Credit by Original Writer
ကျီးကန်းပုံပြင် ....................
ကျီးကန်းတစ်ကောင်က သစ်ကိုင်းပေါ်မှာ တစ်နေ့လုံးနားနေတယ်၊ မယ်မယ် ရရ ဘာအလုပ်မှလည်း မရှိဘူး။ သူ့ကိုကြည့်ပြီး ယုန်ကလေးတော့ အား ကျနေတာပေါ့။
"ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တစ်နေ့လုံး ထိုင်နေချင် လိုက်တာ" ယုန်ကလေးက ပြောတော့
"လာလေ၊ မင်းလည်း သစ်ပင်အောက်လာထိုင်နေပေါ့"
လို့ကျီးကန်း က ပြန်ပြော တယ်။
ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်းနားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။ ဘာမှမကြာဘူး၊ မြေခွေးတစ်ကောင် ရောက်လာပြီး ယုန်ကလေးကို ဖမ်း စားသွားလေရော
- အေး ဘာမှမလုပ်ဘဲ တစ်နေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့် အလွန်မြင့်တဲ နေရာမှာ နေမှ ရလိမ့်မယ် -
#လင်းညို့တာရာ
Thursday, June 30, 2016
အရမ်းကြိုက်တဲ့စာသားလေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment