တစ်နေရာမှထိုင်ပြီ။ထိုစဉ် သရဲတစ်ကောင်က စာရင်စာရွက်ကိုင်လို့ သူ့နောက်မှာလဲ သရဲလေးကောင်က အခေါင်းတစ်ခုကိုထမ်းပြီး ရွာလမ်းအတိုင်လျှောက်လာတာကိုတွေ့လို့ စိန်ကြီးက
“အဲ့ဒါဘယ်သူတွေလဲဆရာမော်..”
“အဲ့ဒါလာ… သင်ချိုင်းစောင့် မဖဲဝါရဲ့တပည့်တွေကွ..သေစာရင်းလိုက်ကောက်ပြီး သေရမဲ့သူရှိတဲ့အိမ်ရှေ့အဲ့အခေါင်းသွားချကြမှာ..”
“သြော်အဲ့လိုလာ..”
ထိုင်နေကြတာလဲ တော်တော်ကြာနေပြီဆိုတော့အပျင်းပြေလမ်းထလျှောက်လိုက်ကြတယ်ရင် စိန်ကြီးသရဲက
“ဒါနဲ့ဆရာမော်..ကျွန်တော်ကဒီနေ့မှသေတာဆိုတော့ ကျွန်တော့အိမ်မှာ အသုဘရှိမှာပေါ့..အဲ့ကိုသွားရအောင်ဗျာ..”
“ဟုတ်သားပဲငါလဲမေ့နေတယ်အဲ့တာကို..လာကွာသွားရအောင် မင်းအိမ်ကို..”
နှစ်ရဲသာ စိန်ကြီးအိမ်ကိုထွက်လာလိုက်တယ်။စိန်ကြီးအိမ်မှာ သူ့မိန်းမ သီတာကငိုလို့။အိမ်ရှေ့မှာ ရွာကာလသားတွေကဖဲထိုင်ရိုက်နေကြတယ်။စိန်ကြီးမိန်မနားမှာ ကြာကူလီတစ်ကောင်ကတိုးတိုးနဲ့ဘာတွေလွှတ်နေမှန်မသိ။
“ဆရာမော် ကျွန်တော်သေတာမှ ဒီနေ့ပဲရှိသေးတယ်..ဟိုကြာကူလီကောင်ကမိန်းမနားကပ်နေပြီ.ဝင်ပြီနာရင်အုပ်လိုက်ချင်တယ်..”
ပြောတာမှကြာဦးမယ် စိန်ကြီးတို့ခြံထဲကိုဝင်ဖို့ပြေးသွားလေရော။ဒါပေမဲ့ခြံထဲမရောက်ခင်ခြံဝမှာတင်
“အောင်မာ..ရာရာစစငါစောင့်တဲ့ခြံထဲကိုဘယ်ကောင်ကဝင်ဖို့ကြိုးစားတာလဲ..”
“ခင်ဗျာကကောဘယ်သူလဲ..ကျူပ်ကဒီခြံပိုင်ရှင်စိန်ကြီးပဲ..ဖယ်စမ်းပါဗျာ..”
“ဘာလို့ဖယ်ရမှာလဲ မင်းဝင်လို့မရဘူး..မင်းကသေသွားပြီ..”
စိန်ကြီးတစ်ချက်တွေးခနဲ့ဖြစ်သွားပြီ သေခြာပြန်စဉ်စားကြည့်တော့သူပြောတာဟုတ်သားပဲ
“ဟုတ်လာ..ဒါဆိုဝင်လို့ရအောင်ဘယ်လိုလုပ်ရမလဲ..လက်ဖက်ရည်ဖိုး ၅၀၀ ပေးမယ်ဗျာ..၁၅ မိနစ်ပဲကိုယ့်ချင်ကိုယ့်ချင်တွေပဲ..ဟဲဟဲ…”
“ဟေ့ကောင် ၅၀၀ ပေးတိုင်ဝင်ခွင့်ပေးရအောင် ဆေးရုံတံခါးစောင့်များမှတ်နေလာ..တယ်..ငါလုပ်လိုက်ရသေတော့မယ်…”
“စိန်ကြီးမင်းအသာနေစမ်..ငါကြည့်လုပ်ပေးမယ်..”
ဆရာမော်ကမနေသာတော့ပဲစိန်ကြီးကိုတားပြီ ခြံစောင့်နတ်နဲ့နှစ်ယောက်တည်းတိုးတိုးနဲ့ညှိနေတယ်။
“လုပ်ပါဗျာ.ခဏပဲဝင်ခွင့်ပြု..ခင်ဗျာအတွက်ရေမီးစုံစေရမယ်..”
“မင်းတကယ်ပြောတာနော်..အထဲကလူအတွက်ကော…”
“တကယ်ပါ..အထဲကလူအတွက်မုန့်ပုန်းပါတယ်..အောင်မော်တို့ကဘယ်တုန်းကညာဖူးလို့လဲ..”
“အိုကေလေဒါဆိုလဲဝင်သိပ်တော့မကြာစေနဲ့နော်..”
“စိတ်ချပါ..လာစိန်ကြီးအထဲဝင်ရအောင်..”
စိန်ကြီးသရဲ သရဲစိန်ကြီးမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ဆရာမော်နောက်ကကပ်လိုက်လာပြီ အထဲရောက်တော့မေးကြည့်တယ်။
“ဆရာမော်တို့ကဒါလဲရတယ်နော်..ကျွန်တော် ၅၀၀ ပေးတာမရဘူး..”
“ဒီမှာစိန်ကြီးရမှတ်ထား..သရဲလောကမှအနေအစားချောင်ချင်ရင် ပေးတက်ကမ်းတက်ရတယ်..ဆင်ပါးစပ်နှမ်းသွားပတ်လို့မရဘူး..ပေါက်တယ်နော်..အဲ့ဒါတွေနောက်မှထားလုပ်စရာရှိတာမြန်မြန်လုပ်ကွာ အချိန်သိပ်မရဘူး..”
ဆရာမော်ပြောလို့ စိန်ကြီးဘာလုပ်ရင်ကောင်းမလဲတစ်ချက်တွေးလိုက်တယ်။ထိုစဉ်ဖဲဝိုင်းက ဖဲသခိုးမောင်ကြီး ဖဲခိုးဆော့နေတာကိုတွေ့လိုက်တာနဲ့ အကြံတစ်ခုရသွားပြီ မောင်ကြီးနားသွားကပ်ထိုင်ကာ နားနားကိုကပ်၍
“မောင်ကြီး..မင်းဖဲခိုးနေတာငါသိတယ်နော်..”
မောင်ကြီးမျက်နှာတစ်ချက်ပျက်သွားတယ် ပြီးတော့ဘေးဘီကိုတစ်ချက်လှည့်ကြည့်တယ် ဘာမှမတွေ့ ဘာမှလဲမရှိ၊တစ်ခြားသူတွေကိုကြည့်တော့လဲသူဟာနဲ့သူအလုပ်ရှုပ်လို့။အဲ့ဒါမသိမသာဟန်မပျက်ပြန်ထိုင်ကာ ဆက်ပြီဖဲခိုးဖို့လုပ်နေရော။ဒါနဲ့
“မောင်ကြီး.မင်းထပ်ခိုးမလို့လားဖဲကို..”
မောင်ကြီးတစ်ကိုယ်လုံးကျက်သီးတွေထပြီ ဇောချွေးတွေထွက်ကုန်ပြီ။သေခြာပြီဒီလောက်ဆိုရင်တော့လို့တွေးပြီ ဘာမှမပြောပဲ ဖဲဝိုင်းကထပြီးဒရောသောပါးပြေးပါလေရော။
ဟီး…ဟီး….ဟား…ဟား….
“ရယ်ရတယ်နော် ဆရာမော်..”
ရယ်တဲ့အသံက နည်းနည်းပါဝါများသွားလို့ထင်တယ် တစ်အိမ်လုံးရှိသမျှလူတွေ ကြက်သေ သေကုန်တယ်။ပြီးတော့ အသက်ဝင်လာကြပြီ ထပြေးကျတာ တစ်ချို့ဆို ပုဆိုးတောင်မပါဘူး။
“စိန်ကြီးခြောက်နေတယ်ဗျို့…ပြေး…ပြေး..ဟ….”
လူတွေတောင်ပြေး၊မြောက်ပြေးနေတာကိုကြည့်ပြီ စိန်ကြီးကြောင်တောင်တောင်ဖြစ်သွားကာသူ့ဆရာဘတ်လှည့်၍
“ဆရာမော်ဘာဖြစ်ကုန်ကြတာလဲ..”
“ဟာ..ငါလခွီးမှာပဲ…မင်းကစွတ်ရယ်တာကိုကွ..လူတွေအားလုံးသူ့အာရုံနဲ့သူဖြစ်နေချိန်မင်းက ရယ်လိုကတော့လန့်ပြီးပြေးပြီပေါ့ကွ..လာကွာ သင်ချိုင်းကုန်ပြန်တာပဲကောင်းတယ်..”
“ဟုတ်အဲ့ဒါပဲကောင်းတယ်..”
ပြောပြီဆရာတပည့်နှစ်ရဲ သင်ချိုင်းကုန်ပဲထွက်လာလိုက်လေ၏။သူ့ဆရာသွားရာ စိန်ကြီးကနောက်က တစ်ကောက်ကောက်။ဆရာမော်ကလဲအလာလမ်းအတိုင်းမပြန်။ဘယ်ကနေဘယ်လိုပြန်နေမှန်မသိ။တစ်နေရရောက်တော့ အသာလက်ပြလို့သစ်ပင်တစ်ပင်အကွယ်ကိုပြေးဝင်ပြီ ဆရာမော်ပြတဲ့နေရာကိုကြည့်လိုက်တယ်။ပြီးတော့လေသံတိုးတိုးလေးနဲ့
“ဘာလဲဆရာမော်..အတွဲလား…ဒါမျိုးဆို ကျောကသိပ်ဝါသနားပါတာ..ဟိဟိ…
“နင်မေကလွာအတွဲရမှာလာ..အသာနေ..မင်းကိုဒီလောကရဲ့သတိထားရမဲ့သူတွေကိုပြမလို့..သူတို့ကိုသတိမထားရင် မင်းရဲ့သရဲဘဝကတော့သေပြီပဲ…”
“ဟုတ်လာ..”
“ဟိုမှာကြည့်..”
ဆရာမော်ပြတဲ့နေရာကိုကြည့်လိုက်တော့ သရဲစိန်ကြီးပင် လန့်သွားတယ်။မလန့်ခံနိုင်ရိုးလာ ကြည့်ပါဦး။ညကြီးဘတ်ကြီးမိန်းမကြီးတစ်ယောက် ထမီရင်လျှာကြီးနဲ့ ဆံပင်ကိုလဲဖျာလျှာချလို့ ဘာတွေရွတ်နေမှန်မသိဘူး။သူရှေ့မှာလဲ ဖုတ်တွေကော၊သရဲတွေကော၊တစ္ဆေတွေကောစုံလို့ တစ်ခုခုကိုအားရပါးရစားနေလိုက်ကြတာ သွေးသံတရဲရဲနဲ။
“အဲ့ဒီ မိန်းမကြီးက စုန်းမကြီးကွ.ဒို့ဒီလောကက အကောင်တွေကိုကျွေးမွေးပြီခိုင်းစားနေတာ..သူသေရင် ငရဲကျမှာ..ဒါကိုသိသိကြီးနဲ့လုပ်နေတာကွ..”
“ဒီမိန်းမကြီးကစုန်းကို..စုန်းသေရင် ငရဲကျတာပဲလား..နောက်ကောဘာဖြစ်သေးလဲဆရာမော်.စုန်းတွေကအမျိုးမျိုးရှိတယ်ဆို..”
“စုန်းသေရင် ခုသူခိုင်းထားတဲ့သူတွေရဲ့ ခိုင်းဘတ် လမိုင်းဆိုတဲ့အကောင်လဲဖြစ်ကြတယ်..စုန်းက ၇ မျိုးရှိတယ်ကွ.ခြေစုန်း၊ကိုယ်စုန်း၊ခေါင်းစုန်း၊မောက်လုံးဟုန်း၊မောက်ပြားစုန်း၊အိမ့်တလိမ့်စုန်း၊ကဝေမြောက်စုန်း ဆိုပြီတော့ပေါ့ကွာ..နေရာဒေသအပေါ်မူတည်ပြီးတော့လဲ အမည်နာမကွဲပြားတယ်ကွ..”
“ဟုတ်လာ..ဆက်ပါဦးဆရာမော်ရဘယ်လိုကွဲလဲဆိုတာကို..”
“ခြေစုန်းကို တစ်ချို့အရပ်ဒေသတွေမှာ ရွာသူလို့ခေါ်တယ်..ကိုယ်စုန်းကိုဆင်ကွန်း..ခေါင်းစုန်းကို နပဒတ်..မောက်လုံးစုန်းကို ကိုယ်စုန်းလို့ခေါ်ကြသလို..မောက်ပြားကို ရွာ၏သမီး(ရွာ့သမီး)လို့ခေါ်တယ်..နောက်ပြီး အိမ့်တလိမ့်စုန်းကို ဇော်ဂနီလို့ခေါ်တယ်ကွ..နောက်တစ်ခုက ကဝေမြောက်စုန်း ဒီစုန်းက စုန်းပညာအဆင့်လွန်မြောက်ပြီး ကဝေပညာတတ်မြောက်ပြီမို့ ကဝေမြောက်စုန်းလို့ခေါ်ကြတာ…”
“ဒါဆို ကဝေမြောက်စုန်းကအဆင့်အမြင့်ဆုံးပေါ့နော် ဆရာမော်…”
“အေဟုတ်တယ်…နောက်ရှိသေးတယ် နာမည်ကွဲတွေ မွေးရာပါ စုန်းပညာတတ်လာတဲ့ ဝမ်းတွင်းစုန်းကို မုဆိုးလို့ခေါ်တယ်..စုန်းတွေ ကဝေတွေ မှော်ဝင်တာကို တံငါ လို့သတ်မှတ်ကြတယ်..နာလည်ပြီးနော်…”
“ဟုတ်နားလည်းပါပြီ..ဆရာမော်…”
“နားလည်ရင်..အဲ့လိုစုန်းတွေနဲ့သွားမပတ်သက်မိစေနဲ့…ကိုယ်ကျိုးနည်းလိမ့်မယ်…လာသွားမယ်…”
ဆရာမော်အချက်ပြတာနဲ့ ခြေသံမကြားအောင် တဖြေးဖြေးထိုနေရာကထွက်လာလိုက်ကြတယ်။စုန်းမကြီးဆိုသူအိမ်မှာတော့ စားလို့ဝါးလို့မန်းလို့မှုတ်လို့ကောင်းတုန်းရှိနေတော့လေ၏။(ဆက်ရန်..သည့်ခံပြီးစောင့်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်..(သင်္ခ))



###သရဲတစ်ကောင်၏ညစာ(၃)###
သင်ချိုင်းကုန်းရှိရာသို့ ဟိုလမ်းဝင်၊ဒီလမ်းထွက်နဲ့ပြန်လာလိုက်၏။သို့သော် စိန်ကြီးစိတ်ထဲသိပ်မရှင်းတာကြောင့် မှုံကုတ်ကုတ်ဖြစ်နေတာကို အောင်မော်သတိထားမိကာ
“ဟေ့ကောင်စိန်ကြီးဘာဖြစ်နေတာလဲ.သိချင်တာရှိရင်မေးလေကွာ…ငါသိသလောက်ဖြေမှာပေါ့..”
“ဒီလိုပါဆရာမော်ရာ..တစ်ချို့လူတွေကပြောတယ် ဘယ်လိုလုပ်ရင်ဖြင့် စုန်းတို့သရဲတို့ကိုမြင်ရတယ်ပေါ့..အဲ့ဒါဟုတ်လား…”
“ဒါကဒီလိုရှိတယ်ကွ..စုန်းတို့ကဝေတို့ကို သာမန်လူတစ်ယောက်အနေနဲ့မသိနိုင်ဘူး..သူတို့ကို ပညာသည်အချင်းချင်းတွေပဲသိနိုင်တယ်..နောက်ပြီ အထက်လမ်းဆရာတို့..ဘုရားတရားမြဲပြီသီလသမာဓိရှိတဲ့သူတို့လောက်ပဲသိနိုင်မြင်နိုင်တယ်ကွ..ဒါတောင် တော်ရုံဆရာအဆင့်လောက်နဲ့မသိနိုင်မမြင်နိုင်ဘူး…တစ္ဆေ..သရဲ..တို့ကိုကြတော့ သိအောင်မြင်အောင်လုပ်လို့ရတဲ့နည်းတွေရှိတယ်..တစ်ချို့လဲလုပ်နေကြတာပါပဲ…ဒါပေမဲ့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်နိုင်တယ်ကွ…ဒါပေမဲ့ ငါမှာနည်းရှိတယ်ကွ..စုန်း..ကဝေ..တစ္ဆေ..မှင်စာ..မကျွတ်မလွတ်သေးတဲ့သူတွေကိုမြင်ရအောင်လုပ်နည်း…သို့ပေမဲ့မပြောပြဘူး..”
“ဘယ်လိုပြဿနာမျိုးလဲဆရာမော်…”
“ဒီလိုကွာ..သရဲတစ်ကောင်ကိုမြင်ရအောင်လုပ်မယ်ဆိုပါတော့ကွာ..ငါတို့ရုပ်ရည်ကိုသူတို့ကတစ်ခါမှမြင်ဖူးတာမဟုတ်ဘူး..ဒီတော့ရုတ်တရက်မြင်လိုက်ရရင် အဆင်ပြေမှာမဟုတ်ဘူး..နောက်ပြီတော့ ခေါ်တာတစ်ကောင် ရောက်လာတာတစ်ကောင်ဆိုရင်တော့မလွယ်ဘူး..ရောက်လာတဲ့ကောင်ကလဲ ငဆိုးသရဲဆိုရင်သေပြီပဲ..ပြန်ပို့တက်ရင်ပို့ မပို့တက်ရင်အသက်အန္တရာယ်ရှိတယ်ကွ..”
“ဒါဆို..ဒီလောကမှလဲ ဆိုးတဲ့သရဲတွေရှိတာပေါ့နော်…”
“သိပ်ရှိတာပေါ့ကွ..လူတွေမှာတောင်ကောင်းတဲ့သူ ဆိုးတဲ့သူအမျိုးမျိုးရှိသေးတာပဲ..သရဲလဲအမျိုးမျိုးရှိတယ်..”
ဆရာမော်ကပြောရတာမောသွားဟန်နဲ့ ခါးကြားမှစောစောက ခေါစာပစ်တုန်းကယူလာတဲ့ ကွမ်းယာကိုထုတ်ဝါးလိုက်ကာ စကားကိုဆက်လေ၏။
“ဥပမာကွာ..ငါတို့က အကုသိုလ်ကံကြောင့် သရဲဖြစ်ရတာ..ဘာမှအစွဲအလမ်းမရှိဘူး..အချိန်တန်ရင် အမျှဝေမဲ့သူရှိရင် ဒီဘဝကလွတ်မယ်..တစ်ချို့သရဲတွေက အတ္တ..မာန်မာန..စွဲလမ်းမူတွေကြောင့်ဒီလောကကိုရောက်လာကြတာ..ပစ္စည်စွဲ..နေရာစွဲ စသဖြင့်ပေါ့ကွာ..သူတို့ကတော်တော်နဲ့ကျွတ်ဖို့လွတ်ဖို့မလွယ်ဘူး..ကျွတ်ချိန်တန်ရင်တောင် သာဓုမခေါ်ဘူး..သူတို့စွဲနေတဲ့နေရာကို လူသားတွေရောက်လာရင်လဲ ခြောက်လွတ်တယ်..နောက်ရိုးရိုးမရရင်ကြမ်းကြမ်းခြောက်လွတ်တော့တာပဲ..ဥစ္စာရူးသရဲတွေပေါ့ကွာ..တစ်ချို့သရဲတွေကျတော့ ဒီဘဝမှပျော်ကြတယ်.တော်တော်အကုသိုလ်များတဲ့သူတွေပေါ့ကွာ..ဒီဘဝရောက်တော့လဲ မလိမ္မာဘူး ဆိုးတုန်း..မိုက်တုန်း.. ဒုက္ခပေးချင်ကြတုန်းပဲကွ…ငါတို့သရဲတွေကလဲ လူတွေလိုပဲအချိန်ကြာလာတာနဲ့အမျှ အကောင်တွေကြီးလာတယ် ပါဝါတွေတိုးလာတယ်..ဒီတော့ ဆိုးချင်မိုက်ချင်စိတ်မကုန်သေးတဲ့ သရဲတွေအတွက်တော့ မြင်းကိုဂျိုတက်ပေးသလိုပေါ့ကွာ..အဲ့လိုသရဲမျိုးတွေကို ခေါ်မိရင်တော့ ငါးပါးတင်မဟုတ်ဘူး သံဃာစဉ်ပါမှောက်ပြီမှတ်…”
“ဒါဆိုကျွန်တော်တို့က အမျှဝေလို့ရှိရင် သာဓုခေါ်လိုက်ရင်ကျွတ်လွတ်တာပေါ့နော်..”
“ဒါကလဲဒီလိုရှိတယ်ကွ..အမျှဝေလို့ရှိရင် သာဓုခေါ်ကျွတ်လွတ်တာမှန်ပေမဲ့…သာဓုကခေါ်လို့ရချင်မှရတာကွ..ခုမင်းသေလို့အလှူလုပ်ရင်မင်းခေါ်လို့ရချင်မှရတာ..မင်းခေါ်လို့မရပေးမဲ့ ခေါ်လို့ရတဲ့သူတွေလဲအများကြီးပဲရှိတယ်..အချိန်တန်မှခေါ်လို့ရတာ..အချိန်အနည်းအများကလဲ ကုသိုလ်ကံအနည်းအများအပေါ်မူတည်းတယ်..ဘာပဲဖြစ်ဖြစ် သရဲဖြစ်ရတာ ငရဲကျရတာထက်တော့တော်သေးတယ်ကွ…”
စိန်ကြီးနားမလည်သလိုဖြစ်သွားတယ်။သရဲဖြစ်ရတာနဲ့ ငရဲကျရတာအတူတူပဲမဟုတ်ဘူးလား။
“ဘယ်လိုတော်သေးတာလဲ..ဆရာမော်ရရှင်းပါဦး…”
“ဒီလိုလေကွာ သရဲဖြစ်ရတာလဲမကောင်းတော့မကောင်းဘူး..ဒါပေမဲ့ သွားချင်ရာသွားလို့ရတယ်..သာဓုခေါ်လို့လဲရတယ်..ပါရမီရင်သန်တဲ့သရဲတွေဆို ကုသိုလ်ကောင်းမူတွေတောင်လုပ်လို့ရတယ်..ငရဲကျရင်တော့သွားပြီ..အချိန်မစေ့မချင်ခံပေးတော့..ဘာမှလုပ်လို့မရတော့ဘူး..အလွယ်ပြောရရင်တော့ ထောင်ကျတာနဲ့နယ်နှင့်ဒဏ်ကျသလိုပေါ့..သရဲဘဝက နယ်နှင့်ဒဏ်ပေးခံရတာ..ငရဲကထောင်ကျတာ..”
“ဟုတ်တော့ဟုတ်သားနော်ဆရာမော်…”
“နောက်ပြီ ငါတို့နဲ့လူတွေနဲ့ကမတွေ့သင့်လို့ မတွေ့အောင်လုပ်ထားတာကို ရှည်ပြီးတော့တွေ့ရအောင်မလုပ်ချင်စမ်းပါနဲ့ကွာ…”
“ဟုတ်တယ်နော်ဆရာမော်..ဒီလိုသရဲတွေကြောင့် ကျွန်တော်တို့လို ရိုးသားတဲ့သရဲတွေပါနာမည်ပျက်တယ်…”
ဆရာတပည့်နှစ်ရဲ စကားကောင်းနေလိုက်တာ လမ်းတွေမှားပြီးဘယ်တွေရောက်ကုန်ပြီးမှန်မသိ။သင်ချိုင်းကုန်မရောက်ပဲတောထဲကိုရောက်သွားခြင်းဖြစ်လေတော့သတည်း။နှစ်ရဲသားတောကြည့်၊တောင်ကြည့်နဲ့ မျက်လုံးတစ်နေရာအရောက်တွင် မီးရောင်တထိန်းထိန်းနဲ့ လူတွေကခုန်နေကြတာတွေ့လို့ စိန်ကြီးသရဲအားရဝမ်းသာနဲ့ လမ်းမေးဖို့ပြေးသွားမည်အလုပ် အောင်မော်ကလှမ်းတားလိုက်တယ်။
“စိန်ကြီး ရမ်းမသွားနဲ့ သေခြာလေ့လာဦး..”
“ဘာကိုလေ့လာရဦးမှာလဲ ဆရာမော်ရ..ဟိုမှာလူတွေလေမတွေ့ဘူးလာ..”
“မင်းမသိပဲနဲကွာ..အသာနေစမ်း..စကားကရှည်လိုက်တာ..ငါပါးပိတ်ရိုက်လိုက်လို့ အစွယ်တွေကျိုးပြီ သရဲရုပ်မပေါက်တော့ပဲနေဦးမယ်…”
သူ့ဆရာမော် ရုပ်တည်ကြီးနဲဟောက်တော့ စိန်ကြီးမျက်နှာပိုးသတ်ပြီ အသာညိမ်နေလိုက်ရော။ရှေ့မှာကလဲ ဆိုင်းသံ၊ဗုံသံတွေနေ ကလို့ခုန်လို့၊ပျော်လို့ပါးလို့ ကလေး၊မိန်းမ၊လူကြီး၊လူငယ်စုံလို။ဒါပေမဲ့ အောင်မော်ကသိပ်တော့မသင်္ကာ။ဒါကြောင့် ပါဝါနည်းနည်းထုတ်ပြီး ကြည့်လိုက်တော့
“ဟာ..ဒါ ကျက်တွေပဲကွ..”
“ဗျာ..ကြက်တွေ..ဟုတ်လား..ဖိနပ်စီးတဲ့ကြက်လား..ဖိနပ်မစီးတဲ့ကြက်လား..ဒီအချိန်ကြီးဒီမှာဘာလုပ်နေကြတာလဲ…”
“ဟာ..ဒီကောင်ကတော့ နင့်ကြီးတော်ကြီး ကြက်ရမှာလာ..ကျက်ကွကျက်..ကျက်ကုန်း…”
“ကျက်ကုန်း…ဒါဆို နေပြည်တော်ပေါ့..”
“မင်းပါးစပ်ကိုပိတ်ထား..သရဲနဲ့လက်ထိပ်ကြီးနဲ့ကြည့်မကောင်းဘူးနော်…ငါပြောတာ နာနာဘဝတွေကွ..ကျက်တွေ..”
“သဘောပေါက်ပြီ..ဒါဆိုတောထဲတောင်ထဲတွေမှာ လူတွေကိုလှည့်စားတက်တဲ့ ကျက်တွေပေါ့ဒါတွေက..”
“အေးဟုတ်တယ်..သူတို့က လူတွေကိုလှည့်စားပြီ သူတို့ရှိတဲ့နေရာတွေကိုခေါ်လာတက်တယ်..ခေါ်လာရတဲ့ရည်ရွယ်ချက်ကတော့အမျိုးမျိုးပေါ့ကွာ..တစ်ချို့ကတော့ စချင်နောက်ချင်လို့..တစ်ချို့က ကိစ္စရှိလို့..တစ်ချို့ကလူသစ်စုဆောင်ချင်လို့..”
“သူတို့ကအဲ့လိုလုပ်လို့ရတဲ့ပါဝါတွေရှိလို့လား..”
“ရှိတယ်ကွ ရွာတွေ.လူတွေ.တိရစ္တာန်တွေ.အကုန်ဖန်ဆင်နိုင်တယ်..အစုအဝေနဲ့နေကျတယ်ကွ..”
“ဆရာမော်..ဟိုမှာ.ကြည့်ပါဦး…လူနှစ်ယောက်မဟုတ်လား…”
စိန်ကြီးပြတဲ့နေရာကို သူကြည့်လိုက်မိ၏။အမှန်ပင် မနုဿလူသားနှစ်ဦး ကျက်ကုန်းရှိတဲ့ဘတ်ကိုဦးတည်နေလေ၏။ကြည့်ရတာဒီအနီးအနားကတော့ဟုတ်ဟန်မတူ။မျက်နှာစိမ်းတွေ။ပုံစံတွေကိုကြည့်လိုက်တာနှင့် မျက်စိလည်လမ်းမှားလာသော မုဆိုးတွေမှန်သိသာလေတော့၏။သူတို့ကြည့်နေရင် မှာပင် လူသားနှစ်ယောက်သည် ကျက်တွေဖန်တီးထားသော ရွာကြီးကိုတွေ့ရှိသွားကာ ပျော်ရွင်တဲ့ ဝမ်းသာတဲ့မျက်နှာများနဲ့ အပြေးကလေးလှမ်းကာ သွားနေကြလေသည်။
“ဆရာမော်..ဟိုနှစ်ယောက်ကတော့ ကျက်ရွာကို သွားနေကြပြီဗျာ…”
“ဟုတ်တယ်..ငါ့အထင် ဒီကျက်တွေက ဒီလူတွေဒီလမ်းကလာမယ်မှန်သိလို့ ရွာကိုဖန်တီးထားတာကွ..ဘာရည်ရွယ်ချက်နဲ့လဲတော့မသိဘူး..လာပါကွာကိုယ်နဲ့လဲမဆိုင်ဘူး…ကိုယ်နေရာကိုပဲရောက်အောင်ပြန်ကျတာပေါ့ကွာ…”
“ဟုတ်ဆရာမော် သဘောပါပဲ…”
ပြန်မယ်သာပြောတယ်လမ်းကမသိ။သူတို့နေသည့်သင်ချိုင်းကုန်းရှိရာမှန်စပြီး ဟိုတိုးဒီတိုးနဲ့ သရဲကန်တောတိုးသလိုပင် ယောင်လည်လည်ဖြစ်နေလေတော့သည်။ထိုအခိုက် မွေးကြိုင်သော ရနံ့လေးတွေ သရဲစိန်ကြီး နားခေါင်ထဲကိုတိုးဝင်လာလေလို့ ဆရာမော်အားတစ်ချက်ကြည့်လိုက်သောအခါ သူလဲအနံ့ရသည်ထင် တစ်ရှုံ့ရှုံ့နဲ ခွေးအီးအီးပုံရှာသလို့ ရှာနေလေတော့၏ အနံ့လာရာကို။
“ဟိတ်ကောင်တွေ..ဟိတ်ကောင်တွေ..မပြေးနဲ့..သူကြီးကလိုက်တယ်..အဲ့ယောင်လို့..ဘယ်ကကောင်တွေလဲကွာ…”
“ဆရာမော်..ဘယ်သူလဲမသိဘူး..ကြည့်လုပ်ပါဦး..”
“ငါသိပါတယ်ကွ..မင်းအသာနေ..ဒီက ဘရို ကဘယ်သူတုန်းနာမည်ဘယ်လိုခေါ်တုန်းဗျ…”
“ငါက သိုက်စောင့်ဘီလူးပဲကွ..”
“ဘီလူးကလဲ ဘစိုင်းသီချင်းရတယ်နော် ဆရာမော်..ဟိဟိ..”
“ဟိတ်ကောင်တိုးတိုးနေစမ်း..ကြားသွားလို့ထလုပ်လိုက်ရင်သေနေဦးမယ်..”
“သြော်သိုက်စောင့်ဘီလူးကို ကြုံတုန်း selfie တစ်ပုံလောက်ဆွဲရအောင်ဗျာအတူတူ..ဖြစ်တယ်မဟုတ်လား..”
“ရတာပေါ့ကွာ ငါလဲဝါသနာပါတယ်..ဒီခေတ်မှာ selfie မဆွဲရင် ခေတ်နောက်ကျသွားမယ်..”
“ကဲဟုတ်ပြီ..ဘီလူးပြုံးလေပြုံးပါ..အိုကေရပြီ..”
“ငါ့လဲပြဦးလေကွာ..ဟာ..ငါ့ပုံကရုပ်ဆိုးတယ်ကွ..မကြိုက်ဘူး..ပြန်ဖျက်လိုက်ကွာ..”
“သူ့ရုပ်က နကိုကတည်းကဆိုးတာကိုများ..လှချင်နေသေးတယ်..ဟွန့်..”
စိန်ကြီးစိတ်ထဲကနေပြောလိုက်ချင်သာဖြစ်သည်။အပြင်တော့ထုတ်မပြောရဲတော်ကြာ Block လုပ်သွားရင်ဒုက္ခ။လမ်းကပျောက်နေရတဲ့အထဲ။
“ဆော်ရီ ဘရို..360 နဲ့ရိုက်ဖို့မေ့သွားလို့…”
“ထားတော့ကွာ..ဒါနဲ့မင်းတို့ဒီကိုဘာလာလုပ်တာလဲ..သိုက်တူးဖို့လား..မရဘူးနော်..ဒီမှာငါ့အပြင် တစ်ခြားအစောင့်တွေရှိသေးတယ်..”
“ဟုတ်လား..ဘယ်သူတွေရှိသေးတာလဲ..”
“ရှိတာပေါ့ကွ..သိုက်ကမွေးထားတဲ့အကောင်တွေအများကြီးပဲ..”
“အေဗျာ…ဒီရောက်တုန်းသိုက်အကြောင်းနည်းနည်းမေးရဦးမယ်..နည်းနည်းရှင်းပြပါလာဗျာ..”
သိုက်စောင့်ဘီလူးကလဲဘယ်အချိန်ကတည်းကရှင်းပြချင်နေမှန်မသိဘူး။နည်းနည်းအစဖော်လိုက်တာနဲ့ ကရာကရေသွန်းသလိုပါပဲ။
“သိုက်အများစုက နောင်ပွင့်မဲ့ဘုရားရှင်လက်ထက်ရောက်ရင် လှူဖို့တန်းဖို့ ဟို့ရှေ့အဆက်ဆက်ကလှူခဲ့တန်းခဲ့တာတွေကွ..အဲ့လှူခဲ့တန်းခဲ့တဲ့ပစ္စည်တွေကို မသမာသူတွေလက်ထဲမရောက်အောင် အစောင့်အရှောက်တွေနဲ့ထားခဲ့ရတယ်..အဲ့စောင့်တဲ့သူတွေကမှတဆင့် ပရလောကသားတွေကိုထပ်မွေးပြီသိုက်တူးတဲ့သူတွေရန်ကကာကွယ်ကြတယ်..တစ်ချို့သိုက်စောင့်တွေက ရှေ့ကတည်းကရှိလာခဲ့ကြတာ..တစ်ချို့သိုက်စောင့်တွေက အသစ်တွေ..တစ်ခါတစ်လေသူတို့ပျင်းရင် လူပြည်ကိုခွင့်ပြုချက်တွေ သဘောတူညီချက်တွေနဲ့ သွားကြသေးတယ်ကွ..လူဝင်စားတာပေါ့ကွာ..”
“ဘယ်လိုခွင့်ပြုချက်တွေလဲဗျာ..”
“ဘယ်လိုခွင့်ပြုချက်တွေလဲဆိုတော့..အိမ်ထောင်မပြုပါဘူးတို့..အသက်ဘယ်လောက်ရောက်ရင်ပြန်လာပါ့မယ်တို့ဘာတို့စသဖြင့်ပေါ့ကွာ…ကတိပြုထားတဲ့ဟာတစ်ခုခုဖောက်ရင် ရူးပါစေသာ ဘာညာပေါ့ကွာ…”
“ဒါကြောင့်ထင်တယ်..ကျွန်တော်တို့ရွာတောင်ပိုင်းက ဒေါ်မြသိန်းထွေး ဆိုတဲ့အဒေါ်ကြီးက သိုက်ကလာတာတဲ့ အိမ်ထောင်ပြုလို့မရဘူးတဲ့ ပြုရင်ရူးမယ်လို့ ဆရာတွေကပြောတာကို နားမထောင်ပဲပြုလိုက်တာ ခုရူးနေပါရောလာ…”
“ဒါဆို အဲ့ဒီသိုက်ကလာတဲ့သူတွေကို သိုက်နဲ့အဆက်ဖြတ်သွားအောင်လုပ်လို့မရဘူးလား..”
ဆရာမော်အမေးကို သိုက်စောင့်ဘီလူးက
“ရတယ်ကွ..ဆရာကောင်း..ဆရာမှန်တွေနဲ့ သိုက်ကြိုးဖြတ်ပြီ လူသက်တန်းစေ့နေလို့ရအောင်လုပ်လို့ရတယ်..ဒါကလဲ လူအဖြစ်ဝင်စားတဲ့ သူကစိတ်ပါမှရတာ..ဘယ်လိုပဲသိုက်ကြိုးဖြတ်ဖြတ်..သေရင်တော့ ဒီသိုက်ကိုပြန်လာရတာပါပဲကွာ… “
သိုက်စောင့်ဘီလူးကစကားစကိုရပ်ပြီ ဖုန်းတစ်လုံးထုတ်ကာ ပြေတီဦးလို အစွယ်မပေါ်ပေါ်အောင်ပြုံး၍ Selfie ထဆွဲနေသေး၏။လူပြည်ကမမတွေလိုပဲလေ။စကားကောင်းပြီဆို ထထပြီး Selfie ကဆွဲပြီ။စိန်ကြီးကစိတ်မရှည်တဲ့လေသံနဲ့
“ဆက်ပါဦး ဘရိုရာ..”
“သြော်အေး..ဝါသနာပါလို့ပါကွ..ဒီပိုးကဝင်သွားရင် ကုဖို့ခတ်တာမင်းတို့လဲအသိပဲကို..ဟိဟိ..နောက်ပြီ သိုက်စောင့်တွေကသူတို့ပိုင်တဲ့ပစ္စည်တွေထဲကနေ သူတို့ချစ်ခင်တဲ့သူတွေကိုပေးလို့ရသေးတယ်ကွ..တစ်ခါတစ်ခါကျရင် အစောင့်လိုတာတို့ သူတို့ချစ်ခင်တဲ့သူကိုဒီကိုလာစေချင်တာတို့ဆိုရင်အဲ့နည်းကိုသုံးတယ်..အလှူတို့အတန်းတို့လုပ်ချင်ကိုင်ချင်တယ်ဆိုရင်လဲ စိတ်ချရတဲ့သူတွေကို ပစ္စည်းတွေပေးတာလဲရှိတယ်..”
“ဟုတ်မယ်..ဟုတ်မယ်..ဗျာတစ်ချို့သိုက်တွေဘာတွေရှိတဲ့ နားကရွှေတိုငွေစတွေကောက်ရတာတွေကြားဖူးတယ်..”
စိန်ကြီးအားရဝမ်းသာစကားဖြတ်ပြောလို့ အောင်မော်တစ်ချက်မျက်တောက်နီကြီးနဲ့ကြည့်လိုက်မှ စိန်ကြီးဇတ်ကလေးပုပြီ သိုက်စောင့်ဘီလူးပြောတာကိုဆက်နားစွင့်နေလိုက်တယ်။
“ငါတို့ ရဲ့အဓိကရန်သူတွေက သိုက်ဆရာတွေပဲကွ..သူတို့သိုက်လာတူးရင် ငါတို့ကပြန်ခုခံရတယ်..ငါတို့ရှုံးရင်တော့သိုက်မှာရှိတဲ့ပစ္စည်းတွေမကုန်ပေးရတာပေါ့ကွာ..သူတို့ရှုံးရင် သူတို့အသက်ကိုငါတို့နှုတ်ယူတာပေါ့..သိုက်ဆရာတွေအရမ်းမျက်စိကျလာပြီဆိုရင်သိုက်ကိုပြောင်းသင့်ရင်ပြောင်းကြရတယ်ကွ..ဒါကလဲအထက်ကလူတွေဆုံးဖြတ်တာပါကွာ..ငါတို့က သူတို့ခိုင်းတာလုပ်ရတာပါပဲ..သိုက်အကြောင်းကပြောရရင်အရှည်ကြီးအများကြီးပါကွာ..မင်းတို့သေခြာသိချင်ရင်တော့ဒီမှာနေပါလား..ငါပြောပေးမယ်..ငါ့ကိုတော့.ဟဲ..ဟဲ..သိတယ်ဟုတ်…”
“မနေချင်ပါဘူးဗျာ…သွားတော့မယ်လမ်းတော့ညွှန်ပေး..”
“အထဲဝင်ကြည့်သွားဦးမလားရှင့်..ရောက်တုန်းရောက်ခိုက်..ခစ်ခစ်..”
ချိုသာပြီ အင်မတန်မှကိုလှပတဲ့ မိန်းမချောလေးနှစ်ယောက်ကဘယ်အချိန်ကတည်းကရောက်နေမှန်မသိ အထဲကိုဝင်ကြည့်ဖို့ ခေါ်တော့မှသတိထားမိတယ်။လှချက်ကတော့ကွာ စာနဲ့ဘယ်လိုတောင်ရေးပြရမှန်မသိတော့ဘူး။စိန်ကြီးကတော့ငမ်းတာ နကိုကပြူးထွက်နေတဲ့မျက်လုံးကြီးကအောက်ကိုပြုတ်ကျတော့မယ်။ပြီးတော့ အသံပြာကြီးနဲ့
“ဆရာမော် ဝင်ကြည့်ကြရအောင်လေနော်..ညလေးတို့ကခေါ်နေတာအားနာစရကြီး..အဟိ…ဂလု…”
“ဟေ့ကောင်…လှတာမြင်တိုင် ငမ်းကြောထမနေနဲ့ နေတဲ့နေရာပြန်မရောက်ပဲ ဒီမှာ အကျယ်ချူပ်ကျသွားမယ်..လာ..မင်းလိုငမ်းကြောထတဲ့အကောင်တွေ သေတာမနည်းတော့ဘူးဒီလိုသိုက်တွေမှာ…”
စိန်ကြီးကိုလှမ်းတားပြီ သိုက်စောင့်ဘီလူးကိုလမ်းမေးကာ မိန်းမချောလေးတွေကိုနှုတ်ဆက်ပြီ ထိုနေရာက်နေ သူတို့နေတဲ့သင်ချိုင်းကုန်ရှိရာကိုထွက်လာလိုက်လေတော့သတည်း။မိုးကလဲလင်းခါနီနေပြီးဆိုတော့ အိပ်ဖို့နေရာရှာရဦးမယ်လေ။(ဆက်ရန်..ဒီပိုစ့်လေကိုရေးရတာက ကျွန်တော့ကိုမေးထားသည်များကို တစ်ခုချင်းဖြေနေရင် အကြောင်းအရာပုံစံဖြစ်ပြီ ဖတ်ရတာအဆင်မပြေမှာစိုးလို့ ဇာတ်လမ်းသဖွယ် မေးထားသမျှတွေကိုသိသလောက်ရေးဖွဲ့ပေးထားတာပါ.ကျွန်တော်တို့၏ စာဖတ်သူများ သိချင်တာတွေ ဒီပိုစ့် အပိုင်း ၁၊၂၊၃ တွင်ပါလိမ့်မည်ဟုမျှော်လင့်ပါသည်.ကျေးဇူးတင်ပါသည်.(သင်္ခ))


No comments:

Post a Comment