Friday, August 9, 2019
မတိုးတက်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အချက်များ
မတိုးတက်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အချက်များ
👇👇👇👇👇👇👇👇👇👇👇👇👇👇
၁။ ကိုယ့် အားနည်းချက်ကို သူတစ်ပါးက ထောက်ပြတာကို လုံးဝ မကြိုက်ပါ...။
၂။ ကိုယ့်အမှားကို သူတစ်ပါးက ထောက်ပြရင် သူလည်း အဲလိုပဲဆိုပြီး ကိုယ့်ကို ထိုးနေတဲ့ လက်ညိုးကို သူများဆီ လွှဲထိုးတတ်တယ်...။
၃။ သူတစ်ပါး ဘာပြောပြော နားထောင်ဖို့ မကြိုးစားဘဲ ကိုယ် ပြောချင်တာပဲ ဆက်ပြောတတ်တယ်...။
၎။ အကြောင်းအရာ တစ်ခုဟာ အကောင်းဘက်ကို ရည်ရွယ်နေသလား၊ အဆိုးဘက်ကို ရည်ရွယ်နေသလား မဆင်ခြင် မသုံးသပ်ပဲ ချက်ချင်း  အပြစ်တင် ပြောဆိုတတ်တယ်...။
၅။ သဘော မတူညီမှုကို ဆဲရေးတိုင်းထွာခြင်း၊ ရွဲ့စောင်းခနဲ့ခြင်းတို့နဲ့ တုန့်ပြန်တတ်တယ်...။
၆။  လူငါးယောက် ရှိရင် သုံးယောက် တစ်ဖွဲ့၊ နှစ်ယောက် တစ်ဖွဲ့ သွေးကွဲတတ်ကြတယ်။ သုံးယောက် ကျန်တဲ့ အခါ နှစ်ယောက်နဲ့ တစ်ယောက် သွေးကွဲတတ်ကြတယ်...။
၇။  ကိုယ့်ထက် သိသူတတ်သူ တစ်ယောက် ရှိလာရင် အဲဒီလူထံချဉ်းကပ်ဖို့ထက် ဘယ်လောက်သိ၊  ဘယ်လောက်တတ်လို့လဲဆိုပြီး ဆန့်ကျင်တတ်ကြတယ်...။
၈။ လူတစ်ယောက်က အမှား လုပ်တဲ့အခါ ပြန်မထူနိုင်အောင် ထိုးနှက်တတ်ကြပြီး၊ လူတစ်ယောက် ကောင်းတာ လုပ်နေရင်လည်းအပြစ်မကင်းအမြဲ ဝေဖန်တိုက်ခိုက်တတ်ကြတယ်...။
၉။ တစ်စုံတစ်ယောက်၊ တစ်စုံတရာ အပေါ် ယုံကြည်မှု မထား အမြဲ သံသယ မကင်းဖြစ်တတ်ကြတယ်...။
၁၀။ စာ မဖတ်ကြဘူး။ စာဖတ်တဲ့ အခါမှာလည်း အဲဒီ စာရဲ့ အဓိက ဆိုလိုရင်းဟာ ဘာလဲဆိုတာကို ကောက်နှုတ် တွေးခေါ်ဖို့ မကြိုးစားတတ်ကြဘူး...။
Thi Ha🇲🇲
လက်စွပ် ဝတ်ထားတဲ့ အဓိပ္ပါယ်လေးတွေ
လက်စွပ် ဝတ်ထားတဲ့ အဓိပ္ပါယ်လေးတွေ
💍💍💍💍💍💍💍💍💍💍💍
 ဘယ်ဘက် လက်အတွက်
  💚💚💚💚💚💚
🍃 လက်သန်း ဆိုရင်……
🍃 သင်ဟာ အိမ်ထောင်မပြုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
🍃 လက်သူကြွယ် ဆိုရင်…
🍃 သင်ဟာ လက်ထပ်ပြီးပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
🍃 လက်ခလယ်မှာ ဆိုရင်တော့……
🍃 စေ့စပ်ထားသူရှိကြောင်းဆိုလိုတာပါ။
🍃 လက်ညိုးမှာ ဆိုရင်……
🍃 အိမ်ထောင်မပြုရသေးသူဖြစ်ကြောင်းဖော်ပြတာပါ။
 ညာဘက် လက် အတွက်
❤❤❤❤❤❤❤ 
🍃 လက်သန်း ……
🍃 ချစ်သူ ရည်းစားထားချင်စိတ် မရှိတော့ကြောင်း……
🍃 လက်သူကြွယ် ……
🍃 တစုံတယောက်နဲ့ ချစ်ကြိုက်နေကြောင်း ……
🍃 လက်ခလယ်……
🍃 ပိုင်ရှင်ရှိကြောင်း ဖော်ပြပြီးတော့……
🍃 လက်ညိုးမှာ ဆိုရင်တော့ ……
🍃 Single ဖြစ်ကြောင်းဖော်ပြနေတာပါတဲ့ ။
🍃 အဲဒီတော့ကိုယ့် လက်စွပ်လေးတွေက …
🍃 ကိုယ့်အကြောင်းကို ဖော်ပြနေတတ်တယ်။
Thi Ha🇲🇲
ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ဒီအချက် (၂၀) နဲ့ ကိုယ့်ကိုယ်ကို ဝန်းရံထားလိုက်ပါ
ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ဒီအချက် (၂၀) နဲ့
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ကိုယ့်ကိုယ်ကို ဝန်းရံထားလိုက်ပါ
🍏🍏🍏🍏🍏🍏🍏🍏
၁။ ပျော်တတ်သူတွေရဲ့ပတ်ဝန်းကျင်မှာ နေထိုင်ပါ။
၂။ များများပြုံးပါ။
၃။ လဲကျတိုင်း ပြန်ထတတ်တဲ့အကျင့်ကို မွေးမြူပါ။
၎။ စိတ်ချမ်းသာအောင်နေထိုင်ပါ။
၅။ ကောင်းတဲ့အဖြစ်အပျက်တွေပေါ်မှာပဲ အာရုံစိုက်ပါ။
၆။ စိတ်ချမ်းသာစရာလေးတွေကို အသိအမှတ်ပြုပါ။
၇။ အလုပ်တွေကို သူ့အချိန်နဲ့သူခွဲထားပါ။
၈။ အချိန်ကိုတန်ဖိုးထားပါ။
၉။ လူကြီးမိဘ၊ ဆရာသမားတွေနဲ့ စကားစမြည်ပြောပါ။
၁ဝ။ ပရဟိတလုပ်ပါ။
၁၁။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၁၂။ ချစ်ခင်သူတွေနဲ့ နွေးနွေးထွေးထွေးနေပါ။
၁၃။ အရာရာကို ကောင်းတဲ့ဘက်က ကြည့်ပါ။
၁၄။ သီချင်းနားထောင်ပါ။
၁၅။ အွန်လိုင်းသုံးချိန်လျှော့ပါ။
၁၆။ စိတ်ကို အမြဲဆန်းစစ်ပါ။
၁၇။ လေ့ကျင့်ခန်းလုပ်ပါ။
၁၈။ ပုံမှန်လမ်းလျှောက်ပါ။
၁၉။ အချိန်မှန်အိပ်ပါ။
၂ဝ။ ဟက်ဟက်ပက်ပက် ရယ်မောပါ။
၂၁။ ခြေလှမ်းကျယ်ကျယ်လှမ်းပါ။
Thi Ha🇲🇲
မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး
မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
၁. "ခဏကျမှ" ဆိုတာကနေ "ခုချက်ချင်း "လို့ပြောင်းလိုက်ပါ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ ...စောင့်နေ အုံးမယ်ဆိုရင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့ဒီလို ဖြစ်သွားနေတတ်ပါတယ် ။ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ။
၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင် ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ်မိပဲ နေတတ်ပါတယ် ။အဆိုတော် " ကို အငဲ တို့ ကိုလေးဖြူ "တို့ လည်း အမေဝမ်းကမွေးလာတာနဲ့ တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူး ။လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ ။သူတစ်ပါးလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရပါမယ် ။
၃. "စမ်းလျှောက် ကြည့်ပါ "
🌸🌸🌸🌸🌸🌸🌸
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ စမ်းမလျှောက်ကြတဲ့ အခါ ( လဲကျတာ ရှိမယ် နာကျင်တာရှိမယ် )
တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် ။အရင်ပုံစံ အတိုင်းပဲ လုပ်နေမယ်ဆိုရင် အကျိုးအမြတ် ကလည်း နဂို အတိုင်း ပဲ
ဖြစ်နေပါလိမ့်မယ် ။ကြီးမားတဲ့ အောင်မြင်မှုအသစ် ကို ရရှိချင်တယ် ..ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ် ။
၎.နမူနာ ရှာပြီး " သူ့ဦးနှောက် ကိုဖောက်လာ ပါ "
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့
အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း????
သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက်
လာအောင် လုပ်ပစ်လိုက် ပေါ့ ။
၅. မိမိကိုယ်ကို "ရင်းနှီးမြုပ်နှံပါ "
🌻🌻🌻🌻🌻🌻🌻🌻
စာအုပ် တစ်အုပ် (၁၀၀၀၀) ကျပ် ဈေးမပေါဘူး လို့ထင်ချင်ထင်မယ် ။ဟောပြော ပို့ချ ပွဲ သင်တန်းတစ်ပွဲ တက်ခ (၁၀၀၀၀)ကျပ် အရမ်းဈေးကြီးနေတယ်လို့ထင်ကောင်း ထင်မိလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော်တို့ (iphone) တို့ (Galaxy Note) တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ။
ဟောပြောချက်တွေ က အိုင်ဒီယာကောင်းကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်းကောင်းတွေက ကိုယ့်ဘဝကို ပြောင်းလဲသွားစေ နိုင်ပါတယ် ။အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာက အင်မတန်နည်းပါးလွန်းပါတယ် ။ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ် ။
၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
" ကိုယ်ဟာဘယ်သူလဲ "
"ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ " ဆိုတာ ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတ
ယ် ဆိုရင်မမိုက်တာတော့ အသေအချာပါပဲ ။
(Key) ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲ ။နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ ။ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့ တဲ့သူတွေ ကိုယ့်အပေါ်
 ဘယ်လိုပြောစေချင်သလဲ ???
အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ ။
၇. တစ်ပါး သူအကြောင်းထက် ကိုယ့် အကြောင်းကိုယ် ပိုသိပါစေ
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလည်း?
ဘယ်ဇာတ်ကား က ဆုံးခန်းရောက်တော့မယ် ..
ဘယ်သူက ဘယ်သူနဲ့ ရည်းစားဒီအကြောင်းတွေ
သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူး...။
သိထားရမှာက နှောင် (၅) နှစ် ကိုယ်ဘာဖြစ်မလဲ
ဘယ်လိုဖြစ်ချင်သလဲ?ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?
ကိုယ်ဘာကိုနှစ်သက်သလဲ ?ကိုယ်ဘယ်အပိုင်းမှာတော် ပြီး
ဘာကို တော်ချင်တတ်ချင်သလဲ ကိုယ့်ဘဝရဲ့
ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?
ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?
၈.ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ
🍃🍃🍃🍃🍃🍃🍃🍃🍃
အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်းနေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ။
၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့
🌺🌺🌺🌺🌺🌺🌺🌺🌺
ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရလာရင်လည်း ၂၀ အောင်မြင်ပြီလို့
အောင်ပွဲခံတတ်ပါစေ )
ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ်
စိတ်ဆင်းရဲနေရင် ...ဘယ်လိုလူက များ ကိုယ့်ကို
ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလဲ???
၁၀ . "နာကျင်စရာတွေ " အလုံအလောက် ရှာဖွေပါ
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
တော်ပြီ ဒီလိုဘဝမျိုးတော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူ မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး သင့်မှာ Pain - ရှိပြီး သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင် ပြီးသွားတဲ့ အခါ ကျရင် ကိုယ့်ကိုယ်ကို အဲ့ဒီအရာကနေ ကန်ထုတ်ပစ် နိုင်ရမယ် ။
ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင် ရပါမယ် ။
ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ
ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့
နည်းလမ်း (၁၀) ခုပါ ။
Thi Ha🇲🇲
သရဏဂုံ တည်သူ
သရဏဂုံ တည်သူ
🌷🌷🌷🌷🌷
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။
သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် ……
 (၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။
 အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။
 (၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။
 ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။
 အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။
 ဈေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။ဈေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။
ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။
ယခုဖော်ပြပြီးသည်တို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင် ဖြစ်၏။
အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။
ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။
သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက် ……………
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။
၂။ ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။
၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။
၎။သတ္တဝါအားလုံးက နှစ်သက်သည်။
၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။
၆။ ရွှေအဆင်းကဲ့သို့ လှပသည်။
၇။ ကျော်စောထင်ရှားသည်။
၈။ စည်းစိမ်များပြားသည်။
Thi Ha🇲🇲
ဘဝတိုးတက်ဖို့ရာ
ဘဝတိုးတက်ဖို့ရာ
🍀🍀🍀🍀🍀
🍓 ရည်မှန်းချက် ကြီးကြီးထားပါ။
🍓 ဒါပေမယ့် သေးသေးလေးကနေ စပြီး
🍓 အကောင်အထည်ဖော်ပါ။
🍓 စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။
🍓 တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ။
🍓 ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင်
🍓 အမြဲကြိုးစားလေ့ကျင့်ပါ။
🍓 သင့်အတွက် အကျိုးရှိစေမယ့်
🍓 စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ။
🍓 လက်တွေ့လုပ်ဆောင်ပါ။
🍓 အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့။
🍓 ဥစ္စာပစ္စည်းတွေအပေါ် အရမ်းလောဘမကြီးပါနဲ့။
🍓 လောဘကြီးခြင်းဟာ ကျရှုံးခြင်းဆီကို ဦးတည်စေပါတယ်။
🍓 နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ။
🍓 သူများစကားပြောတာကို ကောင်းကောင်း
🍓 နားထောင်ပေးခြင်းက သင့်အတွက် အကျိုးရှိစေပါတယ်။
🍓 အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။
🍓 အရင်က ဘာကြောင့် ကျရှုံးခဲ့တယ်ဆိုတာကိုလဲ
🍓 သေချာသိအောင် လုပ်ပါ။
🍓 ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး
🍓 ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားပါ။
🍓 သိသမျှအကုန်လုံးကို အမြဲဖွင့်ပြောစရာမလိုပါဘူး။
🍓 တချို့အရာတွေက လျှို့ဝှက်ထားဖို့လိုပါတယ်။
🍓 တတ်ထားတဲ့ အသိပညာတွေကို အခြားသူတွေဆီ
🍓 မျှဝေသင်ကြားပေးပါ။ အခြားသူကို မျှဝေရင်း
🍓 ကိုယ်ကိုတိုင်လဲ ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ်။
🍓 တော်ပြီး၊ထက်မြတ်တဲ့ မိတ်ဆွေတွေကို ရှာဖွေပေါင်းသင်းပါ။
🍓 ပတ်ဝန်းကျင်ကောင်းဆိုတာ သင့်ဘဝကို
🍓 တိုးတက်ပြောင်းလဲစေပါတယ်။
🍓 ကိုယ့်ကိုကိုယ် ချစ်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပြီး
🍓 စိတ်ကြည်လင်နေအောင် ကြိုးစားနေထိုင်ပါ။
🍓 မိသားစုကိုလဲ အချိန်ပေးပါ။
Thi Ha🇲🇲
ပဟေဠိဆန်သော အဆုံးအမများ
ပဟေဠိဆန်သော အဆုံးအမများ
🌷🌷🌷🌷🌷🌷🌷🌷🌷
၁။ တစ်နေ့ လက်ခုပ် သုံးခါတီး။
၂။ ငါးဟင်းကြီးများ အမြဲစား။
၃။ ရေအေး အခါခါသောက်။
၎။ တောင်ဝှေးသုံးချောင်းထောက်။
    အန္တရာယ်ကင်းပျောက်။
    မဂ်ဖိုလ်နိဗ္ဗာန်ရောက်။
၁။ "တစ်နေ့လက်ခုပ်သုံးခါတီး"
🌺🌺🌺🌺🌺🌺🌺🌺
ဆိုသည်မှာ တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။
(အိပ်ယာထတစ်ကြိမ်၊ အလုပ်အကိုင်သွားခါနီးတစ်ကြိမ်၊ အိပ်ယာဝင်တစ်ကြိမ်)။
၂။ "ငါးဟင်းကြီးများအမြဲစား"
🍃🍃🍃🍃🍃🍃🍃🍃
ဆိုသည်မှာ ငါးပါးသီလကို အမြဲလုံခြုံအောင် စောင့်ထိန်းပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။
၃။ "ရေအေးအခါခါသောက်"
🌻🌻🌻🌻🌻🌻🌻🌻
ဆိုသည်မှာ အေးမြသော မေတ္တာ ဘာဝနာတရားကို အကြိမ်ကြိမ်ပွါးပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။
၎။ "တောင်ဝှေးသုံးချောင်းထောက်"
🍀🍀🍀🍀🍀🍀🍀🍀🍀
ဆိုသည်မှာ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် ခိုင်မြဲသော အနှစ်သာရ ဘာမျှမရှိဟူသော လက္ခဏာရေးသုံးပါးကို မကြာမကြာ ဆင်ခြင်ပွါးများပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။
"အန္တရာယ်ကင်းပျောက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်"
🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
ဆိုသည်မှာ ထိုတရားလေးပါးကို ထိထိ ရောက်ရောက် လိုက်နာကျင့်သုံးနေပါက ဘဝမှာ ဘေးအန္တရာယ် ရန်စွယ်ဟူသမျှတို့ မကျမရောက် ကင်းစင်ပပျောက်ပြီး တဖြေးဖြေးနဲ့ နိဗ္ဗာန်ရောက် ပါမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
Thi Ha🇲🇲
အနှစ်(၂၀) လုပ်အားခနဲ့ တန်ဖိုးညီမျှတဲ့ အကြံပေး စကား (၃) ခွန်း
အနှစ်(၂၀) လုပ်အားခနဲ့ တန်ဖိုးညီမျှတဲ့ အကြံပေး စကား (၃) ခွန်း
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
လက်ထပ်တာ (၁) နှစ်လောက်ပဲရှိသေးတဲ့ ဆင်းရဲတဲ့ လင်မယားနှစ်ယောက်ရှိတယ်။
ဆင်းရဲလွန်းလို့ တစ်နေ့မှာ ယောက်ကျားလုပ်သူက မိန်းမကို ပြောတယ်။
"  မိန်းမရေ... ငါတို့တော့ ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး။ ဆင်းရဲလွန်းလို့ ငတ်သေဖို့ပဲရှိတယ်။ အဲဒီတော့ ငါမြို့တက်ပြီး သူဌေး တစ်ယောက်ဆီမှာ အလုပ်သွားလုပ်မယ်"
"ဘာအလုပ်ရမယ် ဘယ်နှယ်နှစ်ကြာမလဲတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ငါ့ကိုယုံပါ နင်ကို ဘယ်တော့မှ သစ္စာမဖောက်ဖူး။ နင်လည်း ငါ့ကို သစ္စာရှိမယ်ဆိုတာ ယုံတယ်လို့"  ပြောပြီး မိန်းမကို သူ မြို့ပေါ်တက်အလုပ် လုပ်မယ်ဆိုပြီး တိုင်ပင်တယ်။ မိန်းမကလည်း ရွေးစရာ လမ်းမရှိတော့ ခွင့်ပြုလိုက်တယ်။
အဲ့ဒီလိုနဲ့ လူငယ်ဟာ မြို့ပေါ်တက်သွားပြီး အလုပ်ရှာတယ်။ သူတို့ရွာနဲ့ အရမ်းအလှမ်းဝေးတဲ့ မြို့ တစ်မြို့က သူဌေးတစ်ယောက်ဆီမှ အလုပ်ရတယ်။
သူဌေးကလည်း အလုပ်စဝင် ကတည်းက သူ့အပေါ် ကောင်းတယ်။ နေစရာပေးတယ်။ ထမင်းအလကား ကျွေးထားတယ်။
အဲဒါနဲ့ လူငယ်ကလည်း ကျွန်တော် လစာကို သူဌေးပဲ သိမ်းထားပေးပါ။ ကျွန်တော် ရွာအပြီး ပြန်မှပဲ အကုန်မှတ်ထားပြီး ထုတ်ပေးလိုက်ပါလို့ ပြောလိုက်တယ်။
သူဌေးကလည်း လူငယ်ပြောတဲ့ အတိုင်း သူ့လုပ်အားခ ငွေတွေကို သိမ်းထားပေးတယ်။
အဲလိုနဲ့ လုပ်လိုက်တာ အနှစ် (၂၀) ပြည့်တဲ့အထိ တခါမှ မပြန်ဖြစ်ဘူးတဲ့..။
အနှစ် (၂၀) ပြည့်ပြီး ရက်အနည်းငယ်ကြာမှ လူရွယ်က သူ့သူဌေးကို ပြောတယ်။
" သူဌေး ခင်ဗျာ ကျွန်တော် အိမ်အပြီး ပြန်ပါတော့မယ်။ ကျွန်တော်စုထားတဲ့ ငွေတွေ ပြန်ပေးပါ " ဆိုတော့။
သူဌေးက"  ကောင်းပြီ။ ငါမင်းကို ပြန်ခွင့်ပြုတယ်။ နောက်တစ်ခုက မင်းကိုရွေးစရာ (၂) ခုပေးမယ်။ (၁) ခုက မင်းစုထားတဲ့ ငွေတွေ အကုန်ပြန်ယူသွားလို့ ရတယ်။ နောက်တစ်ခုက မင်းဘဝ အတွက် အသုံးဝင်မဲ့ အကြံပေး စကား (၃) ခွန်းပေးလိုက်မယ်။ ဒါပေမဲ့ အဲဒီ (၂) ခုထဲက တစ်ခုပဲ ရွေးရမယ်။ စုထားတဲ့ငွေတွေ ယူရင် အကြံပေးစကား (၃) ခွန်းမရဘူး။
အကြံပေးစကား (၃) ခွန်း လိုချင်ရင် စုထားတဲ့ငွေတွေ ပြန်မပေးဘူးလို့ ပြောလိုက်တယ်။ လူငယ်ကို ဆုံးဖြတ်ဖို့ အချိန် (၁) ရက်ပေးမယ်။
လူငယ်လည် စဉ်းစားတာပေါ့။ သူ့ သူဌေးပေးတဲ့ အကြံတွေဟာ ဘဝအတွက် အသုံးဝင်မှာ သူသိတယ်။
အိမ်ပြန်ရင် အနှစ် (၂၀) တောင် လုပ်ခဲ့တဲ့ အတွက် ငွေပြန်ပေးနိုင်မှ ဖြစ်မယ်။ ဘာမှ မပါသွားရင်လည်း အကုန်လုံးရဲ့  ဝိုင်းဝန်း ကဲ့ရဲ့  ခြင်းကို ခံရနိုင်တယ်။
အဲလိုနဲ့ မနက်ရောက်တော့ သူ့သူဌေးရဲ့  အကြံပေး စကား (၃) ခွန်းကိုပဲ ယူဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့သူဌေးကလည်း  -
" မင်းသေချာပြီလား။ အကြံပေး စကား (၃) ခွန်းယူရင် မင်း အနှစ် (၂၀) လုံးလုံး စုထားတဲ့ ငွေတွေ ပြန်ရမှာ မဟုတ်ဘူးနော် "ဆိုတော့။
လူငယ်က - " သေချာပါတယ်။ ကျွန်တော် သူဌေးဆီမှာ အနှစ် (၂၀) လုံးလုံး လုပ်ပြီး အများကြီး သင်ကြားခဲ့ရတယ်။ အဲဒီ အတွေ့ အကြုံတွေနဲ့ မိသားစု တစ်ခုကို ကောင်းကောင်းလုပ်ကြွေးနိုင်ပါတယ်။ နောက်ပြီး သူဌေးပေးမဲ့ အကြံပေး စကား (၃) ခွန်း ကလည်း ကျွန်တော်အတွက် အရမ်း အသုံးဝင်မှာ သေချာပါတယ် လို့ ပြန်ပြောတယ်။
သူဌေးကလည်း"  အေးဒါဆို ငါမင်းကို အကြံပေး စကား (၃) ခွန်း ပဲ ပေးလိုက်မယ်။ သေသေချာချာ မှတ်သားသွား ကောင်လေးရေ လို့မှာလိုက်တယ်။
အကြံပေးစကား (၃) ခွန်းက -
နံပတ် (၁)  ဘဝမှာ ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့။ ဖြတ်လမ်း လိုက်တဲ့သူဟာ သူ့ဘဝ တစ်ခုလုံး ပေးဆပ်ရတတ်တယ်တဲ့။
နံပတ် (၂)  ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို မစပ်စု မပတ်သက်ပါနဲ့တဲ့။
နံပတ် (၃) စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့တဲ့..။
နောက်ပြီး သူဌေးက လမ်းစရိတ်ငွေ အနည်းငယ်နဲ့ လူရွယ် လမ်းမှာ စားဖို့ ပေါင်မုန့် (၃) လုံးထည့်ပေးလိုက်တယ်။
"မင်း ဒီပေါင်မုန့် (၂) လုံးက လမ်းမှာစာရင်စားဖို့။ ဒီ တစ်လုံးကတော့ မင်းမိသားစုနဲ့ တွေ့မှ စားဆိုပြီး မှာလိုက်တယ်။
အဲလိုနဲ့ လူရွယ်ဟာ အိမ်ပြန်ဖို့ အထုတ်အပိုးတွေနဲ့ ထွက်လာတာပေါ့။ တော်တော်လည်း လျောက်မိရော။
လမ်းစုံ လမ်းခွ တစ်ခုတွေ့တယ်။ အနှစ် (၂၀) တောင် ရှိပြီဆိုတော့ အိမ်ပြန်လမ်းလည်း မမှတ်မိတော့ဘူး။ အဲဒါနဲ့ အဲဒီနားမှာတွေ့တဲ့ လူတစ်ယောက်ကို မေးတယ်။
ဘယ်လမ်းသွားရမလဲဆိုတော့ အဲဒီလူက ဒီလမ်းကသွားရင် (၅) ရက်နဲ့ရောက်မယ် ဟိုဘက်လမ်းက သွားရင် အရက် (၂၀) လောက်ကြာမယ်ဆိုပြီး ပြန်ဖြေတယ်။ အဲဒါနဲ့ သူ့ သူဌေး ပထမဆုံး ပေးတဲ့ အကြံပေးစကား သွားသတိရတယ်။
အဲဒါက ဘဝမှာ ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့တဲ့။ အဲဒါနဲ့ ဖြတ်လမ်း မလိုက်တော့ပဲ အရက် (၂၀) သွားရတဲ့ ပိုကြာတဲ့ လမ်းကို ရွေးလိုက်တယ်။
အဲလိုနဲ့ တပတ်လောက် သွားမိတဲ့ အချိန်မှာ တခြားခရီးသွားဖော်တွေနဲ့ ဆုံမိပြီး ပြန်ကြားတာက (၅) ရက်ပဲ သွားရတဲ့လမ်းမှာ ဓါးပြတွေ ရှိတယ်တဲ့..။ ဓါးပြတွေက ပစ္စည်းယူရုံသာမက လူပါသတ်ပြီး အပျောက်ရှင်းလေ့ရှိတယ်တဲ့..။ အဲဒါနဲ့ သူ့သူဌေးပေးလိုက်တဲ့ အကြံပေးချက်ဟာ သိပ်မှန်ပါလား ဆိုပြီး ကျေနပ်သွားတယ်။
အဲလိုနဲ့ လမ်းမှာ နားဖို့ တည်ခိုးရိပ်လေးတွေ့တယ်။ သူ့မှာ ရှိတဲ့ အဝတ်အစားတွေက ညစ်ပတ်နေပြီး။ ရေးမိုးချိုးပြီး တစ်ညလောက် နားချင်တာနဲ့ အဲဒီတည်ခိုရိပ်မှာ တည်းဖို့ ဆုံးဖြတ်လိုက်တယ်။
အဲလိုနဲ့ ညဖက် သန်းခေါင်ယံ အချိန်မှာ အသံနက်ကြီး ကြားရတယ်။ အဲဒါနဲ့ လူငယ်ဟာ အခန်းကနေ ထွက်ကြည့်တယ်။ အရှေ့ဘက်မှာ အလင်းရောင်တောက်ပနေတယ်။
အဲဒီနောက် သူအလင်းရောင် ရှိတဲ့ရှိ သွားကြည့်မယ် လုပ်ပြီးမှ နံပတ် (၂) အကြံပေးစကားကို သွားသတိရတယ်။ အဲဒါက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို မစုပ်စု မပတ်သက်နဲ့တဲ့။
အဲဒါနဲ့ ဒါငါနဲ့ မဆိုင်ပါဘူးလေ ဆိုပြီး။ သူ့အခန်းထဲ ပြန်ဝင်အိပ်နေလိုက်တယ်။ မနက်လင်းတော့ မျက်နှာသစ်ပြီး နံနက်စာစားတော့ ဟိုတယ် မန်နေဂျာက အံသြတဲ့ မျက်နှာနဲ့ သူ့ကိုကြည့်နေတယ်တဲ့..။
အဲဒါနဲ့ လူရွယ်ကို မေးတယ် မင်း ညက အသံနက်ကြီး မကြားရဘူးလားတဲ့..။ ကြားတာပေါ့လို့ ပြန်ပြောတယ်။ ဟိုတယ် အပြင်ဘက်မှာရော တောက်ပတဲ့ အလင်းရောင် မတွေ့ဘူးလား ဆိုတော့ တွေ့ပါတယ်ပေါ့။ အဲဒါဘာလဲဆိုတာ မင်းသွားမကြည့် ဘူးလားဆိုတော့။ မကြည့်ပါဘူး။ ငါနဲ့မှ မဆိုင်တာ ဆိုပြီး ပြန်ဖြေတယ်။
အဲဒီကျမှ မန်နေဂျာက သူ့ကို ရှင်းပြတယ်။ အေး…မင်းသွား မကြည့်လို့ မင်း အသက်ရှင်တာ.။ အဲဒါ စုန်းမကြီး တစ်ယောက်က အရမ်းလှတဲ့ ကောင်မလေး ပုံစံ ဖန်တီးပြီး လာရပ်နေတာ..။ ထွက်ကြည့်မိတဲ့ လူတိုင်း ကောင်မလေး ယောင်ဆောင်ထားတဲ့ စုန်းမကြီး နောက်လိုက်သွားရပြီး။ တစ်ယောက်မှ ဒီကို ပြန်မလာခဲ့ကြဘူး။ မင်း တစ်ယောက်ပဲ ရှိသေးတယ်။ အခုလို ထွက်မကြည့်လို့ အသက်ရှင်ရတာ..။ ငါတို့လည်း သူ့ကို ကြောက်လို့ ကြိုမပြောထားရဲဘူးလို့ ပြန်ပြောတယ်။
လူရွယ်လည်း ဒုတိယ အကြံပေးချက်ဟာလည်း အရမ်းအသုံးဝင်ပြီး သူအသက်ရှင်ခွင့် ရပါလားဆိုပြီး ဝမ်းမြောက်နေတာပေါ့.။ အဲလိုနဲ့ သူ့အိမ်ရှိရာဘက် ခရီးဆက်ခဲ့တယ်။
ရက်အနည်းငယ်ကြာပြီး သူ့ရွာကို ရောက်လာတယ်။ ရောက်တဲ့ အချိန်က နေဝင်ရီတရောအချိန် သူ့အိမ်ကို ခမ်လှမ်းလှမ်းက မြင်နေရတယ်။ အဲဒီချိန် မီးရောင်အောင်မှာ သူ့မိန်းမကို ယောက်ကျားတစ်ယောက်က ဖက်ထားတာတွေ့လိုက်တယ်။
သူ့ဒေါသတွေ ဆူဝေသွားတာပေါ့။ ကြည့်စမ်းငါက သစ္စာရှိရှိနဲ့ သေအောင်ကြေအောင် အလုပ်လုပ်ပြီး ငွေရှာခဲ့ရသလောက် သူက တခြားယောက်ကျားနဲ့ ဖောက်ပြန်နေတယ်။
နင်တို့ နှစ်ယောက်လုံးကို သတ်မယ်ဆိုပြီး သွားမလို့ ခြေလှမ်းလိုက်တယ်။ အဲဒီ အချိန်မှာပဲ တတိယ အကြံပေးချက်ကို သွားသတိရတယ်။
အဲဒါက စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့တဲ့။
အဲဒါနဲ့ သူမသွားတော့ပဲ မနက်ကျမှ သူ့မိန်းမ သွားတွေ့မယ်လို ဆုံးဖြတ်ပြီး အိမ်နဲ့ ခမ်းလှမ်းလှမ်းက လယ်တောထဲမှာ အိပ်ဖို့ စဉ်းစားလိုက်တယ်။
နောက်ပြီး အိပ်နေရင်း စဉ်းစားမိတာက။ သူထင်သလို ဟုတ်နေရင် သူ့မိန်းမနဲ့ သူ့ချစ်သူကို မသတ်တော့ဘူး။
တိတ်တိတ်လေးပဲ သူ့သူဌေးဆီပြန်ပြီး အလုပ်လုပ်တော့မယ်လို့ စဉ်းစားနေလိုက်တယ်။
အဲလိုနဲ့ မနက်ရောက်တဲ့ အချိန်မှာ သူအိမ်သွားပြီး တံခါးခေါက်လိုက်တယ်။ သူ့မိန်းမက တံခါးထွက်ဖွင့်ပေးပြီး သူ့ယော်ကျားမှန်း သိတာနဲ့ ချုံးပွဲချ ငိုတယ်။
ဒါပေမဲ့ ယောက်ကျားက သူ့မိန်းမကို စောင့်တွန်းလိုက်ပြီး နင့်အကောင် ဘယ်မှာလဲလို့မေးလိုက်တယ်။
မိန်းမက ဘယ်အကောင်လဲဆိုတော့မှ ညက နင်နဲ့ဖက်နေတဲ့ အကောင်လေဆိုတော့မှ။
အဲဒါရှင့်သား ရှင့် သိရဲ့ လားလို့ ငိုပြီးပြန်ပြောတယ်။ ရှင်ထွက်သွားပြီး ရက်အနည်းငယ်ကြာမှ ကျွန်မမှာ ကိုယ်ဝန်ကျန်ခဲ့မှန်းသိတယ်။
အဲဒါ အခုသူ့အသက် (၂၀) အရွယ်ထိ မဖောက်မပြန်ပဲ သူ့ကိုစောင့်ရှောက်ခဲ့တာလို့ ပြန်ပြောတယ်။
အဲဒါနဲ့ မိန်းမက အခန်းထဲမှာ အိမ်နေတဲ့ သူ့သားကို နိုးပြီးဒါ နင်အဖေလေဆိုပြီးပြတယ်။
အဲဒီတော့မှ ယောက်ကျားလည်း မိန်းမနဲ့ သားကိုဖက်ပြီးငိုတယ်။ တော်သေးတယ်ကြည့်စမ်း ငါမှားတော့မလို့။
မနေ့ညက နင်တို့သားအမိကို တွေ့ပြီး ဒေါသ အလျောက်သတ်မိတော့မလို့။ ငါ့သူဌေး အကြံပေးစကား နားထောင်မိလို့ မသတ်မိတာဆိုပြီး သားနဲ့ မိန်းမကို ပြန်ပြောပြတယ်။
ငါ့အနှစ် (၂၀) လုပ်အားခကို မယူပဲ သူဌေး အကြံပေးစကား (၃) ခွန်းကို မြေဝယ်မကျ နားထောင်ခဲ့လို နင်တို့နဲ့ အသက်ရှင်လျက်ပြန်တွေ့ရတာ..ဆိုပြီး သူလမ်းမှာ ကြုံခဲ့ရတာတွေ ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။
ငါမှာ ဘာငွေမှ မပါပေမဲ့ ငါ့အတွေ့အကြုံတွေနဲ့ နင်တို့ သားအမိကို ကောင်းကောင်းလုပ်ကျွေးပါ့မယ် ဆိုပြီး နှစ်သိမ့်တယ်။
ငါမှာ မိသားစုနဲ့တွေရင်စားဖို့ ပေါင်မှန့် တစ်လုံးတော့ ရှိသေးတယ်။ မိန်းမ နင်ကော်ဖီဖျော် ဒီပေါင်မုန့်နဲ့ မနက်စာ စားကြတာပေါ့ ဆိုပြီး ပြောလိုက်တယ်။
ပေါင်မုန့် လှီးနေရင်းနဲ့ ခပ်မာမာလေး တခုကို လှီးမိတာနဲ့ ထုတ်ကြည့်တော့ ရွှေပြားတွေ ပေါင်မုန့်ထဲမှာ မြှပ်ထားတာတွေ့ရတယ်။
အဲဒီထဲမှာ စာလေး တစ်စောင်လည်းတွေ့ရတယ်။
"ဒါမင်း အနှစ် (၂၀) လုပ်အားခနဲ့ ညီမျှတဲ့ ရွှေတွေပဲတဲ့။ အောက်မှာ သူ့သူဌေးလက်မှတ် တိုလေးနဲ့။ လူရွယ်လည်း သူ့သူဌေးမျက်နှာကို ပြန်မြင်ယောင်လာပြီး သူ့သူဌေးပေးတဲ့ အကြံပေး စကား (၃) ခွန်းကို သွား သတိရတယ်"  အဲဒါတွေက -
နံပတ် (၁)  ဘဝမှာ ဘယ်တော့မှ အလွယ် ဖြတ်လမ်း မလိုက်နဲ့။ ဖြတ်လမ်း လိုက်တဲ့သူဟာ သူ့ဘဝ တစ်ခုလုံး ပေးဆပ်ရတတ်တယ်တဲ့။
နံပတ် (၂)  ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို မစပ်စု မပတ်သက်ပါနဲ့တဲ့။
နံပတ် (၃) စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန် ဒါမှမဟုတ် နာကျင်ဝမ်းနည်းနေချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့တဲ့……။
Thi Ha🇲🇲
Tuesday, August 6, 2019
"ဘာဖြစ်လို့ လူတွေက လက်ထပ်တဲ့ သူနဲ့ ချစ်တဲ့သူ မတူကြတာလဲ?"
"ဘာဖြစ်လို့ လူတွေက လက်ထပ်တဲ့ သူနဲ့ ချစ်တဲ့သူ မတူကြတာလဲ?"
တပည့်က ဆရာ့ကို မေးခွန်း တစ်ခု ထုတ်လိုက်တယ်။
ဆရာက
"မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် ဂျုံခင်းကိုသွား၊ အကောင်းဆုံး ဂျုံကို ရွေး ယူခဲ့၊ ပြီရင် ပြန်လာ၊ စည်းမျဉ်း တစ်ခု ရှိတယ်။ မင်း စိတ်ကြိုက် လိုက်ရှာလို့ရတယ် ၊ ဒါပေမယ့် မင်း ဖြတ်သွားတဲ့ ဂျုံတွေကို နောက်မှ ပြန်လှည့်ပီး ယူခွင့်မရှိဘူး"
တပည့်ဖြစ်သူလည်း ဂျုံခင်းထဲကို ထွက်သွားခဲ့တယ်။ စိုက်ခင်းလည်း ရောက်ကော ၊ ပထမဆုံး အတန်းမှာတင် အကြီးဆုံး ဂျုံကို တွေ့လိုက်ရတယ်။ တွေ့တွေ့ချင်းလည်း ကြိုက်သွားတယ်။ ဒါပေမယ့် ရှေ့မှာ အဲ့ထက် ပို ကောင်းတဲ့ ဂျုံတွေ ရှိဦးမယ်လို့ မျှော်လင့်ထားတယ်။ ဒီလိုနဲ့ ဆက်လျှောက်သွားခဲ့တယ်။ အဲ့ဒီနောက် ပထမ သူတွေ့ခဲ့တဲ့ အကောင်းဆုံးဆိုတဲ့ ဂျုံထက် ပိုကောင်းတဲ့ ဂျုံကို ထပ်တွေ့ခဲ့တယ်။ ဒါပေမယ့် သူထပ်တွေးခဲ့တယ်။ ဒီထက် ပိုကောင်းတဲ့ အရာက သူ့ကို စောင့်နေဦးမယ်ပေါ့။
အချိန်တစ်ခုကြာတော့ သူလျှောက်လာခဲ့တာ ဂျုံခင်း တစ်ဝက်တောင် ကျော်လာခဲ့ပြီ။ သူ သတိထားမိလာတယ်။ သူထပ်တွေ့နေရတဲ့ ဂျုံတွေဟာ ရှေ့မှာ သူ့လက်လွှတ်ခဲ့တဲ့ ဂျုံလောက် မကောင်းတော့ဘူး ဆိုတာကိုပေါ့။ နောက်ဆုံး သူသိသွားတယ်။ သူ အကောင်းဆုံးတစ်ခုကို ကျောခိုင်းခဲ့မိပြီ။
ဒါကြောင့် သူလည်း ရှေ့ဆက်မသွားတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီ ပြန်လာခဲ့တယ်။ အကောင်းဆုံး တစ်ခုကို ကျောခိုင်းခဲ့မိတဲ့ အတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်နေတယ်။ ဆရာ့ကိုလည်း အကြောင်းစုံ ပြောပြခဲ့တယ်။
ဆရာက
"မင်းက ပိုကောင်းတဲ့ တစ်ခုကို ရှာနေတဲ့အချိန်မှာ အကောင်းဆုံး တစ်ခုကို ဆုံးရှုံးလိုက်ရတယ်၊ နောက်တော့ မင်နားလည်သွားတယ်။ ဒါပေမယ့် မင်းပြန်သွားလို့ မရတော့ဘူး … ဒါဟာ  အချစ်နဲ့ဆုံဖူးတဲ့ လူတိုင်းလိုလို ကြုံဖူးတယ်၊ ဘဝမှာ ရနိုင်တဲ့ အကောင်းဆုံး လူကို ဆုံးရှုံးဖူးတယ်။"
တပည့်က မေးခွန်းတစ်ခု မေးလိုက်တယ်။
"ဘယ်သူ့ကိုမှ မချစ်သင့်ဘူးလို့ ဆိုလိုတာလား?"
ဆရာက
"မဟုတ်ဘူး လူတိုင်းလိုလို သင့်တော်တဲ့သူနဲ့တွေ့ရင် ချစ်နိုင်တာပဲ၊ ဒါပေမယ့် မင်းသာ တကယ်ချစ်ရင် သူ့ကို လက်လွှတ်မှာ မဟုတ်ဘူး၊ အထူးသဖြင့် မင်းရဲ့ ဒေါသ၊ အတ္တ၊ တခြား တစ်ခုနဲ့ နှိုင်းယှဉ်တဲ့ အကြောင်း တရားတွေ အတွက်နဲ့ပေါ့"
တပည့်က ထပ်မေးပါတယ်။
"ဒါဆို ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘယ်လို လက်ထပ်နိုင်မလဲ"
ဆရာက
"မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် အခု .. ပြောင်းခင်းကိုသွား၊ အကောင်းဆုံး ပြောင်းဖူး တစ်ဖူးကို ရှာခဲ့၊ ပြီးရင် ပြန်လာ? ခုနက စည်းမျဉ်းအတိုင်းပဲနော်"
တပည့်ဖြစ်သူလည်း ပြောင်းခင်းထဲကို ထွက်သွားခဲ့တယ်။ ခုနကလို အမှားမျိုး နောက်တစ်ကြိမ်မဖြစ်အောင်တော့ သူ ဂရုတစိုက်ကြည့်တယ်။ ပြောင်းခင်း အလယ်လောက် ရောက်တော့ သူစိတ်ထဲ ကျေနပ်တဲ့ ပုံမှန် ပြောင်းဖူး တစ်ဖူးကို ယူ လိုက်တယ်။ ပြီးတော့ ဆရာ့ဆီပြန်လာခဲ့တယ်။
"ဒီတစ်ခါတော့ လက်ဗလာ မဟုတ်တော့ပါလား?" ဆရာက ပြောတယ်။
တစ်ဆက်တည်း ထပ်ပြောတယ်။
"မင်း … အရင်လို လောဘ မကြီးတော့ဘဲ အဆင်ပြေတာကိုပဲ တွေးပီး မင်း ရှာခဲ့တယ် ပြီးတော့ အဲ့တာကိုလည်း မင်းရနိုင်တဲ့ အကောင်းဆုံး တစ်ခုလို့ ယုံကြည်တယ်။ ဒါဟာ လက်ထပ်ဖို့အတွက် ရွေးချယ်မှုကို ဘယ်လိုလုပ်ကြလဲ ဆိုတာပဲ"
တပည့်က နည်းနည်း ရှုပ်သလိုလို ဖြစ်သွားတယ်။ ပြီးတော့ ..
"ချစ်တဲ့သူကို လက်ထပ်တာနဲ့ လက်ထပ်တဲ့သူကို ချစ်တာ ဘယ်ဟာက ပိုကောင်းလဲ ကျွန်တော် တွေးမိနေတယ်"
"မင်းသာ ၀န်ခံချင်ရင် .. အဲ့အဖြေကို မင်း ဖြေဖို့ လွယ်ပါတယ် "
ကျွန်တော် ဘာမှတ်ချက်မှ မထည့်တော့ပါဘူး။ စာဖတ်သူဘက်က လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်သလိုပဲ ယူဆလို့ ရအောင်ပါ။ English Story Site တစ်ခုမှာ ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးကို  ဘာသာပြန်ထားတာပါ။
#credit
Monday, August 5, 2019
Stop Child SexualAbuse
💥ကျားဆိုရင် အဖေ အဖိုး ဦးလေး ဆွေမျိုးရင်း ဝမ်းကွဲ အကုန်လုံးကို မယုံကြပါနဲ့တော့💥
သနားလိုက်တာ ဒေါသလဲထွက်တယ် _
Stop Child SexualAbuse_
💥 ကာယကံရှင်မိဘတွေရဲ့ ခွင့်ပြုချက်နဲ့သိရှိရအောင်လို့ တင်ပေးလိုက်ပါတယ် 💥
Kallanပြောချင်တာအခုဖြစ်နေတဲ့ကိစ္စတွေပြောတာမဟုတ်ပဲနဲ့ abuseခံရတဲ့ (လောလောလတ်လတ်ကြီး ကိုယ့်မျက်စိရှေ့တင်ဖြစ်ပြီးကိုယ့်နားကကလေးတယောက်)အကြောင်းပြောချင်ပါတယ်။
Kallanကအိမ်မှာမူကြိုအရွယ်ကလေးတွေကိုEnglishစကားအသုံးနှုန်းနဲ့စကားလုံးတွေပိုပြီးသိလာအောင် သင်တန်းလိုမျိုးလေးတစ်ခုဖွင့်ထားပါတယ်။ရင်းနှီးတဲ့ပတ်ဝန်းကျင်နဲ့အသိမိတ်ဆွေတွေရဲ့ ကလေးလေးတွေလာတက်ကြပါတယ်….
ကလေးလေး၅ယောက်ကိုစာသင်နေရတဲ့ဆရာမပေါက်စနလေးပါ….Kallanကတစ်ပတ်ကို ၄ရက်သင်တာဖြစ်ပြီး ၄ရက်ထဲက၁ရက်ကတော့ရင်ဖွင့်ချိန်လို့ နာမည်ပေးထားတဲ့ရက်ပါ …..Sundayတိုင်းကရင်ဖွင့်ချိန်လို့နာမည်ပေးထားပြီး တချို့လေးတွေကလည်းစာမသင်တော့မလာဘူး…..
တချို့ကျတော့လည်းအိမ်ကထိန်းမနိုင်ဘူးဆရာမရေ..သွားမယ်လို့ပြောနေလို့လွှတ်လိုက်ရတယ်ဆိုပြီးလာပါတယ် …..အဓိကကအခုမှစတာပါ…
ရင်ဖွင့်ချိန်ကိုတစ်ခါမှမလာဖူးတဲ့ကျောင်းသူလေးတစ်ယောက်ရှိပါတယ်…English classမို့လို့သူ့ကိုပေးထားတဲ့Englishနာမည်ကိုမရေးတော့ပါဘူး….အသိထဲကတွေ့သွားရင်ဘယ်သူလဲသိနေမှာစိုးလို့ပါ….
roseလေးလို့ပဲခေါ်မယ်နော်….roseလေးကဆံပင်အရမ်းကောင်းတယ် ….ဗိုက်လေးပူပူ မျက်လုံးလေးလည်းအရမ်းလှတာမို့တွေ့တဲ့သူတိုင်းကပါးလေးဆွဲ ဆံပင်လေးပွတ် ပခုံးလေးကိုင်လုပ်ကြပါတယ်…..
မြင်လိုက်တိုင်းပြန်မလှည့်ကြည့်ပဲမနေနိုင်လောက်အောင်သွက်လက်ပြီးချစ်ဖို့ကောင်းတဲ့လိမ္မာတဲ့ကလေးပါ..အဲ့ကလေးက ဒီအပတ်ရင်ဖွင့်ချိန်ကိုလာပါတယ်…..
သူကKallanကိုမေးတာရင်ဖွင့်ချိန်ဆိုတာအကုန်ပြောလို့ရတာလားတဲ့…Kallanကရတယ်လို့ပြောတော့သူပြောတာတစ်ခုထဲပါ(ကန်တော့ပါရဲ့)..သမီးပုံပုံကနာတယ်….ဦးဦးနဲ့သူ့သူငယ်ချင်းကနာအောင်လုပ်တာ.…ဘယ်သူမှမပြောရင်နေ့တိုင်းမုန့်ဝယ်ကျွေးမယ်…
သွားပြောလို့ရှိရင် နင့်ရဲ့ငါးလေးတွေကိုသတ်ပလိုက်မယ် …..ဒါဆိုနင့်ငါးလေးတွေကိုတသက်လုံးတွေ့လို့ရတော့မှာမဟုတ်ဘူးလို့ပြောတယ်….မီးမီးငါးလေးတွေကိုသူတို့မသတ်ပဲနဲ့မားမားကိုပြောလို့ရမဲ့နည်းရှိဘူးလားဟင်တဲ့ ….ကိုယ်ကရတာပေါ့…
ဒါပေမဲ့ဘာဖြစ်တယ် ဘယ်လိုလုပ်တယ်ဆိုတာကိုသေချာလေးပြောပြနော်ဆိုတော့ သူပြောပြတာက shockရစေပါတယ်..ဘာလို့ဆိုကလေးကsexual abuseလုပ်ခံနေရတာ၁နှစ်ကျော်ပါပြီ(ကလေးကအခုအသက်၎နှစ်ပါ)…..
သူ့တို့မိသားစုကအမေ၊အဖေ၊ကလေးနဲ့ကလေးရဲ့ဦးလေး(အဖေ့ညီ)လူပျိုကြီးနဲ့၎ယောက်တအိမ်ထဲနေကြတာပါ…ကလေးရဲ့ဦးလေးက အခုဆိုရင်၃၀နီးပါးရှိပါပြီ…roseလေးကတဦးတည်းသောကလေးမို့လို့သူ့အိမ်က မွေးထားတဲ့ငါးလေးတွေကို ညီမလေးမောင်လေးခေါ်ပြီး သိပ်ချစ်ရှာတဲ့ကလေးလေးပါ …..
ကလေးပြောပုံအရဆိုရင် မနက်အဖေအလုပ်သွားပြီး အမေကနောက်ဖေးမှာ အလုပ်ရှုပ်နေရင် ကလေးကို သူ့ဦးလေးကထိန်းပေးရပါတယ်…..အဲ့အခါကျရင်ကလေးကိုသူ့အခန်းထဲခေါ်သွားပြီးနမ်းတယ်…..
ကလေးရဲ့မအင်္ဂါကိုပွတ်သပ်ကိုင်တွယ်ပြီးကစားတယ် …..ကလေးတင်ပါးကိုဖျစ်ညစ်ပြီးကိုင်တယ်တဲ့ …..အစကတော့ဘာလုပ်နေမှန်းလည်းကလေးမသိပေမဲ့ မေမေ့ကိုပြောရင်မေမေက တူတူမကစားခိုင်းတော့ဘူး …..
အဲ့ဒါဆိုရင် ဦးဦးကကလေးနဲ့မတွေ့ရဘူး ….မတွေ့ရရင်မုန့်တွေအရုပ်တွေဝယ်ပေးလို့မရတော့ဘူးပြောလို့ကလေးကမပြောခဲ့ပါဘူးတဲ့…..
လွန်ခဲ့တဲ့၂ရက်ကတော့ အဖေကအလုပ်သွား အမေကအပြင်သွားတဲ့အချိန်ဦးဦးနဲ့သူ့သူငယ်ချင်းက roseလေးကိုခေါ်ပြီး ပုံမှန်လိုပဲနမ်းကိုင်ကစားရာကနေ ဦးဦးသူငယ်ချင်းက မီးမီးအင်္ဂါကို လက်ချောင်ထိုးသွင်းပါတယ်တဲ့ …..
မီးမီးကနာလို့ငိုပြီးမေမေနဲ့တိုင်မယ်ပြောတော့ နင့်ငါးလေးတွေကိုသတ်ပစ်မယ်ပြောတယ်တဲ့ …..မပြောပဲနဲ့ပါးစပ်ပိတ်နေရင်အရင်လိုပဲမုန့်တွေအရုပ်တွေဝယ်ပေးမှာလို့ပြောတယ်…..
အဲ့ဒါကြောင့် ပါးစပ်ပိတ်နေပြောပြီး ဦးဦးရောသူ့သူငယ်ချင်းရော မီးမီးပုံပုံကို လက်ချောင်းကြီးတွေထိုးတယ်….နင်မသိရင်မှတ်ထား ….ကြီးလာရင်လည်းအဲ့နေရာက အချောင်းထိုးသွင်းရမဲ့ နေရာလို့ပြောတယ်…..
မီးမီးအော်ငိုတာကို ဦးဦးကသူ့လက်ကြီးနဲ့ပိတ်တယ်လို့ပြောပြီး ကလေးကချက်ချင်းငိုချပါတယ် ……ဒီနေ့ဆိုရင်ဖေဖေကအပြင်သွားမယ် ….မေမေလည်းလိုက်သွားမယ်…..ဦးဦးနဲ့နေခဲ့ပြောလို့မနေရဲလို့ကြောက်ပြီး ဒီကိုပို့ပေးဖို့ပြောလာတာ သူအိမ်မပြန်ချင်ပါဘူး……
အိမ်မပြန်ရဲပါဘူးတဲ့လေ…ဆရာမကပြောထားတယ်မလား မီးမီးတို့ရဲ့ကိုယ်ပိုင်နေရာတွေကိုပေးမထိရဘူးလို့လေ(ကလေးတို့ကိုအပတ်တိုင်းဘယ်နေရာကိုပေးထိသင့်တယ်ပေးမထိရဘူးလဲ…လာထိရင်ဘယ်သူ့ကိုတိုင်ရမယ်ဘာလုပ်ရမယ်ဆိုပြီးအမြဲပြောပြီးသင်ပေးပါတယ်)….အဲ့ဒါဦးဦးထိရင်ရောမရဘူးမလား…..
ဆရာမပြောတော့မေမေ၊ဖွားဖွား၊ဒေါ်ဒေါ်တွေကိုပဲပြောပြပြီးအဲ့နားလေးတွေနာတာနေမကောင်းဖြစ်တာဆိုမှပေးထိရမယ်လို့ပြောတယ်မလားဒါဆိုဦးဦးကထိလို့မရဘူးပေါ့နော်အခုသူမီးမီးကိုနာအောင်လုပ်လိုက်တယ် မီးမီးမေမေ့ကိုပြောရင်မီးမီးငါးတွေကိုသတ်လိုက်မှာပေါ့ မီးမီးဘယ်သူ့ကိုပြောရမလဲဆိုပြီးငိုပါတယ်ဒါကြောင့်အမေရောအဖေရောချက်ချင်းဖုန်းဆက်ခေါ်ပြီးဒီကိစ္စကိုဖြေရှင်းလိုက်ပါတယ်
ပြသာနာကကလေးက သူ့ဦးလေးကိုချစ်တယ် …..အခုအိမ်မှာမရှိတော့လည်းသတိရနေတယ် …အိမ်မှာလည်းမနေရဲဘူး….အိပ်ရာကနေရုတ်တရက်ထနိုးရင်တောင်သူ့ငါးလေးတွေကိုပြေးပြေးကြည့်ပြီး သူ့ငါးလေးတွေကိုသူအိပ်နေတုန်း ဦးဦးကလာသတ်သွားမှာစိုးရိမ်နေတယ်လို့အမေကဖုန်းဆက်ပြီးပြောပါတယ်….
အိမ်ထောင်ကျကတည်းကတူတူနေလာပြီး သူ့ခင်ပွန်းရဲ့ညီအရင်းဖြစ်သူကမွေးကတည်းကသူထိန်းလာပေးတဲ့ကလေးကို ဒီလိုလုပ်တယ်ဆိုတာ ကလေးကပြောလို့ယုံလိုက်ရတာဖြစ်ပြီးဆရာဝန်နဲ့ပြကြည့်တော့လည်း ထိုးသွင်းပွန်းပဲ့ဒဏ်ရာတွေရှိနေတာတွေ့ရလို့အမေတစ်ယောက်အနေနဲ့ငါဒါကိုဘာလို့မသိခဲ့ရတာလဲလို့တွေးတွေးပြီး ရင်ထဲပြည့်ကျပ်နေပါတယ်လို့ငိုပြီးပြောခဲ့ပါတယ်……
ကလေးတင်မကပါဘူး မိဘတွေကလည်းဘယ်ဆွေမျိုးသားချင်းသွေးရင်းတွေကိုတောင်မှကိုယ့်ကလေးနဲ့ပတ်သက်ပြီးမယုံရဲတော့ဘူး….အမေကလည်းငါဘာလို့မသိခဲ့ရတာလဲလို့အပြစ်တင်စိတ်နဲ့စိတ်ဒဏ်ရာရနေရှာတယ်….
အစကကိုယ်ဒီလိုရင်ဖွင့်ချိန်လေးလုပ်တော့ ဘာအပိုတွေလုပ်နေလဲမသိဘူးလို့ပြောခဲ့တဲ့သူတွေက အခုတော့ဒီအချိန်လေးကိုကျေးဇူးတင်နေကြတယ်…မိဘတွေကလည်းကလေးလေးရဲ့စိတ်ထဲကအကြောင်းတွေကိုသိလိုက်ရတော့ကုစားပေးဖို့ရခဲ့ရတယ်….
ဒါပေမဲ့လည်းကလေးရဲ့စိတ်ထဲကလူတွေကိုမယုံရဲပဲနာကျင်ကြောက်ရွံ့နေတဲ့စိတ်လေးကိုဘယ်လိုဖျောက်ပေးရမလဲမသိတော့ဘူးကလေးလေးပါ…သွက်သွက်လက်လက်နဲ့ငါးလေးတွေချစ်တတ်တဲ့ကလေးလေး…..
အစပ်မစားနိုင်ပေမဲ့အရမ်းအစပ်စားချင်တဲ့ကလေးလေးအနီရောင်ကိုကြိုက်ပြီး ကြီးလာရင်ဆရာမလိုမျိုးလှလှပြင်ပေးတဲ့အလုပ်လုပ်မှာဆိုတဲ့ကလေးလေး…ဆံပင်လေးလှလိုက်တာလို့ပြောတိုင်းမေမေနဲ့တူတာလို့ရယ်ပြီးပြောတဲ့ကလေးလေး…ဘာဘီအရုပ်လေးတွေကြိုက်တဲ့ကလေးလေး…
စာသင်ရင်အိပ်ငိုက်တဲ့သူငယ်ချင်းကိုမအိပ်အောင်လို့ဘေးကနေသွားသွားနှိုးပေးတဲ့ကလေးလေး…ပိတ်ရက်တွေမှာကာတွန်းကားတွေပဲထိုင်ကြည့်ချင်တဲ့ကလေးလေး…မုန့်ခိုးစားရင်ဆရာမစိတ်ဆိုးမှာနော်ပြောတိုင်းမဆိုးပါနဲ့မီးမီးမုန့်ကျွေးမယ်လေလို့ပြောတတ်တဲ့ကလေးလေး…
လမ်းမှာတွေ့တဲ့သူတိုင်းကိုရယ်ပြတဲ့ကလေးလေး…Busစီးရရင်ပျော်တဲ့ကလေးလေး…ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ကလေးလေး…ပိုက်ဆံတောင်းနေတဲ့သူတွေမြင်ရင်လက်လေး၂ဖက်နဲ့ရိုရိုသေသေသူ့မုန့်ဖိုးလေးတွေပေးတတ်တဲ့ကလေးလေး…
ဖိနပ်ဆိုရင်ဒေါက်ဖိနပ်ပဲစီးချင်တယ်လို့ပူဆာတဲ့ကလေးလေး…ခေါက်ဆွဲကြော်ကြိုက်တဲ့ကလေးလေးကြောင်လေးတွေချစ်ပေမဲ့ကိုင်ရမှာကြောက်တဲ့ကလေးလေး…A to Zကိုသေချာရလို့သူများကိုပါပြန်သင်တဲ့ကလေးလေး….ကလေးလေးပါပဲလူစိတ်မရှိတဲ့လူတွေရယ်…ကလေးလေးပါပဲ….
ဘာဆိုဘာမှမသိပဲလောကကြီးကပျော်ဖို့ကောင်းတယ်လို့တွေးတဲ့ကလေးလေးပါပဲ..အကုန်လုံးကလေးလေးတွေပါပဲ..ကလေးကိုကလေးလိုပဲမြင်ပေးကြလို့မရဘူးလားဟင်…တောင်းဆိုပါတယ်နောက်ထပ်ဝါဂွမ်းလေးနဲ့တူတဲ့ကလေးတွေနာကျင်ခံစားတာတွေမကြုံကြပါစေနဲ့လို့ဆုတောင်းရင်း ကလေးတွေကိုတူတူကာကွယ်ပေးကြရအောင် …….
Stop Child SexualAbuse
💥💥
ဂရုမစိုက်နဲ့!
ဂရုမစိုက်နဲ့!
မင်းမှန်နေပေမဲ့ မင်းကိုမှားတယ်လို့ပြောနေကြတဲ့လူတွေကို
ဂရုမစိုက်နဲ့!
ကိုယ့်မှာ ရှိတဲ့အခက်အခဲတွေကို ကိုယ်ပဲသိတာ
သူတို့သိမှာ မဟုတ်ဘူး ရှင်းပြဖို့လည်းမလိုဘူး
ဂရုမစိုက်နဲ့!
မင်းဆုံးဖြတ်ချက်တွေအကြောင်းကို မင်းအသိဆုံး
တခြားလူတွေရဲ့ မေးခွန်းအပေါ်
အဖြေတွေပေးနေစရာမလိုဘူး ။
ဂရုမစိုက်နဲ့!
မင်းဘယ်လောက်ပဲ သစ္စာရှိရှိနေပေး
မင်းကိုမယုံကြည်တဲ့သူတွေအတွက်
"ငါ့ကိုယုံပါ"လို့ ပြောစရာမလိုဘူး ။
ဂရုမစိုက်နဲ့!
မင်းဘယ်လောက်ပဲချစ်ပေးပေး
မင်းအချစ်ကို အလေးမထားတဲ့လူအတွက် ချစ်နေစရာမလိုဘူး ။
ဂရုမစိုက်နဲ့!
တခြားသူတွေ မင်းကိုယုံကြည်ဖို့ထက်
မင်းကိုယ်မင်းယုံကြည်ဖို့လိုတယ် !
တခြားသူတွေရဲ့အထင်အမြင်တွေကို ဂရုစိုက်ဖို့ထက်
မင်းကိုယ်မင်း ဂရုစိုက်ဖို့လိုတယ်!
ကိုယ့်လမ်းကိုယ်လျှောက်!
ကိုယ့်ကိုယ်ကို ဂရုစိုက်!
ကိုယ့်ကိုယ်ကို တန်ဖိုးထား!
ကိုယ့်ကိုယ်ကို ချစ်!
5 Zell
Credit
မိန်းမတဦးကို ဗလက္ကာရ ပြုသည်ဆိုရာမှာ
ငြင်းဆိုရာ မရောက်သောငြင်းဆန်ခြင်း
မိန်းမတဦးကို ဗလက္ကာရပြုသည်ဆိုရာမှာ
 ဥပမာ ရုံးတစ်ရုံးတွင် မန်နေဂျာက လူကွယ်ရာနေရာ စာရေးမလေးကို ဖက်လိုက်သည်ဆိုပါစို့
မိန်းကလေးဖက်မှ အလိုမတူလျှင် စနစ်တကျငြင်းဆန်ဖို့လိုလေသည်။
“ရှင်ဘယ်လိုလုပ်လိုက်တာလဲ
ဒီအပြုအမူကို မန်းနေဂျင်းဒါရိုက်တာကို တိုင်ရလိမ့်မယ်”
စသည်ဖြင့် ငြင်းဆန်လျှင် ငြင်းဆန်နည်းမှန်သည်။
သို့မဟုတ်
“ အို အစ်ကိုကလည်း လွှတ်ပါ။
လူတွေမြင်ရင် ရှက်စရာကြီး ဒီလိုမလုပ်ပါနဲ့”
ဒီလိုမလုပ်ပါနဲ့ ဆိုလျှင် ငြင်းတာတော့မှန်တယ်။
ဒါပေမယ့် ပြတ်သားစွာမငြင်းလို့ နည်းစနစ်မမှန်ဘူးလို့ဆိုနိုင်ပါတယ်။
တချို့ မိန်းကလေးတွေ ပြောလေ့ရှိတဲ့
ဘာမှန်းလည်း မသိဘူး ရှက်စရာကြီးဆိုတာမျိုးဟာလည်း နည်းစနစ်မမှန်ပါ။
ထိုသို့နည်းစနစ်မမှန်ဘဲ ငြင်းဆန်လျှင် ဖိတ်ခေါ်သလိုဖြစ်နေတတ်သည်ကို အထူးသတိထားရပေမည်။
Credit to မူရင်း
လက်ကြောတင်းဖို့ လိုနေတဲ့ မြန်မာနိုင်ငံက အလုပ်သမားများ
လက်ကြောတင်းဖို့ လိုနေတဲ့ မြန်မာနိုင်ငံက အလုပ်သမားများ
ပလောင်ဒေသက လက်ဖက်စိုက်ခင်းတွေ တရုတ်ပြည်က တရားမဝင် ဝင်လာတဲ့ လက်ဖက်ဈေးတွေကို မယှဉ်နိုင်တော့လို့ ခူးသူမဲ့ တောရိုင်းစိုက်ခင်းတွေလို ဖြစ်လာတဲ့အကြောင်း ဖတ်လိုက်ရတယ်။ အချက် (၂) ချက်ကို စဉ်းစားနေမိတယ်။
ပထမတချက်က ကျနော်တို့နိုင်ငံဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀) ကျော်က အမေရိကန်ပြည်ထောင်စုလိုဖြစ်နေတယ်။ ဒေသခံ အင်ဒီးယန်းမျိုးနွယ်စုတွေဟာ အချင်းချင်း နယ်မြေလုပွဲတွေ၊ လူမျိုးစုစစ်ပွဲတွေ နဲ့ နစ်နေတယ်။ လူဖြူတွေက တဖြည်းဖြည်း အခြေချလာနေပြီ။ အမေရိကန်မြေကြီးမှာ ဘာတွေ တန်ဘိုးရှိတယ် ဆိုတာကို သိတယ်။ ဘယ်လို အသုံးချရ မယ် ဆိုတာ သိတယ်။ အင်ဒီးယန်းမျိုးနွယ်စုတွေ အချင်းချင်း စစ်တိုက်နေချိန်မှာ သူတို့ က စီးပွားရေးပဲ လုပ်နေတယ်။
မြန်မာ့မြေမှာ လဲ ဒီသဘောပါပဲ။ ဗမာတိုင်းရင်းသားတွေ နဲ့ ဗမာမဟုတ်သော တိုင်းရင်းသားတွေ ချနေကြတယ်။ ဗမာချင်း လဲ ချနေကြတယ်။ ပြည်မကြီးမှ တရုတ်လူမျိုးတွေက စီးပွားရေးနဲ့ တဖြည်းဖြည်း ခြေကုပ်ယူနေတာ ရန်ကုန်၊ မန္တလေး သာမက၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ် အနှံ့အပြား။  ဒုတိယ အချက်က ဈေးကွက်နဲ့ နိုင်ငံတကာကို ယှဉ်ဘောင်တန်းတဲ့အခါ၊ မြန်မာတွေ ဝီရိယ ရှိဖို့ လိုတယ်။ အလုပ်နည်းနည်းလုပ် ဘီယာဆိုင်မှာ လေထ နေလို့ မဖြစ်ဘူး။
တရုတ်ပြည် ကုန်သည်တွေက မြန်မာပြည်ထဲလာပြီး အထည်ချုပ်စက်ရုံတွေထောင်တယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တယ်။ ဗမာအလုပ်သမားတွေ အလုပ်လုပ်ရတာ အလုပ်မပြီးလို့ ဆိုပြီး သူတို့ အလုပ်သမားတွေကို ခေါ်လာတယ်။ ဒါကလဲ ကိုယ့်အတွေ့ အကြုံအရ ဖြစ်နိုင်တယ်။ မြန်မာအလုပ်သမားတချို့ က ဘယ်လို ဖြစ်နေသလဲ ဆိုတော့ လုပ်အားခ ကျတော့ ပိုလိုချင်တယ်။ အလုပ်ကျတော့ မပြီးဘူး။
ဒီကြားထဲ  ထစ်ကနဲရှိ အလုပ်သမားတွေကို ဆန္ဒပြဖို့ နိုးဆော်နေတဲ့သူတွေကလဲ အများကြီး။ အဲ့ဒီလူတွေကို ကြည့်လိုက် တော့ တခါမှလဲ အလုပ်သမား မဖြစ်ဖူးဘူး။ အန်ဂျီအိုတွေဆီက လခယူပြီး အလုပ်သမားအရေးလုပ်နေကြတာ။ မြန်မာပြည် မှာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်က မငြိမ်သေးဘူး။ ပြဿနာရှာဖို့ နည်းလမ်းပေးနေတဲ့ သင်တန်းတွေက တပုံတပင်။ ဘာနဲ့ တူသလဲ ဆိုတော့ လွတ်လပ်ရေးရပြီးခါစအချိန်၊ ကိုယ့်အမျိုးသားတရပ်လုံး ထွက်ပေါက်ရနိုင်မယ့် စီးပွားရေး စံနစ်ကို တည်ဆောက် ရမယ့် အစား လူတန်းစားတိုက်ပွဲဆင်နွဲဖို့ လှုံ့ဆော်နေတဲ့ သူတွေလိုမျိုး ဖြစ်နေတယ်။
တကယ်တော့ အလုပ်သမားဈေးကွက် ကို အနာဂတ်အတွက်  ကောင်းမွန်စွာ မျှော်လင့်ချက်ရှိချင်တယ်ဆိုရင် ပထမပိုင်း မှာ  သူများထက် လုပ်အားခ နည်းပြီး အလုပ်ကို ယုံကြည်မှုရှိအောင် လုပ်ပြတဲ့ ဈေးကွက်လိုမျိုး ဖြစ်ရမယ်။  ကိုယ့်ကို ယုံကြည်သွညူပြီ ဆိုတဲ့အခါကျမှ ဈေးနှုန်းကို တင်လို့ရပါတယ်။  တရုတ်၊ ဗီယက်နမ် နိုင်ငံတွေ စီးပွားရေး ဦးမော့လာ တယ်ဆိုတာ အလုပ်သမားဈေးကွက်ကို ယုံကြည်လာအောင် မျှားခေါ်ကြတာလေ။
စီးပွားရေးသမားကလဲ  Comparative Advantage ကို နားလည်ပါတယ်။ အလုပ်ဖြစ်မယ်ဆိုရင် ဈေးပေးဖို့ ဝန်မလေး ပါဘူး။ တရုတ်အလုပ်သမားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် မဖြစ်စေချင်ဘူးဆိုရင် အစိုးရကလဲ ကိုယ့်နိုင်ငံက အလုပ်သမားတွေအတွက်  ခုခံတားဆီးရေးမူရှိဖို့လိုသလို၊ ကိုယ့်ဆီက အလုပ်သမားတွေကလဲ တရုတ်ပြည်မကြီးက အလုပ်သမားတွေထက် လက်ကြောတင်းဖို့ လိုပါမယ်။
Aung Moe Win (လေးစားမှုဖြင့် ခရက်ဒစ်)
,credit
ဝင်​​ငွေများလာ​ပေမဲ့ ​ပျော်​ရွှင်​မှု့ နည်းသွားရခြင်းအ​ကြောင်း
လစာ ၁ သိန်းခွဲ ရရင် > လစာ ၂ သိန်းရှိတဲ့လူက
ပိုပြီး ပျော်ရွင်မှူရှိမည်ဟု ထင်မိမှာပါ။ 😥
လစာ ၂ သိန်းရရင် > လစာ ၃ သိန်းရှိတဲ့လူက
ပိုပြီး ပျော်ရွင်မှူရှိမည်ဟု ထင်မိမှာပါ။😥
လစာ ၃ သိန်းရရင် > လစာ ၅ သိန်းရှိတဲ့လူက
ပိုပြီး ပျော်ရွင်မှူရှိမည်ဟု ထင်မိမှာပါ။😥
လစာ ၅ သိန်းရရင် > လစာ ၇ သိန်းရှိတဲ့လူက
ပိုပြီး ပျော်ရွင်မှူရှိမည်ဟု ထင်မိမှာပါ။😥
လက်ရှိပတ်ဝန်းကျင်တိုင်းမှာ လူအများပိုင်းက
ငွေကိုကြည့်ပြီး အရာရာကိုတန်ဖိုးဖြတ်ကြတယ်။
ငွေများများရှိသည့်လူက
👉ပျော်ရွင်မှူ ပိုရှိတယ်
👉အောင်မြင်မှူ ပိုရှိတယ်လို့ သတ်မှတ်ထားကြတယ်။
ပြသနာတိုင်းအတွက် ငွေများများရှိမှ
ဖြေရှင်းနိုင်မယ်လို့ ယူဆကြတယ်။
ဟုတ်ကဲ့။
👉တကယ်တမ်းတော့လဲ ငွေရှိဖို့က အရမ်းအရေးကြီးပါတယ်။
ပိုပြီးအရေးကြီးတာကတော့
👉ငွေတွေ အများကြီးပိုင်ဆိုင်ချင်တာ
👉ဘာကြောင့်လဲ
👉ဘာအတွက်လဲ ဆိုတာပါပဲ။
ချမ်းသာဖို့အတွက်ဆိုရင်လဲ
ငွေဘယ်လောက်ရှိမှ ချမ်းသာတယ်လို့ သတ်မှတ်မှာလဲ။
ဟုတ်ကဲ့။
လက်ရှိဘ၀ အခြေနေအပေါ်မှာ ပျော်ရွင်မှူရှိစေနိုင်တဲ့
နည်းလမ်း တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
ဘ၀ရပ်တည်ချက် ခိုင်မာဖို့အတွက်
👉လစဉ်အသုံးစရိတ်ထက် (အမြှောက်❌3 )
ရှာနိုင်ခြင်းပါပဲ။
အကယ်၍
👉လစဉ်သုံးစရိတ် ၁ သိန်းရှိပြီး
👉၀င်ငွေ ၃ သိန်းရှာနိုင်ပါက
သင့်ဘ၀အပေါ် ပျော်ရွင်မှူရှိနေသင့်ပြီး
ကျေနပ်နေသင့်ပါတယ်။
လစဉ်သုံးစရိတ် ၂ သိန်းရှိပြီး
ဝင်ငွေ ၆ သိန်းရှာနိုင်ရင်လဲ၊ သင်တော်တော်ပြည့်စုံနေပါပြီ။
အကယ်၍ ဒီနည်းက ခက်ခဲတယ်ဆိုရင်
👉(အမြှောက်❌2 )လဲ ရပါတယ်။
✔အသုံးစရိတ် ၁ သိန်းခွဲ ရှိရင်
✔၃ သိန်း ၀င်ငွေရှာနိုင်တာမျိုး။
✔အသုံးစရိတ် ၂ သိန်းရှိရင်
✔၄ သိန်း ၀င်ငွေရှာနိုင်တာမျိုးပါ။
ဟုတ်ကဲ့။
✔အကယ်၍ ဒီနည်းလမ်းတွေကို လုပ်နိုင်ပါက
     သင့်ကိုယ်သင် ဂုဏ်ယူနေသင့်ပါပြီ။
ဟုတ်ကဲ့။
👉ကိုယ်ပိုင်ခံယူချက်
👉ကိုယ်ပိုင် လိုအပ်ချက်တို့ကိုသာ
👉ဦးစားပေးမှ ပျော်ရွင်မှူနှင့် ပြည့်စုံမှူတို့ကို ခံစားရမှာပါ။
ဘ၀မှာ အဖြစ်ချင်ဆုံးက ဘာလဲ၊
ဝင်ငွေဘယ်လောက်ရှိနိုင်မှ ဖြစ်ချင်တဲ့ဆန္ဒာကို အကောင်အထည်ဖော်နိုင်မလဲ၊
ဆန္ဒာတွေ၊ ဖြစ်ချင်တဲ့အရာတွေကို
ပြတ်ပြတ်သားသား သတ်မှတ်လိုက်ပါ။
အကယ်၍
လူအများနှင့် သွားနှိုင်းယှဉ်ပြီး
❌သင်ဟာ မပြည့်စုံကြောင်းလို့ ပြန်လာအပြစ်တင်ပါက
❌သင်ဟာ အရင်းနှီးပြုတ်ပြီးသား လူတစ်ယောက်နှင့် တူနေပါတယ်။
တကယ်တမ်းတော့
👉ပျော်ရွင်မှူ၊ ပြည့်စုံမှူ ဆိုသည့်အရာဟာ
👉စိတ်ထဲက အရာတစ်ခုခု အပေါ်ကို
✔သတ်မှတ်လိုက်ခြင်းပါပဲ။
ဒီတော့
သင့်အတွက် အောင်မြင်မှူဆိုတာ
👉ဘယ်လိုပုံစံလဲ၊
👉ဘယ်လိုမျိုးလဲ ဆိုတာ ကိုယ့်အမြင်ဖြစ်သာ
👉ဆုံးဖြတ်၊ သတ်မှတ်သင့်ပါတယ်လို့ ဆိုချင်ပါတယ်။
ကမ္ဘာပေါ်မှာ ဖြစ်တည်မှူ ၂ မျိုးပဲရှိပါတယ်။
အကယ်၍ ငွေအကုန်အကျများတဲ့
👉လူနေမှူပုံစံ(life style) ကို လျောက်လမ်းပါက
👉လူအများထက်
👉ငွေပိုရှာနိုင်ရမယ်၊ ပိုလုပ်ရမယ်။
အကယ်၍ ငွေအကုန်နည်းတဲ့
👉လူနေမှူပုံစံ(life style) ကို လျောက်လမ်းပါက
👉အကုန်အကျနည်းတဲ့ ပုံစံကို ဖြတ်သန်းရမယ်။
ဘယ်လမ်းကိုပဲ လျောက်လျောက်
✔ငွေသုံးဖြုန်းခြင်းကို ရှောင်နိုင်ဖို့
✔လူအများရဲ့ အမြင်ကိုဂရုမစိုက်ဖို့နှင့်
✔နှိုင်းယှဉ်မှူတွေကို ရှောင်နိုင်ဖို့ပါပဲ။
ဟုတ်ကဲ့။
အသုံးစရိတ်များတဲ့ လမ်းက
အသုံးစရိတ်များသလို ရှာဖွေရမှာဖြစ်ပြီး။
အသုံးစရိတ်နည်းတဲ့ လမ်းက
အသုံးစရိတ်နည်းသလို ရှာဖွေရမှာဖြစ်ပါတယ်။
၂ လမ်းလုံးက သူ့အရည်အချင်းနှင့်သူရှိကြပြီးသား။✔✔
သင်ကြိုက်ရာလမ်းကို ရွေးနိုင်ပါတယ်။✔✔
သို့သော်
တစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်ခြင်းကမ္ဘာကတော့
မပြီးဆုံးနိုင်သည့် သောကများခြင်း၊ စိတ်ဆင်းရဲခြင်းပါပဲ၊😥😥
လူအများနှင့်နှိုင်းယှဉ်လိုက်မိပါက
ရှေ့ဆက်အချိန်မှာ
သောကတွေ၊ အလိုမကျမှူတွေကိုသာ
ပိုင်ဆိုင်သွားမိမှာပါ။😥😥
ဟုတ်ကဲ့။
👉လူအများရဲ့ ပျော်ရွင်မှူပုံစံ၊ စကားသံတွေကို ဂရုမစိုက်ပဲ။
ကိုယ့်ရင်တွင်းက
👉စကားသံတွေကိုသာ
👉ပြတ်ပြတ်သားသား နားထောင်ပြီး လျောက်လှမ်းပါက
✔ မိမိအတွက် အောင်မြင်မှူရဲ့ ပထမဆုံးခြေလှမ်းဖြစ်မှာပါ။
သင်ချစ်ရတဲ့လူကို ပြန်လည်မျှဝေပါ။
by
credit to Golden way
Khun Min Htet
ကြိုးစားပြီး​တော့ လိုက်​နာကျင့်​သုံးပါ.......
(၁) စာဖတ်​သည့်​ အ​လေ့အထလုပ်​ပါ။
(၂) အရာရာကို ​လေး​လေးနက်​နက်​ ​တွေး​ခေါ်ပါ။
(၃) ဘာပဲလုပ်​လုပ်​ ကိုယ့်​ကိုယ်​ကို ယုံကြည်​မှုရှိပါ။
(၄) အ​ကြောင်းအရာမှန်​သမျှ ​စေ့​စေ့စပ်​စပ်​ ​လေ့လာပါ။
(၅) ​ပြောတိုင်း ယုံသည့်​အကျင့်​ ​ဖျောက်​ပါ။
(၆) စကားကို မ​ပြောသင့်​၊ ​ပြောသင့်​ အရင်​စဉ်းစားပါ။
(၇) ဘယ်​အ​ခြေအ​နေမျိုးကိုမဆို တည်​ငြိမ်​ရင့်​ကျက်​ပါ။
(၈) ဘယ်​အချိန်​မှာပဲဖြစ်​ဖြစ်​ အပြုံးဖြင့်​ ရပ်​တည်​ပါ။
(၉) ဘယ်​​နေရာ​ဒေသပဲ​ရောက်​​ရောက်​ သတိ၊ဝီရိယနဲ့ ​နေပါ။
(၁၀) လူတိုင်း​ပေါ်မှာ စိတ်​​ကောင်းထားပါ။
(၁၁) ​စေတနာသန့်​သန့်​နဲ့ ကူညီရိုင်​ပင်းပါ။
(၁၂) ​လေ​ကောင်း​လေသန့်​ အမြဲရှူပါ။
(၁၃) သဘာဝရှူခင်း​တွေကို အမြဲကြည့်​ပါ။
(၁၄) နှလုံးသားထဲက​နေ ထာဝရဘုရားတည်​ပါ။
(၁၅) စိတ်​ကူး​တွေ လက်​​တွေ့အ​ကောင်​ထည်​​ဖော်​ပါ။
(၁၆) မိဘ​ကျေးဇူးကို​တော့ သိပါ။
(၁၇) မိမိဝါသနာပါရာကို​တော့ မုချလုပ်​ပါ။
(၁၈) ​လောဘတတ်​သင့်​သ​လောက်​ပဲ တတ်​ပါ။
(၁၉) ​ဒေါသဖြစ်​​စေမည့်​အရာမှန်​သမျှ ​ရှောင်​ကြဉ်​ပါ။
(၂၀) ဆင်းရဲတွင်းက​နေ ရုန်းထွက်​ပါ။
(၂၁) စိတ်​ရွှင်​လန်း​စေမည့်​ ဟာသကား​လေး​တွေ ကြည့်​ပါ။
(၂၂) သူတစ်​ပါးအ​ပေါ် မနာလိုစိတ်​​လျှော့ပါ။
(၂၃) မိမိကိုယ်​ကို တုနိုင်​​အောင်​ ကြိုးစားပါ။
(၂၄) အသက်​အရွယ်​မ​ရွေး ဆရာတင်​ပါ။
(၂၅) ​အောင်​မြင်​သူ​တွေဆီက​နေ ​လေ့လာပါ။
(၂၆) လူကြီးသူမအ​ပေါ် ရို​သေပါ။
(၂၇) ဝတ်​စားဆင်​ယဉ်​မှုကို ထိန်းသိမ်းပါ။
(၂၈) ဒုစရိုက်​မှုမှန်​သမျှ ​ရှောင်​ကြဉ်​ပါ။
(၂၉) ဒုက္ခဟူသမျှ သုခမှတ်​ယူပါ။
(၃၀) ​လေးစားသင့်​သူမှန်​သမျှ ​လေးစားပါ။
(၃၁) ချီးကျူးထိုက်​သူကို ဂုဏ်​ပြုပါ။
(၃၂) မိမိအ​ပျော်​ကို တစ်​ပါးသူ​ဝေမျှပါ။
(၃၃) စိတ်​ထဲရှိသည့်​ ခံစားချက်​မှန်​သမျှ စာအဖြစ်​ ချ​ရေးသည့်​ အ​လေ့အထပြုလုပ်​ပါ။
(၃၄) အမှား/အမှန်​ ​ဝေဖန်​ပိုင်းခြားပါ။
(၃၅) ကုသိုလ်​​ကောင်းမှု များများလုပ်​ပါ။
(၃၇) တစ်​​ယောက်​တည်း​နေတတ်​​အောင်​ ကြိုးစားပါ။
(၃၈) သူတစ်​ပါးရဲ့ အ​တွေးအ​ခေါ်ကို လက်​ခံပါ။
(၃၉) အစားအ​သောက်​ဆင်​ခြင်​ပါ။
(၄၀) ​နေ့တိုင်း ​မေတ္တာပို့​ပေးပါ။
(၄၁) သည်းခံစိတ်​​မွေးမြူပါ။
(၄၂) ခွင့်​လွှတ်​နိုင်​​အောင်​ ကြိုးစားပါ။
(၄၃) သူတစ်​ပါး​နေရာက​နေ ဝင်​ကြည့်​ခံစား​ပေးပါ။
(၄၄) နှစ်​သိပ့်​​ပေးရမည့်​သူကို နှစ်​သိပ့်​​ပေးပါ။
(၄၅) ပရဟိတစိတ်​​လေး ရှင်​သန်​ပါ။
(၄၆) ကြီးနိုင်​ငယ်​နှင်း တိရစ္ဆာန်​စိတ်​ ​ဖျောက်​ပါ။
(၄၇) မိမိခံစားချက်​ကို ​ရှေ့တန်းတင်​တာ​လေး ​လျှော့ပါ။
(၄၈) ရိုးသားပွင့်​လင်းပါ။
(၄၉) ​နေရာတကာမှာ ဆရာကြီးမလုပ်​သင့်​ပါ။
(၅၀) စကား​ပြော​နေရင်​ ဖြတ်​မ​ပြောသင့်​ပါ။
(၅၁) က​လေးငယ်​များကို ချစ်​ပါ။
(၅၂) တိရစ္ဆာန်​​လေး​တွေလည်း ဂရုဏာထားပါ။
(၅၃) အားလပ်​ရက်​ခရီးစဉ်​​လေး​တွေ စီစဉ်​ပါ။
(၅၄) အ​ကြောက်​တရား ​လျှော့ပါ။
(၅၅) ရှက်​သင့်​တာကို ရှက်​ပါ။
(၅၆) အတင်းတုတ်​​လေး​တွေလည်း ​လျှော့ပါ။
(၅၇) အပြစ်​လုပ်​မိရင်​ ​ဆေး​ကြောပါ။
(၅၈) သာသနာကို ​စောင့်​ထိန်းပါ။
(၅၉) ရာထူးသည်​ မမက်​သင့်​ပါ။
(၆၀) သူတစ်​ပါးမျက်​ရည်​ကျမှ ထမင်းစားမဝင်​သင့်​ပါ။
(၆၁) အရာရာတိုင်းကို မ'အ'သင့်​ပါ။
(၆၂) ကြင်​နာတတ်​သည့်​နှလုံးသားရှိပါ။
(၆၃) ​ခေါင်း​ရှောင်​တတ်​တဲ့ အကျင့်​​ဖျောက်​ပါ။
(၆၄) တာဝန်​နှင့်​ဝတ္တရားကို ​ကျေပွန်​​အောင်​ ထမ်း​ဆောင်​ပါ။
(၆၅) အ​ပြောနှင့်​အလုပ်​ ညီပါ။
(၆၆) သူတစ်​ပါးကို မ​နှောက်​ယှက်​သင့်​ပါ။
(၆၇) မိမိကိုယ်​ကို ​ဝေဖန်​သုံးသပ်​ပါ။
(၆၈) မိမိ​ချွေး၊ မိမိ​သွေးနဲ့ ရသည့်​ ဝင်​​ငွေကိုပဲ တက်​မက်​ခုံမင်​ပါ။
(၆၉) ကြွားဝါးလိုသည့်​စိတ်​ကို စိတ်​​ဖျောက်​ပါ။
(၇၀) အမုန်းမပွားသင့်​ပါ။
(၇၁) အငြိုးမထားသင့်​ပါ။
(၇၂) မိမိကိုယ်​ကို ဂုဏ်​မ​ဖော်​သင့်​ပါ။
(၇၃) အနာဂတ်​ကို ​ရှေ့ရှူးရပါ။
(၇၄) ဘဝကို စနစ်​တကျတည်​​ဆောက်​ပါ။
(၇၅) စိတ်​ဓာတ်​၊ စည်းကမ်း၊ ပညာသည်​ လူ၏ တန်​ဖိုးပါ။
(၇၆) နှုတ်​ရိုင်း၊ လက်​ကြမ်းသည်းခံပါ။
(၇၈) သူတစ်​ပါးကို မပြိုင်​ပါနှင့်​၊ မိမိကိုယ်​ကို ပြိုင်​ပါ။
(၇၉) က​လေးငယ်​များကို ​မြေ​တောင်​​မြှောက်​​ပေးပါ။
(၈၀) အများနှင့်​မတူ​အောင်​ တီထွင်​မှု​လေး​တွေ ပြုလုပ်​ပါ။
(၈၁) ဘယ်​အရာကိုမှ မ​ပေါ့ဆသင့်​ပါ။
(၈၂) မတရားတာမှန်​သမျှ တရားနဲ့ ​ခြေဖျက်​ပါ။
(၈၃) လူ​ကောင်းတစ်​​ယောက်​အဖြစ်​ ဖြတ်​သန်းပါ။
(၈၄) မပျင်းရိသင့်​ပါ။
(၈၅) အလုပ်​မ​ရွေးသင့်​ပါ။
(၈၆) သူတစ်​ပါးအနာကို မဆွသင့်​ပါ။
(၈၇) ​ခေါင်း​ဆောင်​​ကောင်း ဖြစ်​​အောင်​ ကြိုးစားပါ။
(၈၈) ပြဿနာတိုင်းကို မီး​မွေးမသင့်​ပါ။
(၈၉) မိမိကိုယ်​ကို နားလည်​ပါ။
(၉၀) ​လောကကြီးကို စိတ်​မပျက်​သင့်​ပါ။
(၉၁) ကံကို အပြစ်​ပုံမချသင့်​ပါ။
(၉၂) အမြင်​ကျယ်​ပါ။
(၉၃) ​ဘေးပတ်​ဝန်းကျင်​ကို နားဆွင့်​ပါ။
(၉၄) ပညာဂုဏ်​မ​မောက်​သင့်​ပါ။
(၉၅) ဘဝင်​​လေမဟပ်​သင့်​ပါ။
(၉၆) အန​န္တောအနန္တငါးပါးကို ဦးထိပ်​ထားပါ။
(၉၇) ပန်းပျိုလက်​ဖြစ်​​အောင်​ ကြိုးစားပါ။
(၉၈) အမှန်​တရားကို ချစ်​မြတ်​နိုးပါ။
(၉၉) ဘယ်​သူ့ကိုမှ မနိမ့်​ချသင့်​ပါ။
(၁၀၀) ​လောကကြီးကို အလှဆင်​ပါ။
ဤအချက်​​တွေထဲက​နေ
မိမိလက်​လှမ်းမှီသ​လောက်
ကြိုးစားပြီး​တော့ လိုက်​နာကျင့်​သုံးပါ..................
မူရင်း…Credit
စာပေချစ်မြတ်နိုးသူများ လေးစားလျက်
#မင်းတာရာ
Sunday, August 4, 2019
ဘဏ်တိုး အကြောင်း သိထားရန်
ဘဏ်တိုး အကြောင်း သိထားရန်
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%
တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို ... ၇၀၀၀
ငွေ ၁၀၀ သိန်းကို ... တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..
စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )
စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..
၁လ - ၃လ - ၆လ - ၉လ - ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ - ၃လ - ၆လ - ၉လ - ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုများလေလေပါ ..
ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..
အတိုးလစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ - တစ်နှစ်စာအတိုးထုတ်ပေးပါတယ် ... အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုးထုတ်ပေးပါတယ် .. လစဉ် အတိုးရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံပုံပြီး ၁လစီ ၃လဆက်တိုက်ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုးရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..
"Fixed account & Saving account "
တစ်နှစ် အတွင်းလုံးဝ မထုတ်ရတဲ့ .. Fixed account  "စာရင်းသေ -တစ်နှစ် " အပ်ရင် အတိုး ၁၀% ရပါတယ် ..
သိန်း ၁၀၀၀ ကို တစ်နှစ် သိန်း ၁၀၀ ရပါတယ် ။
တစ်နှစ် မပြည့်မချင်း လုံးဝ မထုတ်ရပါဘူး ...
တစ်နှစ်ပြည့်ဖို့ ၁ ရက် အလိုမှာ ထုတ်ရင်တောင် အတိုး တစ်ပြားမှ မရတော့ပါဘူး ။
ရိုးရိုး စုငွေ Saving account ဆိုရင်တော့ ၈၅ သိန်းဘဲ ရပါတယ် ..
တစ်လကို ...
Fixed account  ၁နှစ်ထားရင် ..
တစ်လ အတွက် ..
ငွေ ၁၀၀ ကျပ် ကို - ၈.၃၃ ပြား
၁သိန်း ကို = ၈၃၃
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
၁၀၀၀ သိန်း ကို = ၈.၃၃၃၃၃ သိန်း ရပါမယ် ..
ရိုးရိုး ငွေစု စာအုပ် Saving account ဆိုရင် ..
တစ်နှစ်ကို  - 8.25  or  8.5 % ဘဲရတာမို့ ..
တစ်လကို 0.6875% or 0.7083% မို့ ..
တစ်လ အတွက်
၁၀၀ကျပ် =   ၆. ၈၇ ပြား or ၇.၀၈ ပြား 
၁ သိန်း = ၆၈၇.၅  / ၇၀၈ ကျပ်
၁၀ သိန်း =  ၆၈၇၅ / ၇၀၈၃ ကျပ်
၁၀၀ သိန်း = ၆၈၇၅၀ / ၇၀၈၃၃ ကျပ်
၁၀၀၀ သိန်း = ၆.၈၇၅ / ၇.၀၈၃၃၃ သိန်း  ရပါမယ်
Like and Share 😊😊😊
Dr Nang Myint Thwe
#mmbookcity_share
ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ်
ဘွဲ့တံဆိပ်တော်နှင့် အမည်များ၏ အဓိပ္ပါယ်
...................................................
(၁) အဘိဓဇမဟာရဋ္ဌဂုရု
(၂) အဂ္ဂမဟာပဏ္ဍိတ
(၃) အဘိဝံသ
(၄) အလင်္ကာရ
(၅) ဘဒ္ဓန္တ
(၁) အဘိဓဇမဟာရဋ္ဌဂုရု... အလွန်မြင့်မားစွာ စိုက်ထူအပ်သော တံခွန်အလံသဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ ဆရာသခင် အရှင်မြတ်-ဟု ဆိုလိုပါသည်။
( ၂ ) အဂ္ဂမဟာပဏ္ဍိတ... အလွန်မြင့်မြတ် ကြီးကျယ်သော ပညာရှိ မထေရ်မြတ်-ဟု ဆိုလိုပါသည်။
( ၃ ) အဘိဝံသ.... မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့ စေတိယင်္ဂဏ စာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ အောင်မြင်တော်မူသော ရဟန်းတော်များအား ဆက်ကပ်သော ဘွဲ့-ဖြစ်သည်။
( ၄ ) အလင်္ကာရ... မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင် ကျင်းပသော သာမဏေကျော် စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေများအား ယင်းအသင်းအဖွဲ့များက ဆက်ကပ်သောဘွဲ့ ဖြစ်သည်။ ယင်း ၃-နှင့် ၄-ဘွဲ့များကို မူလဘွဲ့တော်နှင့် ဆက်၍ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ, ရှင်ပဏ္ဍိတ ဖြစ်လျှင် ဦးပဏ္ဍိတာဘိဝံသ, ရှင်ပဏ္ဍိတာလင်္ကာရ-ဟူ၍ ဖြစ်သည်။
( ၅ ) ဘဒ္ဓန္တ... ဘဒ္ဓန္တ-ဟူသည်မှာ ပေးအပ်သော ဘွဲ့ထူး ဂုဏ်ထူး မဟုတ်၊ လေးစားရိုသေအပ်သော ဆရာတော် သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး, အရှင်-တို့အစား ရေးသား ခေါ်ဝေါ်အပ်သော အသုံးအနှုန်း ဖြစ်ပါသည်၊
ဦးပဏ္ဍိတ-ဟုဆိုလျှင် ဘဒ္ဒန္တ ပဏ္ဍိတ-ဟု ဆိုပါသည်။ ဦး အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။
(အလင်းတမန်)
Credit
" သမိုင်းဝင်…တောင်သမန် "
" သမိုင်းဝင်…တောင်သမန် "
#Writer_ကောင်းစည်သူ
ဧရာဝတီ၊ချင်းတွင်း၊သံလွင်နှင့်စစ်တောင်းအပါအ၀င် သဘာဝမြစ်ကြီးများနှင့်အင်းအိုင်၊တူးမြောင်း၊ချောင်း ပေါင်း များစွာတည်ရှိနေသည့် မြန်မာနိုင်ငံတွင် မန္တလေး တိုင်းဒေသကြီးရှိ တောင်သမန်အင်းသည် မြန်မာတွင် သာမက ကမ္ဘာတွင်ပါထင်ရှားသည့် ခရီးသွားနယ်မြေ ပထ၀ီဝင်ဒေသ တစ်ခုဖြစ်ပေသည်။
တောင်သမန်အင်းသည် လှပသာယာသော သဘာဝ ၀န်းကျင်ရှုခင်းများနှင့် အင်းရေပြင်ကိုဖြတ်သန်း တည် ဆောက်ထားသည့်ဦးပိန်တံတားကြောင့်ပြည်တွင်း
ပြည်ပ၌ထင်ရှားသောနေရာတစ်ခုဖြစ်လာကာ ခရီးသည် အများအပြား နေ့စဉ်လာရောက် လည်ပတ်လျက် ရှိ နေသည်။
တောင်သမန်အင်း တည်ရှိရာ အမရပူရမြို့သည် မန္တလေးမြို့မှတောင်ဘက်သို့၁၁ ကီလိုမီတာ(၆ ဒသမ ၈ မိုင်)ကွာဝေးပြီး မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မန္တလေးမြို့နှင့်တစ်ဆက်တည်းဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း မန္တလေးသို့ရောက်ရှိလာကြသူများ သည် တောင်သမန်အင်းရှိရာ အမရပူရ သို့ လာရောက် ကြမြဲဖြစ်သည်။
အင်းတောင်သမန် ၊ ကန်မိတ္ထီလာ
==========================
ကျမ်းပြုပုဂ္ဂိုလ် မင်းကြီးသီရိမဟာဇေယျသူက တောင်သမန်အင်းကို…
“ရေ စစ်ကိုင်း၊ လှိုင်း ပခန်းငယ် ၊လယ် တောင် တွင်း၊ စပါး မည်းသင်း၊ အင်း တောင်သမန် ၊ကန် မိတ္ထီလာ” ဟု က၀ိလက္ခဏဒီပနီကျမ်းတွင်ဖွဲ့ဆိုခဲ့သည်။
တောင်သမန်အင်းသည် အမရပူရမြို့၏ တောင်ဘက် တွင် တည်ရှိကာ ၂၃၁ ဒသမ ၇၃  ဧက ကျယ်ဝန်းလျက် အရှေ့မှ အနောက်သို့ နှစ်မိုင် နှင့် တောင်နှင့် မြောက် အကျယ်ဆုံးနေရာတွင် တစ်မိုင်ကျယ်ဝန်းသည်။
ဧရာဝတီမြစ်နှင့် တောင်သမန်အင်းသည် တစ်ဆက် တည်း တည်ရှိနေသဖြင့် အင်းအတွင်းသို့လှေများ၊
သစ်ဖောင်များ၊သင်္ဘောများဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းများရှိခဲ့သည်။မြန်မာဘုရင်များလက်ထက်က အမရပူရနန်းတော်တည်ဆောက်ရန် လိုအပ်သော သစ်ဝါးများကို ဧရာဝတီမြစ်မှတစ်ဆင့် ဖောင်များဖွဲ့၍ တောင်သမန်အင်းဆိပ်သို့ပို့ဆောင်စေရန် အမိန့်ပြန်တမ်း ထုတ်ခဲ့သည်။
ဆရာကြီး ဒဂုန်နတ်ရှင်က“ ရတနာပုံနိဒါန်း ”စာအုပ်တွင် တောင်သမန်အင်းအတွင်း သင်္ဘောများ ၀င်ရောက်ခဲ့ပုံ ကို……
“ မင်းတုန်းမင်းသည် အမရပူရမြို့ဟောင်း၌စံနေတော်မူ စဉ်သက္ကရာဇ် ၁၂၁၇ ခုနှစ် ၊၀ါခေါင်လအတွင်း၌ အင်္ဂလိပ် သံတမန်ဖယ်ရာ သည် လက်နက်အပြည့်အစုံတပ်ဆင် ထားသောသင်္ဘောကြီးဖြင့်  တောင်သမန်အင်းအတွင်း အထိရောက်အောင် ၀င်လာပါသည်။ရေပြည့်ချိန်ဖြစ်၍ သင်္ဘောသည်နန်းတော်အပေါ်ကမိုးနေသကဲ့သို့ရှိသည်”  ဟု ရေးသားခဲ့သည်။
တောင်သမန်အင်း၏အရှေ့ဘက်တွင်အောင်ပင်လယ် ကန်၊ နန္ဒာကန်နှင့် မြကန်တို့တည်ရှိသည်။ဧရာဝတီမြစ်မှ ရေများ တိုက်ရိုက်စီးဝင်သည့်တောင်သမန်အင်းသည် တစ်ဆယ့်နှစ်လပတ်လုံး ရေများရှိနေတတ်ပြီး မိုးတွင်း အခါတွင် အင်းတစ်ခုလုံးရေများ ပြည့်လျှံနေလေ့ရှိသည်။
တောင်သမန်အင်း နှင့်အင်းတောင်ဘက်ရှိဒုဋ္ဌ၀တီမြစ်တို့ ကိုဆက်သွယ်နေသည့်ချောင်းငယ်ကို ဗဒုံမင်း၏ သားတော်ပခန်းမင်းသားက သက္ကရာဇ် ၁၂၀၃ ခုနှစ်တွင် တူးဖော်ခဲ့သည်။
တောင်သမန်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော် အချိန်က လူများနေထိုင်ခဲ့ကြသည့် အထောက်အထား အဖြစ် ၁၉၆၉ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ်များတွင် တောင်သမန်အင်းစောင်းရှိ အောင်ခြင်းရှစ်ပါးဘုရားနှင့် မဟာဂန္ဓာရုံကျောင်းတိုက်အကြား ရှေးဟောင်း သုတေ သန တူးဖော်မှုများမှတွေ့ရှိခဲ့သောလူရုပ်ကြွင်းများ ၊အိုးများ၊ပုတီးစေ့များ ကျောက်နှင့် သံ လက်နက်များက သက်သေပြနေသည်။တောင်သမန်ရှေးဟောင်းနယ်မြေ အား ၁၉၇၁ ခုနှစ်နှင့်၁၉၇၂ ခုနှစ်များတွင်  ရှေးဟောင်း သုတေသန တူးဖော်မှုများ ထပ်မံပြုလုပ်ခဲ့ရာ  အိုးထိန်း စက်ဖြင့်ပြုလုပ်ထားသည့် အိုးများကိုတွေ့ရှိခဲ့ပြီးနောက် တောင်သမန်သည် ရှေးဟောင်းနယ်မြေ တစ်ခုအဖြစ် လည်းထင်ရှား လာခဲ့သည်။
ဦးပိန်တံတား
=======
ကျယ်ပြန့်သော အင်းရေပြင်ပေါ်တွင် ကျွန်းလုံးများဖြင့် ကွေ့ဝိုက်စွာ တည်ဆောက်ထားသည့် ဦးပိန်တံတားကို ကမ္ဘာလှည့်ခရီးသွားများက စိတ်ဝင်စားကြသည်။ မယ်ဇယ်ပင်တန်းများနောက်ခံတည်ရှိနေသည့် အမရပူရ မြို့ဘက်ကမ်းမှ မန္တလေးမြို့သို့ တောင်သမန် အင်းရေပြင် ကို ဖြတ်ကျော်ကာ ဆက်သွယ်ထားသည့်ယင်း တံတား သည် လာရောက်လည်ပတ်ကြသူများဖြင့်အမြဲစည်ကား လျက်ရှိသည်။ပြည်တွင်း၊ပြည်ပ ခရီးသွားများသည် တောင်သမန်သို့ လာရောက်၍ တောင်သမန် လေညုင်း ကို ခံကြကာ လှပသာယာသောရှုခင်းများကို ကြည့်ရှု လျက် တံတားကြီးပေါ်မှဖြတ်သန်း လမ်းလျှောက်လေ့ ရှိကြ ပေသည်။
တောင်သမန်အင်းကိုဖြတ်၍ မန္တလေးမှအမရပူရသို့ အရှေ့မှ အနောက်သွယ်တန်းထားသည့် ဦးပိန်တံတား ကို တောင်သမန်နှင့် အနီးဝန်းကျင်မှရွာများတွင်နေထိုင် ကြသူများလွယ်ကူစွာသွားလာနိုင်ကြရန် ပုဂံမင်းလက် ထက်က တည်ဆောက်ခဲ့ရာ ယခုအခါ သက်တမ်း နှစ် (၁၆၀)ကျော်ခဲ့ပြီဖြစ်သည်။ဦးပိန်တံတားကို ဆောက် လုပ်ခဲ့ရာတွင် နေပြည်တော်အမပူရနန်းတော် အနီးသို့ အင်္ဂလိပ်သင်္ဘောများ ၀င်မလာနိုင်ရန်တားဆီးသည့် ရည်ရွယ်ချက်လည်း ပါဝင်နိုင်ကြောင်း သုံးသပ်ကြသည်။
အမရပူရမြို့သည် ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၇၈၃ ခုနှစ်မှ ၁၈၂၃ ခုနှစ်အထိတစ်ကြိမ်၊ သာယာဝတီ မင်း လက်ထက်တွင် ခရစ်နှစ် ၁၈၃၇ ခုနှစ်မှ ၁၈၅၇ ခုနှစ် အထိ တစ်ကြိမ် မင်းနေပြည်တော်နှစ်ကြိမ်ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက် ကိုးဆက်မြောက်ဘုရင်ပုဂံမင်း၏ အမိန့်အရ အမရပူရ မြို့ဝန်ရုံးမှစာရေးဦးပိန်က တာဝန်ယူ တည်ဆောက်ခဲ့သဖြင့် ဦးပိန်တံတား ဟု အမည် တွင်ခဲ့သည်။
ဦးပိန်တံတားအား မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ သက္ကရာဇ် ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။တံတားတည်ဆောက်သည့်မြန်မာ သက္ကရာဇ်ကို “ အင်းက အော်အာ၊ ဆောက်လုပ် ခါ” ဟု လည်းကောင်း၊တံတားပြီးစီးသည့်ခုနှစ် ကို
“အင်းက အော်ညီး၊ ဆောက်လုပ်ပြီး” ဟုလည်းကောင်း မှတ်သားခဲ့ကြသည်။ ဦးပိန်တံတားတည်ဆောက်ရာ တွင် စစ်ကိုင်းနှင့် အင်းဝရှိ နန်းတော်၊အိမ်တော်အဆာက် အအုံဟောင်းများကို ဖျက်၍သစ်သားများကိုသုံးစွဲခဲ့သည် ဟုလည်း ဆိုကြသည်။
ဦးပိန်တံတားသည် လက်ရှိအတိုင်းအတာများအရ ၁ ဒသမ ၂ ကီလိုမီတာ(၆ ဖာလုံ)ရှည်လျားသည်။ လှိုင်းဒဏ် လေဒဏ်ခံနိုင်ရန် တံတားကိုအဖြောင့် မတည်ဆောက်ဘဲ တောင်ဘက်သို့ကွေ့ဝိုက်ကာ ဆောက်လုပ်ခဲ့သည်။တံတားတွင် ကျွန်းလုံးတိုင် ပေါင်း ၉၈၄ တိုင်ရှိခဲ့သည်ကို “ န၀ အဋ္ဌ ၊ ဇယ မောင်ပိန် ”ဟု မှတ်သားခဲ့ကြသည်။တံတားတစ်လျောက်တွင်ခရီးသွား များနားနေရန် ဇရပ်ဆောင် လေးဆောင်ရှိခဲ့သည်။ ယင်း ဇရပ်ဆောင်များမှတိုင်များကိုပါ ထည့်သွင်းရေတွက်လျှင် ဦးပိန်တံတားတွင်တိုင်လုံးပေါင်း ၁၀၈၆တိုင်ရှိသည်။
တံတားခန်းဖွဲ့ ၄၈၂ ခန်းရှိသည့်အနက် ယခင်က ဘုရင့် ဖောင်တော်များဖြတ်သန်းနိုင်ရန်ဖြုတ်၍ တပ်၍ရသည့် တံတားအခန်း ကိုးခန်းရှိခဲ့သည်။ရေစီးဒဏ်ကို ခံနိုင်ရန် တံတားတိုင်များကိုမြေ၀င် ခုနစ်ပေ စိုက်ထားသည့် ဦးပိန် တံတားသည်မြန်မာ့မြေပေါ်၊မြန်မာ့ရေပေါ်တွင်အရှည် လျားဆုံးသော ကျွန်းတံတားကြီးတစ်ခု ဖြစ်ပေသည်။
နှစ်ပေါင်း ၁၆၀ အတွင်းထူးကဲ ရေကြီးမှုများကြောင့် ၁၉၄၆ ခုနှစ် ၊ ၁၉၆၇ ခုနှစ်၊ ၁၉၇၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် များတွင် တံတားအခန်းအချို့ရေတွင်မျောပါ ပျက်စီးခဲ့သည်။ ၁၉၇၃ ခုနှစ်က ဦးပိန်တံတားတိုင်ခန်း ၈၀ ကျော် ရေမျောသွားခဲ့ရာတောင်သမန်အင်းစပ်ရှိ ၊ မဟာဂန္ဓာရုံကျောင်းတိုက်မှဆရာတော်ဦးဇနကာဘိဝံသ နှင့် ပြည်သူများကပြန်လည်ပြင်ဆင်ခဲ့သဖြင့် ဦးပိန် တံတားသည် တိုင်လုံးပေါင်း ၁၀၀၀ ကျော် ၊ဇရပ် ငါး ဆောင်ဖြင့်လှပခန့်ညားစွာ ယခုတိုင်တည်ရှိနေပေသည်။
တောင်သမန်အနီးဝန်းကျင်မှ စေတီပုထိုးများ
===========
တောင်သမန်အင်းအနီးတွင်စေတီပုထိုးများအများအပြား ရှိကြရာ မယ်ဘယက်ဘုရား၊ တောင်မင်းကြီးဘုရား၊ ကျောက်တော်ကြီးဘုရားနှင့် ပုထိုးတော်ကြီးတို့သည် အထင်ရှားဆုံးဖြစ်ကြသည်။မြန်မာသက္ကရာဇ် ၁၁၈၉ခုနှစ် တွင်တည်ခဲ့သည့်မယ်ဘယက်ဘုရားသည် အမရပူရမြို့ ၏ အရှေ့တောင်ဘက်ယွန်းယွန်း၊ တောင်သမန်ကမ်းစပ် ၏ ကုန်းထိပ်တစ်ခုပေါ်တွင်တည်ရှိသည်။ အရှေ့ဘက် လှည့် လိုဏ်ပေါက်စေတီဖြစ်ပြီး အုတ်လိုဏ်နှစ်ထပ်ပါရှိ သော ဇရပ်တစ်ခုကိုလည်း မြင်တွေ့ကြရသည်။ ဘုရား အနီးတွင်ဦးရွှေတောင်တံတားဟုခေါ်သောတောင်သမန် ကို ဖြတ်ထားသည့်အုတ်တံတားတစ်စင်းရှိခဲ့ပြယခုအခါ ရတနာပုံတက္ကသိုလ်သို့သွားသည့်ကားလမ်းနေရာ ဖြစ်သည်ဟုဆိုသည်။
တောင်သမန်အင်းစပ်၊ ဦးပိန်တံတား၏ အနောက်ဘက် ထိပ်တွင်တည်ရှိသည့် အုတ်ဆင်းတုတော်ကြီးသည် ယခင်ကအမိုးအကာမရှိဘဲ လွင်တီးခေါင်တွင် သီတင်း သုံးသဖြင့် နေပူခံကိုယ်တော်ကြီးထင်ရှားခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၁၄၈ ခုနှစ်(ခရစ်နှစ် ၁၇၈၆ ခုနှစ်)တွင် ယင်း အုတ်ရုပ်ပွားတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ရာ ရုပ်ပွားတော်ကြီး၏အလှူရှင်သည် တောင်မင်းကြီး ခေါ် အသည်ဝန်မဟာမင်းလှကျော်စွာဖြစ်ပြီးအလှူရှင်မင်း ကြီးသည် ဆင်ဖြူဝန်ရာထူးကိုလည်း ထမ်းဆောင်ခဲ့ဖူး သဖြင့် ဆင်ဖြူဝန်ဘုရား ဟုလည်းခေါ်တွင်ခဲ့သည်။ ယခုအခါတွင် တောင်မင်းကြီးဘုရားဟု လူသိများ ထင်ရှားကာ ရုပ်ပွားတော်ကြီးကို အမိုးအကာ အောက် တွင် ထိန်းသိမ်းပူဇော်ထားရှိသည်။
တောင်မင်းကြီးရုပ်ပွားတော်သည်အမြင့် ၄၆ ပေ ၁၁ လက်မ၊တင်ပလ္လင်ခွေထားသည့်ဒူးစွန်းနှစ်ဘက်အကျယ် ၃၆ ပေ ၆ လက်မ နှင့်မကိုဋ်တော်အမြင့် ၁၃ ပေ ၁လက်မ ရှိသည်။ရုပ်ပွားတော်ကြီး၏လက်တော် မုဒြာဟန်သည် ဘူမိဖဿမုဒြာဖြစ်ကာ လက်ချောင်းတော်များကမြေသို့ ထိနေသည်။ခြေတော်ဟန်အာသာနသည် ဈာနာသန ဖြစ်ကာ ကမ္မဋ္ဌာန်းထိုင်သည့်အချိန်တွင် ထားရှိသည့် ခြေထောက် အနေအထားအတိုင်း ထုလုပ်ထားသည်။
ပုထိုးတော်ကြီးဘွဲ့အမည်ဖြင့် ယနေ့တိုင် ထင်ရှားလျက် ရှိသည့်ကုန်းဘောင်ခေတ်လက်ရာသာသနိက အဆောက်အအုံနှစ်ခုကို စစ်ကိုင်းမြို့နယ် မင်းကွန်းတွင် တစ်ဆူ၊ အမရပူရမြို့တွင်တစ်ဆူ မြင်တွေ့နိုင်ကြသည်။ မင်းကွန်းပုထိုးတော်ကြီးသည် ဘိုးတော်ဘုရား ဗဒုံမင်း (၁၇၈၂-၁၈၁၉)တည်ခဲ့သည့် အပြီးမသတ်ခဲ့သော အဆောက်အအုံကြီးတစ်ခုဖြစ်ပြီး အမရပူရပုထိုးတော် ကြီးမှာမူဘကြီးတော်စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇)တည် ထားခဲ့သည့် စေတီတော်ဖြစ်သည်။
အမရပူရမြို့၏ အနောက်တောင်ဘက်တွင်တည်ရှိသည့် မဟာဝိဇယရံသီပုထိုးတော်ကြီးသည် စည်းခုံတော် ပုထိုး တော်ကြီးဟု ပိုမိုထင်ရှားသည်။
ဘကြီးတော်စစ်ကိုင်းမင်းသည်ဘိုးတော်ဘုရားဗဒုံမင်း၏ ထီးနန်းအရိုက်အရာကို ခရစ်နှစ် ၁၈၁၉ ခုနှစ် ဇွန်လ ၇ ရက် တွင်ဆက်ခံခဲ့ပြီး နောက် အမရပူရနန်းတော်၏ အနောက်တောင်ထောင့်ရှိ တာ ၇၀၀ မြေမျက်နှာပြင်၌ သီဟိုဠ်မဟာစေတီကဲ့သို့ စည်းခုံတော်စေတီကို မြန်မာ သက္ကရာဇ် ၁၁၈၁ ခုနှစ် နှောင်းတန်ခူးလပြည့်နေ့(ခရစ်နှစ် ၁၈၂၀ ပြည့်နှစ်မတ်လ ၂၈ရက်)အင်္ဂါနေ့တွင် ကိုယ်တော် တိုင် အုတ်မြစ်ချခဲ့သည်။
အမရပူရပုထိုးတော်ကြီးဌာပနာကို ကျုံးနှစ်တန်ရံလျက် ဌာပနာတိုက်ကြီး လေးတိုက်နှင့်တိုက်ငယ် ၁၂ တိုက် တည်ဆောက်ဆောက်ခဲ့သည်ဟုဆိုသည်။
ပုထိုးတော်ကြီးသည် ဖိနပ်တော်အချင်း သံတောင် ၁၂၀ နှင့် ဥာဏ်တော်သံတောင် ၁၂၀ ရှိသည်။
အမရပူရ ပုထိုးတော်ကြီး၏တည်နေရာသည်အမရပူရမြို့ တည်နန်းတည် ခုနစ်ဌာနဖြစ်သည့် မြို့တော်၊ကျုံးတော်၊ ရွှေနန်း တော်၊ ကျောင်းတော်၊ကန်တော်၊ဂူတော် ၊ပိဋကတ်တိုက်တော်တို့တွင်တစ်ခုအပါအ၀င်ဖြစ်သည့် ကျောင်းတော်နေရာဟု အဆိုရှိခဲ့ သည်။
ခေါင်းလောင်းတော်ကြီး
=================
မဟာဝိဇယရံသီပုထိုးတော်ကြီး၏ အရှေ့မြောက်ထောင့် တွင် တစ်ဖက်လျှင် ငါးပေကျယ်ဝန်းသည့် လေးထောင့် အုတ်တိုင်ကြီးနှစ်ခုတွင်ခေါင်းလောင်းကြီးတစ်လုံး ချိတ် ဆွဲထားသည်။ယင်းခေါင်းလောင်းကြီးကို ဘကြီးတော် စစ်ကိုင်းမင်းကမြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်၊တပေါင်းလ ဆုတ် ၁၃ ရက် (ခရစ်နှစ်၁၈၂၈ ခုနှစ် မတ်လ ၁၃ ရက်) ကြာသပတေးနေ့တွင်တင်လှူခဲ့သည်။ခေါင်းလောင်းကြီး ၏အလေးချိန်သည်ကြေးစင် ၁၅၀၀၀၀ ကျပ်(ပိဿာ ၁၅၀၀)ဖြစ်ပြီး အချင်းသံတောင် ငါး တောင်၊အမြင့် သံတောင် ငါးတောင်နှစ်မိုက်ရှိကာ ပုဇွန်တုတ်ကွေးတွင် ခြင်္သေ့ရုပ်များသွန်းလုပ်ထားပြီးမဟာ မေရုမကုဋဃဏ္ဍ ရာဇာ ဟုဘွဲ့မည်တင်ခဲ့သည်။
လက်ရှိအချိန်တွင် ပုထိုးတော်ကြီး ခေါင်းလောင်းတော် အတိုင်းအတာသည် အချင်း ရှစ်ပေရှစ်လက်မ၊ အတွင်း နှုတ်ခမ်း အချင်းခုနစ်ပေ လေးလက်မရှိပြီး ခေါင်းလောင်း အတွင်းပိုင်းအမြင့်သည်ခြောက်ပေတစ်လက်မဖြစ်သည်။ ခေါင်းလောင်းတော်အထူ ရှစ်လက်မ ရှိကာ အထက် အောက် ၂၉ လက်မ ကျယ်ဝန်းသည့်နေရာတွင် ခေါင်းလောင်းစာများကို ပတ်လည်ရေးထိုးထား သည်။ ခေါင်းလောင်းစာများကို ၀က်မစွပ်မြို့စား စာဆိုဒုတိယ န၀ဒေးဟုကျော်ကြားသည့် ဦးနုကရေးသားခဲ့သည်။
ကုန်းဘောင်မင်းဆက်၏ ၁၀ ဆက်မြောက်ဘုရင် မင်းတုန်းမင်း(ခရစ်နှစ် ၁၈၅၃-၁၈၇၈) သည် ၁၈၅၃ ခုနှစ် တွင်အမရပူရတွင် ထီးနန်းစံမြန်းခဲ့ပြီး မင်းနေပြည်တော် ကို မန္တလေးသို့မပြောင်းရွှေ့မီ ၁၈၅၅ ခုနှစ်၊ဇွန်လတွင် အိန္ဒိယဘုရင်ခံ ဒါလဟိုဇီက အာသာ ဖယ်ရာဦးဆောင် သည့် သံအဖွဲ့တစ်ဖွဲ့ကို အမရပူရသို့စေလွှတ်ခဲ့သည်။ ယင်းအဖွဲ့၏တာဝန်သည် ဒုတိအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင်အင်္ဂလိပ်တို့က ပဲခူးကိုသိမ်းပိုက်အုပ်ချုပ် ထားမှုအားလက်ခံရန် မင်းတုန်းမင်းနှင့်ညှိနှိုင်းရေးနှင့် အထက်မြန်မာနိုင်ငံ၏ စစ်ရေး၊စီးပွားရေး၊လူမှုရေး အခြေ အနေ အရပ်ရပ်ကို ထောက်လှမ်းရန်ရေးတို့ဖြစ်သည်။ 
ယင်းအဖွဲ့သည် ရန်ကုန်မှအမရပူရသို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်လာခဲ့ကြပြီး အဖွဲ့တွင် မြန်မာ ပြည်အခြေ အနေအရပ်ရပ်ကို မှတ်တမ်းတင်နိုင်ရန် မဒရပ်စစ်တပ်မှ အင်္ဂလိပ်လူမျိုးအရာရှိ Linnaeus Tripe နှင့် ပန်းချီဆရာ Colesworthy Grant တို့လည်းလိုက် ပါလာခဲ့သည်။
Linnaeus Tripe သည် ရန်ကုန်မှအမရပူရ သို့ လာခဲ့ သည့် ခရီးစဉ်အတွင်းဓာတ်ပုံပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ ကာ ပုံ ၁၂၀ ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းတို့အနက် အမရပူရတွင်ရိုက်ကူးခဲ့သောဓာတ်ပုံ ၅၈ ပုံအနက်ဦးပိန် တံတားနှင့် နေပူခံကိုယ်တော်ကြီးကိုရိုက်ကူးထားသည့် ဓာတ်ပုံလည်းပါဝင်ခဲ့သဖြင့် အဖိုးတန်မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပေသည်။
မြန်မာ့သမိုင်းစဉ်၏ အမရပူရခေတ် ယဉ်ကျေးမှုအမွေ အနှစ် တစ်ခုဖြစ်သည့် ဖြစ်သည့် ကုန်းဘောင်ခေတ် လက်ရာ ဦးပိန် တံတားနှင့် စေတီပုထိုးများအပါ အ၀င် တောင်သမန် အင်းဝန်းကျင် တွင်တည်ရှိနေသည့်သမိုင်း ၀င် ရုပ်ဝတ္ထုပစ္စည်းများသည် မြန်မာနိုင်ငံအတွက်ဂုဏ်ယူ ဖွယ်သမိုင်းအထောက်အထားများအဖြစ် ရပ်တည်လျက် ရှိနေရာ နှစ်ပေါင်းများစွာ အရှည် တည်တံ့နေစေရန် ပြည်သူအားလုံးက ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်သာ ဖြစ်ပေသည်။
#ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ (၂)၊ (၆)၊ (၁၄)
တောင်သမန်ပတ်ဝန်းကျင် သမိုင်းဝင်နေရာများ (ကိုပညာ၊အမရပူရ)။ဝင်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည်(နတ်မောက်ထွန်းရှိန်)။The Journey to Amerapoora in 1855 (Linnaeus Tripe)
Credit 
ရောမကိန်းရေးကြည့်ရအောင်
ရောမကိန်းရေးကြည့်ရအောင်
---------------------
"ရောမဂဏန်းရေးနည်း"
ရောမဂဏန်းကို မကြာမကြာတွေ့နေသည်။ တချို့လည်း အသုံးပြုနေကြသည်။ နာရီအချို့မှာလည်း သုံးနေကြသည်။ ကျွန်တော်လည်း သိချင်၍ ရှာဖွေမိသည်။ တွေ့မိသည်များကို ပြန်လည်ဝေငှပါမည်။ ရောမဂဏန်းတွင် မူတည်ဂဏန်း (၇)လုံးသာရှိသည်။
I      သည်       ၁ ဂဏန်း
X     သည်       ၁၀ ဂဏန်း
C     သည်       ၁၀၀ ဂဏန်း
M    သည်       ၁၀၀၀ ဂဏန်း
V     သည်             ၅ ဂဏန်း
L     သည်            ၅၀ ဂဏန်း
D     သည်          ၅၀၀ ဂဏန်း  တို့ဖြစ်ကြသည်။
         ရောမဂဏန်းကိုရေးရာတွင် တန်ဖိုးကြီးသော ဂဏန်း၏ ညာဘက်သို့ တန်ဖိုးငယ်သော ဂဏန်းကပ်လျှင် ပေါင်းရသည်။ ဘယ်ဘက်သို့ တန်ဖိုးငယ်သောဂဏန်းကပ်လျှင် နုတ်ရသည်။
I      = ၁
II     = ၂
III    = ၃
IV    = ၎
V     = ၅
VI    = ၆
VII   = ၇
VIII  = ၈
IX    = ၉
X     = ၁၀
XI    = ၁၁
XV  = ၁၅
XX  = ၂၀
           ထိုဂဏန်းသင်္ကေတများကို ရေးရာတွင် သုံးကြိမ်ထက် ပို၍မသုံးကြပေ။ ဥပမာ ၄၀ ကို XXXX ဟု မရေးကြပေ။ ၁၀ ဂဏန်းဖြစ်သော X  နှင့် ၅၀  ဂဏန်းဖြစ်သော L  ကိုပေါင်းကာ XL ဟုသာ ရေးသည်။ LX  ဟုရေးပါက ၆၀ ဖြစ်ပေသည်။
LX        = ၆၀
LXX     = ၇၀
LXXX  = ၈၀
XC      = ၉၀
C        = ၁၀၀
CC     = ၂၀၀
CCC  = ၃၀၀
CD    = ၄၀၀
D      = ၅၀၀
DC   = ၆၀၀
DCC  = ၇၀၀
DCCC  = ၈၀၀
CM     = ၉၀၀
M      = ၁၀၀၀
        အစွန်းထွက် ဂဏန်းကြီးများကို ဥပမာ ဖော်ပြရလျှင်
၂၆၃၅ ကို ရေးမည်ဆိုပါက
၂၀၀၀  =  MM
  ၆၀၀   = DC
     ၃၀   = XXX
        ၅  = V
        ထို့ကြောင့် ၂၆၃၅  ကို ရေးမည်ဆိုပါက MMDCXXXV ဟုရေးရပါမည်။
        ထို့ပြင် ရောမဂဏန်းကို ဖတ်ဆိုပုံကို သာဓက ပြပါမည်။ ဥပမာ XLVI  ကိုဖတ်မည် ဆိုပါက
XL   = ၄၀
VI    = ၆
XLVI   ကို  ၄၆  ဟုဖတ်ရပေမည်။
       CCCLIX  ကိုဖတ်ရာတွင်လည်း
CCC     =  ၃၀၀
L          =  ၅၀
IX        =  ၉
ထို့ကြောင့် CCCLIX  ကို ၃၅၉ ဟုဖတ်ရမည်ဖြစ်သည်။
         ကျန်သောဂဏန်းများကို ဖော်ပြပါနည်းအတိုင်း ရေးနိုင်ဖတ်နိုင်ပါလိမ့်မည်။ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။
(ကိုးကား မသောင်းရွှေ၏ သင်္ချာအခြေခံ နိယာမလင်္ကာများစာအုပ်)
ငြိမ်းချမ်း
Credit
Saturday, August 3, 2019
“မိဘ၊ အဖိုးအဖွားတွေအပေါ်သိတတ်တဲ့သူတွေသာရမယ့်ကံကောင်းခြင်း (၅) မျိုး”
“မိဘ၊ အဖိုးအဖွားတွေအပေါ်သိတတ်တဲ့သူတွေသာရမယ့်ကံကောင်းခြင်း (၅) မျိုး”
လူကြီးမိဘတွေကို သိတတ်လိမ္မာရင် ကံကောင်းမယ်ဆိုတာ တော်တော်များများ ကြားဖူးကြမှာပါ။ ဒါပေမယ့်လည်း တကယ်လုပ်တဲ့သူကတော့ နည်းပါတယ်။
တကယ်စိတ်ရင်း အမှန်နဲ့ မိဘ၊ အဖိုးအဖွားတွေအပေါ်ကို သိတတ်တဲ့ သူတွေ ရရှိမယ့် ကံကောင်းခြင်းတွေကို ဖော်ပြပေးလိုက်ပါတယ် နော် …….
(၁) လမ်းမမှားတော့ဘူး ”
မိဘ၊ အဖိုးအဖွားတွေဆိုတာ လူ့လောကအကြောင်းကို အများကြီး နားလည်ပြီးတဲ့သူတွေပါ။ ဒါကြောင့် သူတို့ပေးတဲ့ အကြံဉာဏ်တွေ၊ သူတို့ရဲ့ ပြောစကားကို နားထောင်ခြင်းဖြင့် လမ်းမှားကိုရောက်တော့မှာ မဟုတ်ပါဘူး။ မိဘ၊ အဖိုးအဖွားတွေက မှန်ကန်တဲ့လမ်းတွေကို ညွှန်ပြပေးနိုင်တဲ့ မီးအိမ်ရှင်တွေပဲ ဖြစ်ပါ တယ် …။
(၂) အောင်မြင်မယ် ”
မိဘ၊ အဖိုးအဖွားတွေကို သိတတ်တဲ့သူ၊ ရိုသေတဲ့သူတွေဟာ အောင်မြင်မှုကို ရရှိကြပါတယ်။ ကံကောင်းခြင်းတွေက သူတို့နောက်ကို အမြဲလိုက်နေပြီး ကြံတိုင်းအောင်၊ လုပ်သမျှမှာ ကောင်းမွန်တဲ့ အသီးအပွင့်တွေကို တွေ့မြင်ရကြပါတယ် …။
(၃) လူချစ်လူခင်ပေါမယ် ”
မိဘ၊ အဖိုးအဖွားတွေကို သိတတ်တဲ့သူတွေဟာ လူချစ်လူခင်ပေါများကြပါတယ်။ ရောက်လေရမှာ ကူညီမယ့်သူ၊ အားပေးမယ့်သူတွေနဲ့ တွေ့ဆုံကြပါတယ်။ ဒါတင်မကပဲ ကိုယ့်အပေါ် တကယ်ကောင်းတဲ့ လက်တွဲဖော်၊ သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံရမှာပါ …။
(၄) အသက်ရှည်မယ် ”
မိဘ၊ အဖိုးအဖွားတွေကို သိတတ်ပြီး ရိုသေတဲ့သူတွေဟာ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းဆုလာဘ်ကို ရရှိကြပါတယ်။ ရောဂါဘယတွေ ကင်းစင်ပြီး စိတ်ပျိုကိုယ်နုတဲ့အပြင် အသက်ရှည်ပြီး အိုဇာတာလည်း ကောင်းတတ်ကြပါတယ် …။
(၅) ကံကောင်းနေမယ် ”
မိဘ၊ အ ဖိုး အ ဖွား တွေ ကို ရို သေ ပြီး သိ တတ် တဲ့ သူ တွေ ဟာ ရောက် လေ ရာ မှာ ကံ ကောင်း ကြ ပါ တယ်။ ဘာ ပဲ လုပ် လုပ် သူ များ တွေ ထက် သာ လွန် ကြ ပြီး အ မြဲ လို လို ကံ ကောင်း နေ မှာ ပါ။ ဘေး မ သီ ရန် မ ခ ဘဲ လို ရာ ခ ရီး ပန်း တိုင် ကို ရောက် နိုင် ကြ သ လို၊ အ ဆင့် အ တန်း မြင့် မြင့် နဲ့ ကံ ကောင်း စွာ နေ ထိုင် ကြ ရ မှာ ပါ နော် …။ ။
Category : ဗဟုသုတ
Tags: မှတ်သားဖွယ်ရာ
#သိုး
ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ
ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ
**********************
       ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။
       ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရ အရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။
      ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။
      ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။
       ကမာရွတ်- မွန်ဘာသာ အမည် ကမာရွတ်မှာ ‘ကမာ’ဆိုတာ ရေကန် ၊ ‘ရွတ်’ ဆိုတာ ရတာ ဖြစ်ပါတယ်။ ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။
       ကျောက်တံတား- ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့ နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီး တစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။
    ကြည့်မြင်တိုင် – မွန်ဘာသာအမည် ကမန်ဋ်ုင်က ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့ အဓိပ္ပါယ်ရပါတယ်။
    ကံဘဲ့ – မွန်ဘာသာအမည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီးဖြစ်လာတာပါ။ အဓိပ္ပါယ်က ကသစ်ပင် ဖြစ်ပါတယ်။ (ပုံပြင်တွေထဲမှာတော့ မွန်လူစွမ်းကောင်း မောင်ကံ ကန်ကိုခုန်ရာမှာ ကန်နဖူးပဲ့သွားရာကနေ ကံပဲ့(ကံဘဲ့) လို့ဆိုပါတယ် )
      ကုက္ကိုင်း – မွန်ဘာသာ “ကော့ကောင်း” က ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။
     စမ်းချောင်း – စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
      ဆင်မလိုက် – ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး ဖြစ်လာပါသတဲ့။
    တာမွေ – မွန်အမည် တာမွေ ကနေ တိုက်ရိုက်ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
     ပုဇွန်တောင် – မွန်ဘာသာ “ပုဇွန်ဒေ” ကလာတာပါ။ တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။
       ဗဟန်း – ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေဆင်းသက်လာပြီး အ၀ါရောင်ရှိတဲ့မြေလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။
    ဘောက်ထော် – မွန်ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။
         မင်္ဂလာဒုံ – မွန်အမည် “ဍုံဒရိုင်မငေ” ကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်ယူ သုံးရာကနေ မင်္ဂလာဒုံမြို့ ဆိုပြီး ဖြစ်လာပါတယ်။
        မြေနီကုန်း – ၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး ဆိုတာပါပါတယ်။ အဲဒီတံခါးကနေ ထွက် လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။
    လသာ – ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ(Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ အဲဒီနားတ၀ိုက်ကိုလည်း လသာရပ် ဆိုပြီးခေါ်ခဲ့ကြပါတယ်။
    လမ်းမတော် – သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့်’ တော်’တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။
    အင်းစိန် – မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ္ပါယ်ရပါတယ်။
Credit: ayesay
ရည်းစားထားတဲ့ကလေးတွေကို ဘယ်လိုသင်မလဲ?
ရည်းစားထားတဲ့ကလေးတွေကို ဘယ်လိုသင်မလဲ?
__________________________
မိဘပဲဖြစ်ဖြစ် ဆရာ/မပဲဖြစ်ဖြစ် ကိုယ်ပြုစုပျိုးထောင်သင်ကြားပေးနေတဲ့ ကလေးတွေကို  ကလေးလို့သတ်မှတ်ရင်း မကြာခင်မှာ ကလေးတွေက အရွယ်ရောက်လာတယ်။ အချို့လုပ်ရပ်တွေကို လူကြီးတွေ လက်မခံနိုင်ကြဘူး။ အဲဒီ့အထဲက အများစု လက်မခံနိုင်ကြတဲ့ အချက်တစ်ခုက ကလေးတွေ ငယ်ငယ်နဲ့ ရည်းစားထားတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။ ကနေဒါနိုင်ငံက စစ်တမ်းတစ်ခုမှာဆိုရင် ကလေးတွေဟာ ပျမ်းမျှ အသက် ၁၁.၈ နှစ် အရွယ်က စပြီး ရည်းစားတွေ ထားကြတယ်လို့ဆိုပါတယ်။ဆယ်နှစ် မကျော်ခင်မှာလည်း ဟိုလူ့ကို သဘောကျတယ်၊ ဒီလူ့ကို ကြိုက်တယ် စတာတွေ စပြီး ဖြစ်နေကြပါပြီ။ မိန်းကလေးနဲ့ ယောက်ျားလေး ယှဉ်ရင်တော့ ယောက်ျားလေးတွေက အသက် ပိုငယ်တဲ့ အချိန်ကတည်းက ဒီအကြောင်းတွေ စပြီး စဉ်းစားနေကြပါပြီ။ ဒါကြောင့် ကိုယ့်ကလေးတွေ ရည်းစားထားတယ်၊ ကြိုက်တဲ့သူတွေရှိနေတယ်ဆိုရင် ဘယ်လိုတွေ လုပ်ကြမလဲဆိုတာ ကျွန်မအမြင်လေးကို မျှဝေခြင်ပါတယ်။
ကလေးတွေ စိတ်ကူးယဉ်တတ်တာ၊ သဘောကျတဲ့သူရှိတတ်တာဟာ တစ်ကယ်တော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ တားမြစ်ထားလဲ ဖြစ်မှာပဲ။ သူတို့ပတ်ဝန်းကျင်မှာ လူအချင်းချင်း ချစ်ကြတာ၊ ကြိုက်ကြတာ ၊ တွဲကြတာ မြင်နေရတာပဲ။ ရုပ်ရှင်ထဲမှာ၊ အင်တာနက်ပေါ်မှာ စုံတွဲတွေ အကြောင်းအစုံမြင်နေရတာပဲ။ ငယ်ငယ်လေးကတည်းက လူကြီးတွေကလည်း ယောက်ျားလေး ကလေးဆိုရင် ကောင်မလေးမြင်ရင် ချစ်ချစ်လို့ခေါ်လိုက်၊ ဖက်လိုက်၊ နမ်းလိုက် စသည်ဖြင့် သင်ပေးကြတာပဲ။ ဆိုတော့ ဒီကိစ္စတွေဖြစ်လာတာ အမှန်တော့ သိပ်မဆန်းကြယ်လှပါဘူး။ ဖြစ်လာပြီ ဆိုရင်ရော ဆရာ၊မတွေ၊ မိဘတွေ အနေနဲ့ ဘာလုပ်ကြမလဲ။
၁) ကောင်းမွန်သော ဆက်စပ်မှု (Relationship)တစ်ခုအကြောင်း သင်ပေးပါ။
ရည်းစားထားသည်ဖြစ်စေ၊ သူငယ်ချင်းထားသည်ဖြစ်စေ - ခင်မင်မှု၊ ချစ်ခင်မှု ကြောင့် ဆက်စပ်မှုတစ်ခုစမိပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှု ရှိဖို့လိုတယ်။ တစ်ယောက်ရဲ့ အောင်မြင်မှုကိုတစ်ယောက်က တန်ဖိုးထားပြီး တစ်ယောက် ကောင်းဖို့ တစ်ယောက်က အကောင်းဆုံးပံ့ပိုးပေးကြတယ်၊ ဖြည့်စည်းပေးကြတယ် စသည်ဖြင့် ကောင်းမှုသော ဆက်စပ်မှုတစ်ခုဖြစ်ဖို့ ထားရမယ့် တန်ဖိုးတွေနဲ့ သိရမယ့် အသိပညာတွေကို အပြုသဘော မျှဝေသင့်တယ်။
၂) ဖြစ်နိုင်ခြေရှိသော အခက်အခဲ နှင့် ပြဿနာတွေကို ပွင့်လင်းစွာ ဆွေးနွေးအဖြေရှာပါ။
ရည်းစားထားခြင်းအားဖြင့် (ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတဲ့အတွက်) စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု တစ်ခုရကောင်းရလိမ့်မယ်။ ဒါပေမယ့် ကျောင်းနေတဲ့ အရွယ်မှာဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ ရှိနိုင်တယ်။ ဥပမာ ကျောင်းလစ်ပြီး ချိန်းတွေ့လို့ ကျောင်းစာတွေ မမှီတာမျိုး၊ ရည်းစားအကြောင်းပဲတွေးနေလို့ စာမလုပ်နိုင်တာမျိုး၊ ရည်းစားခိုင်းတာလုပ်နေရလို့ ဒါမှမဟုတ်လည်း ရည်းစားကို အချိန်ပေးနေလို့ စာကို မလေ့လာဖြစ်တော့တာမျိုး၊ အခြားသူငယ်ချင်းတွေနဲ့ စကားသိပ်မပြောဖြစ်တော့တာမျိုး .. စသည်ဖြင့် ဖြစ်တတ်တဲ့အတွက် အဲ့လိုမျိုးအခြေအနေတွေ ဖြစ်မလာအောင် ဘယ်လိုတွေ လုပ်မလဲ။ ဖြစ်လာခဲ့ရင် ဘာတွေ ဆက်လုပ်မလဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆွေးနွေးဖို့လိုပါတယ်။
၃) လိင်ပိုင်းပိုင်းဆိုင်ရာ ပညာပေးမှုတွေပြုလုပ်ပေးပါ။
မြို့ကြီးပြကြီးတွေမှာ ဆယ်ကျော်သက်တွေတောင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေကိုလာပြီး အတူနေကြတာတွေ သိရပါတယ်။ ဒီတိုင်းနေရင် ရှက်စရာကိစ္စတွေဆိုပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေမရှိထားတော့ ဖြစ်ချင်သလိုတွေဖြစ်ကုန်ရတယ်။ ဆယ်ကျော်သက်တွေကို လိင်ပိုင်းဆိုင်ရာ ပညာပေးတွေ လုပ်ပေးဖို့လိုပါတယ်။ ငယ်သေးလို့ ဆိုပြီး မသင်ဘဲထားလို့မရပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ သူတို့အဆင့်အလိုက် သိထားသင့်တာကို သိပေးရမယ်။ ဆောင်ရန် ရှောင်ရန်တွေကို သင်ပေးရမယ်။ သင်ပေးလိုက်လို့ လိုက်လုပ်မှာ စိုးတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မသိထားပဲနဲ့ လုပ်တာနဲ့ သိထားပြီး အန္တရာယ်ကင်းကင်းလုပ်တာ ဘယ်ဟာကို ပိုလိုချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သင်တာမသင်တာကို ဆုံးဖြတ်ပေါ့။
၎) စည်းမျဉ်းတွေ အတူတူချပါ။
ဟိုဟာ မလုပ်ရ ဒီဟာမလုပ်ရဆိုတာမျိုးတွေက လူကြီးတွေက ကလေးတွေကိုပဲ ပြောကြတယ်။ အမှန်က ကလေးတွေကို နားလည်အောင် ပြောဆိုပြီး သူတို့နဲ့အတူ သူတို့လိုက်နာနိုင်မယ့်၊ လိုက်နာရမယ့်၊ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ၊ ဘောင်တွေကို ဆွေးနွေးပြီး သတ်မှတ်ဖို့လိုပါတယ်။ ချမှတ်တာတွေထဲမှာ ကလေးတွေလုပ်ရမှာတွေပါသလို လူကြီးတွေ လုပ်ဆောင်ပေးရမယ့်ဟာတွေလည်း မျှမျှတတ ထည့်သွင်းပြီး သေသေချာချာ ကိုယ်တိုင်ကစ လိုက်နာပါ။
၅) အပြုသဘောဆောင်သော ဆွေးနွေးမှု၊ ဘက်မျှပြီး ပွင့်လင်းသော ဆွေးနွေးမှုကို ဖေါ်ဆောင်ပါ။
ကလေးတွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေအပေါ်ဖွင့်ပြောပြတာနဲ့ မိဘအပေါ်ဖွင့်ပြောပြတာနဲ့ ယှဉ်ရင် သူငယ်ချင်းတွေ အပေါ် ဖွင့်ပြောပြတာ ပိုများတယ်။ မိဘတွေဟာ အုပ်ထိန်းသူတွေ၊ ဆရာ၊မတွေဟာ သင်ကြားသူတွေဆိုတော့ ပြောပြဖို့ မရဲတာတို့၊ ပြောပြလေ့မရှိလို့ မပြောပြတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ကလေးတွေက ကိုယ့်ကို သူတို့ရဲ့ အတွင်းရေးတွေ တိုင်ပင်နိုင်အောင် အပြုသဘောဆောင်သော၊ ဘက်မျှသော၊ ပွင့်လင်းသော ဆွေးနွေးမှုတွေ ဖန်တီးပါ။
၆) လေးစားစွာ နားထောင်ရင်း အကြံပြုပါ။
အချက် (၅)မှာလိုမျိုးပဲ ဆွေးနွေးမှုတွေလုပ်ဖို့ဆိုရင် ကိုယ်က ကလေးတွေကို အမှန်တစ်ကယ် နားထောင်ပြီး သူတို့ရဲ့ အမြင်တွေကို လေးစားကြောင်း ကလေးတွေ ခံစားမိမှ ကိုယ့်အကြံပြုချက်တွေ၊ ကိုယ်ပြောချင်တာတွေကို သူတို့ကလည်း နားထောင်မှာပါ။ ဒါကြောင့် သူတို့လည်း သူတို့ သိထားတာ၊ တတ်ထားတာရှိတယ်၊ သူတို့ အသက်အရွယ်နဲ့ သူတို့ အတွေ့အကြုံပေါ်က ထွက်လာတဲ့ အမြင်တွေကိုလည်း လေးစားမယ်ဆိုတဲ့ စိတ်ကလေးနဲ့ချဉ်းကပ်ဖို့လိုပါတယ်။
အချုပ်မှာတော့ ကျွန်မတို့နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ ကလေးတွေအတွက် ကောင်းတာရော မကောင်းတာရော သင်ယူစရာတွေ ပြည့်နေတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာ ကျွန်မတို့ရဲ့ အဓိပ္ပါယ်ဖွင့်မှုပေါ်မှာလည်း  မူတည်ပေမယ့် ကလေးတွေကတော့ အကုန်သင်မှာပဲ။ အင်တာနက်ခေတ်မှာ တားမရနိုင်တဲ့ ကိစ္စတွေ ရှိတာကြောင့် ကြိုတင်ပြီး ကိုယ့်ကလေးတွေကို သိထားသင့်တာတွေ သင်ပေးဖို့၊ ကလေးတွေမှာ ဖြစ်ပျက်နေတာတွေကို နားထောင်ပြီး အပြုသဘော အကြံပေးဖို့၊ ကလေးတွေအတွက် ရှိနေပေးတယ်ဆိုတဲ့ အသိစိတ် ကလေးတွေ မြင်နိုင်ဖို့ လူကြီးတွေ အနေနဲ့ ကြိုးပမ်းဖို့လိုလာပါပြီ။ အရင်တုန်းကလို အိမ်တွင်း အောင်ခိုင်းပြီးထားလို့ဖြစ်တဲ့ခေတ်မဟုတ်တော့တာ သိရင် ခေတ်အလိုက် စည်းမျဉ်းချပုံတွေ၊ ကလေးတွေနဲ့အပြန်အလှန် ဆက်သွယ်ပုံတွေလည်း လိုက်လျော်ညီထွေဖြစ်အောင် ပြုပြင်ပါမှ ကလေးတွေကို ကျွန်မတို့တစ်တွေက အများကြီး ပံ့ပိုးပေးနိုင်မှာလို့ ကျွန်မမြင်ပါတယ်။ အပြုသဘောဆောင်သော အနာဂါတ်ကို ဖေါ်ဆောင်ဖို့ ဒီစာလေးက အထောက်အပံ့ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း။
မေတ္တာဖြင့်…
  credit to Sayarma-ဆရာမ
ဘယ်​မိန်းမကိုမှ မ​စော်​ကားမိ​စေနဲ့
ဘယ်​မိန်းမကိုမှ မ​စော်​ကားမိ​စေနဲ့
*************************
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ အ​ပြောကျယ်​တဲ့
ပင်​လယ်​ဆိုတာ မရှိပါဘူး
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ နက်​ရှိုင်းတဲ့
သမုဒ္ဒရာဆိုတာ မရှိပါဘူး ။
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ ​အေးမြမှု​ပေးတဲ့
လမင်းဆိုတာ မရှိပါဘူး ။
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ လှပတဲ့
ပန်းဆိုတာ မရှိပါဘူး ။
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ အသံ​ကောင်းတဲ့
တေးသံရှင်​ဆိုတာ မရှိပါဘူး ။
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ ခွန်​အား​ပေးတဲ့
အရာဆိုတာ မရှိပါဘူး ။
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ ရဲရင့်​မှု​ပေးတဲ့
သူရဲ​ကောင်း ဆိုတာ မရှိပါဘူး ။
ဒီ​လောကကြီးထဲမှာ
မိခင်​​လောက်​ ကြီးမြတ်​တဲ့သူဆိုတာ
မရှိပါဘူး ။
တကယ်​​တော့
ဒီစကြာဝဠာကြီးထဲမှာ
အ​မေတစ်​​ယောက်​​လောက်
သတ္တိရှိတဲ့စစ်​သားဆိုတာ မရှိပါဘူး ။
မိန်းမတိုင်းဟာ
မိခင်လောင်းများဖြစ်ပါတယ်။
ဒါ​ကြောင့်
ဘယ်​မိန်းမကိုမှ သွားပြီး မ​စော်​ကားမိ​စေနဲ့ ။
Credit
ကိုးတန်​ ​မြေသျင်
မော်​လိုက်
သင်ဟာ အောင်မြင်မယ့်လူလား၊ ကျရှုံးမယ့်လူလား။
သင်ဟာ အောင်မြင်မယ့်လူလား၊ ကျရှုံးမယ့်လူလား။
----------------------------------------
.
(ဖတ်ချိန် ၁ မိနစ်)
အောင်မြင်မဲ့လူနဲ့ ကျရှုံးမဲ့လူရဲ့ ကွာခြားချက် ၁ ခု ပဲရှိပါတယ်။
ကျရှုံးမဲ့လူက အခက်အခဲ သို့မဟုတ် ရှုံးနိမ့်မှု တစ်ခုကြုံလာရင် သူများအပြစ်တွေ ဖြစ်အောင် ဆင်ခြေပေးတတ်ကြပါတယ်
ဥပမာ
✅ ကျွန်တော် ရာထူးမတိုးတာက အပေါ်လူမကောင်းလို့
✅ ဈေးရောင်းမကောင်းတာက ဖောက်သည်တွေက အကြွေးမရရင် မဝယ်ကြလို့
✅ စီးပွားရေးအဆင်မပြေတာ တိုင်းပြည်အခြေအနေပြောင်းလဲသွားလို့ အစရှိသဖြင့်။
ဒီလို ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာ အပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ်မဖြေရှင်းနိုင်တော့ဘူးလို့ တကယ်ထင်သွားတတ်ပါတယ်။
အောင်မြင်မယ့်လူတွေကတော့ အခက်အခဲ သို့မဟုတ် ရှုံးနိမ့်မှု တစ်ခုကြုံလာရင် ဘယ်လိုကျော်လွှားရမလဲဆိုပြီး အဖြေရှာ ကြပါတယ်
ဥပမာ
✅ ရာထူးမတိုးခြင်း။ အပေါ်လူက ကိုယ့်ကိုဘယ်လိုမြင်လဲ ကိုယ့်မှာ ဘာအရည်အချင်း လိုနေလို့လဲ။ တိုက်ရိုက်ဖွင့်ပြီး ဆွေးနွေးမယ် ပြင်ယူမယ်။ သင်ယူမယ်။
✅ အကြွေးကျခြင်း။ ညည်းတွားမနေပဲ အခြားဘယ်နေရာပြောင်းရောင်းမလဲ၊ ဘာပြောင်းရောင်းမလဲ။ အခြားမတူတဲ့ ဖောက်သည်တွေကို ဘယ်လိုရှာမလဲအဖြေရှာတယ်။
✅ တိုင်းပြည်အခြေအနေ။ လက်ရှိအခြေအနေနဲ့ဆို ဘာစီးပွားရေးပြောင်းလုပ်ရင် ပိုအဆင်ပြေမလဲ လေ့လာတယ် ပြောင်းလုပ်တယ်။
ဒီတစ်ချက်လေးပါပဲ။
ဒီတစ်ချက်လေးကပဲ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းကို အဆုံးအဖြတ် ပေးသွားတာပါပဲ။
Myanmar Entrepreneurs' School
credit
အလုပ်လျှောက်လို့ အလုပ်မရသေးသော ညီလေး နဲ့ ညီမလေးသို့
အလုပ်လျှောက်လို့ အလုပ်မရသေးသော
ညီလေး နဲ့ ညီမလေးသို့
"ဟေး   ငါအလုပ်ရပြီကွ " ဆိုတဲ့ စကားသံတွေကြား
စိတ်ဓာက်တွေ ကျနေပြီလား ညီလေး ညီမလေး
"အလုပ် ..... မခေါ်သေးပါဘူး " ဆိုတဲ့ စကားသံတွေကြား သိမ်ငယ်စိတ်တွေများနေပြီလား
အင်းတဗျူး ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုပါ။
အင်းတဗျူး မအောင်မြင်သေးတာ ဘဝအစိတ်အပိုင်း တစ်ခုလုံးကို မထိခိုက်နိုင်ပါဘူးကွာ။
မှတ်ထားကွာ " ကိုယ်အရှုံးမပေးသေး သရွေ့ ဘယ်အရာကိုမှ မရှုံးသေးဘူး" ကွ။
၉၉ ခါ လဲပါစေအုံး အခါတစ်ရာမြောက်မှာ မင်းပြန်ထ။
အားလုံးရဲ့ ရှေ့ မက်မက်ရပ် ။ မင်းခိုင်မြဲကြောင်း သက်သေပြ လိုက်စမ်းကွာ။
အခက်အခဲတိုင်းက မင်းကို ပိုသန်မာဖို့ပါ။
ကံကြမ္မာရဲ့ စမ်းသပ်ချက်က မင်းကို ဘယ်လောက်တော်
ကြောင်း သက်သေပြစေချင်တာပါ။
အခုချိန်မှာ မင်းရဲ့ စိတ်တွေကို အကောင်းဆုံးပြင်ဆင်ဖို့ပါ။
 ဒါမင်းအောင်မြင်မှု အတွက် ပထမဆုံးသော ခြေလှမ်းပဲ ညီလေး။
အားမပျော့နဲ့ ညီလေး။ စိတ်ဓာက်မကျနဲ့ ။
အဲ့တာမှ မင်းတကယ်ရှုံးတာ။
လွယ်လွယ်နဲ့မရခဲ့တာ မင်းတို့ကို တန်ဖိုးကြီးကြီး ဖြစ်စေချင်လို့ပါ။
မြားတစ်စင်းဝေးဝေးရောက်ဖို့ မင်းတို့ရဲ့ လေးကြိုးလေး
တွေ ခပ်တင်းတင်းဆွဲပစ်ကွာ။
မင်းတို့ အသက်ငယ်ငယ်လေးတွေပါ။
စွမ်းအားတွေ အပြည့်အဝရှိတယ်။
လုပ်စမ်းကွာ။
မင်းတို့ မိသားစုစီးပွားရေးအတွက် အလုပ်ပဲ လုပ်ချင်နေတာ သိပါတယ်ကွာ။
ဒါပေမယ့် ညီလေး ညီမလေး
အလုပ်က မရှားပါဘူး နေရာဒေသမရွေးပါနဲ့ ကိုယ့်ကျွမ်းကျင်သွားရင် အလုပ်က ဘယ်မှာလုပ်လုပ်ရပါတယ် မကျွမ်းကျင်သေးခင် အိမ်နဲ့ဝေးရတဲ့နေရာလဲ သွားပါ လုပ်ပါ
ကိုယ့်မြို့ ကိုယ့်နယ်မှာလုပ်ရလို့ နောက်ကျတာက တစ်နှစ်ထဲပါ။
ကဲ ညီလေး။
ထ ။ ငိုင်မနေနဲ့။
အခုစပြီး အနိုင်ခြေလှမ်း လှမ်းလိုက်တော့ကွာ။
မင်းတို့အတွက်အမြဲဂုဏ်ယူနေမှာပါ။
ရဲရဲပြုံး။
ခြေလှမ်း မက်မက်ရပ်။
ရှေ့ကို တိုးခဲ့ကွာ။
                                    credit
" ကျန်းမာရေးကောင်းရင် အနာဂတ်အတွက်လုံခြုံရပါတယ် "
သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်
နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ် ... တစ်နေကုန်အလုပ်လည်းပင်ပန်းလာပြီးပြီ ရတဲ့လစာလေးကလည်းနည်းနည်း ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ ???
သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် ...
လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်မရဲ့အဖေဟာ သူစုထားတဲ့ငွေဘတ်၈သိန်း ကိုအဖိုးရဲ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မရဲ့၁၀နှစ်စာစုမိထားတဲ့ငွေ ဘတ်၂သန်း လည်း ကျမ ရဲ့အဖေ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့ရပြန်တယ်
ကျွန်မတို့ ၂မျိုးဆက်လုံး (Generation) ဟာ ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ရတယ် ၊ ကျွန်မရဲ့သားသမီးတွေကို ကျွန်မလို ဒုက္ခမပေးချင်ဘူး
မျိုးဆက်နံပါတ် ၃ ကိုလည်းဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင် ဒီနေ့ ကျွန်မကျန်းမာတုန်း မဖျားမနာတုန်း ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။
✔️ကျန်းမာရေးကိုဂရုစိုက်ကြပါ ...
✔️ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် စရိတ်ဘယ်လောက်ကြီးကြီး ဆေးရုံဆေးခန်းကုသစရိတ် ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ
သင့်ကို ကျန်းမာရေးဂရုစိုက်ပါလို့လာပြောတဲ့ မိတ်ဆွေအပေါင်းသင်းတွေကိုကျေးဇူးတင်လိုက်ပါ
လူတော်တော်များကျန်းမာရေးဂရုမစိုက်ဖို့ ပေးလေ့ရှိတဲ့အကြောင်းပြချက်တွေက
- စိတ်မဝင်စားဘူး
- မလိုအပ်သေးဘူး
- အချိန်မရှိဘူး
သင့်ပိုက်ဆံအိပ်ထဲက ပိုက်ဆံကိုကုန်အောင် ဆရာဝန်စကား (၃)ခွန်းပဲပြောမှာပါ
- သင့်ရဲ့ကျန်းမာရေးအရမ်းဆိုးဝါးနေပါပြီ
- ခင်ဗျားကံကောင်းသေးတယ်
    ကုသလို့ရသေးလို့
- ဒါပေမယ့် " ပိုက်ဆံ ကုန်ကျစရိတ် "တော့များမယ်
သင့်ရဲ့နှစ် ၃၀လောက်စုထားတဲ့ငွေကို ဆရာဝန်က ၃မိနစ်အတွင်းအရယူသွားလိုက်ပါပြီ
🍃ကျန်းမာရေးကိုဂရုစိုက်ကြပါ
🍃ခန္ဓာကိုယ်ရဲ့ကလီစာတွေဟာဈေးအရမ်း  ကြီးတယ်
🍃 အဲဒီ ကလီစာတွေက လွယ်လွယ်ကူကူရှာဝယ်လို့မရပါဘူး
အသက်ငယ်သေးလို့ ကျန်းမာရေးကောင်းပါသေးတယ်ဆိုတာ အကြောင်းပြချက်ပါ ၊ ဒီနေ့သတင်းစာမျက်နှာတွေပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးတဲ့လူဦးရေအရမ်းများပါတယ်
" ကျန်းမာရေးကောင်းရင် အနာဂတ်အတွက်လုံခြုံရပါတယ် "
မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်.
Copy from.Dancing Leaves
Friday, August 2, 2019
.* ရှင်ဘုရင်တော့ ရှင်ဘုရင်ပါပဲ *
#​လေချွန်​ လက်​​ဖျောက်​ ​သေးမတ်​တပ်​မ​ပေါက်​နဲ့
.* ရှင်ဘုရင်တော့ ရှင်ဘုရင်ပါပဲ *
 ဒါပေမဲ့ ……
 လက္ခဏာပညာကို
 အလွန့်အလွန်ကျွမ်းကျင်တဲ့
 လူကြီးတစ်ယောက်-
 လမ်းလျှောက်သွားတော့ လမ်းမှာ
 ခြေရာတစ်ခုကို တွေ့ရတယ်။
 ခြေရာကို ကြည့်လိုက်တဲ့အခါကျတော့
 ခြေထောက်ရဲ့ လက္ခဏာဟာ
 မြေမှာထင်တော့…
 အဲဒီ လက္ခဏာဆရာက အကဲခတ်တယ်။
 "ဟော....
 ဒီခြေထောက် လက္ခဏာ ပိုင်ရှင်ဟာ
 ရှင်ဘုရင် ဖြစ်ရမယ်။
 ရှင်ဘုရင် လက္ခဏာကို
 ဟောဒီခြေရာမှာ လာတွေ့တယ်။
 မင်း ဖြစ်မယ်"
 ဒါပေမဲ့… သူရပ်ပြီးတော့
 ခြေရာကိုကြည့်ပြီး စဉ်းစားပြန်တယ်။
 "ရှင်ဘုရင်ဖြစ်မယ့်သူက
 လမ်းလျှောက်တာ၊
 မြေကြီးမှာ ခြေရာထင်တာကို
 ထောက်ဆခြင်းဖြင့်… ဒီလူဟာ
 ဘယ်လောက်များ ဆင်းရဲသလဲ မသိဘူး။
 ဖိနပ်တောင် မစီးနိုင်ရှာဘူး"
 ဖိနပ်မပါလို့ ခြေရာထင်တာပေါ့၊
 ဟုတ်တယ် မဟုတ်လား။
 "မှန်ပါ ဘုရား"
 အဲဒီတော့ လက္ခဏာဆရာက -
 "ဒါ ဆန်ကျင့်ဘက် နှစ်ခုဖြစ်နေပြီ၊
 လက္ခဏာကတော့…
 ရှင်ဘုရင်ဖြစ်ထိုက်တဲ့ လက္ခဏာပဲ၊
 ဒါပေမဲ့ မြေပြင်မှာ ခြေလျင်သွားတော့
 ဖိနပ်တောင် မပါရှာဘူး။
 ဒါတော့ စိတ်ဝင်စားစရာကောင်းတယ်။
 လိုက်မယ်။"
 ဆိုပြီးတော့ …
 ခြေရာကို နောက်ကလိုက်နင်းပြီးတော့
 လျှောက်လိုက်တာ
 ဟို… ရှေ့နားက တစ်နေရာ ချုံကွယ်မှာ
 ရှင်ဘုရင်ကြီးကို တွေ့ရတယ်။
 ချုံကွယ်မှာ ရှင်ဘုရင် ဖြစ်ထိုက်သူကြီး
 အလုပ်လုပ်နေတယ်။
 ဒါဆိုရင် ရိပ်မိပြီ၊ ဟုတ်လား။
 ဟာ… ရှင်ဘုရင်ကြီး၊
 ချုံကွယ်မှာ မတ်တပ်ရပ်ပြီးတော့ …
 အဲဒါ …
 မတ်တပ်ရပ်ဆိုရင် သဘောပေါက်တော့၊
 ဟုတ်လား။
 အဲဒီတော့… လက္ခဏာဆရာကြီးက
 နောက်နားကလေးမှာ ရပ်ပြီးတော့
 စောင့်နေတယ်။
 ရှင်ဘုရင်ကြီး ကိစ္စမပြီးသေးလို့။
 ပြီးတော့မှ… သူက
 လက်ကလေးဘာလေး သုတ်ပြီးတော့
 ပြန်လှည့်လာတော့မှ -
 "ဗျို့… ဆရာကြီး၊ ကျုပ်က ခင်ဗျားကို
 မေးခွန်းလေးတစ်ခုလောက်
 မေးချင်တယ်၊
 သည်းခံပြီးတော့ ဖြေပေးပါ"
 "ဘာ မေးမလဲ"
 "ခင်ဗျား ဘာလုပ်စားသလဲ"
 "ကျွန်တော် ဇာတ်ထဲမှာ
 အလုပ်လုပ်စားပါတယ်"
 ဟာ… နည်းနည်းရိပ်မိလာပြီ။
 "ခင်ဗျား ဇာတ်ထဲမှာ
 ဘယ်အခန်းကပါသလဲ၊ ပြောစမ်း"
 "ကျုပ် ရှင်ဘုရင်အခန်းက ပါတယ်"
 အဲဒီတော့မှ သဘောပေါက်တာနော်။
 တကယ့်ရှင်ဘုရင် ဖြစ်မယ့်သူ၊
 ရှင်ဘုရင်လက္ခဏာ
 အပြည့်အစုံပါတဲ့ လူ၊
 ဒါပေမဲ့… လူကြီးလူကောင်းရဲ့
 အမူအရာ မဟုတ်ဘူး။
 ရှင်ဘုရင်ကြီး ဘာလုပ်နေတာလဲ?
 မတ်တပ်ရပ်ပြီးတော့…
 အဲဒါ လုပ်နေတာ၊ ဟုတ်လား။
 (ကျင်ငယ်စွန့်နေတာနော်)။
 ခုဒ္ဒါစာရ ဟုတ်လား။
 "သြော် …
 ယုတ်ညံ့သေးသိမ်တဲ့ အကျင့်ကို
 ဒီလူကျင့်လို့ ရှင်ဘုရင် မဖြစ်တာကိုး"
 ဆိုပြီးတော့… လက္ခဏာဆရာက
 ဆုံးဖြတ်သွားပါတယ်တဲ့။ ဟုတ်လား။
 အဲဒါကြောင့် …
 "ထိပ်တန်းတစ်နေရာကို
 တက်ကြတော့မယ်ဟေ့" ဆိုရင်
 သေးသိမ်တာလေးတွေပါ
 အကုန်လုံး ရှောင် ……။
သီတဂူ ဆရာတော်ဘုရားကြီး
(ဓမ္မလက်ဆောင်)
Credit
''မေးမြန်းခြင်း၏အကျိုး''
''မေးမြန်းခြင်း၏အကျိုး''
(၁)
လွန်ခဲ့တဲ့ နှစ် ၂၅၀၀ကျော်လောက်တုန်းက
အင်ဒိယနိုင်ငံမှာ သုဘအမည်ရ လုလင်တစ်ဦးဟာ 
ဗုဒ္ဓကိုမေးတယ်။
''အဘယ်သို့ သောပုဂ္ဂိုလ်မျိုးက ဥာဏ်နည်း၍
အဘယ်သို့ သောပုဂ္ဂိုလ်မျိုးက ဥာဏ်ကောင်းပါသလဲ ငါ့ရှင်''
ဗုဒ္ဓက ပြန်ဖြေတယ်။
''မေးသောသူက ဥာဏ်ကောင်း၍ မမေးသောသူက ဥာဏ်တုံးပါ၏”တဲ့။
ဗုဒ္ဓက ပြောခဲ့ဖူးသေးတယ်။ "ငါပြောတဲ့စကားကိုတောင် ဆန်းစစ်ဆင်ခြင်ခြင်းမရှိဘဲ အမှန်လို့ မယူဆလေနဲ့”တဲ့။ဒါကြောင့် ဆန်းစစ်ကြည့်မိတယ်။
(၂)
မေးမြန်းခြင်းဆိုတာ
အဆိုးမြင်အားဖြင့် စပ်စုခြင်းဖြစ်ပြီး
အကောင်းမြင်အားဖြင့် စူးစမ်းခြင်းပါပဲ။
မေးသင့်တာကို မေးမြန်းခြင်းဟာ
စူးစမ်းခြင်းဖြစ်ပြီး
မမေးသင့်တာကို မေးမြန်းခြင်းဟာ
စပ်စုခြင်းသာဖြစ်ပါတယ်။
သင့်၏မသင့်၏ကို ဆုံးဖြတ်နိုင်ဖို့ တော့
ဥာဏ်လိုတယ်။ဆင်ခြင်တုံတရားလိုတယ်။
သင့်သောမေးခွန်းများကို မေးမြန်းခြင်းဟာ
သင်ယူခြင်းဖြစ်တယ်။
လေ့လာခြင်းဖြစ်တယ်။
စူးစမ်းခြင်းဖြစ်တယ်။
english စာမှာတော့
မေးမြန်းခြင်း နှင့် တောင်းဆိုခြင်းကို
ask လို့ သုံးထားတယ်။
မေးမြန်းခြင်းဆိုတာသိဖို့ ရာ
 တောင်းဆိုခြင်းဖြစ်ပါတယ်။
မေးမြန်းခြင်းသည်
မောဟကို ခွာချဖို့ ကြိုးစားခြင်း ဖြစ်တယ်။
အဝိဇ္ဇာဟူသော မသိမှုအမှောင်ကို လင်းဖို့ ရာ
အားထုတ်ခြင်းလည်း ဖြစ်တယ်။
(၂)
မေးမြန်းခြင်း ၄ မျိုးရှိတယ်။
၁ သိလို၍ မေးမြန်းခြင်း။
၂ သိသည်ကို ပြောပြလို၍ မေးမြန်းခြင်း။
၃ မိမိသိထားသည်ကို အမှန်ဖြစ်ကြောင်း
  ထောက်ခံစေလို၍ မေးမြန်းခြင်း။
၎ အကြောင်းအရာကိုဆွေးနွေးလို၍
  မေးမြန်းခြင်း။
ကျနော် အခု High lightထုတ်ပြီး ဆွေးနွေးချင်တာက "သိလို၍မေးမြန်းခြင်း”အကြောင်းကိုပါ။
သိလို၍ မေးမြန်းခြင်းကို ကျနော် ၃ပိုင်းထပ်ခွဲတယ်။
၁ လူကို လူ ချင်း တိုက်ရိုက်မေးမြန်းခြင်း။
၂ စာဖတ်ခြင်း။
၃ တွေးခေါ်ခြင်း။
အရင့်အရင် ပညာရှိတွေရဲ့ဆုံးမစာတွေမှာ
အကြိမ်ကြိမ် ကြားခဲ့ဖူးတယ်။
"ပညာရှိသူကို မှီဝဲဆည်းကပ်ပါ”တဲ့။
စာမပေါ်ခင်ခေတ်၊စာပေထွန်းကားမှု အားနည်းတဲ့ခေတ်တွေတုန်းက လူကြီးသူမတွေရဲ့
 ပြောစကားတွေကသာ ပညာကို ရခဲ့တယ်။
ဒီဘက်ခေတ်မှာလည်း ဒီလို မေးမြန်းခွင့်ရှိနေပါသေးတယ်။ကလေးဘဝမှာတုန်းကတော့ မိဘဆရာတွေရဲ့ ပြောစကားတွေကို နာယူမှတ်သားခဲ့တယ်။
လူကို လူချင်းမေးဖို့က လူရွေးမှန်ဖို့ လိုပါတယ်။
ကိုယ့်မေးခွန်းကို ဖြေနိုင်မယ့်သူဟုတ်မဟုတ်၊ဖြေလိုတဲ့သူဟုတ်မဟုတ်ကိုတော့ ကြိုတွက်ထားဖို့
လိုတာပေါ့။
ကြီးပြင်းလာတဲ့အခါမှာတော့ ပညာကိုရှာဖို့ဆိုရင် လူလူချင်းမေးမြန်းခြင်းထက် စာဖတ်ခြင်းကို
ပိုအသုံးပြုကြတယ်။ ပညာရှိတွေ၊ပညာရှင်တွေက
သူတို့သိထားတာတွေကို စာအုပ်တွေထဲမှာ ပြောပြထားရစ်ခဲ့တယ်။အလျဉ်းသင့်တဲ့အချိန်မှာ ကျနော်တို့ လေ့လာခွင့်ရမယ်။
စာအုပ်တွေဖတ်တယ်။Googleတွေသုံးကြတယ်။
"သိလို၍မေးမြန်းခြင်း”မှာ နောက်ဆုံးနည်းကတော့
မိမိကိုယ်ကို မေးမြန်းခြင်းပါ။
ဒါဟာ တွေးခေါ်ဆင်ခြင်ခြင်းလည်းဖြစ်တယ်။
ကိုယ့်အကြောင်းကို ကိုယ် ဘယ်လောက်သိပြီလဲ။
ဒါကြောင့် ကိုယ့်ကိုယ်ကို မေးမြန်းဖို့ ..
အထူးလိုတယ်...။
မာယာမပါသော မုသားမပါသော အဖြေများ
 ကြားရဲဖို့  ကိုယ့်ကိုယ်ကို ရိုးသားရမယ်...။
"ငါ လောဘကြီးနေလား။
ငါတရားရဲ့လား။
ငါလွန်သွားလား။”စတဲ့ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းများဖြင့် ကိုယ့်အကြောင်းကိုယ်တွေးခြင်းများဟာ
ရင့်ကျက်စေတယ်။
စာနာတတ်စေတယ်။
တရားမျှတစေတယ်။
(၃)
ဘယ်သူပြောတာလည်းတော့ကျနော်မမှတ်မိဘူး။
"နည်းနည်း ဖတ်ပါ။များများတွေးပါ”တဲ့။
လူလူချင်း မေးတာကိုအားပေးလိုတယ်။
စာဖတ်တာကို အားပေးလိုတယ်။
တွေးခေါ်တာကိုတော့ ပိုပြီး အားပေးလိုပါတယ်။
လေ့လာမှုမဲ့တဲ့ တွေးခေါ်မှုဟာ မြေပုံမပါဘဲ
ခရီးထွက်သလို ပန်းတိုင်နဲ့လွဲနိုင်တယ်။
တွေးခေါ်မှုမဲ့တဲ့ လေ့လာမှုကတော့ မြေပုံကြီးထိုင်ဖတ်နေရုံသပ်သပ်ပဲ။ဘယ်မှ မရောက်ဘူး။
ဗုဒ္ဓဟာ ဗုဒ္ဓမဖြစ်ခင် သိဒ္ဒတ္ထ  စာလေးလုံးကို
ဖတ်ခဲ့တယ်။
"အို၊နာ၊သေ၊ရဟန်း”တဲ့။
နမိတ်ကြီးလေးပါးလို့ပဲဆိုဆို ဒါဟာ သိဒ္ဒတ္ထ
စဖတ်ခဲ့တဲ့ စာပဲ။အဲ့ဒိနောက် ဗုဒ္ဓအဖြစ်သို့ ရောက်အောင် ချီတက်သွားတာကတော့ တွေးခေါ်ဆင်ခြင်ခြင်းတွေနဲ့ပေါ့။
ဗောဓိပင်အောက်မှာ မျက်စိမှိတ်ပြီး ငုတ်တုပ်ထိုင်နေရုံနဲ့ ဘာပညာရနိုင်မှာလဲ။
သမ္မာသတိ၊ သမ္မဝါယမ၊ သမ္မာသမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးပေါ်ကို အခြေတည်ပြီး
သမ္မာသင်္ကပလို့ ခေါ်တဲ့ ကောင်းသောဆင်ခြင်တွေးခေါ်ခြင်းတွေ ပြုလုပ်ခဲ့လို့ သမ္မာဒိဌိပန်းတိုင်ကို ရောက်ရှိခဲ့ခြင်းသာ။
ကျနော်ဘာသာရေးအကြောင်း ပြောပြချင်တာမဟုတ်ဘူးနော်။ဘာသာမတူသူတွေ၊ဘာသာမဲ့တွေ အပေါ် ကျနော်လေးစားမှုရှိပါတယ်။
ကျနော်က ဗုဒ္ဓဘာသာဝင်မို့လို့လည်း ကျနော်သိထားတဲ့ ဗုဒ္ဓအကြောင်းကို ဥပမာအဖြစ် တင်ပြရုံပါ။
နိဂုံးအနေနဲ့ ကျနော်ပြောချင်တာက…
လူလူချင်းမေးတာနဲ့ စာဖတ်တာဟာ
 လေ့လာခြင်းအဆင့်ပါ။
ဒါပေမယ့် တွေးခေါ်မှုမဲ့ရင်တော့ သင်္ညာအဆင့်နဲ့သာလမ်းဆုံးပြီး ပညာအဆင့်ကို မရောက်နိုင်ပါဘူး။
ကျနော်ရေးတဲ့ ဒီစာဟာ.မှားကောင်းမှားမယ်။
မှန်ချင်လည်း မှန်မယ်။ဆင်ခြင်ကြည့်ရင်
အဖြေရမှာပါ။
#Error
29.7.2017
Edit
29.7.2019
Credit
''ဘာသာတရားနဲ့  ရိုးရာဓလေ့''
''ဘာသာတရားနဲ့  ရိုးရာဓလေ့''
(၁)
တချိန်တုန်းကမြန်မာပြည်မှာ စာပေဆိုလို့ 
ဗုဒ္ဓဘာသာကျမ်းဂန်များနဲ့  နီတိကျမ်းများမှအပ
အခြားအားကိုးစရာ စာပေမရှိခဲ့ဘူး။
ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှာပဲ ဇာတ်ဝတ္ထုများကို ကိုးကားခဲ့ရတယ်။ လုံးဝဥသုံယုံကြည်ခဲ့ရတယ်။
သရဏဂုံကို ယုံကြည်စေလိုတဲ့ သဒ္ဓါအရင်းခံပြီး
အကြောက်တရားနဲ့  ခြောက်တဲ့စာတွေလည်း
ကြုံဖူးခဲ့ရတယ်။
ပုံပြင်လေးက
''သရဏဂုံကိုယုံကြည်တဲ့လူနဲ့  တောင်စောင့်နတ်ကိုယုံကြည်တဲ့လူဟာ တောင်တစ်ခုအပေါ် ညအိမ်ကြတဲ့အခါ မိမိယုံကြည်ရာကို ပူဇော်ရင်း အိပ်စက်ကြတယ်။
သူတို့ အိပ်ပြီးနောက် ဘီလူးတစ်ကောင်ရောက်လာပြီး လူသားနှစ်ယောက်အနက် တစ်ယောက်ကိုပေးဖို့  တောင်စောင့်နတ်ထံမှာ တောင်းတယ်...။ တောင်စောင့်နတ်ခမျာလည်း ဘီလူးကိုတန်ခိုးအရာ မယှဉ်နိုင်တော့ တစ်ယောက်ကို ပေးရတော့မယ့် အခြေအနေ...။
သူတွေးရပြီ။
ဗုဒ္ဓကိုယုံကြည်သူအားပေးပါက အထက်နတ်များက မိမိကို ခေါင်းရှစ်စိတ်ကွဲအောင် လုပ်လိမ့်မည်။ မိမိကိုဆည်းကပ်တဲ့လူသားကျတော့ ကိုယ်ပိုင်ပစ္စည်းတစ်ခုလို ပေးပစ်လို့ 
ရတယ်လို့ တွေးပြီး ဘီလူးလက်ကို အပ်လိုက်တယ်''
ဒီပုံပြင်မှာ တောင်စောင့်နတ်က ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်။ သူရဲဘောကြောင်တယ်...။
ဒါပေမယ့် ပုံပြင်ရဲ့ဆိုလိုရင်းက
 သရဏဂုံကို ယုံကြည်စေလိုတဲ့
 စေတနာနဲ့ ပြောခဲ့ခြင်းသာ...။
ကျနော်ကတော့ ပုံပြင်တစ်ပုဒ်လို့ သာ မှတ်ယူထားခဲ့တယ်။
အချို့ဇာတ်ဝတ္ထုတွေကိုလည်း စိတ်ကူးဥာဏ်ကောင်းကောင်းဖြင့် ဖန်တီးခဲ့တာဖြစ်မယ်လို့  ကျနော်မှတ်ယူထားဆဲပဲ...။
(၂)
ဗုဒ္ဓဘာသာမှန်ရင် ၅၅၀နိပါတ်တော်ကို
တကယ်ဖြစ်ခဲ့တာလို့  မှတ်ယူရမယ်ဆိုတဲ့
ချုပ်နှောင်မှုကို ကျနော်မကြိုက်ဘူး...။
အချို့ အရာများကို ငြင်းဆန်ခြင်းလည်းမဟုတ် ယုံကြည်ခြင်းလည်းမဟုတ်ဘဲ messageတစ်ခုအဖြစ်လက်ခံထားရတာ ပိုအဆင်ပြေတယ်လေ...။
ဥပမာ နိဂြောဓသမင်မင်းဇာတ်ဆိုရင် ခေါင်းဆောင်ကောင်းရဲ့ တာဝန်ခံမှုနဲ့  ကရုဏာတရားကို သင်္ခန်းစာအဖြစ် မှတ်ယူတယ်။
ခေါင်းဆောင်ညံ့ သာခသမင်မင်းရဲ့ တာဝန်မခံလိုမှုကိုလည်း တွေ့ မြင်ရမယ် ။
ဒါဇာတ်က ပေးလိုတဲ့ message။
ဒါတောင် ရှုထောင့်ပြောင်းတွေးရင်
နိဂြောဓ မှားနိုင်သေးတယ်။
ကိုယ်ဝန်ရှိတဲ့သမင်မဟာ
ဒီတစ်ကောင်တည်းမကလောက်ဘူး ။
သမင်က ၅၀၀ရှိတာကိုး ။
ဒီတစ်နေ့  တည်းကြုံရမှာလည်းမဟုတ်ဘူး။
ကိုယ်ဝန်ရှိသောသမင်မတိုင်းအတွက်
လည်စင်းပေးဖို့ ရာ နိဂြောဓမှာ
 ခေါင်းအပိုမပါဘူး။
သမင်မင်းဖြစ်လို့ လည်း သမင်မတစ်ကောင်တည်းကို ကိုယ်စားမပြုဘူး။ သမင်တိုင်းကို ကိုယ်စားပြုရတော့မယ်။ဒီသမင်မကလည်း မိမိအုပ်ချုပ်ရ သောအုပ်စုဝင်မဟုတ်... ။ဒါသာခရဲ့အုပ်စုက...။
မိမိတာဝန်ယူမှုရဲ့ ပြင်ပက ကိစ္စ...။
စတေးရဲသောသတ္တိရှိတိုင်း
 ခေါင်းဆောင်ကောင်း
လို့  မခေါ်ဆိုထိုက်ဘူး ။
အခြေအနေနဲ့  အချိန်အခါကို နားလည်ရမယ်။
ကံကောင်းထောက်မစွာ
သမင်စကားနားလည်ပြီး
သမင်စကားနားထောင်တဲ့ ဘုရင်နဲ့  ကြုံခဲ့ရလို့ 
သမင်အပေါင်း လွတ်မြောက်ခဲ့ရတယ်။
သမင်မမွေးလာတဲ့ကလေးကို မိခင်သမင်မက
ဆုံးမတဲ့စကားလေးကတော့ ကြွေချင်စရာ ...။
''ခေါင်းဆောင်ဆိုးရဲ့လက်အောက်မှာ ရှင်သန်ရခြင်းထက် ခေါင်းဆောင်ကောင်းရဲ့ လက်အောက်မှာ သေဆုံးရခြင်းက သာ၍မြတ်သည်''တဲ့...
ဒါ သတ္တမတန်းမြန်မာစာမှာ သင်ကြားရသော ဇာတကဝတ္ထုများထဲက ဝတ္ထုတစ်ပုဒ် ။
ဟင်ဒူလည်း သင်ရတယ်။
မွတ်စလင်လည်းသင်ရတယ်။
ခရစ်ယာန်လည်းသင်ရတယ်။
ဒီဇာတ်လမ်းက ပေးချင်တဲ့ အဓိက messageက ဘုရားလောင်း နိဂြောဓသမင်မင်းကို သဒ္ဓါပိုဖို့  နဲ့ ဗုဒ္ဓဘာသာကို မဲဆွယ်တယ်ဆိုတာမျိုး မဖြစ်သင့်....။
ခေါင်းဆောင်တစ်ယောက်၏ စွန့်  လွှတ်အနစ်နာခံရဲမှုနှင့် တာဝန်ယူမှုကို သင်ကြားပေးခြင်းသာ ဖြစ်တယ်လို့ မြင်မိတယ်။
ဒါဆိုရင် ဒီဇာတ်လမ်းဟာ ခရစ်ယာန်နဲ့ လည်း ဆိုင်သည်။မွတ်စလင်နဲ့ လည်းဆိုင်သည်...။
(၃)
ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ နေထိုင်သော
ကမ္ဘာကြီးမှာလူသားတို့ အလိုရှိတာက
တရားမျှတဖို့ သာဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်တို့ ရဲ့ ပန်းတိုင်က သံသရာမှ
လွတ်မြောက်ငြိမ်းချမ်းဖို့  ။
ခရစ်ယာန်ဘာသာဝင်တို့ ၏ ပန်းတိုင်ကား ကောင်းကင်ဘုံတွင် ဘုရားသခင်နဲ့  ဆုံခွင့်ရဖို့ ။
လူသားတို့ ရဲ့ ပန်းတိုင်က တရားမျှတမှုရှိသော ကမ္ဘာမှာ ရှင်သန်နေထိုင်ခွင့်ရဖို့ ။
တရားမျှတခြင်းအယူအဆနဲ့  ဆန့် ကျင်လွန်းတေဲ့ ဘာသာတရားများဟာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားရတာ မနည်းလှတော့ဘူး...။
လင်သေရင် မယားကိုပါ အရှင်လတ်လတ် ထည့်မြှုပ်တဲ့ သပ်ဝါဒ(Thugism)ကို အင်ဒိယ ဘုရင်ခံ ဘန်တင့်ခ်(၁၈၂၈-၃၅)က ဥပဒေတစ်ခုပြဋ္ဌာန်းပြီး ရပ်တန့် 
ပစ်လိုက်တယ်။ဒီသပ်ဝါဒကိုလည်းအင်ဒိယမြေကနေ
အပြီးတိုင်မောင်းထုတ်လိုက်ပြီ ...။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျနော်ဟာဗုဒ္ဓဘာသာက
အမှန်ဆုံးဖြစ်တယ်လို့ 
အနုမာနနဲ့ ယုံကြည်နေခြင်းမျိုးကို မငြင်းလိုပါ....။
ဒါပေမယ့် ဆင်ခြင်တုံတရားကို
စွန့်  လွှတ်ဖို့ ဆန္ဒမရှိလို့  ဘယ်သောအခါမှ
မျက်စိမှိတ်ယုံကြည်လိုက်ဖို့ ဝါသနာမပါ။
ဆင်ခြင်တုံတရားဟာ သံသယမဟုတ်။
ဝီစိကိစ္ဆာလည်းမဟုတ်....။
မျက်ကန်းက တစ္ဆေမကြောက်သဖြင့် တစ္ဆေမကြောက်စေရန် မျက်စိကန်းပစ်မည်ဟုစိတ်ကူးမရှိ...။
ဆင်ခြင်တုံတရားကို ဆိုးကျိုးရှိသည် ဟုယူဆလိုသူများလည်း ရှိနေနိုင်သည်။
''အလက်ဇန်ဒါးရဲ့ ရဲမက်များကသာ အရစ္စတိုတယ်လို ဆင်ခြင်တုံတရားရှိ မယ်ဆိုရင်
အလက်ဇန်းဒါး စစ်တိုက်လို့ ရမယ်မထင်...။
အလက်ဇန်းဒါး ဟောသမျှ ဖောသမျှကို
ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ကာ ကမ္ဘာကို မြင်းစီး၍
ပတ်သိမ်းလိုတဲ့ ဆန္ဒကို ထောက်ပြကြမှာပဲ။
စစ်သားများ စစ်ကိုမုန်းတီးသွားတဲ့အခါ
အလက်ဇန်းဒါးတစ်ယောက် အင်ဒိယမှ
တပ်ခေါက်ကာ လှည့်ပြန်ခဲ့ရတယ်...။
အလက်ဇန်းဒါးအကြောင်းကို လေ့လာနေခြင်းသည် အလက်ဇန်းဒါး လုပ်သမျှ မှန်သည်ဟူ၍ လေးစားအားကျနေခြင်းမဟုတ်။
လွန်ခဲ့သောနှစ်၂၀၀၀ကျော်က စစ်ဘုရင်တစ်ယောက် ဘာတွေလုပ်ခဲ့သလဲဆိုတာကို
 လေ့လာခြင်းမျိုးသာဖြစ်ပါတယ်။
အလားတူပဲ ဗုဒ္ဓဝါဒတွင် ဖော်ပြထားသော
ဇာတ်နိပါတ်များ အကြောင်းအရာများကို လေ့လာခြင်းဟာအားလုံးဟာ ဟုတ်သည်မှန်သည်ဆိုပြီး လက်ခံလိုက်ခြင်းမဟုတ်ဘဲ ဘာတွေပြောခဲ့၊ဆိုခဲ့ ၊
အကြံပြုခဲ့သလဲ ဆိုတာကို လေ့လာခြင်းမျိုး
 ဖြစ်ပါတယ်။
သဘောကျလက်ခံသောအချက်မျာလည်း ရှိ၏။
ဝိရောဓိဖြစ်နေဆဲ အချက်များလည်း ရှိ၏ ။
လုံးဝလက်မခံသောအချက်များလည်း ရှိ၏။
ယုဂန်ဓိုရ်တောင်သည် နေလသွားလမ်းနှင့် တညီတည်းမြင့်သော တောင်ဟူသော ဖွင့်ဆိုချက်ကို လက်မခံပါ...။မြင်းမိုရ်တောင်ကို ယူဇာနာ ၈၄၀၀၀လို့ဖွင့်ဆိုတယ်။ကမ္ဘာ့ မြေထုကို ယူဇနာ ၂၄၀၀၀၀ဟု ဖွင့်ဆိုပြန်တယ်။မြင်းမိုရ်တောင်က ကမ္ဘာ့ မြေထု ထက်
ထုနည်းတဲ့သဘောပါပဲ။
 ဒီကမ္ဘာပေါ်မှာပဲ ရှိလိမ့်မည်လို့ ဆိုလိုတဲ့
 သဘောသာ ဖြစ်နေတယ်။
တကယ်တော့ ကမ္ဘာ့ ပတ်လည်အနားဟာ ၂၄၀၀၀Kmသာရှိပါတယ်။
၁ယူဇနာသည် ၁ကီလိုမီတာထက် အဆ၂၀ပိုများတယ်။ဒီတော့ ကျမ်းဂန်ထဲက ကမ္ဘာဟာ သိပ္ပံကမ္ဘာထက် အဆ၆၀၀ကျော် ပိုကြီးတဲ့သဘောဖြစ်နေတယ်။
တကယ်တော့ ဗုဒ္ဓဘာသာ၏ အနှစ်သာရက မြင်းမိုရ်တောင် ဘယ်လောက်မြင့်သည် ၊ဘယ်မှာရှိသည်ဆိုတဲ့ ဗဟိဒ္ဓ ဖြစ်စဉ်များမှာ မတည်ရှိဘဲ
မိမိကိုယ်တွင်းကို လေ့လာရတဲ့
အဇ္ဈတ္တသဘောမှာသာ တည်ရှိပါတယ်။
ကားမတ်စ်က "ဘာသာတရားသည် ဘိန်းနှင့်တူသည်”ဆိုပြီး စွပ်စွဲခဲ့ဖူးတယ်။
ဘာသာတရားကြောင့် ခရူးဆိတ်လို
စစ်ပွဲမျိုး ဖြစ်ခဲ့ရဖူးတယ်။
ကားမတ်စ်ကို မထောက်ခံသည့်တိုင် ဘာသာတရားဆိုတာ လူ့ အဖွဲ့ အစည်း အတွက် အနှောက်အယှက် မဖြစ်သင့်တာတော့ အမှန်ပါပဲ။
ဂလီလီယိုရဲ့ ကြီးကျယ်မြင့်မြတ်တဲ့
 ရှာဖွေတွေ့ ရှိမှုကို ပုပ်ရဟန်းမင်းတို့ 
တားဆီးခဲ့ဖူးတယ်။
ရှုံ့ ချခဲ့ဖူးတယ်။အပြစ်လည်းပေးခဲ့တယ်။
ဂလီလီယိုကိုယ်တိုင် သူ့အယူအဆကို မှားပါတယ် လို့ဝန်ခံအောင် အမိန့်အာဏာဖြင့်
အတင်းအကြပ်စေခိုင်းခဲ့ဖူးတယ်။
ကမ္ဘာက နေကိုပတ်တယ်ဆိုတဲ့ အယူအဆကို
ပုပ်ရဟန်းမင်းတို့  လက်မခံချင်ကြဘူး။
နေကသာကမ္ဘာကို ပတ်သည်ဆိုပြီး
သူတို့ ယုံကြည်လက်ခံထားသည်ကိုး။
ကမ္ဘာကို နေကပတ်တယ်ဆိုတဲ့ အယူအဆကလည်း ခရစ်တော်ထက် နှစ်၃၀၀ဝန်းကျင် စောခဲ့တဲ့ အရစ္စတိုတယ်လ်ရဲ့ အယူအဆပါ။
ကနောင်မင်းရဲ့ ရေမြှပ်ဗုံး တီထွင်မှုကိုလည်း ရေသတ္တဝါများ သေကြေပျက်စီးလိမ့်မယ်ဆိုတဲ့ ဘာသာရေးအယူအဆနဲ့ မင်းတုန်းမင်းကြီး တားဆီးခဲ့ဖူးတယ်။
ရေမြှုပ်ဗုံးက  သူ့ ကျွန်ဘဝမရောက် အောင်တားဆီးပေးမည့်အရာဖြစ်တယ်လို့  တစ်ထစ်ချ မပြောလိုသည့်တိုင် မိမိမြေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကာကွယ်ရမှာ နိုင်ငံသားတွေရဲ့
တာဝန်ဖြစ်တယ်လေ။
မရောထွေးသင့်တဲ့ ဘာသာရေးအယူအဆနဲ့
 ဝင်ရှုပ်ခဲ့ဖူးတယ်။
လူ့ အဖွဲ့ အစည်းနဲ့  သဟဇာတဖြစ်အောင် နေထိုင်ရမည်မှာ ဘာသာတရားရဲ့ အဓိကပန်းတိုင် မဟုတ်သည့်တိုင်လူ့ အဖွဲ့ အစည်းအတွင်း ကျင့်သုံးလက်ခံထားသော ဘာသာတရားတိုင်းဟာ
လူ့ အဖွဲ့  အစည်းနှင့် သဟဇာတဖြစ်သင့်တယ်။
ယနေ့ ခေတ်ဟာ အရင်ခေတ်နဲ့ မတူတော့ဘဲ
 စာပေမျိုးစုံ အတွေးအခေါ်အယူအဆ
မျိုးစုံ ဝင်ရောက်နေပြီလေ။
ရှေးရိုးစွဲရောဂါများ ပျောက်သင့်ပြီမဟုတ်လား။
လွန်ခဲ့သော ၂၅၀၀လောက်က သင်ကြားခဲ့တဲ့ ကွန်ဖြူးရှပ်ရဲ့ ကျမ်းများကိုသာ စာပေဖြစ်တယ်လို့ ယူဆခဲ့တဲ့ တရုတ်များဟာဂျပန်ကို စစ်ရှုံးတယ်။ အင်္ဂလိပ်ကို စစ်ရှုံးတယ်။မွန်ဂိုကို စစ်ရှုံးတယ်။ မန်ချူးကို စစ်ရှုံးတယ်။ကိုယ့်စာပေကိုယ့်လူမျိုးကို အထင်ကြီးတာ
 ပြသနာမဟုတ်ပေမယ့် အခြားစာပေ
အခြားလူမျိုးတို့ ကိုပါ အထင်သေးတတ်တဲ့
တရုတ်တို့  အကြိမ်ကြိမ်ရှုံးခဲ့ရတယ်။
ယနေ့ ခေတ်အထိကို တရုတ်မှာ ရှေးရိုးစွဲများရှိနေကြသေးတယ်။မြေနေရာအခက်အခဲကြောင့် ဈာပနကို မြေမြှုပ်ခွင့်မရှိတော့ဘဲ
မီးသဂြိုင်္လ်ရမည့်အမိန့် ထွက်တဲ့အခါ
အမိန့် အသက်မဝင်ခင်နေ့ မတိုင်ခင်
ဘိုးဘွားတို့ အပြိုင်အဆိုင် သတ်သေကြတယ်။
မြေမြှု ပ်ခွင့်မရှိမှာစိုးလို့ တဲ့။
ဘဝကူးမကောင်းမှာ စိုးလို့ တဲ့လေ။
ကွန်မြူ နစ်အယူအဆရှိသူ မော်စီတုံးက တရုတ်ယဉ်ကျေးမှုကို မြေလှန်ပစ်လိုက်တယ်။
ကောင်းတဲ့အယူအဆဟောင်းများပါသွားသလို ဆိုးတဲ့အယူအဆဟောင်းများလည်း ပါသွားခဲ့တယ်။မော်စီတုံးကို လုံးဝမှန်ပါတယ်လို့  လက်မခံသည့်တိုင် တော်လှန်သင့်သည်များကို အမုန်းခံတော်လှန်ရဲတဲ့
သတ္တိကို သဘောကျတယ်။ယနေ့ ခေတ်အမြင်နဲ့ ဆိုရရင်တော့ မော်စီတုန်းလည်း ရိုင်းခဲ့ရပါတယ်။
အိပ်ပျော်နေတဲ့ရုတ်နဂါးကြီးကို
နားရင်းအုပ်ပြီးလိုက်သကဲ့သို့ ပင်။
(၄)
ကျနော်ဘာသာမဲ့တစ်ယောက်မဟုတ်ပါဘူး။
သွားကိုက်ရင်တောင် တရားမှတ်တဲ့နည်းနဲ့  ဒုက္ခဝေဒနာကို လျော့ပါးအောင် ကြိုးစားလေ့ရှိတဲ့ ဗုဒ္ဓဘာသာဝင် လူငယ်တစ်ယောက်။
သရဲမကြောက်သင့်မှန်းသိလျက်နဲ့ အယူအဆအစွဲအလန်းအောက်မှာ အငုံ့ စိတ်ထဲ
သရဲကြောက်နေသေးတဲ့ လူတစ်ယောက်။
အပမာဒေန သမ္ပာဒေထဆိုတဲ့ တရားကို
ဗုဒ္ဓဟောသလို ဧကောဓမ္မောအဖြစ် လက်ခံထားသူတစ်ယောက်ပါ။
ဒါပေမယ့် ကမ္ဘာကိုခြုံငုံပြီး
ပကတိအတိုင်း မြင်ဖူးချင်ရင် 
ကမ္ဘာ့  အပြင် ထွက်ကြည့်ရသလိုမျိုး
လောင်းရိပ်မိနေတဲ့ ဗုဒ္ဓအယူဝါဒကနေ
ခဏခဏ အပြင်ထွက်ကြည့်ဖြစ်ပါတယ်။
ဒါကျနော့်အတွေးတွေကို ရေးချတဲ့စာပါ။
ကျနော်ပြောနေကျအတိုင်း
မှန်နိုင်/မှားနိုင်ပါတယ်
လေးစားစွာဖြင့်
#Error(Sithu)
2018
Credit