'ဖန်ဆင်းရှင် ,ဖန်ဆင်းခံ နဲ့ ပြဌာန်းခံဒသန'
####Credit
ဘာသာရေးအတွေးအခေါ် philosophy of religion ကိုလေ့လာရင်း ဘာသာရေးယုံကြည်ချက်တွေထဲက ဖန်းဆင်းရှင်ယုံဝါဒ Theism နဲ့ ကံစွဲဝါဒ fatalism အကြောင်း(တချို့ကသူတို့ကိုယ်သူတို့မှန်ကန်တဲ့ကံအမြင် ကမ္မသကတာသမာဒိဌိထင်နေပေမယ့် fatalistic tendenciesတွေရှိနေတာကိုယ်တိုင်သတိမထားမိတာတွေရှိပါတယ်) တွေးမိပါတယ်..
ဘာသာရေးနဲ့ဖီလော်ဆော်ဖီတို့နှစ်ခုက နီးစပ်တဲ့ယှက်နွယ်ပတ်သက်မူ့တွေကိုယ်စီလည်းရှိကြတယ်, ကမ္ဘာလောကရဲ့သဘာဝသဘောတရားတွေရဲ့နောက်ကွယ်ကသက်ရှိသက်မဲ့အရာတွေကို သိချင်စိတ်,စူးစမ်းလိုစိတ်,အံ့သြစိတ်တွေနဲ့စခဲ့ကြတယ်, ဒါပေမယ့် လောကပြသနာတွေဖြေရှင်းနည်းကတော့ ကွာပါတယ်,တစ်ခုက ယုံကြည်မူ့ belief နဲ့စိတ်ခံစားမူ့ feeling ကိုရှေ့တန်းတင်သလို နောက်တစ်ခုက သံသယ sceptic , ဆင်ခြင်မူ့ reason ကိုပဓာနထားပါတယ်,အားလုံးသိတဲ့အတိုင်းဇတ်ပေါင်းတော့ ပထမတစ်ခုကဘာသာရေးဖြစ်လာပြီးကျန်တစ်ခုက ဖီလော်ဆော်ဖီဖြစ်လာခဲ့ကြတယ်။
ဒီမင်းကြီးသက်တော်ရှည်,သက်တမ်းကြာအရာနှစ်ခုက ကျနော်တို့လူသားတွေဘ၀မှာ ကြီးမားသလို ရှည်လျားလှတဲ့သမိုင်းကြောင်းတွေ,များလွန်းတဲ့ ယုံကြည်ကိုးကွယ်မူ့ပုံစံ နဲ့ ရှုပ်ထွေးလွန်းတဲ့အတွေးအခေါ်စနစ်တွေအဖြစ်တွေ့ခဲ့ရ,ခုလည်းကြုံနေကြရတယ်။
ဘာသာရေး religion စကားရပ်ဟာ ချုပ်နှောင်မူ့ binding မို့ သူ့တရားကိုယ်သဘောကိုက သက်ရှိ ဒါမှမဟုတ် သက်မဲ့တစ်ခုခုအပေါ်မှာ မှီခိုတယ်,ပတ်သက်တယ်, ဖန်းဆင်းရှင်ဆိုတဲ့ဘာသာရေးရဲ့အထွဋ်အမြတ်ထားရာ ပုဂ္ပိုလ် personal God ဆိုတာကသူ့မှာ အရာရာကိုသိနိုင်မြင်နိုင်ဝင်စားနိုင်တဲ့ omnipotent ,omniscient သဘောနဲ့နိစ္စထာဝရပြည့်စုံတယ်, သူကလွဲရင် ကျန်သက်ရှိသက်မဲ့တွေအကုန်ကသူ့လက်အောက်ခံ subordinatesတွေ, ဖန်ဆင်းခံ creaturesတွေဖြစ်တော့ သူကပဲသတ္တ၀ါတိုင်းရဲ့ကြမ္မာကိုကြိုတင်ပြဌာန်းသတ်မှတ်ပေးတော်မူတယ်, ဆိုတော့ လူသားတွေအဖို့ဘယ်လောက်ပဲကာယ,ဥာဏထုတ်ထုတ် ,ဘယ်လောက်ပဲ တော်စေတက်စေ, ထာဝရသူ့လက်အောက်ကကန့်သတ်ထားတဲ့ သူ့ရဲ့ပေးထားချက်ဘောင် limited space ကနေပဲရှင်သန်လှုပ်ရှားခွင့်ရှိတော့တယ်, တကယ်မမိုက်တဲ့ ကျွန်သာသာဘ၀ပဲလို့ ထင်မယ်,
ဒါပေမယ့် theistic ဘာသာရေးသမားကတော့ ဒီလိုမထင်ဘူး,သူ့ဘ၀,သူ့ပတ်ဝန်းကျင်ဟာ ဖန်ဆင်းရှင် ရဲ့ ပြုလုပ်စေစားရာမှာရှိလို့ လုံခြုံတယ်, ဘုရားကိုကိုယ်ကသက်ဝင်တာသူ့စကားနားထောင်တာပဲ, သူ့ကိုချစ်တာပဲမို့ သူ့မေတ္တာကိုကိုယ်ရနေတဲ့သဘောပဲ, ကိုယ့်ကံကြမ္မာဆိုတာ သူ့အလိုကျအတိုင်းမို့ သူ့မေတ္တာကိုခံယူပြီးသားဖြစိစေတယ်,သူစီစဉ်ရာလောကပြဇတ်မှာ မီးစင်ကြည့်ကပြဖျော်ဖြေရတာပဲ, ဖြစ်လာသမျှမကောင်းလည်းသူကောင်းလည်းသူပဲ,လိုချင်တာတွေမရသေး,ဖြစ်ချင်တာတွေ ကြိုးစားလျက်နဲ့မဖြစ်သေးလဲ ဘာထူးမလဲ?ဒါလည်းသူကကိုယ့်ကိုဖြစ်ချိန်မတန်သေးဘူးသဘောထားလို့ပဲလို့ဖြေတယ်, သူ့စိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပဲ,အချိန်တန်ရင်လူ့လောကကလက်ပြနူတ်ဆက်မယ်,ပြီးရင်သူ့ရဲ့ထာဝရ၀ိဥာန်တော် Eternal Soul နဲ့တမလွန်မှာဆုံမယ်,သူ့အဆုံးအစမဲ့အနန္တမေတ္တာခံယူရင်းထာဝရအသက်ရှင်မယ်, ဒီလိုယုံကြည်တယ်။
နောက်ဘာသာရေးအယူတစ်ခုက အတိတ်ရဲ့ မြင်မရကိုင်မရတွေးမရတဲ့ အတက္က၀ါစရ ကံဆိုတာကဘ၀ကိုပြဌာန်းတယ်, သံသရာအလည်မှာကံကိုမှီခိုရင်းနဲ့အသက်ရှင်မယ်,ကံအစွဲကြီးသူတွေလည်းဒီဘာသာရေးနယ်မှာရှိတယ်, အတိတ်အရိပ်ပမာလိုက်နေတဲ့ ၀ိပါကတွေက သူ့ဘ၀ကိုထာဝရခြောက်လှန့်နေတယ်,ရာထူးပြုတ်လည်းကံ, မိန်းမနဲ့ကွဲလည်းကံ, ကားတိုက်ခံရလည်းကံ, ခါးပိုက်နှိုက်ခံရလည်းကံ, ခလုတ်တိုင်တောင်ကံ..ဒီလိုထင်တယ်, ဆိုတော့ ရုတ်တရက်ကြည့်ရင်အနှီကံစွဲဘာသာရေးသမားက အစစအရာရာမှာ ထောင်ကျနေသလိုကံရဲ့ပြဌာန်းရာနေရပြုရနဲ့လူဖြစ်ရှုံးနေပုံပေါ်မယ်,
ခက်တာကကံယုံဝါဒီ fatalists ဆိုသူတို့ကဒီလိုမထင်တာပဲ, အဲဒီကံကို အမျိုးအစား categoriesခွဲလို့ဘာကဘယ်အချိန်,ဘယ်ဘ၀,ဘယ်ကာလ,ဘယ်တော့ထိ,တွေအတိအကျတွက်ချက်ပြီးဖြေသိမ့်တယ်,ဘယ်ကံကဘယ်ဘ၀,ဘယ်ကံကဖြင့်ယခုချက်ချင်း,ဟိုကံကဖြင့်ဘယ်နှစ်ခုမြောက်ဘ၀စသဖြင့်အကျိုးပေးမယ်လို့ပြောသူကပြောပြီးယုံသူကယုံကြတယ်,တကယ်တွေးကြည့်ရင် ကံယုံလွန်တသသသမားဟာ ကြိုးမိန့်ကျပြီးစီရင်မှာထိုင်စောင့်နေရတဲ့အကျဉ်းသားလိုပဲ, ကိုယ်ဘယ်ဘ၀ကဘာတွေပြုခဲ့မှန်းမသိတဲ့လုပ်ရပ်တွေအတွက်တဖန်ခံယူဖို့ရှင်သန်နေရရှာတယ်, အတိတ်ကံကလှည်းဘီးပမာကိုယ့်ကိုလိုက်နေတာဆိုတော့လည်း ကိုယ်ကြိုးစားလို့တစ်ခုခုအောင်မြင်ရင်တောင် ကံအကျိုးပေးလို့မြင်တယ်,ကိုယ်ကကောင်းပေမယ့်,မှန်ပေမယ့်လောကဖြစ်ရပ်တစ်ခုမှာ မတရားခံလိုက်ရရင်လည်းအတိတ်ကံပဲလို့ဖြေပြီးနှစ်သိမ့်တယ်,အသုံးချလို့အကောင်းဆုံးကံယုံသမားတွေရဲ့ဆင်ခြေကတော့ ဒီဘ၀အကျိုးပေးမကောင်းလဲနောင်ဘ၀ကောင်းမှာ ဆိုတာပါပဲ,သူ့အတွက့်သူ့ဆိုင်ရာအစဉ်အလာဘာသာရေးခံယူချက်ကသွန်ပြတဲ့အတိုင်း, ကျမ်းစာပေမွန်ကညွန်ပြတဲ့အတိုင်း လိုက်နာကျင့်ကြံနေထိုင်ဖို့လိုရင်းဖြစ်ပြီး ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်,ဒီဘ၀မဖြစ်လည်းနောင်ဘ၀ဖြစ်မယ်,ဒီလိုခံယူကြတယ်,သူ့ဘ၀ကထောင်ပဲကျကျ,ထီပဲပေါက်ပေါက် ကံသာလျင်ဥစ္စာရှိလို့ဘာဖြစ်ဖြစ်ဝိပါကကြောင့်သာမြင်ရင်း ဖြေဆည်ရာကိုရှာပါတယ်။
ဒါတွေသိရတော့ ဘာသာရေးရဲ့လွှမ်းမိုးမူ့ဆိုတာ လူ့အတ္တနောမတိနဲ့ဘယ်လောက်တောင်ကိုက်ညီနေသလဲဆိုတာသွားသတိရမိတယ်, ဖီလော်ဆော်ဖီကတော့ ကံသာအမိကံသာအဖဆိုတာထက် ဥာဏ်သာအမိဥာဏ်သာအဖလို့မြင်သလားပဲ?
မေတ္တာဖြင့်
#Nyikyaw (27.6.2016)
Tuesday, June 28, 2016
ဘာသာရေးအတွေးအခေါ်လေးပါဖတ်ကြည့်စေချင်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment