Wednesday, June 29, 2016

ဆရာ အကြောင်းလေးပါဖတ်ကြည့်ပါလား

မီဒီယာတစ်ချို့ အမှောင်အုပ်ထားတဲ့ အဖြူအစိမ်း ရောင်ခြည်တန်းများ

-------
ကျူရှင်ပြတာကို ဖဲ့ရင် …
ဗွက်တောထဲ လူးနေတဲ့ ဘဝတွေကိုလဲ ဖော်ပြပေးပါ…

လစာမလုံလောက်တဲ့ အခက်အခဲတွေလဲ ရေးပေးပါ …

လမ်းပန်းဆက်သွယ်ရေး
သင်ကြားရေးအဆောက်အအုံ
သင်ကြားရေး အထောက်အကူပစ္စည်းတွေ မပြည့်စုံတာလဲ…အော်ပေးပါ…

#zeroneo

---

သူတို့ရဲ့ ခံစားချက်များ…

(  ၁ )
လခစား မခါးစေနဲ့ 
******************

တောဇနပုဒ်မှာ
မောဟ အစုပ်ပလုပ်တွေကို
ခဏခဏ ဒေါဆိပ်သင့်ခံရင်း
လောဘ ခလုတ်တွေကို
ချိုးပဲ့ခံခဲ့ပြီးပြီ--------------------

စေလိုရာစေဆိုတာထက်
ငါ စေရာခံကြ စေဆိုတဲ့
ခင်ဗျားတို့  လေသံက
မူမမှန်တဲ့ တယူဟန်တွေဆိုပါတော့

ဆန္ဒ တဲ့ ---
ဘုရားဖြစ်ရေးတောင်
သူကပဲဦးဆောင်သွားတာ
မြဲမြဲမှတ်ထား----

လုပ်ဆောင်မှုညံ့ဖျင်းချက်တွေကို
ခင်ဗျားတို့ အလုပ်များသလိုနဲ့ 
လာလာပြီးဖြီးမနေနဲ့ ----

ခင်ဗျားတို့ ကိုချည်း
မော့ကြည့် မော်ဖူးနေရအောင်
ကျုပ်တို့ က
နဖားကြိုးတပ်ထားတဲ့ နွားမဟုတ်ဘူး
- -
ဘာတဲ့ ရုံး တဲ့လား
ခင်ဗျားတဲ့ ဖြုန်းထားသမျှ
ဖုံးထားဖို့  နေရာများလား------

သေချာစဉ်းစားပါ

ငါ့အိမ်မှာ
သား သမီး ဘယ်နှစ်ယောက်ရှိလဲ
မသိပဲ
မိဘဆိုတဲ့ ဂုဏ်နဲ့ ထိုက်တန်ပါ့မလား
----
ငါ့ပြည်နယ်မှာ
စာသင်ကျောင်း
ဘယ်လောက်လို သလဲ--------
ဇာတိရွာနဲ့ သိပ်ဝေးတဲ့
ဆရာ/မ
ဘယ်လောက်ရှိလဲ------
ကျန်းမာရေး ချူချာသူ ဘယ်လောက်ရှိလဲ-----
ဆိုတာလောက်တောင်
မသိနိုင်ဘူးဆိုမှတော့
ကိုယ့်ဟာကိုယ်ရှက် ထွက် လစ်တော့- - -

ပညာရေးဆိုတာ
တိတ်တိတ်ပုန်း
မိန်းမ ယူတာမဟုတ်ဘူး- - -
နောက်မီးလင်းသလိုမျိုးလည်း
လာမဆက်ဆံနဲ့ - - -

ပညာရေးဆိုတာ
ခင်ဗျားတို့  အစီအမံ ညံ့ဖျင်းမှု
အောက်မှာ
ခဏခဏ အဓမ္မကျင့်ခံရပြီးပြီ- - -
ဒါကြောင့်

မနေ့ က ချို့ ယွင့်ချက်ပြုပြင်ပြီး
အနာဂတ်အတွက်
စီမံရာမှာ
ဒီနေ့  အကောင်းဆုံးလုပ်ပေးပါ--

