Friday, January 3, 2020

ဘ၀မှာရှိသင့်တဲ့ သူငယ်ချင်း ( ၇ ) ယောက်

၁။ ငယ်သူငယ်ချင်း

သူကတော့ မင်းနဲ့အတူကြီးပျင်းလာတဲ့သူပါ။ အကောင်းအဆိုး အခြေအနေများကို အတူတူဖြတ်သန်းခဲ့ရပြီး အမျိုးတွေလိုဖြစ် နေပါပြီ။ ကိုယ့်အကြောင်းကို တစ်ခုမကျန်သိနေတဲ့ အတွင်းသိအစင်းသိဆိုလဲမမှားပါဘူး။

၂။ တတ်ကြွသူကြီး

သူ့ကိုကြည့်လိုက်ရင်အမြဲတမ်းပျော်ရွှင်နေတတ်ပါတယ်။ ဘ၀ကိုအကောင်းမြင်စိတ်နဲ့ ဖြတ်သန်းပြီး အသစ်အဆန်းတွေကို အမြဲတမ်းစမ်းသပ်နေတတ်သူလဲဖြစ်ပါတယ်။

သူ့ကြောင့် Gym ဆော့ဖြစ်လာတယ် ၊ သူ့ကြောင့် အတွေးအခေါ်အဆန်းတွေစဉ်းစားမိလာတယ် စသဖြင့် မင်းကို ပိုတိုးတတ်တဲ့သတစ်ယောက်ဖြစ်လာစေတဲ့ သူငယ်ချင်းဖြစ်ပါတယ်။

၃။ လူစွမ်းကောင်း

အားကိုးရတဲ့သူငယ်ချင်းပါ။ အရေးအ
ကြောင်းဆို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ ပြသနာကိုချက်ချင်းဖြေရှင်းပေးနိုင်တဲ့ သူလဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ရင်ဖွင့်မယ်ဆိုရင်လဲ ယုံကြည်နိုင်တဲ့သူဖြစ်ပါတယ်။

၎။ အကုန်သိ အကုန်တတ်

ဟိုစပ်စပ် ဒီစပ်စပ် နှံစပ်လွန်းသူကြီးပါ။ အဖွဲ့ထဲမှာ စကားအများဆုံးသူဆိုလဲ မမှားပါဘူး။ တကယ်က ဆရာကြီးလုပ်ချင်စိတ်များတာမဟုတ်ပါဘူး ကိုယ်တွေ့ကြုံဖူးတာကို အကျိုးအကြောင်းတိုက်ဆိုင်တိုင်း မျှဝေပေးတာပါ။

၅။ အ Feel တစ်လိုင်း

သူ့ကိုယ်သူတောင် ဘာကို feel လို့ feel နေမှန်းမသိပါဘူး။ အဖွဲ့ထဲမှာ စိတ်အကောက်တတ်ဆုံးကလည်း သူပါပဲ။ သူနဲ့အမြဲတမ်းပေါင်းဖြစ်တော့ တော်ရုံ ကပ်သီးကပ်သတ်နိုင်တဲ့သူတွေကိုတောင် အေးအေးဆေးဆေးပေါင်းနိုင်သွားပါလိမ့်မယ်။

၆။ အမွှာပူး

အကြိုက်ချင်းလည်းတူ စိတ်ချင်းလည်းတူ ဘာလုပ်လုပ် ဘယ်သွားသွား အမြဲတမ်း တပူးပူး တတွဲတွဲနဲ့ အမွှာ တွေလို ပေါင်းဖြစ်သူဖြစ်ပါတယ်။

၇။ သူငယ်ချင်း အသစ်စက်စက်

အသက်အရွယ်ရလာတာနဲ့အမျှ သူငယ်ချင်းအသစ်ရနိုင်ချေဟာလည်း နည်းပါးလာပါတယ်။

သင့်မှာ ခင်တာသိပ်မကြာသေးတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုရင်တော့ ဂုဏ်ယူလိုက်ပါ။ သူဟာ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုကိုကိုယ်စားပြုပါတယ်။

ခရက်​ဒစ်

No comments:

Post a Comment