Thursday, June 30, 2016

ဟာသစုစည်းမှု့လေးပါ

'ကို'
'အင်း...'

'အခုခေတ် ၈တန်း ၉တန်းကလေးတွေက Facebook ပေါ်မှာ သိပ်စပ်စလူး ထတာပဲနော်'
'အင်း ... သူတို့က Honda Fit လေးတွေလေ ... အကောင်သေးပီး လှစ်လှစ် လှစ်လှစ်နဲ့' (^_^)

'၁၀တန်းပီးကာစ ကောင်မလေးတွေလဲ ဂေါတယ်နော်'
'အင်း သူတို့က Taxi လေ ... လူတိုင်းစီးကြတယ် ... တခါတလေ လူပိုတောင်ခေါ်တင်ကြတယ် .. နားလည်မှု လေးတွေနဲ့'

'အော်.. ဒါဆို ၁၈ ၁၉ လေးတွေကရော..?'
'သူတို့ကတော့ Lamborgini ပေါ့ကွာ.. လူတိုင်းလဲမစီးနိုင်ဘူး ဈေးလဲကြီးတယ် စီးနိုင်တဲ့ကောင်လဲ ဆီဖိုးနဲ့မွဲမှာ' 

'ဒါဆို ၂၀-၂၁ ကောင်မလေးတွေရော??'
'သူတို့ကကျတော့ Luxury Car ပေါ့ကွာ ... အများကြီးစီးလို့မကောင်းဘူး ... ဇိမ်ခံဖို့အတွက်ပဲလေ' (^_^)

'အာ့ဆို ၂၂-၂၃ လေးတွေကရော??'
'အဲ ... သူတို့ကကျတော့ Used ကားတွေလိုမျိုး ... စီးမဲ့လူက သေချာစစ်ပီးဝယ်ကြတာ.. တခါတလေ အနောက်က ၀င်ကျုံးပီးသားကြီးတွေ..'

'ဘာပြောတယ်...!!!'
'အော်.. အနောက်ကနေ ကားတိုက်တော့ ကားအနောက်ပိုင်းကို တခြားကားနဲ့ဝင်ကျုံးပီးသားကို ပြောတာပါကွာ.. အဟီး' 

ချစ်သူမျက်နှာ တဖြည်းဖြည်း ပျက်လာသည်။

'ဟွန်း ... ၂၃-၂၄ တွေကရော?'
'တဖြည်းဖြည်း နဲ့ ဘူတာနားကပ်လာသလိုပဲ ... အဟီး'

'ဖြေ... ခုဖြေ'
'အဟီး... သူတို့ကကျတော့ ဇုံထုတ်တွေပေါ့။ ဒီခေတ်ထဲမှာ စီးတဲ့လူ မရှိသလောက်ရှားသွားပီ ... စီးမယ်ဆို အဲ့စီးတဲ့ကောင်က ရူးနေလို့ ... အငှီး'

'ဒါဆို ချစ်ကရော.....??????'

'ချစ်ကတော့ နိဗ္ဗာန်ယာဉ် ပေါ့'

( ဓားနဲ့လိုက်လို့ ပြေးခဲ့ရသည်။ ) xD

Crd 2 Org


Snow White 2016 💓💓
~~~~~~~~~~~~~~

2016 တွင် စနိုးဝှိုက်မင်းသမီးလေး မြန်မာနိုင်ငံတွင် လူဝင်စားလေသည်.. 👸

စနိုးဝှိုက်မှာ telenor ဖုန်းဖြင့် သူငယ်ချင်းဆီ ဖုန်းဆက်ရာ ဖုန်းလိုင်းများကြောင်ပြီး မင်းသားဆီရောက်သွား၊ မင်းသားနှင့်ဖုန်းပြော၊ အီစီကလီရိုက်ရာမှ မြန်မာကားဆန်စွာ ရည်းစားများ ဖြစ်သွားကြ၏.. 💑 💏

စနိုးဝှိုက်ကို ကြည့်မရသော မိဒွေးကြီးမှာ i pad ကြီးရှေ့ချ၍ "ဒီနားတစ်ဝိုက်မှာ ဘယ်သူအလှဆုံးလဲ" ဟု စံဇာဏီဘို၏ online ဗေဒင် နှိပ်လိုက်ရာ စံဇာဏီဘိုမှ "စနိုးဝှိုက်အလှဆုံး" ဟု ဖြေလေသည်.. 😈😈

ဤတွင် မိဒွေးကြီးမှာ ဒေါသအမျက် ချောင်းချောင်းထွက်ကာ စနိုးဝှိုက်ကို မမြင်ချင်တော့သဖြင့် ကိုရီးယားကားထဲကလို အမေရိကားသို့ မလွှတ်ဘဲ အီသီယိုးပီးယားသို့ ပညာတော်သင် စေလွှတ်လိုက်ရာ စနိုးဝှိုက်မှာ အီသီယိုးပီးယားတွင် လူပုလေး ၇ ယောက်နှင့်အတူ နေရလေသည်.. 😀😬😄😉😤😳😕

မိဒွေးကြီး online ဗေဒင် နောက်တစ်ခါထပ်မေးရာ စံဇာဏီဘိုက "စနိုးဝှိုက်အလှဆုံး" ဟုပင် ထပ်ဖြေသဖြင့် ဒေါသထွက်ကာ i pad ကြီးကို ရိုက်ခွဲလိုက်၏ ။ ထို့နောက် ရုပ်ဖျက်ကာ စနိုးဝှိုက်ကို အသေသတ်ရန် ကြံတော့သည်.. 😱😱

မိဒွေးကြီးသည် အောင်ရဲလင်းကဲ့သို့ နှုတ်ခမ်းမွေးနှင့် 6 pack များထားကာ ရုပ်ဖျက်၍... premier coffee ထုပ်ထဲတွင် 500 ks ဟု ရေးထည့်ကာ စနိုးဝှိုက်အား သွားပေးလေ၏.. ☕

စနိုးဝှိုက်မှာ premier coffee ထုပ် ဖောက်ကြည့်လိုက်ရာ တစ်သက်လုံး thank you ဟု တွေ့လာရာမှ ယခု 500 ks ဟု တွေ့လိုက်ရသဖြင့် ဝမ်းသာလုံးဆို့ကာ heart attack နှင့် ခေါက်ကနဲ လဲသေလေတော့၏.. 👻

စနိုးဝှိုက်ကို ဆေးရုံချက်ချင်းပို့ရန် အိမ်နီးချင်းများက ပြောသော်လည်း လူပုလေး ၇ ယောက်က "ပိုက်ဆံမပါရင် လူသေတောင် ပြန်ရှင်အောင်ကုမပေးတဲ့ဆေးရုံ မသွားဘူးကွား" ဟု ဝိုင်းငြင်းကြပြီး... စနိုးဝှိုက်အလောင်းကို sweety home မွေ့ယာပေါ်တင်၍ ဝိုင်းငိုကြလေသည်.. 😭😭

ထိုစဉ် မင်းသားမှာ စနိုးဝှိုက်အလောင်းနား ရောက်လာကာ နားရွက်နားကပ်၍ "မီးလာပြီ" ဟု ခုနစ်ချီသံနှင့် အော်လိုက်ရာ စနိုးဝှိုက်မှာ အကျင့်ပါနေသဖြင့် ငုတ်တုတ်ထထိုင်ပြီး "ဟေး" ဟု အော်လေ၏.. 😆😆

ဤတွင် စနိုးဝှိုက် ပြန်ရှင်သွားကာ မင်းသားနှင့် ညား၍ အပိတ်သီချင်းအနေဖြင့် EXO သီချင်းဖြင့် နှစ်ယောက်သားဒွန့်ကာ ပိတ်ကားချလိုက်လေသတည်း.. 💂👰🎵🎵💕

ဤတွင်ဇာတ်လမ်းပြီး၏.. 😁😁✌

Credit to Mya Sett


၁၆ နှစ်သမီးလေး လင်နောက်လိုက်ပြေးသောအခါ
================================

၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါချစ်သော ဖေဖေဒီစာကိုရေးရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့ ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ် ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက် ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။ ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့ ချမ်းသာတဲ့တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။ဖေ့ဖေ့ကိုလည်းချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ။

ချစ်ခြင်းများစွာဖြင့်
အဖေ့ရဲ့  သမီး

စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။

PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာ တွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။ သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော်I
love you Daddy !

Credit : Original


Facebook
သုံးလိုက်တဲ့                facebook
ပေါလိုက်တဲ့                 cele
shareလိုက်တဲ့            သောက်တလွဲ
တောင်း လိုက်တဲ့         အဆဲ
များလိုက်တဲ့                 စဆရက
တင်လိုက်တဲ့                Sexy ပုံ
ment လိုက်ပြန်ပြီ        နှာဘူးတသိုက်
ကြည့်ခိုင်းလိုက်ရတဲ့     1st comment
ပေးလိုက်ရတဲ့               up 
ခင်းလိုက်ရတဲ့               ဖျာ
ချိတ်လိုက်ကြတဲ့           relationship
တင်လိုက်ရတဲ့              RS Goals 
ပြတ်ကြပြန်ပြီ                ဒင်းတို့ 
ကွဲလိုက်ကြတဲ့ေ-ာက်သည်း
ကျော်လိုက်ကြတဲ့          စနိုက်
ရိုက်လိုက်ရတဲ့              Selfie
ပြိုင်လိုက်ရတဲ့               contest 
ခေါ်လိုက်ရတဲ့              mention
တုတ်လိုက်ကျတဲ့          အတင်း
ဆိုပြလိုက်ရတဲ့                သီချင်း
တောင်းစားလိုက်တဲ့      Like

ဒါတွေပဲမြင်ရလဲ…
ဖွင့်ကြည့်နေတဲ့ ကျနော် xD



မမကြီး'မွီး' နဲ့ ကောင်းလေး ကွေး => ဂွေး...

ခေတ်က စကားလုံးတွေ ခြုံ့ပြီး အလျင်စလို ပြောလာကြတဲ့ ခေတ်။

ကိုယ့်ထက်ကြီးတဲ့ ချစ်သူကို 'အကိုကြီး' လို့ခေါ်ရာကနေ 'ကိုကြီး' လို့ခေါ်လာတယ်။
တခါ...
'ကိုကြီး' ကနေ 'ကိုရီး' တဲ့။
ခုနောက်ဆုံးကျတော့...
'ကိုရီး' ကနေ 'ကွီး' ဖြစ်သွားပြီ။

သူ့ရဲ့ပြောင်းလဲပုံကို လိုင်းဆွဲကြည့်တော့...
အကိုႀကီး => ကိုႀကီး => ကိုရီး => ကြီး

နောက်...
ကိုယ့်ထက်ငယ်တဲ့ ချစ်သူကို ချစ်စနိုးနဲ့ ပြောင်းခေါ်လာတယ်...
'ခေး'... တဲ့။

သူ့ရဲ့ပြောင်းလဲပုံကို လိုင်းဆွဲကြည့်မယ်...
ကောင်မလေး => ကလေး => ကေး => ခေး