တခုတော့ ပြောမယ်
ခင်ဗျားတို့ လည်း လခစား
ကျုပ်တို့ လည်း လခစားဆိုတာပဲ။
--လခစား တွေချင်း မခါးပါရစေနဲ့ ----

credit…
အထပြ
လိုက်တာ

---

( ၂ )
***ကျူရှင်ကိစ္စ ကာတွန့်ရေးဆွဲသူများအား စိန်ခေါ်ခြင်း***
*********************************************************
( ဆရာဟုခေါ်ရန်မထိုက်၍ ကာတွန့်ရေးဆွဲသူဟု သုံးခြင်းဖြစ်သည် )
** ကာတွန့်ရေးသူများပြောသလို ကျူရှင်သင်စားတာ အပြစ်တစ်ခုလို သရော်တဲ့ပုံတွေနဲ့စော်ကာတာ နည်းနည်းများလာတော့ ပြောမှကိုရတော့မယ်။
** ကျွန်တော်တာဝန်ကျတဲ့ကျောင်းက ပဲခူးမြို့နယ် ချောင်းဖျားဖက် ရိုးမအစွန်က ဝါးပိုင်ဆိုတဲ့ရွာမှာရှိတဲ့ ( အ လ က ခွဲ ဝါးပိုင် )။
** လိပ်စာအတိအကျနော်**
** လာမယ်ဆိုခရီးလမ်းအခြေအနေက ကားလမ်းလုံးဝမရှိဘူး ပဲခူးကနေကားစီ နောက်စက်လှေတစ်ဆင့် နောက် ခြေလျင်လျှောက်ရောက်ပါတယ်။#အထူးသတိထားရမှာက တောရိုင်းဆင်အန္တရာယ် လူတွေ့ရင် နင်းသတ်တယ်။ မင်းတို့က ဆရာဂိုဏ်သင့်နေတာဆိုတော့ ပိုသတိထား ဆင်နင်းသေနေမယ်။
** မိုးတွင်းဆိုစက်လှေက ထန်းတောကြီးမှာဆင်း
ဝါးပျံကုန်းရွာကို တစ်မိုင်ခန့်ဝေးတယ် လမ်းလျောက် ( ကယ်ရီ ၁၀၀၀ကျပ် ) ကျုပ်ကတော့လမ်းလျောက်တယ်။ ဝါးပျံကုန်းကနေ ဝါးပိုင်ကို ၄မိုင်ဝေးတယ် မိုးတွင်းကတော့ လမ်းလျောက်ပဲရတယ် နွေဆို ဆိုင်ကယ်ရတယ်။ #သတိထားရမှာက ရေနစ်သေတက်တယ် ချောင်းရိုးတွေဖြတ်ကတယ် ရေကျော်နေတဲ့ ယိုင်နဲ့နဲ့တံတားတွေ ကိုရေထဲအောက်ကို မမြင်ရဘဲ စမ်းတဝါးဝါးဖြေးဖြေးကူးရမယ်။
** နွေရာသီဆိုင်ကယ်လမ်းပေါက်တယ် ဒါပေမဲ့ ဆင်အန္တရာယ် သတိထား နွေဖက်ထိုးတဲ့ ယာယီဝါးတံတားယိုင်နဲ့နဲ့တွေက တစ်ခါဖြတ်ရင် လူကောဆိုင်ကယ်ကော ၅၀၀ကျပ် ကျောင်းဆရာ/မ လဲပေးရတာပဲ ။
** ရွာမှာ လျှပ်စစ်မီးမရှိဘူး ဖုန်းလိုင်းကရွာထဲသိပ်မမိဘူး ရွာထိပ်ကကျောင်းကုန်းမှာတော့ ဖုန်လိုင်းအပြည့်မိတယ်။ ဖုန်းအားသွင်းဖို့ ကျုပ်အဖေဝယ်ပေးထားတဲ မီးစက်တော့ရှိတယ်။
ကျုပ်မီးစက်လား ဖုန်းအားသွင်းရုံမဟုတ်ပဲ ကလေးတွေ စာမေးပွဲရာသီ အိမ်မှာညခင်#အခမဲ့စာခေါ်သင်ရင် အလကားနှိုးပေးတယ်။ စာကျက်ဖို့နှိုးပေးတယ်။
ကျူရှင်ထားဖို့လား ဝေလာဝေး ထမင်းစားဖို့တောင် မနည်းလယ်စိုက်နေရတဲ့ရွာ။
ဒီကြာထဲ ဆင်းရိုင်းတွေ ဝင်စားရင် ဒုက္ခတွေ ဝေကော။
** #ကျုပ်လစာ ၁၅၀၀၀၀ကျပ် ဒါပေမဲ့ #ဟိုဖြတ်ဒီဖြတ် နဲ့ အပြည့်မရဘူး။ ကျုပ်က ပဲခူးသားဖြစ်တဲ့အတွက် တစ်ပတ်တစ်ခါပိတ်ရက်ပြန်တဲ့ လမ်းစရိတ် စားစရိတ် တွက်ကြည့်ပေါ့။ #လစာ ဖြတ်ခွင့်မရှိပေမဲ့ တရားဝင်အမိန့်ထုပ်ထားလဲ အဖြတ်ခံရတာပါပဲ။ ခင်ဗျားတို့လို လုပ်အားခလဲ အပြည့်အဝမရ ကိုယ်စရိတ်ကိုစားနဲ့ တစ်ပတ်လောက်လေးပဲ လုပ်ကြည့်စမ်းပါဗျာ။
#####ကဲ ဒီလောက်ဆိုလာလို့ရပီပေါ့ လာစုံစမ်း တောရွာဖက်ကဆရာတွေ ဘဝ ခင်ဗျာတို့ပြောသလို ကျူရှင်သင်တယ်ဆို ရွာသားတွေရှေ့မှာ ကျုပ်ပါးကိုရိုက်သွား အလုပ်လဲပြုတ်အောင်တိုင်---!!! အေးးး ခင်ဗျားတို့ စော်ကားသလို ကျုပ်တို့မလုပ်ခဲ့ဘူး ဆိုရင် ဆရာ/မ အားလုံးကိုထိုင်ကန်တော့ပီပြန် ချက်ချင်းပြန်------- ကြာကြာတော့မနေနဲ့ --- ကျုပ်ကစိတ်ကြီးတယ် ကြာမြင်နေ ပါးပြန်ရိုက်မိမှာဆိုးလို့ ။ ။ကျူရှင်ကာတွန်ဆွဲစားတဲ့ ဆွဲစားသူတွေ လာခဲ့နော် ဖိတ်ခေါ်တယ်-------
ဦးဖြိုးမင်းဇော်
မူပြ အလက ခွဲ ဝါးပိုင်။
'' ဒီစာအတွက်တာဝန်ယူမှု မေးစရာလိုမည်မထင်'''
*** မြို့ပေါ် ကျူရှင်သင်တာလဲ ကိုယ်အတက်ပညာနဲ့ ဝင်ငွေရှာတာ ဆရာဝန်လဲ အပြင်ဆေးခန်းထိုင်တာပဲ ဥပမာပြောတာနော် !!!
စာသင်စားတာ ခိုးစားတာမဟုတ်ဖူး----- တိုက်စားတာမဟုတ်ဖူး ---- သူတစ်ပါးမျက်ရည်နဲ့ ထမင်းစားတာမဟုတ်ဖူး ----- ယုတ်မာနေတာမဟုတ်ဖူး----ရှင်းပါတယ်နော် အဲတော့သင်တဲ့သူလဲ အပြစ်မတင်နဲ့ မထားချင်မထားနဲ့ပေါ့

