Wednesday, June 29, 2016

ကျုပ်ကမျိုးမစစ်ပါ ကြိုက်မိလို့ပါဗျာ

ကျုပ်က မျိုးမစစ်ပါ…
---------
-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…မြန်မာလူမျိုး…မလွှတ်တင်ထားတဲ့ ဂြိုလ်တုကိုအမှီပြုပြီး onlineသုံးပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…နိုင်ငံခြားက မျိုးမတူ မိစ္ဆာတွေလုပ်ထား FBကို သုံးပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…မွတ်စလင်တွေ ခရစ်ယန်တွေ ဟိန္ဒူတွေကို လည်ပင်းဖက်ပေါင်းပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…နိုင်ငံခြားက မျိုးမတူတွေ တင်သွင်းတဲ့ ဓတ်မြေသြဇာတွေနဲ့ စိုက်ပျိုးထားတဲ့…အသီးအနှံတွေစားပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့် ဖျားနာရင် အင်္ဂလိပ်ဆေးသောက်ပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…နိုင်ငံခြားကလာတဲ့…လိုင်းကားကြီးကို စီးပြီး…အလုပ်သွားပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…ဘောင်းဘီတွေ တီရှပ်တွေ ဝတ်ပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…မြန်မာတွေလုပ်ထားတဲ့ လက်ကိုင်ဖုန်းကို မကိုင်ပါဘူး…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…အော်ရီဒူး…တယ်လီနော့တွေပါ…အစဉ်ပြေတာ အလှည့်ကျ သုံးစွဲပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့် ကိုရီးယားကား အမေရိကန်ကားတွေ အားပေးပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…ROCKတွေ RAPတွေ နားထောင်မိပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…ငယ်ငယ်က အင်္ဂလိပ်စာ သင်မိဖူးပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့် မြန်မာဘောလုံးအသင်းကို မဆဲပဲ ဝေဖန်မိပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…ကုလားလေးတစ်ယောက်ဘက်က ဝင်ထိုးပေးဖူးပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…တေလာဆွစ်ကို သဘောကျမိပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…အဲရိုစမစ်သီချင်းတွေ နားထောင်မိပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…အရက်နဲ့ ကုလားလေးဗယာကြော် မြည်းမိပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…တိုရှီဘာလားဆိုတဲ့…တယ်လီဗေးရှင်းကြီးနဲ့ အင်္ဂလန်ဘောလုံးပွဲတွေကြည့်ပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…တရုတ်ကြီးဆိုင်က ခေါက်ဆွဲကြော်ဝယ်စားပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ…ဒါကြောင့်…မြန်မာစာဟာ…မွန်စာကဆင်းသက်လာတယ်လို့…လက်ခံမိပါတယ်…

-ကျုပ်ကမျိုးမစစ်ပါ… ဒါကြောင့်…အမျိုးစောင့်ဥပဒေကို …ဘာမှ ထောက်ခံတယ် မခံဘူး မပြောပဲ…တလင်တမယား စနစ်ကကောင်းတယ်လို့ ထောက်ခံမိပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…ဗမာမလေးတစ်ယောက်ကို မချစ်နိုင်ခဲ့ရင် ခင်ဗျားတို့ ဝမ်းမနဲပါနဲ့…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…မြန်မာပြည်က သစ်ပင်တွေ ခိုးခုတ်နေတာကို ခွင့်ပြုတဲ့ မြန်မာတွေကို စော်ကားပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…လွတ်ငြိမ်းချမ်းသာ ခွင့်မှာပါလာတဲ့…မြန်မာလူမိုက်တွေကို လွှတ်ပေးတာ သဘောမကျမိပါဘူး…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…မြန်မာနဲ့ လက်ဝါးရိုက်ပြီး …မြေလာစမ်းတဲ့…မြေဆီပျက်သုန်းအောင်လုပ်တဲ့ သူတွေကို ဝေဖန်ဖူးပါတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…တောသူတောင်သားတွေကို ဆရာလုပ်ပြီး…မြန်မာကို ချစ်တဲ့ မြန်မာလူမျိုးစစ်စစ် အမျိုးဘာသာသာသနာတော်ကို မြတ်နိုးတော်မှုတဲ့ ဆရာကြီးတွေကို မဲမထည့်ဖို့ ရှင်းပြဖူးတယ်…

-ကျုပ်က မျိုးမစစ်ပါ…ဒါကြောင့်…တိုင်းတပါးသားကို လင်တော်ဖူးတဲ့ ဒေါ်စုကို ထောက်ခံပြီး…မြန်မာပြည်မှာ မမွေးတဲ့ ဗုဒ္ဓကို ကိုးကွယ်မိပါတယ် ခင်ဗျာ…

---------
#zeroneo


No comments:

Post a Comment