အဲဒီမှာ 'ကွီး' နဲ့ 'ခေး' ဆိုပြီး လိုက်ဖက်တဲ့ စကားလုံးအတွဲလေး ရလာရော။

ဟိုးအရင်က အဲလိုလိုက်ဖက်တဲ့ စကားလုံးအတွဲလေး ရှိခဲ့တယ်လေ... 'သမီး' နဲ့ 'ဦး' ဆိုပြီး။

ခုလည်း 'ကွီး' နဲ့ 'ခေး' ပေါ့။

စကားလုံးလေးတွေက ခေါ်လို့လည်းကောင်းပြီး ချစ်စရာလည်း ကောင်းပါတယ်။

ဒါပေမယ့်...
ခု ဘက်ပဲ့နေတဲ့ စကားတလုံးရှိတယ်ဗျ၊
ကိုယ့်ထက်ကြီးတဲ့ မမကြီးကို ခေါ်တဲ့ စကား 'မွီး' ဆိုတာလေ။

သူပြောင်းလာတာက ဒီလို...
အမကြီး => မကြီး => မရီး => မွီး

ချစ်ရတဲ့ မမကြီးကို ခေါ်ဖို့ကျတော့ 'မွီး' လို့ရှိပြီး၊
သူကကျတော့ သူ့ကောင်လေးကို ပြန်ခေါ်စရာ မရှိဘူး။
ဒါနဲ့ ဖြစ်လာနိုင်စရာ စကားလုံးလေးတစ်ခု စဉ်းစားကြည့်မိတယ်...

ကောင်လေး => ကွေး => ဂွေး... ဆိုပြီး။

ဒီတော့...
'ကွီး' နဲ့ 'ခေး'
'မွီး' နဲ့ 'ဂွေး' ပေါ့။

မွီး နဲ့ ဂွေး ကို ဇာတ်ကောင်ထားပြီး ရုပ်ရှင်လေးများရိုက်ကြည့်ရင် ကောင်းမလားလို့...။
အချစ်ဇတ်လမ်းလေးလေ

ဒီလို...
မင်းသမီး နဲ့ မင်းသား ပန်းခြံထဲ လျှောက်ပြေးပြီး တွတ်တီးတွတ်တာ ပြောခန်း

မွီး က ဂွေးကိုဆွဲပြီး ပန်းခြံထဲပြေး၊
ဂွေး က မွီး နောက်ကနေ ပုဆိုး မ,ပြီး တန်းလန်းတန်းလန်းလိုက်၊
(တလွဲမထင်နဲ့ ပုဆိုးဝတ်လာတော့ ပြေးရတာ ခြေတုပ်နေလို့ မ,တာ)
ကန်စပ်ရောက်တော့ မွီး က ဆွဲလာတဲ့ ဂွေးကိုလွှတ်ချ
ဘပ်...
(အဲ... လက်ဆွဲဖြုတ်တာ ဘပ်လို့တော့ မမြည်လောက်ဘူးထင်တယ်)

မွီး က ဂွေးပေါ် ထိုင်ချ
'အား...'
(ဘာလဲမသိဘူး)

စကားပြော...
'မွီး'
'ပြောလေ ဂွေး'
'ဂွေးကို ချစ်လား'
'ချစ်တာပေါ့ ဂွေးရယ်'
'ဘယ်လောက်ချစ်လဲ ဟင်'
'သြဇာသီးလောက်ကို ချစ်ပါတယ် ဂွေးရယ်'
'ဟင့် ဂွေးက သေးတော့ စိတ်အားငယ်မိတယ် မွီးရယ်'
'ဂွေးက လူကောင်သေးပေမယ့် ချစ်စရာကောင်းပါတယ် အားမငယ်ပါနဲ့'
'ဂွေးကို အမြဲချစ်ရမယ်နော်'
'စိတ်ချ... ဂွေး အိုနာကြိုးကန်း ရှုံ့တွတဲ့အထိ ချစ်မယ်'
'ပြီးရော...'

အဲဒီမှာ...
မွီးက ဂွေးကို ရင်ခွင်ထဲပွေ့ထားရင်း ပွတ်ပေး
(ပါးကိုပွတ်တာ၊ လိုက်လိုက် ရှင်းပြနေရတာ မဟုတ်သေးပါဘူး)

ချစ်သူနှစ်ယောက် ညနေစောင်းတော့ ကိုယ်စီအိမ်ပြန်ကြ။
မွီး ခမျာ အိမ်ရောက်တော့ သူ့အဖေက ဆီးပြော...

'သွီး...'
(အဖိုးကြီးကလည်း ခေတ်မီတယ်၊ သမီးကို သွီး လို့ ခေါ်တာ၊ ပေါ့သေးသေးမမှတ်နဲ့)
'ဟုတ်ကဲ့ ပြောပါ ဖီဖီ'
'သွီး ဘယ်ကပြန်လာတာလဲ မှန်မှန်ပြောစမ်း'
'သွီးချစ်သူနဲ့ ချိန်းတွေ့ပြီး ပြန်လာတာပါ ဖီဖီ'
'ဘာာ... သူကဘယ်သူလဲ'
'ဟုတ်ကဲ့ မကြာခင် ဖီဖီကို သမီးချစ်သူဂွေးနဲ့ တွေ့ပေးမှာပါ'
'ဖွီ... ရွံစရာမပြောနဲ့သွီး'
'မရွံပါနဲ့ဖီဖီရယ်၊ ဂွေးက ဖြူ ပါတယ်'
(စိတ်ထားဖြူ တာ)

အဲ့ဒီမှာ သူ့အမေက ဝင်ပြော...
'ဟေ့... ဂွေးဖြူ တာ မဖြူ တာ ငါ စိတ်မဝင်စားဘူး၊ ဂွေးက ခိုင်မာဖို့ပဲ လိုတယ်'
'ဟုတ်ကဲ့ မီမီ၊ ဂွေးက စီးပွားရေးတောင့်တင်းခိုင်မာပါတယ်'
'မဟုတ်လို့ကတော့ သွီး အဲ့ ဂွေးကို ဖြတ်ရမယ်'
'ဂွေးကိုတော့ မဖြတ်ပါရစေနဲ့ မီမီရယ်၊ သွီးမှာ အဲ့ဂွေးလေးပဲ ရှိတာမို့ပါ'
'ဒါဆိုလည်း နင့်ချစ်သူဂွေးကို ငါတို့နဲ့ပေးတွေ့၊အကဲခတ်ပြီး သဘောတူသင့် မသင့် ဆုံးဖြတ်မယ်'
ဒန်...
တန် တန်

ဇာတ်ကားကို ဒီနေရာမှာ ရပ်မှကောင်းမယ်
မဟုတ်ရင် ဂွေးဇာတ်က ပြတ်မှာမဟုတ်ဘူး။
.
.
Credit to Original Writer




ပြတ်ပြီ ဒါပဲ (အကြည်တော်)
-------------

"ရှင်နဲ့ ကျွန်မပြတ်ပြီ ဒါပဲ"

"ဘာပြောတယ်"

ရုတ်တရက် သူမပြောတဲ့ စကားကြောင့်
လန့်အော်မိတယ်။ဘယ့်နှယ်အကြောင်းရှာ…

"ဟုတ်တယ်…ရှင်နဲ့ ကျွန်မ တကယ်ပြတ်ပြီ"

ကိုယ့်ဖာသာ ကိုယ်အိမ်မှာ ငုတ်တုတ်ထိုင် နေတာ၊ အိမ်ပေါ်ထိ လာတက်ပြော၏။ အံ့ကြောကိုဆွဲရော။

"နေစမ်းပါဦး၊ နင်နဲ့ငါ ဘာပြဿနာရှိလို့ လဲ"
             
သူမ မျက်နှာစူပုတ်ပုတ်နဲ့ တဖက်လှည့် သွားတယ်။ ပြီမှ ဆောင့်ကြီး အောင့်ကြီးနဲ့

"မရှိဘူး"

"အေးလေ ဘာပြဿနာမှမရှိပဲ ဘာလို့ ပြတ်ရတာလဲ"
                 
သူမ မျက်နှာကို အုပ်ပြီး။

               
"မသိဘူး။မပြောချင်ဘူး မပြောချင်ဘူး။ ပြတ်ပြီ ဒါပဲသိတယ်။ပြတ်ပြီ"

"ဟင်"
                 
အဲဒါပဲကြည့်။ မိန်းကလေးတွေက 
တခါတလေ အဲဒီလိုပဲ။သူမက 
ပိုဆိုးသေးတယ်။ ဘယ်လောက်ထိလဲဆို 
တခါကလဲ ဖုန်းဆက်တယ်။
                 
"ဟယ်လို"
                 
"အင်း…ပြော"
                 
ခနတော့ အသံတိတ်သွားတယ်။ ပြီးမှ
               
"ဘာမှ မဟုတ်ဘူး။ ဒီအတိုင်းဆက်လိုက်တာ။"
               
"အော်"
                  
ဘာပြန်ပြောရမှန်းမသိဘူး။ ဒီအတိုင်း ဆက်တာတဲ့။ ဒါနဲ့ပဲ…
                    
"သတိရလို့လား"
                   
"ဒီအတိုင်းဆက်တာပါဆို"
                    
အသံက သိမ်မကြည်လင်ဘူး။
                   
"အိမ်မှာ အမေဆူလို့လား"
                  
"ခုနကမှ အမေက နန်းကြီးသုတ် လုပ်ကျွေးလို့စားနေတာ သာသာယာယာပဲ"
                    
"ဒါဆို အပြင်တွေ ဘာတွေသွား ချင်လို့လား"
                    
"အား ဒီလောက်ရေတွေကြီးနေတာ ဘယ်သွားရမှာလဲ။ ဒီအတိုင်းဆက်တာပါ"
                     
ဟုတ်သား။မိုးတွေကြီးပြီး လမ်းတွေ ရေလျံနေတာ ဘယ်သွားလို့ရမလဲ။
                      
"ဗိုက်ဆာလို့လား"
                      
"အော် ခုနကပဲ အမေနန်းကြီး သုတ်သုတ်ကျွေးလို့ စားပြီးပါပြီဆို"
                       
"ဒါဆို တစ်ခုခု လက်ဆောင်လို ချင်လို့လား"
                     
"အား ဘာလက်ဆောင်ယူရမှာလဲ အိမ်မှာတင် အရုပ်တွေနဲ့ပြည့်လို့ မလိုတာတွေ ပစ်နေရတာကို"
                     
ဒါလဲမဟုတ်ပြန်ဘူး။ သူဘာလို့ ဖုန်းဆက်မှန်းကို အဖြေရှာလို့မရဘူး။
                     
"ဒါဆို တွေ့ချင်လို့လား"
                    
"အော် ဒီလောက်ဆိုးတဲ့ မျက်နှာ ကြီး ဘာလို့တွေ့ချင်ရမှာလဲ။ တကတည်း"
                     
"အဲ"
                      
ပြောတာကစုံနေပြီ။ သူဘာလို့ ဖုန်းဆက်မှန်းမသိဖြစ်နေမိတယ်။ ဒါနဲ့ပဲ
                     
"ကဲ…ညီးပြောမှပဲသိတော့မယ်။ ဘာလို့ဖုန်းဆက်တာလဲ"
                    
"အော် ဒီအတိုင်းပဲဆက်တာပါဆို၊ ရှင်က အလိုက်ကိုမသိဘူး။ အဲဒါတွေ ရှင့်ကို မုန်း တာ။ ဒီအတိုင်းပဲဆက်လိုက်တာ။ ဒီအတိုင်းပဲ ဆက်လိုက်တာ။ဒါပဲ နောက်လဲ လာမခေါ်နဲ့"
                      
"ဂွပ်"
                 
အဲဒီလိုမျိုး။ဖုန်းဆက်တာ ဒီအတိုင်းပဲ ဆက်လိုက်တာတဲ့။ ဘာအကြောင်းမှမရှိပဲ ဒီအတိုင်းပဲဆက်လိုက်တာဆိုတော့ 
ဘာပြောရမှာလဲ။
                       
ပြောချင်စိတ်လဲမရှိ။ လိုချင်တာ လဲမရှိပဲ ဒီအတိုင်းပဲဆက် လိုက်တာ ဆိုတော့ ဘယ်လိုပြောရမှန်းမသိဘူး။
                       
ကဲ…အခုလဲ လုပ်နေပြန်ပြီ။

                       
"ရှင်နဲ့ ကျွန်မ ပြတ်ပြီ" တဲ့
ဘာလို့ပြတ်မှန်းလဲ မသိ။ဒါနဲ့ပဲ
                       
"နေပါဦး နင့်အပေါ်မှာ ငါဘာ အ ပြစ်ရှိလို့လဲ"

သူမ စူပုပ်ပုပ်နဲ့ တဖက်လှည့်ပြီး
                      
"မရှိဘူး"
                       
"နင်ငါ့ကို မကြေနပ်တာရော ဘာ ရှိလဲ"
                     
သူမဝေ့ကြည့်ပြီး
                       
"မရှိဘူး"
                     
"ဒါဆို ဘာလို့ပြတ်ချင်လဲ။ အ ကြောင်းပြချက်တစ်ခုပေး။ အကြောင်းပြချက်တစ်ခုရှိရင် ပြတ်မယ်။ ဒါပဲ"
                     
ဆိုတော့။ သူမ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။
                   
"ကဲ ပြော"
                  
သူမခေါင်းကုပ်လိုက်၊ မျက်စေ့က လော်လိုက်ဖြစ်သွားတယ်။ပြီးမှ 
စူပုပ်တာလား ဘာလားမသိတဲ့ မျက်နှာနဲ့
                
"အကြောင်းပြချက်တစ်ခုပေးရင် တကယ်ပြတ်မှာလား"
                 
"အေး ပြတ်မယ်။ပြော အကြောင်း ပြချက်တစ်ခု"
                 
"ဟိုလေ"
                     
သူမ စကားစမလိုလုပ်ပြီးမှရပ်သွားတယ်။
ပြီးမှ ပြုံးဖြီးဖြီးနဲ့
                     
"အကြောင်းပြချက်ရှိရင် တကယ် ပြတ်မှာနော်"
                     
"ပြောပြီးပြီလေ အကြောင်းပြချက်ရှိရင် ပြတ်မယ်"
                  
"ပြီးရော"
                   
သူမ ခပ်တည်တည်နေရာမှ ပြုံး လိုက်တယ်။ ပြီမှ
                     
"Face book ပေါ်တင်ချင်လို့"
                  
"ဘာ"
                    
သူမ ဖြဲခနဲရယ်လိုက်ပြီး
                 
"ဟိုလေ သူများတွေ အသည်း ကွဲ ကြောင်း Facebook ပေါ်တင်နေ ကြတာ အား ကျ ကျွန်မလဲ တင်ချင်လို့"
                   
စိတ်ထဲ အတော်တင်းသွားတယ်။ 
ကြည့်ဦး။အသည်းကွဲကြောင်း Facebookပေါ် တင်ချင်ယုံနဲ့ ရည်းစား ငုတ်တုတ်ကြီးလာဖြတ် နေတာ။ ကိုယ်လဲဒေါသထွက်ပြီး ပြောမိတယ်။

"ပြတ်ပြီ။ဒါပဲ"

"ပြီးရော"
                     
လှစ်ခနဲပြေးထွက်သွားတာမြင်လိုက်တယ်။
                       
သိပ်မကြာဘူး facebook ဖွင့်ကြည့် တော့။ 
သူ့Accountမှာ ရေးထားတာက
                    
"သစ္စာမရှိတဲ့ လူကြီးတစ်ယောက်နဲ့ 
လမ်းခွဲလိုက်ရလို့ ဝမ်းမနည်းပါဘူး။ ဒါပေမဲ့ 
ကိုယ့် ရဲ့မေတ္တာတရား အတွက်မျက်ရည်ကျမိတယ်။ ဒီလိုသစ္စာမဲ့တဲ့ လူမျိုးကိုလဲ အပင်ပန်းခံ ကျိန်
မ နေတော့ပါဘူး။ သူဘဝနဲ့သူ ကိုယ့်ဘဝနဲ့ 
ကိုဖြစ်သွားပြီ။ ဒီနေ့ဝအောင်ငိုမယ်။ 
နောက်နေ့မငို တော့ဘူး ဒါပဲ…"

ပိုအံ့သြဖို့ကောင်းတာက သူစာအောက်မှာ ရေးထားတာတွေက
            
"ဟယ် သနားလိုက်တာ ညီမလေးရယ်"
              
"ယောက်ျားတွေက ဒီလိုပဲ သစ္စာမ ရှိကြဘူး"
            
"အားတင်းထား ညီမလေး။ သူက သစ္စာမရှိပေမဲ့ တို့တွေရှိတယ်"
                
ဆိုတာတွေတန်းစီတွေ့လိုက်ရတယ်။
               
သိပ်မကြာဘူး။ ကျုပ်ကိုပါ blockသွားတော့တာပါပဲ…။
                                                          အကြည်တော်




ရည်းစားစကား ဘယ်သူတွေ ဘယ်လိုပြောကြသလဲ ???? 
ကဗျာဆရာ
***********
လရဲ့ ရှင်သန်ခြင်းက ည
မောင့် ရဲ့ ရှင်သန်ခြင်းက မ

စပယ်ယာ 
*********
ဂိတ်ဆုံးထိ စီးစီး တစ်မှတ်တိုင်ပဲစီးစီး မင်း အတွက်ဆို ကိုယ့်ရင်ခွင်မှာ ထိုင်စရာနေရာ ရှိပြီးသားပါ ။

အလှူ ခံပုဂ္ဂိုလ်
**************
ညောင်စေ့လေးလောက်ပဲ ပြန်ချစ်ပေးရင်ညောင်ပင်ကြီးလောက် မင်းကို ချစ်ပါ့မယ်။

ရုံးစာရေး
**********
                                     ၁၄.၂.၂၀၁၆
                                        သောကြာနေ့
အကြောင်းအရာ။  ။ ချစ်ခွင့်ပန်ခြင်း။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ပြန်လည်ပြောကြားပေးစေလိုပါသည်။
                                          
မီးသတ်
*********
ရင်ထဲမှာလောင်ကျွမ်းနေတဲ့ အချစ်မီးတွေကို မင်းလေးရဲ့ ဂါလံ၁၅၀၀ ဆန့် အချစ်ခွန်အားတွေနဲ့ ပက်ဖြန်းပေးပါ။

ရဲ
***
မင်းကိုတွေ့တိုင်း သူခိုးလူမိဖြစ်နေမိတဲ့ ကိုယ့်အဖြစ်ကို ဖမ်းဝရမ်းထုတ်ပြီး နှလုံးသားတစ်စုံကို လက်ထိပ်ခတ်ပေးပါ။

စစ်သား
*******
ကျား ၃
မ ၃
စုစုပေါင်းမိသားစု ၆
စီးပွားရေး သင့်တင့်
အမွေဆိုင်အိမ်တစ်လုံးရှိ 
အမိန့်နာခံရန်   အသင့်။

ကျူ ရှင်ဆရာ
***********
အစိုးရစစ်ပဲဖြစ်ဖြစ် ကျောင်းတွင်းစစ်ပဲ ဖြစ်ဖြစ် ကိုယ့်အချစ်က အောင်ချက်အကောင်း ဆုံးဖြစ်စေရမယ်။

တရားသူကြီး
***********
၅၂၈ထက်ကျော်လွန်သော
ပုဒ်မ ၁၅၀၀ကြောင့် 
ကျွန်ုပ်ကို ကျွန်ုပ် အပြစ်ဒဏ်ချလိုက်သည်။သင်နှင့်တစ်သက်တစ်ကျွန်းအိမ်ထောင်ကျရန် လက်ခံပေးပါ။

ရှေ့နေ 
*******
မျက်မြင်သက်သေများရဲ့ထွက်ဆိုချက်အရ 
အချစ်တရားခံ ကိုယ့်ကို သက်ညှာတဲ့ပုဒ်မ တစ်ခုတပ်ပြီး မင်းနဲ့အနီးဆုံးနေရာမှာ ရာသန်ပန် နေခွင့်ပြုပါ။

မျိုးချစ်
******
အမျိုးစစ်မှ အမျိုးချစ်တတ်တဲ့မင်းကို
ဗမာ အစစ်ဖြစ်တဲ့ငါက မင်းကိုချစ်ကြောင်း 
ရင်ဘတ်မှာ၉၆၉ တံဆိပ်တောင် ခပ်နှိပ်ထားပါရဲ့။

ဘုန်းကြီးလူထွက်
*****************
ကိလေသာပူလောင်မှန်းသိပေမယ့် လောကုတ္တရာကို ဒကာမလေးမပါပဲနဲ့ 
ဥူးပဇင်းမသွားနိုင်ပါ။

ဗကသ
********
ဘယ်အစိုးရပဲတက်တက် ငါ့အချစ်ကို နင်လက်မခံမချင်း သပိတ်လှန်ဖို့ စိတ်မကူးပါ။

ငှက်
****
ပြည်သူတွေတင်မြောက်တဲ့ ဒို့ အစိုးရလက်ထပ်မှာ မင်စွန်းခဲ့တဲ့ လက်သန်းလေး၂ချောင်း နဲ့ ဘဝခရီးကြမ်းကို တူတူလျှောက်ကြအောင်။

တယ်လီနောဝန်ထမ်း
********************
သတိရတဲ့စိတ်တွေကြောင့်  မင်းဆီ တနေ့ကို စာ အကြိမ်ကြိမ်ပို့နေရောပေါ့။

ဘဏ်ဝန်ထမ်း
**************
ကိုယ့်အချစ်တွေ မင်းဆီမှာအပ်နှံဖို့မှတ်ပုံတင်ပါယူခဲ့တယ် ။

EPC
******
မီးတစ်ခါပျက်တိုင်း ကိုယ့်ကို တစ်ခါသတိရမယ်ဆို မီးဖြတ်ဖို့ ကိုယ့်တာဝန်ထားပါ။

စီးပွားရေးသမား
***************
ကုန်ဈေးနှုန်းဆိုတာ အတက်အကျရှိပေမယ့်
ကိုယ့်အချစ်တွေက နှလုံးသားဈေးကွက် မှာတည်ငြိမ်လျှက်ပါ။

ဆြာဝန်
*******
ဘယ်ဆေးမှမတိုးတဲ့ ကိုယ့်နှလုံးသား
မင်းနဲ့မှ နလန်ထ တာပါကွာ ။

အင်ဂျင်နီယာ
***********
ခိုင်မာလှပတဲ့အချစ်အိမ်တစ်လုံးဖန်တီးဖို့ မင်းဘက်က ခေါင်းတချက်ပဲ ငြိမ့်ပေးပါ။

ဗေဒင်ဆရာ
************
မဟာဘုတ်ပဲ ထူထူ ဂြိုလ်ခုံကိုပဲကြည့်ကြည့်
မင်းအတွက်ဆို ကိုယ့်အချစ်က ယတြာ မလိုပဲ 
စုတ်ကော လာဘ်ကောဝင်ချင်တာပါ။

အမတ်
******
ပိုင်ဆိုင်မှုနှင့်တစ်ကွ တင်ပြထားသော ကိုယ့်အချစ်ကို 
သဘောတူပါသလား။
သဘောတူပါသလား။
သဘောတူပါသလား။

credit>>>>
Thawtar Htet


No comments:

Post a Comment