credit
ဦးဖြိုးမင်းဇော်
*****

( ၃ )
ဆရာဟူသည်
***************
*** ဆရာဆိုတာ အဖြူအစိမ်းယူနီဖေါင်း ဝတ်လိုက်တာနဲ့ ဆရာစိတ်အပြည့် တပည့်သားသမီးတွေအပေါ် ဘယ်သောအခါမှ ကောက်ကျစ်ရိုးထုံးစံမရှိပေ-----
*** တက်စေချင်တော်စေချင်သည့် စိတ်သာရှိသည်။
*** ဆရာထက်တော်တပည့်ကျော်ရည်မျှော်မွေး
ထုပ်ကြ*** ဆိုသည့်အတိုင်း မိမိထက်တော်သည့် တက်သည့်တပည့်များသာ
မွေးထုပ်ဖို့ တာဝန်သည် ဆရာ၏တာဝန် -----
*** မိမိတာဝန်ကျရာ နေရာသွားကြတဲ့ အခါနေရာဒေသတိုင်းမှာ အခက်ခဲတွေရှိကြပါတယ်။ အဲဒီအခက်အခဲတွေ
ဟာ ဆရာစိတ် ဆရာစေတနာမပါရင်တော့ လှည့်ပြန်လောက်တဲ့အနေအထားပါ။
*** ယခုမြို့ပေါ်တာဝန်ကျတဲ့ ဆရာ/မ အများစုဟာ တစ်ချိန်က တောရွာတွေကျခဲ့ကြတာပါပဲ။ သူတို့လဲ အခက်ခဲပေါင်းစုံကျော်ဖြတ်ခဲ့ကြရတာပါပဲ။
*** အများကပြောသလို တာဝန်ရှိလို့သင်တာ လစာယူထားလို့ သင်ရတာ တာဝန်ကြောင့် ဆိုရင် တစ်ခုတော့ထပ်ပြောပါရစေ----- #စေတနာမပါရင် မဖြစ်ဖူးလို့သာရေရွတ်ရင်း----!!

credit
ဆရာမလေးများ

( ၄ )
ကျောင်းဆရာဘ၀ကို နားလည်ပါ
*********************************
ကျွန်တော်ကျူရှင်မသင်ချင်ပါဘူး။ အသက်အရွယ်ကြီးနေတဲ့ မိဘ
နှစ်ဦးကိုလုပ်ကျွေးနေရတယ်။

"လစာနဲ့မလုံလောက်လို့ပါဗျာ။"

ကျွန်တော်ရတဲ့ လစာလေး (165000) ကျပ်ကို လစာထုတ်ရင်
တစ်ပြားမှမလျော့ပဲထုတ်ပေးပါ့လား။

"လကုန်မှပေးမယ်ဆိုပီယူထားတဲ့အကြွေးလေးဆပ်ချင်လို့ပါ"

ကျွန်တော့်ကိုပေးတဲ့ စာစစ်တာဝန်၊ စာမေးပွဲခန့်စောင့်တာဝန်တွေ
ပေးရင် နေစရာလေးစီစဉ်ပေးပါ့လား။

"နေ့ချင်းပြန်မလာနိုင်တဲ့ တောကဆရာတစ်ယောက်မို့ ရတဲ့လစာ
လေး လျော့သွားမှာစိုးလို့ပါ"

လူကြီးမင်းတို့ပေးတဲ့ 1500/750ks တွေဟာ ထမင်းတစ်နပ်ဖိုး
ပဲရှိလို့ပါ။

ကျောင်းချိန်မှာပဲစာသင်ပါလားဗျာ။ အချိန်ပိုတွေမခေါ်ခိုင်းပါနဲ့နော်။

"နားဖို့ရတဲ့အချိန်လေးဆိုင်ကယ်ကယ်ရီဆွဲချင်လို့ပါ"

စာရွက်ဖြူကြီးတွေပြပြီး လက်မှတ်တွေမထိုးခိုင်းပါနဲ့ဗျာ" ဒီအလုပ်
ကိုဝါသနာပါလို့ လုပ်နေတာပါ။ (ငယ်သူငယ်ချင်း ဆယ်တန်းမ
အောင်တဲ့သူတွေ ချမ်းသာနေတာကို ငေးပီအားကျနေတဲ့ သူတစ်
ယောက်ပါ)

တစ်ကျောင်းလုံးမှ ဆရာနှစ်ယောက်ပဲရှိတာပါ။ အောင်ချက်တွေ
ရာနှုန်းတွေနဲ့ မတိုင်းတာပါနဲ့နော်။ ဆရာကျောင်းသား အချိုးလေး
တော့မျှတအောင်စီစဉ်ပေးပါလားဗျာ။

credit-
မင်းနွေ(ပျော်ဘွယ်)


No comments:

Post a Comment