ဓမ္မစေတီခေါင်းလောင်းဖူးစာ ရုပ်ရှင်ကို တောင်ကြီးသူလေး
မြတ်ရတနာကျော်နှင့် ကိုရီးယားမင်းသားလီမင်ဟိုတို့ရိုက်ကူး
မည်.......
ဇာတ်လမ်းအကျဉ်း .... ဦးစံပျင်း နှင့်အဖွဲ့သည် ဓမ္မစေတီ
ခေါင်းလောင်းကို ရှာဖွေရာ မထင်မှတ်
ပဲ ရေသူထီးတစ်ကောင်ဖမ်းမိသည်....ဦးစံပျင်းက ရေသူထီး
ရှာတွေ့သည်ကိုလူသိမခံလျို့ဝှက်ထားပြီး ခေါင်းလောင်းအား
ဆက်ရှာနေသည်.... မြတ်ရတနာကျော်သည် ခေါင်းလောင်း
ရှာဖွေခြင်းမှာ ပါဝင်ကူညီရသော တံငါသည်မလေးဖြစ်သည်..
မြတ်ရတနာကျော် ၏ အလုပ်မှာ ဖမ်းထားသော ရေသူထီး
လီမင်ဟိုအား နေ့စဉ်ရေချိုးပေးရသောအလုပ်ဖြစ်သည်...
နေ့စဉ်နှင့်အမျှ ပျင်းရိနေသော ရေသူထီးလီမင်ဟိုအား
မြတ်ရတနာကျော်မှ COC ဆော့တာသင်ပေးရင်း လီမင်ဟို
မှာ မြတ်ရတနာကျော်အားချစ်စိတ်ဝင်ပြီး သူ၏တန်ဖိုးအထား
ဆုံး ကြေးသတ္တုအပိုင်းအစဆွဲပြားလေးအားလက်ဆောင်ပေး
လိုက်သည်...မြတ်ရတနာကျော်ကလဲ ဆွဲကြိုးလေးကိုတန်ဖိုး
ထား ဝတ်ဆင်ရာမှ တစ်နေ့ဦးစံပျင်းကတွေ့သွားပြီး ထိုဆွဲကြိုး
ကိုစစ်ဆေးရာ ဓမ္မစေတီခေါင်းလောင်းအပိုင်းအစဖြစ်နေ၍
ဝမ်းသာသွားပြီး ရေသူထီးလီမင်ဟိုအားမေးရာ လီမင်ဟိုသည်
စကားမပြောတတ်သဖြင့် ခေါင်းကိုခါကာမသိဘူးချည်းပဲငြင်း
သည်...ထိုသို့ငြင်းလေ ဦးစံပျင်းမှာ စိတ်တိုလေဖြစ်ပြီး လီမင်ဟို
အားအကြမ်းနည်းသုံး၍ ခေါင်းကိုရေနှစ်၍သော်ငှင်း အမျိုးမျိုး
နှိပ်စက်၍မေးမြန်းရာ ရေသူထီးလီမင်ဟိုမှာ ခေါင်းပဲခါကာ
မသိဘူးချည်းပဲငြင်းသည်... နောက်ဆုံးဦးစံပျင်းမှာ မြတ်ရတနာ
ကျော် လည်ပင်းအား ဓားဖြင့်ထောက်၍ ခေါင်းလောင်းရှိသည့်
နေရာမပြောလျှင် မြတ်ရတနာကျော်အားသတ်ပစ်မည်ဟု
ခြိမ်းခြောက်ရာ လီမင်ဟိုမှာ ဒေါတတစ်ကြီးဖြစ်၍ အော်လိုက်
ရာ သူ၏အော်သံကြောင့် ရေထဲမှ ရေသူထီး ရေသူမများ
သဘောင်္ပေါ်အများကြီးတက်လာ၍ ဦးစံပျင်းအားတစ်စစီ
တစ်နေရာကိုသာ ကွက်ချန်ပြီးအလုအယက်အားရပါးရ
ကိုက်စားသွားကြကာ လီမင်ဟိုအား ကယ်သွားသည် ..
ပြီးပြီလေ ဘာဆက်ဖတ်ချင်နေသေးတာလဲ သွား သွား
လီမင်ဟိုကို လွမ်းလို့ငိုနေတဲ့ မြတ်ရတနာကျော်ကို သွား
နှစ်သိမ့်ပေးလိုက် အိုခီ
Monday, June 27, 2016
ဓမ္မစေတီခေါင်းလောင်းဟာသလေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment