ဘ၀ကို အရှူံးပေးချင်နေပြီလား ဒီပို့စ်လေးကို ဆုံးအောင်ဖတ်ပါ။
xxxxxxxxx
အသက် ၅ နှစ်မှာ သူ့ ဖခင်ဆုံးတယ်
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြူတ်ပြန်တယ်
သူ ဥပဒေကျောင်းဝင်ခွင့်လျောက်တယ် မရဘူး
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်
အသက် ၂၀ မှာ သူ့ မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့ အတူအိမ်ပေါ်ကဆင်းသွားတယ်
အသေးစား ကဖေးဆိုင်မှာ စားဖိုမှူးဘဝနဲ့ ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်
မိန်းမနဲ့ ကွဲနေချိန်မှာ သူ့ သမီးကိုပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး ဒီလိုနဲ့ သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်
သူ စစ်တပ်ထဲ ၀င်တယ် သူ့ဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်
အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့ မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ ကို အဲဒီလိုမြင်တယ်လို့ သူခံစားရတယ်
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့ မတန်ဘူးဆိုပြီး သူ့ ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ ရဲ့အားသာချက်လေးတစ်ခု့သူတွေ့ မိတယ်။ အဲဒါက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့  $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့ လိုအပ်တဲ့တန်ဆာပလာတွေကိုဝယ်ကာ သူ့ ရဲ့ ကြက်ကြော်ကို တအိမ်ဝင် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။
ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသတိရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ ကိုယ်သူ့ အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဘူးတယ်ဆိုတဲ့အချက်
သို့ သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။
စိတ်ဓါတ်ရေးရာအရ သင်္ခန်းစာယူစရာများကတော့…
1/ အလုပ်တစ်ခုကို စတင်ဖို့ အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ် ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ ပါစေ ဘယ်တော့မှအရှူးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ၀ိရိယတွေရှိဖို့ လို တယ်
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်… သူများနဲ့ မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။
အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှရှိဘူး သူငယ်ချင်း
Credit by Sayar Sayar Kyaw
Monday, June 27, 2016
စိတ်ဓါတ်ကျနေသူများအတွက်ဖတ်ကြည့်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment