### သွဲ့ ###
" သွဲ့ " လွန်ခဲ.သော ငါးနှစ်လောက်က သေကံမရောက် ခဲ.တယ်.ဖြစ်ရပ်မှန်လေးတစ်ခုပါရှ
င်။ "သွဲ."ကိုးတန်းကျောင်းသူအရွယ်တု န်းက "သွဲ".စာအရမ်းကြိုးစားခဲ.သလိုထူးချွန်တယ်.ကျောင်းသူလေးတစ်ယောက် အဖြစ်" သွဲ."ကို ဆရာ ဆရာမ တွေအားလုံးက လည်းသိပ်ချစ်ကြပါတယ်ရှင်။ တစ်တန်းလုံးက သူငယ်ချင်းတွေလည်း" သွဲ."ကို အရမ်းချစ်ကြပါတယ်။ ဒါပေမယ်." သွဲ."ကိုသိပ်မုန်းတယ်.ကျောင်းသူလေးတစ်ယောက်ရှိပါတယ်။ သူ.နာမည်ကတော." ဇင်ဇင်"ပါ။ "ဇင်ဇင်"ကကျန်းမာရေးလည်းသိပ်မကောင်းတော.အလယ်တန်းကျောင်းသူဘ၀ထဲက" သွဲ".လောက်ကျောင်းစာတွေကို မလိုက်နိုင်ခဲ.ပါဘူး။ လတိုင်းအမှတ်တွေကောင်းပြီး အဆင်.တွေ ထိပ်ဆုံးမှာချိတ်နေတယ်. "သွဲ."ကို ဆရာ ဆရာမတွေကချစ်သလောက် သူငယ်ချင်းတွေက ချစ်သလောက် "ဇင်ဇင်"ကတော. သွဲ.ကိုသိပ်မုန်းတာပါပဲရှင်။ "သွဲ."ကတော.သူ.ကိုတစ်ခါမှမမုန်းခဲ.ပါဘူး။ ခနခနနေမကောင်းဖြစ်တယ်."ဇင်ဇင်" ကျောင်းပျက်တိုင်း အတန်းပိုင်ဆရာမရဲ. ခွင်.ပြုချက်နဲ. သူ.ရဲ. လွတ်သွားတယ်.ကျောင်းစာတွေကို" သွဲ."အမြဲ ကူးပေးတတ်ပါတယ်။ "သွဲ."တို.ကျောင်းက မြို.မဟုတ်တယ်. နယ်မြို.လေးတစ်ခုဆိုတော. ကျောင်းထဲမှာ ကျောင်းဆောင်တွေ သိပ်များများစားစား မရှိပေမယ်. ကျောင်းဝင်းကြီးကတော.အကျယ်ကြီးပါပဲ။ ပြောပြရအုံးမယ်........... ကျောင်းဝင်းကြီးကအကျယ်ကြီး ကျောင်းထဲမှာ စိန်းပန်းပင်တွေ ပိတောက်ပင်တွေလည်းအများကြီးရှိပါတယ်။ ထူးထူးခြားခြားကျောင်းရဲ.အနောက်ဘက်မှာတော. ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။ ဒါပေမယ်.အဲ.ဒီညောင်ပင်ကြီးက ကျောင်းထဲမှာမဟုတ်ပဲ ကျောင်းရဲ. အပြင်ဘက်မှာ ပေါက်နေတယ်.ညောင်ပင်ကြီးတစ်ပင်ပါ ။ကျောင်းရဲ.အပြင်ဘက်မှာပေါက်နေတယ်ဆိုပေမယ်. ညောင်ပင်ကြီးရဲ. ညောင်ကိုင်းတွေ အများအပြားက ကျောင်းထဲကို ကိုင်းညွှန်.ပြီး တစ်ဝက်လောက်ကိုဝင်နေပါတယ်ရှင်။ အဲ.ဒီညောင်ပင်ဘေးမှာ လူသွားလမ်းရှိပေမယ်. အဲ.ဒီလူသွားလမ်းကို ဘယ်သူမှအသုံးမပြုကြ မသွားလာကြပါဘူး။ ဘာလို.လည်းဆိုတော. ဒိညောင်ပင်ကြီးမှာ အစောင်.တစ်ယောက်ရှိတယ်ဆိုပြီး ဟိုးအရင်တည်းက လူပြောများနေကြလို.ပါပဲ။ ဒီနေ".ဇင်ဇင်"နေမကောင်းလို.ဆိုပြီး ကျောင်းမတက်ပါဘူး။ ခါတိုင်းလိုပဲ "သွဲ."သူ.အတွက်စာတွေကူးပေးခဲ.ပါတယ်။နောက်ရက် "ဇင်ဇင်"က ကျောင်းပြန်တက်တော. သူ.ဘေးနားက သူနဲ.အတူတူထိုင်တယ.် ကောင်းမလေးကို မေးနေတာ"သွဲ.".ကြားလိုက်ရပါတယ်။ သူ.ကျောင်းစာတွေဘယ်သူကူးပေးတာလဲပေါ. ခါတိုင်; သူကျောင်းပျက်တိုင်း "သွဲ." အမြဲကူးပေးနေကြဆိုတာ "ဇင်ဇင်"တစ်ယောက်သိပါတယ်" သွဲ."က သူ.အနားထသွားပြီး "သွဲ"ကူးပေးထားတာပါလို.ပြောလည်းပြောလိုက်ရော "ဇင်ဇင်"က ကျောင်းစာအုပ်ထဲက" သွဲ."ကူးပေးထားတယ်. စာရွက်တွေအကုန်စုတ်ဖြဲပစ်လိုက်ပါတယ်။ "သွဲ."လည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ.နေ.လည် ထမင်းစား ကျောင်းခနနားတယ်.အချိန်လည်းရောက်ရော "သွဲ."ကိုဆရာမတစ်ယောက်ခိုင်းတာနဲ.စအုပ်တွေသွားပေးဖို. ဆယ်တန်းအဆောင်ဘက်ကိုအသွား ကျောင်းဆောင်နဲ.သိပ်မဝေးတယ်. ခုနက "သွဲ.".ပြောပြထားတယ်. ညောင်ပင်ကြီးအောက်မှာ ကျောင်းထဲဝင်နေတယ်.ညောင်ပင်ကိုင်းတွေကို သေသေချာချာ မော.ကြည်.ပြီးစကားပြောနေတယ်. "ဇင်ဇင်" ကိုတွေ.လိုက်ရတာပါပဲ။သူဘာလုပ်နေတာလဲဆိုသိချင်ပေမယ်. သူ.အနားတော.မသွားခဲ.ဘူး။ နောက်တစ်ပတ်လောက်ထိသတိထားမိလိုက်တာကတော. အရင်လို သူနေမကောင်းမဖြစ်တော.ပဲ တော်တော်လည်းလန်းလန်းဆန်းဆန်းနဲ.ပါပဲ။ မုန်.စားဆင်းတယ်.အချိန်တိုင်း ထမင်းစားဆင်းတယ်.အချိန်တိုင်း အဲ.ဒိညောင်ပင်ကြီးအောက်မှာပဲဇင်ဇင်တစ်ယောက် မုန်.တွေ ထမင်းတွေ တစ်ယောက်တည်းသွားသွားစားနေပြီးစကားတွေပြောပြောနေတာ "သွဲ."သတိထားလာခဲ.မိတယ်။ ဒီနေ့ "သွဲ့ "စိတ်တွေ လေးလံနေတယ်.. ခါတိုင်းလိုလည်း မလန်းဆန်းနိုင်ဘူး ဖြစ်နေတယ်.. ကျောင်းတက်ခေါင်းလောင်းထိုးတော့ အခန်းထဲကို ၀င်သာထိုင်လိုက်ရတယ် စိတ်မကြည်ဘူး.. ခဏနေတော့ တစ်တန်းလုံး ဘုရားရှိခိုးရတယ်.. ဒါနဲ့  ဘုရားရှိခိုးတာ ငါးမိနစ် လောက်လည်း နေရော " သွဲ့ " နှာခေါင်း ထဲကို အပုတ်နံ့ လိုလို စူးစူးဝါးဝါးအနံ့ ကြီး ထောင်း ခနဲ ရလိုက် တယ်.. လူလည်းကြက်သီးတွေထသွားတာအရမ်းပဲ.. ပြီးတော့ ကိုယ်ထိုင်နေတာက အစွန်ဆုံးခုံမှာဆိုတော့ စိတ်ထဲမှာ ဘေးနားကနေ တစ်ယောက်ယောက် လမ်းဖြတ်လျှောက်သွားတဲ့ခံစားမှုမျိုး တစ်ချက်ဖြစ်သွားတယ်... စိတ်ကိုစုစည်းပြီး ဘုရားဆက်ရှိခိုးတယ်.. ဒီတစ်ခါ မျက်လုံးဖွင့်ပြီး ရှိခိုးလိုက်မိတယ်... ခဏကြာတော့ ဆရာမ ထိုင်နေတဲ့ဘေးကပြတင်းပေါက်ကနေ လေတိုက်တာမဟုတ်ဘဲ အရိပ်တစ်ခုပြေးဝင်လာပြီး အဲဒီအရိပ်က သူ့လက်ကြီး နဲ့ လွှဲရိုက်လိုက်တာ စာပွဲပေါ်က ပန်းအိုး လဲသွားတယ်... ပန်းအိုးကလည်း ဖန်ပန်းအိုးဖြစ်နေတော့ စားပွဲပေါ်ကနေ အောက် တမံတလင်း ထိ ပြုတ်ကျတာ ခွမ်းခနဲပဲ.... အားလုံးလည်းလန့် ပြီး ဘုရားရှိခိုးနေတာပါ တစ်တန်းလုံး ရပ်သွားပါတော့တယ်.. ပန်းအိုးကျကွဲတာ " သွဲ့ " အနားမှာဖြစ်နေတဲ့အတွက် "သွဲ့ "လည်း ပန်းအိုးကွဲစ တွေ ကောက်သိမ်းမယ် ဆိုပြီး ဆရာမ ရှေ့အရောက် ဆရာမ က " နေပါ စေသမီး.. ဆရာမသိမ်းလိုက်မယ်.. အားလုံးဘုရားဆက် ရှိခိုးကြ... " ဆိုတာနဲ့ ကိုယ့်နေရာကိုယ်ပြန်ထိုင် ပြီး ဘုရား ဆက်ရှိ ခိုးနေလိုက်ပါတယ်.. ဒါပေမယ့် စောစောက ပုံရိပ်ကြီးကတော့ " သွဲ့ " အာရုံထဲမှာ ထင်ထင်ရှားရှား သေသေချာချာကြီးကို မှတ်မိနေပါတယ်.. အဲဒါကြောင့် " သွဲ့ " စိတ်မှာ တစ်ခုပြီးတစ်ခု အတွေးများနှင့် စိတ်ရှုတ်လို့သာ နေပါတော့တယ်.. ပထမ အတန်းချိန် နှစ်ချိန်ပြီးတော့ မုန့် စားဆင်းတယ်... ဒါပေမယ့် ဒီနေ့ တော့မုန့် မစားပဲ အတန်းထဲမှာ ပဲထိုင်နေမိတယ်... ခဏနေတော့ "သွဲ့ "ကို "ဇင် ဇင်"ကစကားလာပြောတယ်.. " နေ ကောင်းလား.... " တဲ့.. သွဲ့ လည်းတော်တော်လေး အံ့သြသွားတာပေါ့.. ဇင်ဇင်တစ်ယောက် " သွဲ့ " ကို လိုလိုလားလား စကားပြောတာ အရင်က ရှိမှ မရှိခဲ့ဖူးတာ.. အဲဒါကြောင့် "သွဲ့ "က " ငါ နေလို့ သိပ် မကောင်းဘူး... ဖျားချင်နေသလိုလိုပဲ... " လို့ ပြောလည်းပြောလိုက် ရော... ဇင်ဇင်က ချက်ချင်း တင်းမာတဲ့ မျက်နှာထားပြောင်းသွားပြီး " နင် သေ ရင် ငါ တော် တော် ပျော်မှာပဲ... " လို့ တစ်ခွန်းတည်း ပြောပြီး အခန်းအပြင် ထွက်သွားတယ်.... " ဟင်... " "သွဲ့ "လည်းရုတ်တရတ် ဘာပြန်ပြောရမှန်းမသိ တစ်ချက်ကြောင် သွားပြီး ရင် ထဲမှာ မကောင်းလိုက်တာ " သွဲ့  " ဘာတွေများလုပ်မိလို့ သူ ဒီလောက်တောင် မုန်းနေရသလဲဆိုပြီး အတွေးတွေ ဟိုရောက် ဒီရောက် နဲ့ ခုံပေါ် မှောက်ပြီးအားရပါးရ ငိုမိလိုက်တယ်... ကျောင်းတက် ခေါင်းလောင်းပြန်ထိုးတော့ ဇင်ဇင်က သူပြောခဲ့တာ မဟုတ်တဲ့အတိုင်း မသိချင်ယောင်ဆောင်ပြီး စာဆက်သင်နေပါတယ်.. ဒီနေ့ တစ်ချိန်ပြီးတစ်ချိန်စာတွေသာ သင်နေရပေမယ့် လူကအားမရှိတော့..... ဒီနေ့ " သွဲ့ " တို့ သန့်ရှင်းရေ့း အသင်း ရှိလို့ မနက်အိမ်ကထွက်လာတည်းက ဘာမှ မစားဖြစ်ခဲ့ဘူး.. အခု နေ့လည် ထမင်းစားဆင်းတော့လည်း စားချင်စိတ် မရှိတာနဲ့ မစားဖြစ်ခဲ့ပြန်ဘူးလေ... နောက်ဆုံးစာသင်ချိန်ရောက်တော့ လူက ဘယ်လိုမှမဟန်နိုင်တော့ဘူး... တချက်တချက် ခေါင်း တွေတအားမူးတာကြောင့် ဘေးက သူငယ်ချင်း မူမူ့ ကို ငါတော်တော်နေလို့မကောင်းဘူး ငါ့နဖူးလေး တစ်ချက်လောက် စမ်းကြည့်ပေးပါလား လို့ပြောလိုက်တယ်... အဲ့ဒီတော့မှ ကိုယ်နည်းနည်းနွေးနေတာသိရတော့တယ်.. သိလိုက်ပြီ.. ဒီနေ့ စိတ်ရှုပ်သွားတာရော မနက် ကဘာတွေမှန်းမသိတဲ့ အရိပ်ကြီးကို မြင်မိတာတွေရော ဇင်ဇင်ပြောလိုက်တဲ့ စကားတွေ စိတ်ထဲရောက်နေတာတွေကြောင့် ညနေ အိမ်ပြန်ရောက်တာနဲ့ ဖျားတော့မှာ အသေ အချာပဲပေါ့လေ.. အိမ်နဲ့ ကျောင်းက တစ်လမ်းကျော်ပဲဝေးတာ.. " သွဲ့ " အမြဲတမ်းလမ်းလျှောက်ပြန်နေကြ.. ဒီနေ့လည်း ကိုယ့်ကိုကိုယ် အားတင်းပြီးလမ်းလျှောက်ပေမယ့် လူကအားမရှိတော့သလို တချက်တချက် ပစ်လဲသွားချင်တဲ့ စိတ်ကို မနည်း အားတင်းလျှောက်ခဲ့ရတယ်.. အိမ်ရှေ့နားရောက်တော့ လမ်းထဲက ခွေးတစ် ကောင် က "သွဲ့ "ကို ကြည့်ပြီးပထမ ဟောင်တယ်... ပြီးတော့ ဆွဲငင်ပြီး အူလိုက်ပါလေရော... လူကဖျားချင်နေတာ အဲဒီခွေး အူလိုက်တဲ့ အသံကြီးက ကြောက်စရာကောင်းနေတာကြောင့် ကြက်သီးတွေတောင် ထမိသွားတယ်... လမ်းထဲက လူကြီးတချို့က ခွေးကို ခဲနဲ့ပေါက်ပြီး မောင်းထုတ်လိုက်ပေမယ့် " သွဲ့ " စိတ်ထဲမှာ လေးလံသတဲ့ လေးလံလာတယ်... " သွဲ့ " တို့ အိမ်က နှစ်ထပ် တိုက်လေးပါ.. ခြံထဲမှာလည်း မေမေ ၀ါသနာပါတဲ့ အပင်လေးတွေ ပန်းတွေ အများကြီးစိုက်ထားတယ်... သွဲ.နေတယ်.အခန်းကအပေါ်ထပ်မှာပါ... ဖေဖေနဲ.မေမေ ကတော့ အောက်ထပ်မှာပဲ နေပါတယ်... အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားတဲ့ အိမ်အကူ တစ်ယောက်ရှိတယ်.. " သွဲ့ " အပါအ၀င် တစ်အိမ်လုံးမှာ လေးယောက်ပဲရှိတာပါ.. အိမ်ထဲရောက်တော့ မေမေ့ကို " သွဲ့ " ဒီနေ့ နေမကောင်းတဲ့ အကြောင်း သွားပြောလိုက်တယ်.. မေမေက အခန်းထဲမှာခဏသွားနားလိုက်အုံး လို့ ပြောတာနဲ့ အိမ်ပေါ်ထပ်တက်လာပြီး ကိုယ့်အခန်းထဲမှာ အ၀တ်အစားလဲပြီး ကုတင်ပေါ်မှာ နားနေလိုက်တယ်.. ရေတောင် မချိုးနိုင်တော့ဘူး.. ကိုယ်ကတော်တော်နွေးနေပြီလေ.. အဲဒါနဲ့ နားနေရင်း ခဏအိပ်ပျော်သွားတယ်.. " သွဲ့ " အရမ်းအိပ်ပျော်သွားခဲ့တာ... မေမေ ဆေးသောက်ဖို့ လာနှိုးတော့မှပဲ "သွဲ."နိုးတော့တယ်... မေမေ အတင်းတိုက်လို့ ဆန်ပြုတ်စား နွားနို့တစ်ခွက်သောက် နောက်ပြီး ဆေးသောက်ပြီး ပြန်အိပ်ခဲ့တယ်.. အိပ်ပျော်မလို့ပဲရှိသေးတယ်.. အခန်းအပြင်ဘက်က လမ်းလျှောက်တဲ့ ခြေသံတစ်ခုကြားလိုက်ရတယ်... အဲဒီအချိန်မှာ " သွဲ့ " သတိထားမိတာက အိမ်ပေါ်ထပ်မှာ ဖိနပ်မှစီးလို့ မရတာလေ... ကြားလိုက်ရတဲ့အသံက ဖိနပ်ကို ရှပ်တိုက် ကြမ်းပြင်နဲ့ ပွတ်တိုက်ပြီး လမ်းလျှောက်လို့ ထွက်လာတဲ့ အသံမျိုး ဖြစ်နေတယ်... တရှပ်ရှပ်နဲ့... ဘာရယ်မဟုတ် ကုတင်ပေါ်မှာထထိုင်ပြီး မေမေလား လို့လှမ်းမေးလိုက်မိတယ်.. ရုတ်တရက် စောစောကကြားတဲ့ ခြေသံကရပ်သွားတယ်.. ပြီးတော့ ခြေသံထပ်ထွက်လာပြန်ရော.. စိတ်ထဲမှာ ဖေဖေများလားလို့ တွေးလိုက်မိပြီး ဖေဖေလား လို့ထပ်မေးမိတယ်.. ခြေသံက ဒီတစ်ခါ မရပ်တော့ဘူး... အရင်ထက်တောင် ပိုပြင်းထန် ပိုမြန်ဆန်လာသလိုပဲ... အခန်းအပြင်ဘက်ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာလေ.. အန်တီလေးပဲဖြစ်ပါစေလို့ စိတ်ထဲက ဆုတောင်းမိပြီး အန်တီလေးလားလို့ ထပ်မေးမိပြန်ရော.. အန်တီလေးက " သွဲ့ " ကို အရမ်းချစ်တာလေ.. " သွဲ့ " အသံကြားရင် ဒီအတိုင်း ငြိမ်နေမှာတော့မဟုတ်ဘူး.. ဒါပေမယ့် ပြန်ထူးသံမကြားရတဲ့အပြင် အပြင်က ခြေသံက ဒီတစ်ခါတော့ တစ်ကယ်တိတ်သွားပြီး ဘာအသံမှ ထွက်မလာတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားတယ်.. တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်သွားလိုက်တာများ ခြောက်ခြားစရာတောင်ကောင်းတယ်.. အဲဒါနဲ့ " သွဲ့ " လည်း ဘာမှန်းမသိပေမယ့် ကြောက်စိတ်တွေ ၀င်လာပြီး ကိုယ်တောင်ပိုပူလာတယ်... နာရီကြည့်လိုက်တော့ ဆယ်နှစ်နာရီခွဲ... ညနေကျောင်းကပြန်လာတုန်းက ခြံရှေ့မှာ "သွဲ့ " ကိုကြည့်ပြီး လာဟောင်နေတဲ့ လမ်းထဲကခွေးအကြောင်း စဉ်းစားမိသွားပြန်တယ်.. " သွဲ့ " က ခွေးချစ်တတ်တယ်လေ.. လမ်းထဲကခွေးတွေကိုလည်း နှစ်ရက်တစ်ကြိမ် သုံးရက်တစ်ကြိမ်လောက် လမ်းထောင့်မှာ အစာကျွေးနေကျ.. လမ်းထဲက ခွေးတွေအကုန်လုံးက " သွဲ့ " ကို ခင်ပြီးသား.. ဟောင်ဖို့နေနေသာသာ " သွဲ့ " လာရင်တောင် ပြေးပြီး ကြိုတတ်ကြသေးတာ.. ဒါပေမယ့် ညနေကတော့...... ခုလည်း အသံတွေ ကြားနေရပြန်ပြီ... "သွဲ." ဘာတွေတွေးပြီးစဉ်းစားနေမိမှန်းမသိဘူး.. မေးတာလည်းပြန်မထူး... ဖေဖေလည်းမဟုတ်ဘူး... မေမေလည်း မဟုတ်ဘူး... အန်တီလေးလည်း မဟုတ်ဘူး ဆိုရင်.. ဒါဆို "သွဲ." " သွဲ့ " ကြောက်လိုက်တာ... မေမေတို့ရှိတဲ့ အောက်ထပ်ပြေးဆင်းရင်ပဲ ကောင်းမလား... အပေါ်ထပ်မှာအခန်းသုံးခန်းတောင်ရှိပေမယ့် " သွဲ့ " တစ်ယောက်တည်းနေရတယ်.. မေမေတို့က လူကြီးတွေဖြစ်နေလို့ မေမေနဲ့ ဖေဖေရော.. အန်တီလေးပါ အောက်ထပ်မှာပဲနေတယ်... တစ်အိမ်လုံးလည်းအိပ်နေကြတယ်... အပေါ်ထပ်တစ်ထပ်လုံးမှာ "သွဲ." တစ်ယောက်တည်းပဲ.. အရေးထဲ အပေါ့က သွားချင်နေတယ်.. " သွဲ့ " အခန်းထဲမှာ အိမ်သာ ရေချိုးခန်းရှိပေမယ့် အခုအချိန် ကုတင်ပေါ်ကနေကို ဘယ်မှ မသွားရဲ့တာ.. ဘာရယ်မဟုတ် စိတ်ကဘာတွေဖြစ်နေမှန်းမသိဘူး... ကုတင်အောက်ကိုငုံ့ကြည့်လိုက်တယ်.. သရဲကားတွေထဲကလို ကုတင်အောက်မှာပဲ ပုန်းနေပြီး ငါ ကုတင်အောက်ဆင်းမှ ခြေထောက်ကို လှမ်းဆွဲမလားလို့ပေါ့.. ဘေးက ဓာတ်မီးယူပြီး ကုတင်အောက်ကို ငုံ့ကြည့်လိုက်မိတယ်.... "အမလေးလေးးးးးးးးးးး ပြူးပြူးကြီး" သေချာကြည့်မှ.. အော် ငါ့နှယ်..ဖြစ်မှဖြစ်၇လေ.. သေချာဓါတ်မီးထိုးကြည့်တော့မှ ဘိုမရုပ်ကြီး.. မေမေ ဟိုတစ်နေ့က အခန်းလာရှင်းပေးတာ အရုပ်တွေထားတဲ့နေရာက ရှုပ်နေတယ်ဆိုလို့ ကုတင်အောက်မှာ တစ်ချို.အရုပ်တွေ လာထားသွားတာကိုး.. တစ်ယောက်ထဲ ဘာမှမဟုတ်ပဲကြောက်နေလို့ ကိုယ့်ဘာသာတွေးမိပြီး ရယ်တောင်ရယ်မိလိုက်သေးတယ်.. အဲဒါနဲ့ ရယ်လိုက်ရလို့ ကြောက်စိတ်နဲနဲပြယ်သွားပြီး အပေါ့သွားချင်လာတာနဲ့ အပေါ့သွားပြီးတော့ ရေချိုးခန်းထဲမှာ အေးအေးဆေးဆေး မျက်နှာပါသစ်လိုက်သေးတယ်... ပြီးမှ တံခါးသေချာပြန်ပိတ် မီးပိတ်ပြီး ကုတင်ပေါ်လှဲချလိုက်တာ.. နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်ပျော်သွားပါတော့တယ်.. ဒီလိုနဲ့ နောက်နေ့ မသက်သာလို့ မေမေက ကျောင်းကိုခွင့်တိုင်ပြီး အိမ်မှာပဲ " သွဲ့ " ကို အနားယူခိုင်းလိုက်ပါတယ်.. " သွဲ့ " အိမ်မှာနေရတဲ့ ရက်ပိုင်းအတွင်း " သွဲ့ " တစ်ယောက်တည်းနေရတဲ့အချိန်တွေမှာ ခြောက်ခြားစရာတွေတော့ အများကြီးပါပဲ.. အခန်းမီးတွေ ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတာတို့ ရေချိုးခန်းထဲက ရေပိုက်က အလိုလိုပွင့်ထွက်ပြီး အလိုလို ပြန်ပိတ်သွားတာတို့ အခန်းထဲမှာ အရိပ်တစ်ခု လှုတ်ရှားသွားလာနေတာတွေကို မြင်ရတာတို့ ဖြစ်ခဲ့ပါတယ်.. " သွဲ့ " ကြောက်ပြီး မေမေတို့ကို ပြောပြခဲ့ပေမယ့် မေမေတို့က " သွဲ့ " နေမကောင်းဖြစ်ပြီး ထင်ယောင်ထင်မှား ဖြစ်နေကြတယ်လို့ ထင်နေကြတယ်လေ.. အိမ်မှာလည်း အရင်တုန်းက အဲ့လို အဖြစ်မျိုးတွေမှ မဖြစ်ခဲ့ဖူးတာ.. " သွဲ့ " တစ်ယောက်တည်းမှာပဲ ဖြစ်ပျက်နေခဲ့တာလေ.. " သွဲ့ " လည်းကြောက်ပြီး အန်တီလေးနဲ့ပဲ သွားအိပ်တော့တယ်.. အန်တီလေး အခန်းထဲရောက်တာတောင် တစ်ခါတစ်လေ " သွဲ့ " တစ်ယောက်တည်းရှိနေချိန် ထူးဆန်းတာတွေဖြစ်နေပေမယ့် အန်တီလေး ရှိတဲ့အချိန်တော့ မဖြစ်ခဲ့လို့ " သွဲ့ " အန်တီလေးနားမှာပဲ နေဖြစ်တော့တယ်... ဒီလိုနဲ့ နောက်နှစ်ရက်လောက်နေတော့ " သွဲ့ " နည်းနည်းသက်သာလာတယ်.. တစ်ညနေမှာ အန်တီလေးနဲ့ အတူ ခြံထဲလမ်းဆင်းလျှောက်ရင်း ဖုန်းလာတော့ အန်တီလေးက အိမ်ထဲဝင်ပြီး ဖုန်းသွားကိုင်တယ်.. ကိုယ့်ခြံထဲဖြစ်နေလို့ စိတ်အေးလက်အေးနဲ့ ဆက်လျှောက်လာရင်း အိမ်ရှေ့က ပိတောက်ပင်ကြီးနားရောက်တော့ ရုတ်တရတ်ဆိုသလို ခေါင်းတွေ ကြီးသွားပြီး ကြက်သီးတွေ တဖြန်းဖြန်း ထလာပါတော့တယ်.. အဲဒါနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ဘက်ကို ပြန်လျှောက်လာခဲ့တယ်.. ဒါပေမယ့် လူနဲ့ စိတ်နဲ့ သိပ်မကပ်သလို .. ကိုယ့်စိတ်က လေထဲမှာ လမ်းလျှောက်နေသလို လွင့်မျောနေတယ်.. အဲဒါနဲ့ အိမ်ထဲ ပြန်ရောက်တော့လည်း ဒေါ်လေး လှမ်းခေါ်တာကို ထူးမိသလို မထူးမိသလို တစ်ချက်တစ်ချက် အသိစိတ်ဝင်လာတဲ့အချိန်မှာ လူက ငေးငေးငိုင်ငိုင်ဖြစ်နေတာပဲ သိတယ်.. နောက် အသိပြန်လွတ်သွားတယ်.. " သွဲ့ " ဘာတွေလုပ်နေမှန်းလည်း မသိဘူး.. " သွဲ့ " သတိထားမိလိုက်တာက နောက်ဖေးက ထမင်းစားပွဲဝိုင်းမှာ ထိုင်ပြီး ထမင်းတွေ ဟင်းတွေကို အားပါးတရစားနေတာပဲ... အသားဟင်းတွေ ပုဇွန်တွေပါတဲ့ ဟင်းတွေဆို အကုန်ပြောင်သွားရော.. အိမ်ကလူတွေကတော့ " သွဲ့ " နေကောင်းခါစမို့ ခံတွင်းလိုက်လို့ စားတယ်ဆိုပြီး ဘာမှမပြောကြပါဘူး.. ဒါပေမယ့် နေ့ဘက်ဆို " သွဲ့ " မှာ အားမရှိသလိုပဲ.. ဘယ်သူနဲ့မှလည်း မတွေ့ချင်တော့သလို ဘာမှလည်း စားချင်စိတ်မရှိဘူး.. ညနေဘက်ဆို " သွဲ့ " လန်းဆန်းလာသလိုပဲ.. ဒါပေမယ့် စိတ်က " သွဲ့ " စိတ်မဟုတ်တော့သလို အစားအသောက်တွေကို အရမ်းခုံမင် တက်မက်လာတယ်.. နောက်ပြီး အရင်တုန်းကဆို ညနေတိုင်း မေမေနဲ့ အတူ " သွဲ့ " ဘုရားရှိခိုးနေကြ.. ခုတော့ မေမေကခေါ်တာတောင် အကြောင်းအမျိုးမျိုးပြပြီး " သွဲ့ " ငြင်းနေမိတယ်.. နောက်ပြီး အစားအသောက်မှာလည်း အသားငါးတွေကို ပိုစားလာတယ်.. အရင်တုန်းက အသားဟင်းတွေ သိပ်မစားတဲ့ " သွဲ့ " က အခု အရမ်းစားလာတော့ အန်တီလေးတောင် အံ့သြပြီး " သွဲ့ " ကိုမယုံသက္ခာတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတယ်.. ကိုယ့်အချစ်ဆုံး အန်တီလေးက ကြည့်တဲ့ အဲ့လို အကြည့်တွေကို " သွဲ့ " မခံစားနိုင်ပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့ " သွဲ့ " ရဲ့စိတ်တွေကို ထိန်းချုပ်လို့မရဘူးဖြစ်နေတယ်.. ဒီလောက် အစားတွေ အများကြီးစားတာတောင် တဖြေးဖြေးနဲ့ " သွဲ့ " ပိန်သတဲ့ ပိန်လာတယ်.. နောက်တော့ မေမေနဲ့ ဒေါ်လေးတိုင်ပင်ပြီးတော့.. ပယောဂဆရာတစ်ယောက်ကို ဖေဖေမရှိတဲ့အချိန်မှာ အိမ်ကိုပင့်လာတယ်.. ဖေဖေက ဒါတွေကို အယုံအကြည်ရှိတဲ့လူတစ်ယောက်မဟုတ်ဘူးလေ.. အဲဒီ ပယောဂဆရာ လာတဲ့အချိန်ဆို " သွဲ့ " စိတ်တွေကို ထိန်းချုပ်ရတာ ပိုဆိုးတယ်.. တစ်ခါတစ်ခါ မထိန်းချုပ်နိုင်တော့ဘူး.. အဲဒီလို အချိန်မျိုးဆို " သွဲ့ " ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိလိုက်ဘူး.. အသိစိတ်ဝင်တဲ့အချိန်ကျတော့ အဲဒီပယောဂ ဆရာထွက်ပြေးပြီး " သွဲ့ " လည်းပင်ပန်းပြီး ကျန်ခဲ့တာပဲ.. နောက်တော့ ပယောဂဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားခဲ့ပေမယ့် " သွဲ့ " အခြေအနေက ကောင်းမလာဘဲ ပိုပိုဆိုးလာပြီး နောက်ဆုံး အရိုးပေါ်အရည်တင်တဲ့ အခြေအနေမျိုးရောက်သွားတယ်.. မေမေတို့ကလည်း " သွဲ့ " ကို အထူးဂရုစိုက်စောင့်ရှောက်ပေးကြပေမယ့် " သွဲ့ " ရဲ့ ထူးဆန်းတဲ့အခြေအနေကို ကြောက်ကြဟန်တူပါတယ်.. မေမေတို့ မျက်နှာမှာ စိုးရိမ်ထိတ်လန့် ပူပန်မှုတွေ အများကြီးတွေ့ရတယ်.. နောက်ပိုင်း တစတစပိုပိုဆိုးလာပြီး ရေခဲသေတ္တာထဲက အသားစိမ်းတွေကို ဒီအတိုင်းစားတဲ့အခြေအနေမျိုးအထိတောင် ဆိုးဝါးလာပါတော့တယ်.. တစ်နေ့တော့ ၀တ်ဖြူစင်ကြယ်နဲ့ လူတစ်ယောက်ကို မေမေတို့ ပင့်ဆောင်လာတယ်.. အဲဒီလူက အိမ်ပေါက်ဝရောက်တာနဲ့ ဂါထာတွေကို စတင် မန်းမှုတ်တော့တာပဲ.. သူလာတယ်ဆိုတာ မကြည့်ဘဲ " သွဲ့ " စိတ်က အလိုလို သိနေခဲ့တယ်.. အခု ပြောပြနေတဲ့အကြောင်းအရာတွေဟာ " သွဲ့ " ကိုယ်တိုင်ဖြစ်ပျက်ခံစားနေရတာတွေရော၊ " သွဲ့ " အသိစိတ်လွတ်သွားတဲ့အချိန် မေမေတို့ ပြန်ပြောပြတာတွေရော ပေါင်းစပ်ထားတာပါ.. ဒီတစ်ခါတော့ " သွဲ့ " စိတ်တွေ ခါတိုင်းထက်ပိုပြီး သောင်းကျန်း ဆိုးဝါးလာတယ်.. အဲဒီနောက် " သွဲ့ " ခန္ဒာကိုယ်မှာ " သွဲ့ " အသိစိတ် လုံးဝမဲ့သွားတယ်.. ဖြစ်ပျက်ပုံတွေကတော့ အဲဒီဆရာက " သွဲ့ " ခန္ဒာကိုယ်ထဲ ၀င်ရောက် စားသောက်နေတဲ့ မကောင်းဆိုးရွားကောင်ကြီးထက် အစွမ်းထက်တဲ့အတွက် နောက်ဆုံး မကောင်းဆိုးရွားကောင်ကြီးက အရှုံးပေးလိုက်ရပြီး သူ့အပြစ်တွေကို ၀န်ခံသွားပါတယ်.. အဲဒီမကောင်းဆိုးရွားကောင်ကြီး ပြောတာကတော့ သူက ကျောင်းဝင်းထဲက ညောင်ပင်ကြီးက သရဲကြီးတစ်ကောင်ဖြစ်ကြောင်း၊ သူ့ခန္ဒာကိုယ်ကို ဒီညောင်ပင်အောက်မှာ မြုပ်နှံထားတာ ကြာပြီဖြစ်ကြောင်း၊ တစ်နေ့တော့ ဇင်ဇင်ဆိုတဲ့ ကောင်မလေးက သူ့ရဲ့အရိုးအပိုင်းအစလေးကို ရသွားပြီး လူရိုးမှန်းသိတာနဲ့ အောက်လမ်းဆရာတစ်ယောက်အကူအညီနဲ့ ယခုလက်ရှိ ၀င်ပူးကပ်ခံနေရတဲ့ " သွဲ့ " ကို ဒုက္ခပေးအသေသတ်ရန် ရည်ရွယ်ခိုင်းစေခဲ့ကြောင်း၊ သူကလည်း အသေလုပ်တာမှန်ပေမယ့် ကောင်မလေးရဲ့ ကုသိုလ်ကောင်းမှုတွေက အဟန့်အတားဖြစ်စေခဲ့လို့ တဖြေးဖြေးသေစေရန် ရည်ရွယ်ပြီး ပူးကပ်ရခြင်းဖြစ်ကြောင်း၊ အခုလုပ်နေတာကလည်း အောက်လမ်းဆရာ ခိုင်းစေလို့ဖြစ်ကြောင်း ပြောပြတဲ့အခါ ဆရာက ဒီကလေးမလေးကို မပူးကပ် ဒုက္ခမပေးအောင် မေတ္တာရပ်ခံပါတော့တယ်.. သရဲကြီးဟာ ပထမတော့ အောက်လမ်းဆရာကို ပိုကြောက်ရတဲ့အကြောင်းပြောပြီး တင်းခံနေပါသေးတယ်.. ဒါပေမယ့် နောက်ဆုံး မရနိုင်တော့အခါမှ နောက်မနှောင့်ယှက်တော့ဘူးလို့ ကတိပေးပြီး ထွက်သွားပါတော့တယ်.. အဲဒီတော့မှ မေမေနဲ့ ဒေါ်လေးလည်း သက်ပြင်းချနိုင်ပါတော့တယ်... ဒီအဖြစ်အပျက်တွေလွန်မြောက်ပြီး နောက်တစ်ရက်နှစ်ရက်နေတော့ " သွဲ့ " လည်း ပြန်လည်ကျမ်းမာလာပြီး ကျောင်းပြန်တက်ဖို့လုပ်ပါတော့တယ်.. " သွဲ့ " ပထမဆုံး ကျောင်းပြန်တက်တဲ့နေ့မှာပဲ.. ထိတ်လန့်တုန်လှုတ်စရာ သတင်းတစ်ခု ကြားရပါတော့တယ်.. အဲဒါကတော့ ဇင်ဇင်တစ်ယောက် ကားအက်စီးဒင့်တစ်ခုဖြစ်ပြီး သေဆုံးသွားရတဲ့ သတင်းပါ.. " သွဲ့ " တကယ်ပဲ စိတ်မကောင်းဖြစ်ပြီး ငိုမိပါတယ်.. သူ့ဘက်က ဘယ်လိုပဲ ကိုယ့်ကို မုန်းမုန်း အပြုံးမပျက်ဆက်ဆံပါဆိုတဲ့ မေမေ့ရဲ့ ဆုံးမစကားလေးအတိုင်း သူ့ကို အကောင်းဆုံး ပြန်လည်ဆက်ဆံနိုင်ဖို့ " သွဲ့ " ကြိုးစားခဲ့ပေမယ့် " သွဲ့ " ဆန္ဒတွေဖြစ်မလာနိုင်တော့ဘူးလေ.. မနာလိုမှုတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသမီးဟာ နောက်ဆုံး ကိုယ်ကိုယ်တိုင်ပဲ လောင်ကျွမ်းပြာကျသွားနိုင်တဲ့အကြောင်း ဒီဇာတ်လမ်းလေးကို ပြောပြရင်း စာဖတ်သူမန်ဘာအပေါင်း သံဝေဂယူနိုင်ကြပါစေ.. လောကမှာ သူတပါးအပေါ် မကောင်းမြင်တဲ့စိတ် မနာလိုမှုစိတ်ထား ကင်းနိုင်ကြပါစေ..လို့ ဆုတောင်းရင်းးးး
Credit by Shweyi Phyozaw
ADMIN @_# TH!t P!N
### သရဲ တစ်ကောင်ရဲ့ နောက် ဆုံး ဘဝ ###
ရာသီက မိုးဥတု။ ကျောက်ကုန်းရွာ တစ်ရွာလုံး ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ ငြိမ်သက်လျက်..
တစ်ရွာလုံးမှာမှ ထူးထူးခြားခြား မီးရောင်လေး လင်းနေတာက ကိုဘဦးရဲ့ အိမ်။ ကိုဘဦးတို့ လင်မ
ယားက မရှိဆင်းရဲသူ၊ ဆင်းရဲသားပီပီ ရ သမျှ အလုပ်ကို လုပ်ကိုင်ကြရသူများ...။ သူများတွေ အိပ်ေ
မာကြနေတဲ့ အချိန်မှာတောင် ကိုဘဦး နဲ့ မနု တို့ လင်မယား မအိပ်နိုင်ကြသေး။ အခုလည်း ဘုရားပွဲ
အတွက် အသားငါး မ၀ယ်နိုင်၍ ၀က်သားရရန်အတွက် ၀က်သားကိုင် သွားဖို့မအိပ်ပဲ ရှိနေကြခြင်းဖြစ်
သည်။
“မနု ဓါတ်မီး အားရှိလားဟ..”
“ရှိတယ်လေ ကျုပ် ဓါတ်ခဲ အသစ်တစ်စုံ ၀ယ်ထည့်ထားတယ် .. ဒီမှာ လိုအပ်တဲ့ ပစ္စည်း အကုန်ထ
ည့်ထားတယ်..”
“အေး အဲဒါဆိုပေး ငါသွားတော့မယ်...”
ကိုဘဦး တစ်ယောက် လွယ်အိတ်ကလေး လွယ်ပြီး တောင်ဘက်ရွာကို ၀က်ကိုင်သွားလေသည်။တေ
ာင်ဘက်ရွာနဲ့ မြောက်ဘက်ရွာ ဆိုတာ သိပ်မဝေးလှ...။ ကြားထဲမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့
စာသင်ကျောင်းတစ်ကျောင်း... အဲဒီရဲ့ ဘေးမှာတော့ လယ်ကွင်းပြင်ကြီးတစ်ခု...။ လမ်းတစ်လျှောက်
မှာတော့ အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးတွေက အများသား...။ အဲဒီ အပင်တွေထဲကမှ သုံးပင်တွဲ တမာပ
င် နဲ့ ကုက္ကိုပင် က သရဲခြောက်တဲ့ နေရာမှာ နာမည်ကြီး အပင်များ...။
ကိုဘဦး ရွာထဲက ထွက်တဲ့ အချိန်မှာတော့ ခွေးအူတဲ့ အသံကြီးကလွဲ၍ ဘာမှ မထူးခြား...။ ကိုဘဦး
တစ်ယောက် ခွေးအူသံကို သတိမထားနိုင်...။ တစ်ယောက်တည်း လေလေးချွန်လိုက်၊ သီချင်းလေး
ဆိုလိုက်နဲ့ သွားလေပြီ...။ ရွာ့အပြင်ဘက်ရောက်တဲ့အခါမှာတော့ လေတိုက်နေတာကို တွေ့လိုက်ရေ
လသည်။ တဖြည်းဖြည်းနဲ့ နာမည်ကြီး တမာပင် သုံးပင်ကို ရောက်လာလေပြီ...။ မကြောက်တတ်တဲ့
ကိုဘဦး ထူးထူးခြားခြား ကြက်သီး တဖြန်းဖြန်းထသွားလေသည်... ဘာကြောင့် ဆိုတာတော့ မသိ။
နာမည်ကြီး တမာပင် သုံးပင်ကို ကြက်သီးထထနဲ့ သေချာ ကြည့်လိုက်သည်...။ အမှောင်ထဲဆိုတော့
တမာပင်ကြီး သုံးပင်က ကြောက်မက်ဖွယ်ရာ...။ နောက်တော့ ကိုဘဦးတစ်ယောက် ရှေ့ဆက်ပြီးသွ
ားလိုက်ပါသည်...။ သွားရင်း သွားရင်းနဲ့ နာမည်ကြီး ကုက္ကိုပင်ကြီးနဲ့ နီးလာပေပြီ... သူ ဂရုတစိုက်နဲ့
သွားလိုက်တော့ သူနဲ့ မလှမ်းမကမ်းက လူတစ်ယောက်ကပ်ပါလာသလို ခံစားမိလေသည်။ ကြက်သီ
းကလည်း တဖြန်းဖြန်း ထလို့နေပါသည်...။ သူ ခြေသံကို ကြားတော့ နောက်ကို လှည့်မကြည့် ဖြည်း
ဖြည်း လျှောက်ရင်း နားစွင့်လိုက်တော့ ခြေသံကလည်း ခပ်ဖြည်းဖြည်း...၊ သူ မြန်မြန်လျှောက်ကြည့်
တော့ ခြေသံက ခပ်မြန်မြန်...။ ရပ်ပြီး နားစွင့်လိုက်တော့ ခြေသံက ငြိမ်လို့... သူ နောက်ကို လှည့်ကြ
ည့်ပြီး ဓါတ်မီးနဲ့ လှည့်ပတ်ထိုးလိုက်ပါသည်...။ ဘာကိုမှ မတွေ့ရ သူနဲနဲ လန့်တော့ လာလေပြီ...။ ရပ်
နေလို့ကလည်း မဖြစ် ရှေ့နည်းနည်း ဆက်တိုးလိုက်လျှင် ကုက္ကိုပင်ကြီးကို ရောက်တော့မည်...။ တချ
က်ချက် ခွေးအူသံတွေက နားထဲ ရောက်ရောက်လာပါသည်...။သူ နောက်ပြန်လှည့်ရင် ကောင်းမလ
ား စဉ်းစားမိလိုက်တော့ ဘုရားပွဲမှာ ချက်ဖို့ အသားက လိုအပ်နေပြန်တော့ ပြန်လှည့်လို့က မဖြစ်..တ
ချက်တချက်မှာ ကလေးငိုသံလိုလို ၊နေမကောင်းတဲ့သူ တစ်ယောက်ငြီးနေသလိုလိုက ကြားမိသေး..
အဲတော့ ကိုဘဦး ကြောက်သည်မှာ မဆန်းတော့...။
ကိုဘဦးတစ်ယောက် ကုက္ကိုပင်ကြီးအောက် ရောက်တော့ စက်ဘီးတစ်စီး လာနေတဲ့ အသံကို ကြား
၍ အားကိုးတကြီး အဖော်ရပြီ ဆိုတဲ့ အတွေးနဲ့ နောက်လှည့်ပြီး ရှောင်ပေးလိုက်တော့ ဘာမှမရှိ၊ ငြီး
သံက တဖြည်းဖြည်း ကျယ်လာပြီ...။ သူ ချွေးစေး တွေ ပြန်လာပြီ... အဲဒီ နောက်တော့ ဖိနပ် ကို
ကုန်းကောက်ပြီး တောင်ဘက်ရွာသို့ အတင်းပြေးလေသည်။ သူ့ပြေးတဲ့ နောက်က ထပ်ကြပ်မကွာ
လိုက်လာတဲ့ ခြေသံ တစ်ခုကိုလည်း ကြားနေမိပါသည်...။ ကိုဘဦးကတော့ ရွာထဲ ရောက်တဲ့ အထိ
အမော တကော ပြေးလေသည်။ ရွာထဲကို ခြေချမိမှ အသံကလည်း တိတ်သွားသည်။ သူ ကြောက်
ကြောက်နဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ ဆံပင်စုတ်ဖွားဖွား ၊ မျက်လုံးပြူးပြူး နဲ့ ပါးစပ်ကလည်း
အစာစားချင်တဲ့ ပုံစံနဲ့... ကိုဘဦး အရမ်းလန့်ပြီး ၀က်ကိုင်မဲ့ အိမ်ကို ပြေးလေပြီ...ဟိုအိမ်လည်း ရော
က်ရော ကိုဘဦးက အမူအယာတွေ ပျက်နေလေပြီ...။ မျက်လုံးကြီးက ကြောက်စရာ ကောင်းလော
က်အောင် ပြူးပြီး၊ ပါးစပ်ကလည်း တဘောက်ဘောက် နဲ့ ဗလုံးဗထွေး ထွက်လာတဲ့ အသံကလည်း
ကြောက်စရာ..
“ငါ့ကို ကျွေးစမ်း ငါမစားရတာ ကြာပြီ ငါ့ကို အဲဒီ အသားကျွေးစမ်း..”
ဘေးကလူတွေကလည်း ကိုဘဦး နောက်နေတယ်လို့ပဲ ထင်ကြပါတယ်...။ အဲဒါကြောင့် ကိုဘဦးကို
ပြန်စတဲ့ သဘောနဲ့ ၀က်သားတုံးကြီး ပစ်ပေးလိုက်ပါသည်...။ ကိုဘဦးလည်း အငမ်းမရ ဖမ်းပြီး စားေ
နပုံက ကြောက်မက်ဖွယ်ရာ...။ကိုဘဦးရဲ့ နဂို ပုံစံက ပျောက်နေပြီ...။စားရင်းတန်းလန်း “နင်တို့ အား
လုံးကို ငါသတ်အုံးမှာ... ငါ့ကို မသေပဲ မြေမြှုတ်ထားတဲ့ နင်တို့တွေကို ငါစားအုံးမှာ .... ဟား...ဟား..
ဟား....” ရယ်နေတဲ့ ပုံကလည်း ကြောက်မက်ဖွယ်ရာ အတိ။
“ကိုဘဦး ခင်ဗျား ဘာဖြစ်တာတုန်း ကျုပ်တို့ကို ပြောအုံးလေ..”
“ဘာ ဘဦးတုန်း ငါ ဘဦးမဟုတ်ဘူး.. ငါ့နာမည် သဲဝါ... ဟား..ဟား...ဟား... ဟီး..ဟား..ဟား..”
ပုံစံက သရဲ တကောင်အလား...ဘေးက လူတွေ စပြီး ကြောက်လာကြပေပြီ...။ ၀က်ကိုင်လာတဲ့ အ
ထဲက တစ်ယောက်က သူ သရဲဝင်ပူးနေတာကွ...။ ဦးသာခိုကို အမြန်သွားခေါ်ကြ...။ ဘေးက လူတွေ
လည်း အမြန်ပြေးကြလေပြီ...။
ခဏနေတော့ ပြေးခေါ်တဲ့ လူတွေနဲ့ ဦးသာခိုပါလာပါသည်။
“အားလုံးဖယ်ကြစမ်း... ငါကြည့်စမ်းမယ်...” ဦးသာခို ပြောလိုက်ပါသည်...
အားလုံးလည်း အားကိုးတကြီးနဲ့ကြည့်ပြီး ဘေးကို ဖယ်ပေးလိုက်ပါသည်...။
ကိုသာဦး တဖြစ်လဲ သရဲမ မသဲဝါကတော့ အငမ်းမရ ၀က်သားတုံး သွေးတရဲရဲကို စားတုန်း..။ အောင်
တင် ရေသန့်သန့် တစ်ခွက် ခပ်ခဲ့စမ်း.။
“ ရပါပြီ ဆရာ...” ကိုအောင်တင် ရေတစ်ခွက် လှမ်းပေးလိုက်ပါသည်။
ဦးသာခို ရေခွက်ကို လှမ်းယူပြီး ပါးစပ်ကလည်း ရွတ်ဖတ်နေတယ် ဆိုတာ သိသာလွန်းလှပါတယ်...။
နောက်တော့ ရေမန်းခွက်ကို တိုက်လိုက်ပါသည်...။ မသဲဝါ ရေခွက်ကို ပုတ်ချလိုက်ပြီး...
“ဟား..ဟား...ဟား... ဒီဆရာလောက်တော့ အေးဆေးပဲ... အသေသတ်မယ် ဒီဆရာကိုလည်း.. ” မ
သဲဝါ ပွဲကြမ်းလေပြီ...။ ဘေးက လူတွေကိုလည်း ဆွဲပြီး ဂုတ်ခွ စီးလေပြီ...။ အဲလို ကြမ်းလာပြီဆိုတော့
ဦးသာခို လုပ်မှ ရတော့မည်...။ သူ့ရဲ့ အစွမ်းနဲ့ သရဲမကို ချုပ်လိုက်လေသည်...။ အဲဒီအချိန်မှာတော့ သ
ရဲမက ကိုသာဦးရဲ့ ခန္ဓာကိုယ် မှ ခွါလိုက်ပါသည်။ ဆရာက ချုပ်လိုက် သရဲမက ခွါလိုက်နဲ့ ဦးသာခို ဒီသ
ရဲမကို မနိုင်တော့ပြီ...။
အဲနောက်တော့ ဦးသာခို သူ့ဆရာကြီး ဦးဖိုးမောင်ကို သွားခေါ်ခိုင်းလိုက်ပါသည်။ မကြာမှီမှာပဲ ဦးဖိုးမေ
ာင် ရောက်လာပြီး သရဲမကို ချုပ်လိုက်ပါသည်...။ သရဲမလည်း ငြိမ်လို့ ...။ အထက်လမ်း ဆရာဆိုတာ
သရဲ၊ တစ္ဆေ၊ စုန်း.. စတဲ့ အရာတွေ ကို သတ်ခွင့်မရှိ...။ အဲတော့ ဘေးကလူတွေကို မျက်စပြစ် ပြလို
က်ပါသည်...။ ဘေးကလူတွေလည်း သရဲမကို ၀ိုင်းပြီး ရိုက်ကြလေပြီ...။ သရဲမလည်း ...
“ ဆရာကြီးရယ် ကြောက်ပါပြီ.. နောက်မလုပ်တော့ပါဘူး...” ငိုယိုပြီး တောင်းပန်ရှာလေသည်...။
“အေး ဒါဆို ဘာလို့ ဒီထိ လိုက်လာရတာလဲ ပြောစမ်း...”
“အစာ စားချင်လို့ လိုက်လာတာပါ... ”
“နောက် ဒါမျိုးလုပ်အုံးမလား ပြောစမ်း...”
“ မလုပ်တော့ပါဘူး...”
ကိုင်း မင်းတို့တွေ သိချင်တာ ရှိရင် မေးနိုင်တယ် မေးကြ... ဦးဖိုးမောင်ဘေးက လူတွေကို မေးခွင့်ပြုလို
က်ပါသည်။ အဲလို မေးခွင့်ပြုတော့ ကိုအောင်တင် မေးလေပြီ...
“သရဲမ နင်ဘယ်ကနေ လိုက်လာတာလဲ ပြောစမ်း...” ကိုအောင်တင် မေးလိုက်တော့ မျက်လုံးကြီးပြူး
ပြီး မထီမဲ့မြင် လုပ်နေပုံက မြင်ရသူ အားလုံး မျက်နှာ လွှဲထားရတဲ့ အဆင့်ထိ...။
“ဟဲ့.. နင့်ကို မေးနေတာ ဖြေလိုက်လေ...” ဦးဖိုးမောင် ပြောလိုက်မှ...
“ ရွာမြောက်ဘက် စာသင်ကျောင်းဘေးက ကုက္ကိုပင်ကြီးမှာ နေပါတယ်...”
“ အဲဒီ အပင်ကြီးမှာ နင်ဘာလို့ နေရတာလဲ... နင် တစ်ကောင်ပဲ နေတာလား...”
“ မဟုတ်ပါဘူး.. သရဲလေးတွေရော၊ သရဲကြီးတွေရော၊ သရဲမတွေရော အားလုံး ကုက္ကိုပင်ကြီးနဲ့ တမာ
ပင် သုံးပင်မှာ နေကြတာပါ...”
“နင် အဲဒီမှာ နေတာ ကြာပြီလား..”
“ ကြာပြီ အစက သုဿန်ဘေးက တမာပင်ကြီးပေါ်မှာ နေတာပါ... အဲဒီ အပင်ကြီးကို ပိုင်ရှင်က မူးမူး
ပြီး သေးနဲ့လည်း ပန်းပါတယ်...။ တမာပင်ကြီးကို သံမှိုလည်း လာလာရိုက်ပါတယ်...။ အဲဒါကြောင့် နေ
မရလို့ ဒီ အပင်ကြီးကို ရွှေ့လာတာပါ...”။
“ နင် ဘယ်လို လူမျိုးကို ကြောက်လဲ...”
“ နွားကျောင်းသားနဲ့ ဘုန်းကြီး တွေကို ကြောက်ပါတယ်...။ နွားကျောင်းသားတွေက လက်သရမ်းပါတ
ယ်..။ ခွနဲ့ လျှောက်လျှောက်ပစ်လို့ပါ... ဘုန်းကြီးတွေက သင်္ကန်းပါတော့ သူတို့ လက်ရမ်းသွားတဲ့ အခါ
မျိုးမှာ တိုက်မိရင် ငါတို့ ခံရတယ်...”
“ငါတို့ ခြောက်လှန့်တဲ့ အခါမျိုးမှာ လူသားတွေက ကြောက်လန့်ပြီး ဘုရားတပြီး ၀ပ်ချ လိုက်ရင် ငါတို့ေ
တွက စကြာဝဠာ ကြီးရဲ့ နံရံကို သွားပြီးဦးခေါင်းနဲ့ တိုက်ခံရပါတယ်...”။
“ဘယ်လို အချိန်မျိုးမှာ နင်တို့ရှိနေတာလဲ... လူသားတွေကို နင်တို့ ရှောင်လား”
“ ငါတို့ အမြဲတမ်း လူတွေနားမှာ ရှိနေတာပဲ... လူသားတွေ နဲ့ ငါတို့ ရှောင်တဲ့အခါမှာ လူသားတွေက နွေ
းနွေး ကြီးခံစားရပြီး အလိုလို ကြက်သီးထလိမ့်မယ်.. အဲဒါဆိုရင် ငါတို့ လူတွေရဲ့ ဘေးမှာ ရှိနေတာပဲ..”
“ လူတွေ အားလုံးကို နင်ခြောက်လှန့်တာပဲလား...”
“ ဘုန်းကံ မြင့်နေတဲ့ လူတွေကို ခြောက်လှန့်လို့ မရပါဘူး... ကံနိမ့် နေတဲ့သူတွေကိုပဲ လှန့်တာပါ... လှ
န့်တယ် ဆိုတာထက် လူတွေကို နှုတ်ဆက်တဲ့ သဘောပါ...။ အဲဒါကို လူတွေက ကြောက်လန့်နေကြတ
ာပါ...”။
“ ဒါဆို အခု လှန့်ရုံ မလှန့်ပဲ ဘာကြောင့် ရွာထဲ အထိ လိုက်လာရတာတုန်း...”
“ အစာ စားချင်လို့ပါ...”
“အေး အဲဒါဆို နောက် ဒါမျိုးလုပ်အုံးမလား ငါ့ကို ပြောစမ်း”
“ မလုပ်တော့ပါဘူး...”
“ အေး နင် ဒီဘ၀က မကျွတ်ချင်ဘူးလား...”
“ မကျွတ်ချင်ဘူး ငါ့ကို မသေပဲ မြှုတ်ထားတဲ့ လူတွေရော၊ တစ်ရွာလုံးရော ကလဲ့စား ချေရအုံးမယ်..”
“အဲဒါတွေက မသိလို့ ဖြစ်ခဲ့တာပဲ သရဲမ... မင်းခွင့်လွှတ်ပေးရမယ်...၊ အဲလိုမျိုးကလဲ့စားချေရင် သံသ
ရာ ဆုံးမှာ မဟုတ်တော့ဘူး သရဲမ...”
ဦးဖိုးမောင် တစ်ယောက် မမောနိုင်၊ မပန်းနိုင် ရှင်းပြ ပြောဆို မေးမြန်းပြီး တရားဟောလိုက်တော့မှ...
သရဲမက...
“ ကျွတ်ချင်ပါတယ် ဆရာ... ငါ့အတွက် ကုသိုလ် ကောင်းမှုလုပ်ပြီး သဲဝါရေ အမျှ ၊ အမျှ ၊ အမျှ လို့ခေါ်
လိုက်ပါ... ငါ ကျွတ်သွားလိမ့်မယ်...”
ကိုင်း... အားလုံး ဘေးဖယ်ထား သရဲမ ထွက်လို့ ရအောင် ...။ အားလုံးလည်း ဘေးကို ဖယ်လိုက်ကြပါ
သည်...။ အဲဒီ အချိန်ကြမှ ဖယ်ကျ ဘေးကို ဖယ်ကျ သရဲမထွက်တော့မယ်... ဖယ်ကျလေ...။ ကိုဘဦး
တစ်ယောက် ကယောင်ကတမ်း လျှောက်ပြောနေခြင်းဖြစ်ပါသည်။
“ အဖေ၊ အမေ လာပါအုံးတော့ ဟောဒီမှာ ကိုဘဦး သတိရလာပြီ... ” မနု အဲလို ပြောလိုက်မှ အား
လုံး ပြေးလာကြပါသည်။
“ငါ့သားကြီး သတိရလာပြီ... ငါ့သားကြီး သတိရလာပြီ...”
“အမေ.. အဖေ .. ဦးဖိုးမောင်တို့ အောင်တင်တို့ ဘယ်ရောက်သွားပြီလဲ.. ကျုပ်..၀က်သားရော ရခဲ့ရဲ့လ
ား..”
“ ဘဦး မင်း ဘာတွေ ပြောနေတာလဲ အမေတို့ နားမလည်တော့ဘူး..။ ငါ့သား သတိလစ်နေတာ နှစ်ရ
က်ရှိသွားပြီ... မင်းကို သေပြီလို့ သတ်မှတ်ထားကြတာ...။ အခု ငါ့သား သတိပြန်ရလာပြီ...။”
ကိုဘဦး ဘာတွေ ပြောနေမှန်း နားမလည်နိုင်...။
“အမေ ကျုပ်က ဘာဖြစ်လို့ သတိမေ့နေတာလဲဗျ.. သေချာ ပြောပါအုံး”။
“ ဒီလို ငါ့သားရေ မင်း ဘုရားပွဲ နီးပြီ ဆိုပြီး သစ်ပင် တက်ချိုင်တာ အဲဒါ သစ်ပင်ပေါ်က ပြုတ်ကျတာေ
လ.. ပြုတ်ကျခါစက မင်းပါးစပ်က ပြောနေသေးတယ် အောင်တင်တို့ဆီ ၀က်သားသွားယူမယ် ယူမယ်
ဆိုပြီး သတိလစ်သွားတာ အခုမင်းသတိပြန်မလည်ခင် အထိပေါ့..အမေတို့က ငါ့သားကို သေပြီထင်ေ
နတာ...”။
သူ့အမေ စကားများကို နားထောင်ရင်း သူ သစ်ပင်ခုတ်ရင်း စဉ်းစားခဲ့တာတွေကို ပြန်လည်သတိရသွား
ပါသည်။ ငါ သစ်ပင် ခုတ်ပြီးရင် တောင်ဘက်ရွာကို ၀က်သား သွားမှာထားမှ ဖြစ်မယ် ဘုရားပွဲ အခါဆို
ရင် ကြိုမှာထားမှ အဆင်ပြေမှာ...။ ဘုရားပွဲ အခါမှတော့ တောင်ပိုင်းက ငဘဦးပဲ ကောင်းတယ်.. ပိုက်
ဆံ မရှိပေမယ့် ၀က်သတ်ပြီးသားကို ကူပြီး လှီးဖြတ်ပေးရင် အလကားရတာ...စဉ်းစားရင်း လက်ကချေ
ာ်ပြီး အောက်ကို ပြုတ်ကြသွားလေသည်...။ အဲဒီနောက်မှာတော့ ....
ကိုဘဦး တစ်ယောက် သတိလစ်ပြီး ၀ိဥာဉ်လွင့်ကာ လျှောက်သွားရင်း သူကိုယ်တိုင် ရွာတောင်ပိုင်းက
ကိုဘဦး ဘ၀ရောက်ကာ.. ၀က်ကိုင်သွားရင်း သရဲမ မသဲဝါနဲ့ တွေ့ဆုံခဲ့ရခြင်းဖြစ်ပေသည်။ အမှန်တက
ယ်တော့ တောင်ဘက်ရွာက အထက်လမ်းဆရာကြီး ဦးဖိုးမောင် ဆုံးသွားတာသုံးနှစ်တောင် ရှိပြီလေ...။
အဲဒီ အကြောင်းအရာတွေ အားလုံး မိသားစုကို ပြောပြလိုက်ပါသည်။ မိဘတွေကလည်း အံ့သြ ၊ တစ်ရွာ
လုံးကလည်း အံသြလို့ နေပါသည်။ ကိုဘဦး ပြောပြခဲ့တာ ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ..
မိဘတွေက ကုသိုလ်ကောင်းမှုလေး လုပ်ပြီး အမျှဝေဖို့ ခွင့်ပြုလိုက်ပါသည်။ အဲဒီနောက်မှာတော့ ကိုဘ
ဦးတစ်ယောက် ကုသိုလ်ကောင်းမှုလေး လုပ်ပြီး ကုက္ကိုပင်ကြီးအောက်ကို အမျှအတန်း ပေးဝေ ပေးလို
က်ပါသည်။ တစ်ချိန်တည်းမှာပဲ ကုက္ကိုပင်ပေါ်က ကြီးမားလှတဲ့ ပုတ်သင်ညိုကြီးတစ်ကောင် ဖုတ်ကနဲေ
အာက်ပြုတ်ကျ လာပါတော့သည်။
ကိုဘဦးကတော့ အဲဒီ အကောင်ကြီးဟာ မသဲဝါ ဘ၀ပြောင်းသွားတယ် ဆိုတာကို လက်ခံ ယုံကြည်လို
က်ပါတော့သည်။ ကိုဘဦးရဲ့ မျက်နှာမှာလည်း ပီတိဖြစ်ပြီး မျက်ရည်များကျနေတယ်ဆိုတာ.............
..............
လေးစားလျက်
Credit to Yarzar ( Kyayy Latt Thar Lay )
ADMIN @_# TH!t P!N
### တံခါးဖွင့်ပါ မကြည်ပြာ ###
သူမနာမည်ကြည်ပြာသိန်း။ တောသူမက မြို့သူမကျလို့ပြောရမည့် ပေါက်တန်းရွာပေါက် ဒိတ်ကုန်းသူ။ တောမကမြို့မကျအရပ်ကလေးဖြစ်လေတော့ မစည်ကားသော်လည်း မခြောက်သွေ့ဟုပင်ပြောရမည့် အရပ်ကလေးဖြစ်သည်။ ပေါက်တန်းရွာသူအဖြစ်မွေးဖွားလာပြီး ရွာချင်းကပ်ဒိတ်ကုန်းသား ညီဇန်နဲ့အိမ်ထောင်ကျခဲ့လေတော့ ဒိတ်ကုန်းသူဖြစ်ခဲ့ရသည်မှာ ၅နှစ်ခန့်ပင်ရှိရော့မည်။ သို့သော် နှမလေးပျို့မောင်ကြီး အိမ်ထောင့်ဦးစီး ညီဇန်တစ်ယောက်ကတော့ အိမ်ကပ်သည်ဟုပင်မရှိ။ အလုပ်အကိုင်က မြေတူးစက်မောင်း သူဖြစ်လေတော့ မိုးလေးလသာ အိမ်တွင်ရှိတတ်ပြီး ဆောင်းဦးပေါက်မှစ မိုးဦးကျချိန်ထိ မြန်မာနိုင်ငံအနှံ့ခြေဆန့်နေရသူ။ တစ်ခါတစ်ရံ site ကကြီးလို့ အခြေချလုပ်ကိုင်ရလျင်တော့ မိကြည်ပြာကို လှမ်းခေါ်၍ အတူတကွနေရင်း အလုပ်လုပ်လေ့ရှိတတ်သူ။ သားသမီးမထွန်းကားသေးသဖြင့် စိတ်ဘဝင်မကျဖြစ်နေရသူ။ မိကြည်ပြာကလည်း အသက်တမျှချစ်၍ မိကြည်ပြာကိုလည်း အသက်မကချစ်လေသူဖြစ်သဖြင့် မိကြည်ပြာဘဝက လိုလေသေးမရှိ ။ တစ်လကိုငွေသားလေးသိန်းခန့်ပို့ပေးသည့်အပြင် ရာသီကုန်အိမ်ပြန်လျင်လည်း သိန်းဆယ်ဂဏန်း အပါယူခဲ့နိုင်သူမို့ မကြွယ်ဝသော်လည်း မနွမ်းပါးသော အိမ်ထောင်ကလေးဖြစ်နေလေသည်။ ထို့ပြင်အိမ်တွင်မနေရသူမို့ နားချိန်လေးလတိုင်းဟာ ကြင်စဦးများလိုချစ်ခင်နေကြသဖြင့် ရန်ဖြစ်သည်ဟူ၍တစ်ခါသားမျှ မမြင်ခဲ့ရဖူးသည့် လင်မယားများ။ မိကြည်ပြာနဲ့ ကိုညီဇန်တို့ အိမ်ထောင်သက်ငါးနှစ်ပြည့်သည့် ဇူလိုင်လသည် မိုးကာလဖြစ်လေတော့ ညီဇန်အိမ်တွင်နားနေချိန်။
•••••••••••\••••••••••••••••
မနက်ဖြန်အိမ်ထောင်သက်ငါးနှစ်ပြည့် ရွှေတိဂုံသွားကြမယ်။ ကြည်ပြာ့ဖို့လည်း ဆွဲကြိုးလေးတစ်ကုံးလုပ်ပေးမယ်။ ကြည်ပြာကြိုက်နဲ့ တရုတ်တန်းက ကြက်သားလိပ်စားကြမယ်။ ကို ဘောလုံးပွဲလေးခဏသွားကြည့်ပြီး ပြန်လာတာနဲ့ထမင်းစားပြီး အိပ်ကြမယ်။ ထမင်းခူးထားလိုက် ၇နာရီပွဲဆိုတော့ ၉နာရီခွဲလောက်ပြန်လာခဲ့မယ်။
ညနေကပြောသွားတဲ့ ကို့စကား ယခု ဆယ်နာရီပင်ထိုးလုလု မိုးကလည်းရွာလာပေပြီ။ ကိုတစ်ယောက်ဘာကြောင့် ပြန်မလာသေးပါလိမ့်။ ထမင်းဟင်းများခူးခပ်ပြီး အုပ်ဆောင်းနှင့်အုပ်ထားရင်း အိမ်ရှေ့ပြူတင်းပေါက်က မျှော်နေမိသည်။ ကိုကဘောလုံးပွဲ ဝါသနာပါရှာသူ ။ သူ့ခင်မျာ အလုပ်လုပ်နေရတာနဲ့ ကြည့်ရတယ်ကိုမရှိသဖြင့် အိမ်မှာနားနေချိန်ကိုတော့ အစောပိုင်းပွဲဆို ကြည့်ပါလို့ပဲ ပြောထားလိုက်ရတယ်။ သူ့ခင်မျာလည်းသနားပါတယ် စီးပွားရှာရင်းပျော်စရာပျောက်နေရှာရတယ်။ သူက ကေတီဗီမာဆတ်တို့ကိုလည်း အင်မတန်ကိုရှောင်တတ်တဲ့သူ ကြည်ပြာနဲ့မငြားခင်ကတည်းက အခုထိ အဲ့ဒီနေရာတွေကို ခြေဦးမလှည့်သူ။ မရောက်ဖူးလို့မဟုတ် တစ်ကြိမ်ရောက်ပြီိး နောက်မသွားတော့သူ။ ဆိုတော့ ကိုယ့်ဖက်ကလည်း ဘောလုံးပွဲကြည့်တာလောက်တော့ ခွင့်လွှတ်ထားလိုက်သည်။
တွေးနေရင်း ဆယ်နာရီပင်ထိုးပြီ။ မိုးကလည်းပိုသည်း လာသလား ထင်ရတယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့က
ကြည်ပြာရေ ကြည်ပြာ တံခါးဖွင့်ပါဦး
ကို့အသံ ကိုပြန်လာပြီ။ ကြည်ပြာအားရ ဝမ်းသာတံခါးပြေးဖွင့်တော့ ကိုတစ်ယောက်ထီးဆောင်းလျက်မှ အိမ်ပေါ်သို့တက်လာပြီး ခြေသုတ်ခုံတွင်ခြေသုတ်ကာ ထမင်းဝိုင်းသို့ တန်းတန်းမတ်မတ် လျောက်သွားလေသည်။
ကြည်ပြာ လာစားတော့လေ စောစောစားပြီးစောစောအိပ်ကြမယ်။ မနက်စောစောထသွားကြမယ်။ ရုပ်ရှင်လည်းကြည့်ကြမယ်။ ကို့သူငယ်ချင်းတက္ကစီကို ညနေပြန်ဖို့လာကြိုခိုင်းထားတယ်။ ကိုတို့အပြန်သူလာကြိုလိမ့်မယ်။
😑 အင်းစားမယ်လေ ကိုကြိုက်တဲ့ ငါးရံ့အူနဲ့ ကန်စွန်းရိုးနီချဉ်ဟင်း။ ကြက်သားငပိချက် ဖားပေါင်နဲ့သရက်ကင်းလေးတွေပါဝယ်ထားတာ။
ဟားငါ့မိန်းမပြောသံကြားရတာနဲ့ပဲ ဗိုက်ပိုဆာလာပြီ။ ကဲစားကြစို့။
ကိုဟာလေ တစ်ခါတစ်ရံမှာ ကလေးလိုပဲ သူကြိုက်တဲ့ဟင်းများဆိုလို့ကတော့ ဘေးလူကိုပင်သတိမရအောင်ကို စားတတ်တာ။ ကြည်ပြာလည်းကို့အကြိုက်ကိုပဲ ရွေးချက်တတ်ပါတယ်။ ကိုစားသမျှကို ကြည်ပြာလိုက်ကြိုက်ပစ်လိုက်တယ်။
စားသောက်ပြီးစီးကြတော့ ကိုတစ်ယောက်ခြေလက်ဆေးပြီး အိပ်ယာထဲဝင်သွားပါပြီ။ လောလိုက်တဲ့ကို။ ကြည်ပြာပန်းကန်များကိုဆေးနေရင်း အိမ်ရှေ့မှခေါ် သံကြားလိုက်ရတယ်။ ရုတ်တရက်ဆိုတော့ ကြက်သီးများတောင် ထသွားလိုက်သေးတာ။ ဒါပေမယ့် ကိုကြားရင်ထဖွင့်မှာပဲလို့ ပန်းကန်ပဲဆက်ဆေးနေလိုက်တယ်။ ခေါ်သံက တော်တော်ကြာကြာ ထိမရပ်တော့ ကိုတစ်ယောက်တော့ အိပ်ပျော်နေပြီထင်ပါတယ်ဆိုပြီး ကြည်ပြာပဲ တံခါးထဖွင့်ပေးလိုက်တော့ ကိုအောင်မိုး လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ပိုင်ရှင်။
ဘာလဲကိုအောင်မိုး ညဖက်ကြီးဘာအရေးကြီးလို့လဲ။
နင့်ယောက်ျားဓားထိုးခံရလို့ဟ ခုရန်ကုန်ဆေးရုံကြီးတင်လိုက်တယ်။ အဲ့ဒါနင်လိုက်ဖို့ငါ ကားငှါးလာတာ နင်လိုက်မယ်မှတ်လား
ဟားဟား ကိုအောင်မိုးနှယ် မိုးထဲလေထဲ ညကြီးမင်းကြီး လာနောက်ရတယ်လို့ပဲ ကျမယောက်ျားအိမ်ထဲမှာ အိပ်နေတာ ကြာပြိရှင့် ဆယ်မိနစ်လောက် ရှိရော့မယ်။
ဟဲ့မဟုတ်သေးဘူးနော် ခုဏက အောင်ကျော်နဲ့ ပန်တိုင်သားတစ်စုတို့ ဘောပွဲကြည့်ရင်းငြိကြတာ ပြန်တော့ ပန်တိုင်သားတွေက နင့်းယောက်ျားကို အောင်ကျော်ထင်ပြီး ထိုးသွားကြတာ။ နှစ်ချက်တောင်ဟ။
အကိုရာ လာမနောက်ပါနဲ့ ကျမယောက်ျားက အိပ်နေတာပါဆို။ ပေါက်ကရဆက်ပြောနေရင် သူကြီိးအိမ်သွားတိုင်မှာနော်။
ဟာ နင်နဲ့တော့ခက်တာပဲ ကဲနင့်ယောက်ျားအိပ်နေတာဆို သွားနှိုးခဲ့ အခု။ တွေ့ရင်နင်သူကြီးမတိုင်နဲ့ ရဲတိုင်ဟုတ်ပြီလား
တွေ့မယ် တော်ဒါမျိုးလာလုပ်လို့ရမလား ကိုရေးးးး ကို ထစမ်းပါဦးဒီမှာ ကိုအောင်မိုးကြီးလာညာနေလို့။ ကိုရေ ကိုးးးးး။
အော်ခေါ်လို့မနိုးလည်းဘာဖြစ်လဲ သွားနှိုးယုံပေါ့။ အိပ်ခန်းထဲပြေး ဝင်သွားတော့ အိပ်ယာကအခေါက်လိုက်ကလေး ကိုကမရှိ ကိုဘယ်ရောက်သွားလဲ ခုပဲထမင်းစားပြီးအထဲဝင်သွားတာ။ ကိုအခုဘယ်မှာလဲ အိမ်ရှေ့တံခါးကသော့ခတ်ပြီးသား ကိုအောင်မိုးကိုသွားဖွင့်ပေးတော့ သော့ကခတ်လျက်သား။ နောက်ဖေးပေါက်ကလည်း ကြည်ပြာပန်ကန်ဆေးနေတဲ့ဘေစင် ဘေးနားမှာ။ ဒါဆိုကိုက......။
အိမ်ရှေ့ပြန်ထွက်လာတော့ သူကြီးပါရောက်နေတယ်။
သမီးကြည်ပြာ လာသွားကြမယ်။ ဦးတို့ပန်တိုင်သားတွေမိထားပြီးပြီ။ ကလေးလေးတွေပါ။ လာသမီး သမီးကိုခေါ်ဖို့ အောင်မိုးလွှတ်လိုက်တာ ပြန်ပေါ်မလာတာနဲ့ ဦးပါလိုက်လာတာ။ သွားကြမယ်ဆေးရုံကြီးကို။
ကြည်ပြာလည်း အပြေးထွက်ခဲ့မိပြီ ထီးပင်မပါ။ သို့သော် အိမ်ကထွက်ခါနီး ဖိနပ်ချွတ်မှထောင်ထားတဲ့ ကို့ထီးအစိုလေးကို မြင်ဖြစ်အောင်မြင်လိုက်မိသေးတယ်။
•••••••••••
ဆေးရုံရောက်တော့ ကိုသတိလစ်နေပြီ။ သွေးလွန်နေတယ်တဲ့ ကလီစာတွေမထိပေးမယ့် သွေးမရရင်သေမှာတဲ့ ကြည်ပြာသတိပင်လစ်ပြီးလဲကျကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားသည်။
•••••••••••
ကြည်ပြာသတိရတော့ အလူးအလဲထကာ ကို့ဆီသို့ပြေးသွားဖို့ ပြင်လိုက်ချိန်မှာ နပ်စ်မလေးတွေက ဆွဲထားလိုက်တယ်။
ကို ကို ကို သူဘယ်လိုနေလဲ သတိရပြီလား သူသက်သာပြီလား။
အလောတကြီးမေးနေရှာတဲ့ကြည်ပြာ့နားကို သူကြီးရောက်လာပြီး
သမီးစိတ်မပူပါနဲ့တော့ မောင်ညီဇန်အသက်အန္တရာယ်မရှိတော့ဘူး သူ့သွေးနဲ့အောင် မိုးသွေးကတူတော့ အောင်မိုးလှူလိုက်တယ်။ ကဲသမီးခဏပြန်လှဲနေဦးနော်။ သမီးမှာလည်း မပေါ့မပါးနဲ့
ဟင် မပေါ့မပါး ဒါဘာသဘောလဲဟင်ဦး ဘာကိုပြောတာလဲ
သမီးမှာကိုယ်ဝန်ရှိနေတယ်။ တစ်လခွဲရှိပြီ
တစ်ကယ်လားဟင်ဦး သမီးမှာတစ်ကယ် ကိုယ်ဝန်ရှိနေတာလား ကိုရောသိလား ကိုသတိရပြီလား ကို့ကိုသွားကြည့်လို့ရပြီလား
သူသတိမရသေးပါဘူးသမီး ဒါပေမယ့် သူမသေတော့ပါဘူး။ သူလည်းဒီကိစ္စကို ခုမှသိမယ့်ပုံပါပဲ။ သမီးတို့နှစ်ယောက်လုံး ဘာမှမဖြစ်တော့ ပါဘူးကွယ် မနက်ဆရာဝန်ကြီး လှည့်ပြီးရင် သမီးသူ့ဆီသွားလို့ရပါပြီ။ ကဲသမီး ညနှစ်နာရီပဲရရှိသေးတယ်။ ပြန်အိပ်ဦးနော်။
ကြည်ပြာပြန်အိပ်လိုက်ပါတယ်။ အိပ်လို့တော့ဘယ်ပျော်ပါ့မလဲ ဘုရားစာတွေပဲဖိ ရွတ်နေမိတာပေါ့။ မနက်ရောက်တော့ ကိုလည်းသတိရပါပြီ ။ ကိုလည်းဒီကိစ္စကိုသိတော့ အနာကိုပင်သတိမရပဲ ထခုန်မတတ်ကို ဝမ်းသာနေတာပါပဲ။ တစ်ပါတ်အကြာမှာဆေးရုံကဆင်းရမယ်တဲ့။ ကိုကတော့ပြောတာပဲ ဒီနှစ်ကို သူနယ်မသွားတော့ဘူးတဲ့လေ။
••••••••••••••••••••••••••••••
ဒီလိုနဲ့ဆေးရုံကဆင်းပြီး နောက်ပိုင်းတော့ ဒိတ်ကုန်းမှာ ညနေညနေဆို ကိုယ်ဝန်ဆောင်နေတဲ့ ကြည်ပြာ့ကို ညီဇန်ကတွဲပြီး လမ်းလျှောက်နေကြတဲ့ အားကျစရာစုံတွဲကို တွေ့ကြရပါတယ်။
တစ်ခုရှိတာက ကြည်ပြာ့စိတ်ထဲမှာ ကိုဓားထိုးခံရတဲ့ညက ထမင်းလာစားသွားတဲ့သူက ကို့ဝိညာဉ်ပဲလား။ နာနာဘာဝတစ်ကောင်လား နောက်နေ့မှာ ကိုအောင်မိုးဆိုင်မှာ
သွားပြန်ယူခဲ့ရတဲ့ထီးလေးက ဖိနပ်စင်ဘေးနားမှာထောင်လျက်
သားတွေ့ခဲ့ရတာ ကြည်ပြာမျက်စိမှားတာလား။ မေးခွန်းများစွာနဲ့ပဲ...။
အစဉ်လေးစားလျက်
Credit - လဂွန်းအိမ် မတ်သံလုံ ငတေ
ADMIN @_# TH!t P!N
### လူသတ်ကုန်း(ခ)နွားသတ်ကုန်းမှသရဲ ###
စဆုံး
,,,,,,,,,ညကတိတ်စိတ်ပြီးမဲမှောင်နေသည်။
ဝူ..အူ....အူး,,,,ဝု....ဝု....ဝူး....အူ....အူး....
ခွေးအူသံကပါတ်ဝန်းကျင်မှာ,,,,,ခြောက်ခြားစရာအတိ,,,,,,ခွေးအူသံနှင့်အတူညဥ့်ငှက်တို့ရဲ့အော်မည်သံကလည်း,,,,,,ကျောချမ်းပြီးကြောက်စရာ,,,,,,ဂစ်,,,,,ဂစ်,,,
ထိုသို့သောအချိန်ဝယ်,,,,,,လူသတ်ကုန်းခေါ်
(နွားသတ်ကုန်း),,,,လို,,,,သရဲခြောက်သည်ဟု,,,,,နာမည်ကြီးသောဒီနေရာမျိုးကို
တော်ရုံလူဆိုဒီအချိန်မျိုးမှာ,,,,,,အကြောင်းကြီးငယ်မရှိပဲ,,,,,,ဘယ်သူမှဖြတ်သွားမည်မဟုတ်ပေ။,,,,,ဘာဖြစ်လို့မဖြတ်သွားရဲတာလဲလို့,,,,,,,မေးလာခဲ့ရင်လဲဖြေစရာအဖြေကအသင့်ရှိနေသည်။,,,,,,
,,,,,,,,ဒီလိုညမှောင်လို့,,,,,နွားသတ်ကုန်းရှေ့ကဖြတ်မိသူတိုင်း,,,,,နားသတ်ကုန်းကသရဲကြီးရဲ့,,,,,ခြောက်လှန့်မူကိုခံရမြဲဖြစ်သည်။,,,,,,ဖြတ်သွားဖြတ်လာလုပ်တဲ့လူတိုင်းတော့,,,,,ခြောက်လှန့်ခံရသည်မဟုတ်,,,,,
ဆယ်ယောက်မှာ,,,,,ရှစ်ယောက်လောက်တော့သရဲရဲ့ခြောက်လှန့်မူကို,,,,,မလွဲမသွေ
ခံရတာများလေသည်။,,,,တစ်ခါကဆိုအင်ကုန်းရွာသားမောင်နီဆိုတဲ့,,,,,ကာလသား
တစ်ဦးက,,,,,မိမိရွာသို့ညမိုးချုပ်ချိန်,,,,,နွားသတ်ကုန်းရှေ့ကဖြတ်ပြန်လာခဲ့ရာ
နွားသတ်ကုန်းရှေ့ရောက်ကာနီးမလှမ်းမကမ်းအချိန်တွင်,,,,,နွားသတ်ကုန်းရှေ့ရှိညောင်ပင်ပေါ်မှ,,,,,,အရိပ်တစ်ခုဆင်းလာသည်ကိုတွေ့ရသည်။,,,,,
,,,,,,,,မောင်နီစိတ်ထဲမှာလူလားတစ္ဆေလား
ဝေခွဲမရ,,,,,,ဟာ....မောင်နီတစ်ယောက်မြင်တွေ့ရတဲ့အရာကြောင့်,,,,,နေရာမှာလဲမသွား
ရလေအောင်,,,,,မနဲကြိုးစားရပ်နေရသည်။
အံ့သြစိတ်ထက်,,,,ကြောက်စိတ်ကပိုများနေသည်။မောင်နီလန့်ပြီးလိပ်ပြာမလွင့်သွားရလေအောင်,,,,,,ကြိုးစားပြီးစိတ်တင်းထားရသည်။,,,,,,သူမြင်တွေ့စဉ်ကလူနဲ့တူတဲ့အရိပ်မဲမဲက,,,,,,တဖြည်းဖြည်းကြီးလာပြီး,,,,,,ထန်းပင်လောက်ထိအမြင့်ရှိလာသောကြောင့်,,,,,,မောင်နီတစ်ယောက်
ဆက်မနေရဲတော့ပဲ,,,,,,ရွာကိုပြန်ရောက်တဲ့ထိထွက်ပြေးရလေတော့သည်။ကြောက်စိတ်ကြောင့်မနားတန်းခြေဦးတည့်ရာပြေးနေမိသည်။....အကြောက်လွန်ကာအသိကင်းမဲ့သွားသော,,,,,မောင်နီတစ်ယောက်,,,,ရွာရောက်တာတောင်,,,,,မရပ်ပဲဆက်ပြေးနေသဖြစ်,,,,,ရွာရှိလူပျိုတစ်သိုက်,,,,ဝိုင်းဖမ်းမှမောင်နီကိုမိလေသည်။ရွာမှာရှိတဲ့ဆရာကိုပင့်ကာ,,,,မောင်နီကိုကုရတော့သည်။ဆရာရောက်လာပြီးသိပ်မကြာခင်မှာ,,,,,မောင်နီသတိရလာသောကြောင့်,,,,,ဖြစ်ကြောင်းကုန်စဉ်ကိုမေးမြန်းရာခုနကျွန်တော်ပြေညသလိုပဲဖြစ်တော့သည်။
,,,,,,,,,ဒါကြောင့်ဒီနယ်တစ်ကြောမှာ,,,,
နွားသတ်ကုန်းကနာမည်ကြီးနေချင်းဖြစ်သည်။,,,,,,နွားသတ်ကုန်းကသရဲခြောက်တာကိုခံရသဖြစ်,,,,,သွက်သွက်ခါအောင်ရူးသွားကြသူတွေလဲရှိသည်။,,,,,ဒါကြောင့်နွားသတ်ကုန်းဆိုရင်,,,,,လူတိုင်းကညဘက်ကိစ္စကြီးငယ်မရှိပဲ,,,,,ဖြတ်သွားချင်းမပြုကြပေ။
,,,,,,,,,ဒီလိုလူတိုင်းကြောက်လန့်ကြတဲ့နွားသတ်ကုန်းလိုနေရာမျိုးကို,,,ဒီလိုကြောက်စရာကောင်အောင်,,,,,တိတ်စိတ်တဲ့ညအချိန်မှာ,,,,,အမှောင်ထုထဲမှာတစ်ယောက်ထဲနဲ့,,,,,,နွားသတ်ကုန်းရှိရာသို့
ခပ်သွက်သွက်လျှောက်လှမ်းလာသူတစ်ယောက်ရှိနေသည်။,,,,,ထိုသူမှာဆိုးပေဖြစ်သည်။,,,,ဆိုးပေမှာအင်ကုန်းရွာသားဖြစ်ပြီး
သရဲတစ္ဆေနဲ့ပါတ်သက်လို့,,,,,အယုံအကြည်မရှိလေသူ,,,,,အသောက်အစားရှိပြီး,,,,,
သားသတ်သောအလုပ်နဲ့အသက်မွေးသောကြောင့်,,,,,လက်ရဲဇက်ရဲနိုင်လှသည်။,,,
ဆိုးပေဒီနေ့တစ်ဖက်ရွာမှာ,,,,,ဝက်သတ်ပြီး
ဝက်.ဖျက်ခရသည့်ဝက်သားတွဲကိုဆွဲကာ.....
ရီဝေပြီးလေးလံနေသည့်။ခြေလှမ်းများဖြင့်
တစ်လမ်းလုံးအပြည့်,,,,သိုင်းကွက်နင်းကာ
နွားသတ်ကုန်းရှေ့မှနေပြီး,,,,,ရွာသို့ပြန်လာလေသည်။
,,,,,,,,,,ဆိုးပေမျက်လုံးတွေကရီဝေနေပြီ
ခြေလှမ်းတွေကလဲ,,,,ယိမ်းယိုင်ကာနှင့်လမ်းအပြည့်လျှောက်လှမ်းနေပေမယ့်,,,,,,အရှေ့စီကနာမည်ကြီးတယ်လို့,,,,လူပြောများတဲ့,,,,,နွားသတ်ကုန်းနားသို့ရောက်ရန်နီးကပ်လာချိန်မှာတော့,,,,,တိတ်စိတ်လွန်းတာကတစ်ကြောင်း,,,,,ခွေးအူသံတွေကလဲ
ပိုမိုကျယ်လောင်လာပြီး,,,,ညငှက်ရဲ့အော်မည်သံကလဲ,,,,,ကြက်သီးထဖွယ်ကောင်းနေတာမို့,,,,,,ကြောက်စိတ်မရှိဘူးလို့ပြောတဲ့
ဆိုးပေတောင်,,,,,ကြောက်သလို,,,,စိုးရိမ်နေသလိုဖြစ်မိတယ်,,,,,အနည်းငယ်ကြောက်ရွံနေတာမို့,,,,,,ဆိုးပေတစ်ယောက်
လက်စွဲတော်,,,,,သားသတ်ဓားမြှောင်ကို,,,,,
လက်မှကျစ်နေအောင်စုတ်ထားမိလေသည်။
,,,,,,,,အမျိုးအမည်မသိတဲ့,,,,,,ကြောက်စိတ်ကသူ့အားခြောက်လှန့်နေသည်။သရဲတစ္ဆေနာနာဘာဝကို,,,,,ဆိုးပေလုံးဝမရှိဟုထင်ထားသူ,,,,,ငယ်စဉ်မှခုထိသရဲဆိုတာဘယ်လိုအကောင်လဲမမြင်ဖူး,,,,,ဒါကြောင့်စိုးပေသရဲမကြောက်ပေ။,,,,ခုတော့ဘာလို့မှန်းမသိ,,,,,စိုးရိမ်မှုကအလိုလိုဖြစ်နေမိသည်။
,,,,,,ဆိုးပေတစ်ယောက်,,,,,နွားသတ်ကုန်းနားရောက်ကာနီးလေ,,,,,ဆိုးပေစိတ်ထဲမှာ
ဘာကိုကြောက်နေမှန်းမသိ,,,,တစ်ခုခုကို...
ထိတ်လန့်နေမိသည်။ဆိုးပေတစ်ယောက်
လမ်းလျှောက်နေရင်း,,,,,နောက်မှခြေသံလိုလိုကြားနေမိသည်,,,,,,,မှောင်တယ်ဆိုပေမယ့်,,,,,ကြယ်ရောင်ကရှိနေတာမို့,,,,,,ပါတ်ဝန်းကျင်ကို,,,,,ဝိုးတဝါး
မျှမြင်နေရသည်။,,,,မိမိနောက်မှာခြေသံကြားနေချင်းဟာ,,,,,မူးပြီးနားကြားမှား
ချင်းလားလို့,,,,,,သူ့ကိုယ်သူ,,,,သံသယဝင်မိသည်။,,,,ဆိုးပေဒီလောက်နဲ့မမူးတာသေချာသည်။,,,,,ဒါဆိုခြေသံကြားရတာ,,,,
ဟုတ်မဟုတ်သေချာရန်,,,,,နောက်ကိုနားစွင့်ပြီးလျှောက်လာခဲ့သည်။
,,,,,,ရှပ်,,,,ရှပ်,,,,,ဖျတ်,,,,ဖျတ်,,,,,ရှပ်,,,ဖျတ်,,,,,ခြေသံကသူ့ခြေသံနဲ့ထပ်တူလိုက်လာချင်းဖြစ်သည်။,,,,ဆိုးပေသတိထားမိသောကြောင့်,,,,,နောက်မှခြေသံကိုကြားရချင်းဖြစ်သည်။,,,,,နောက်ကိုလှည့်ကြည့်ရန်
ဆိုးပေမရဲပေ။,,,,,ရွာထဲမှာလူမိုက်ပေါက်စ
ဆိုးပေတစ်ယောက်,,,,,,ခုတော့ဇောချွေးများပြန်ကာ,,,,,ကြောက်ဒူးများပါတုန်နေသည်။,,,,နောက်ကိုလဲကြည့်မရဲ,,,,,
ရှေ့ကိုသွားရဖို့လဲကြောက်,,,,,ဆိုးပေခုမှကျဉ်းထဲကျပ်ထဲပိတ်မိပြီ။,,,,,
,,,,,,ခြေသံကဆိုးပေနဲ့လက်တစ်ကမ်းအကွာအရောက်,,,,,ဆိုးပေနေဖို့ထက်ပြေးဖို့ကိုပိုစိတ်သန်သဖြစ်,,,,,ပြေးမယ်အလုပ်,,,,,,ဘယ်လိုမှမထင်မှတ်ထားတဲ့,,,
အဖြစ်အပျက်တစ်ခုကြောင့်,,,,,,ဆိုးပေပြေးဖို့ရာ,,,,,အားအင်တွေမရှိတော့ပေ။ဆိုးပေပြေးမယ်စိတ်ကူးနေစဉ်မှာ,,,,,ဆိုးပေရဲ့ဂုတ်ကို,,,,,အင်မတန်မှအေးဆက်နေတဲ့လက်တစ်ဖက်က,,,,,,,ဆွဲကိုင်ထားတယ်,,,,,,ဆိုးပေတစ်ယောက်အော်ဖို့ရာမဆိုထားနဲ့,,,,,ပြေးရန်ပြင်နေသောခြေထောက်တွေက,,,,,,မီးနဲ့ထိတဲ့ဖယောင်းအလား,,,,,လဲပြိုမတတ်ဖြစ်သွားသည်။
ဆိုးပေမိမိအားဖမ်းဆုတ်ထားတဲ့လက်မှလွတ်ရန်,,,,ခန္ဓာကိုယ်မှာရှိတဲ့,,,,,,အားတွေကထုတ်သုံးပြီး, ,,,လွတ်ရန်စောင့်ရုန်းပေမယ့်။,,,,,ပြူတ်တူအလားမြဲလွန်းလှတဲ့လက်တစ်ဖက်ကို,,,,,လွတ်အောင်မရုန်းနိုင်,,,,,,မိမိရဲ့အားတွေသာကုန်သွားသည်။,,,,,,စိုးပေငယ်စဉ်တုန်းကဘုန်းကြီးကျောင်းနေဖူးထားလို့,,,,,ဘုရားဂုဏ်တော်တွေကို,,,,,,သင်ရသည်။ဒါကြောင့်ဆိုးပေမှတ်မိသမျှထဲမှ,,,,,သရဏဂုဏ်ကိုဆောက်တည်ပွားများလိုက်ရာ။ဆွဲထားသောလက်ကလွှတ်ပေးပြီး။ဆိုးပေရဲ့ကျောပြင်ကို,,,,,ရိုက်ပစ်လိုက်ရာ,,,,,ဆိုးပေတစ်ယောက်နေရာမှာပဲ,,,,လောကကြီးနဲ့
အဆက်အသွယ်ပြတ်သွားတော့သည်။
,,,,,,,,နောက်နေ့ရွာကလူတွေယာထဲအသွား
သရဲရိုက်လို့မေ့နေရာကပြန်သတိရလာပေမယ့်,,,,,,ဆိုးပေးကိုဘာမေးမေးမရတော့ပေ။,,,,,,,ဆိုးပေပြောတာတစ်ခုပဲရှိသည်။
သူ့ကိုသရဲကရိုက်လိုက်တယ်ဆိုတာပဲပြောနေတယ်,,,,,,ရွာကလူတွေကတော့ဆိုးပေတစ်ယောက်,,,,,အရက်ကြောင်ကြောင်တယ်လို့ပဲထင်နေကြတယ်,,,,,,ဒါပေမယ့်ဆိုးပေကျောမှာ,,,,,,,,ကြိးမားတဲ့လက်ရာကြီးက
အညိုဆွဲပြီးကန်နေတာမို့,,,,,,မယုံရခက်ယုံရခက်ဖြစ်နေတယ်,,,,,,,တကယ်လို့ဆိုးပေသာလူကောင်းပကတိဆိုရင်,,,,,,,အားလုံးကိုပြောပြနိုင်မှာပါ။
အစဉ်ကြိုးစားနေတဲ့
Credit by Ko Moe
ADMIN @_# TH!t P!N
Saturday, August 6, 2016
Ghost Story 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment