Saturday, August 3, 2019

သင်ဟာ အောင်မြင်မယ့်လူလား၊ ကျရှုံးမယ့်လူလား။

သင်ဟာ အောင်မြင်မယ့်လူလား၊ ကျရှုံးမယ့်လူလား။
----------------------------------------
.
(ဖတ်ချိန် ၁ မိနစ်)

အောင်မြင်မဲ့လူနဲ့ ကျရှုံးမဲ့လူရဲ့ ကွာခြားချက် ၁ ခု ပဲရှိပါတယ်။

ကျရှုံးမဲ့လူက အခက်အခဲ သို့မဟုတ် ရှုံးနိမ့်မှု တစ်ခုကြုံလာရင် သူများအပြစ်တွေ ဖြစ်အောင် ဆင်ခြေပေးတတ်ကြပါတယ်

ဥပမာ

✅ ကျွန်တော် ရာထူးမတိုးတာက အပေါ်လူမကောင်းလို့

✅ ဈေးရောင်းမကောင်းတာက ဖောက်သည်တွေက အကြွေးမရရင် မဝယ်ကြလို့

✅ စီးပွားရေးအဆင်မပြေတာ တိုင်းပြည်အခြေအနေပြောင်းလဲသွားလို့ အစရှိသဖြင့်။

ဒီလို ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေပေါ်မှာ အပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ်မဖြေရှင်းနိုင်တော့ဘူးလို့ တကယ်ထင်သွားတတ်ပါတယ်။

အောင်မြင်မယ့်လူတွေကတော့ အခက်အခဲ သို့မဟုတ် ရှုံးနိမ့်မှု တစ်ခုကြုံလာရင် ဘယ်လိုကျော်လွှားရမလဲဆိုပြီး အဖြေရှာ ကြပါတယ်

ဥပမာ

✅ ရာထူးမတိုးခြင်း။ အပေါ်လူက ကိုယ့်ကိုဘယ်လိုမြင်လဲ ကိုယ့်မှာ ဘာအရည်အချင်း လိုနေလို့လဲ။ တိုက်ရိုက်ဖွင့်ပြီး ဆွေးနွေးမယ် ပြင်ယူမယ်။ သင်ယူမယ်။

✅ အကြွေးကျခြင်း။ ညည်းတွားမနေပဲ အခြားဘယ်နေရာပြောင်းရောင်းမလဲ၊ ဘာပြောင်းရောင်းမလဲ။ အခြားမတူတဲ့ ဖောက်သည်တွေကို ဘယ်လိုရှာမလဲအဖြေရှာတယ်။

✅ တိုင်းပြည်အခြေအနေ။ လက်ရှိအခြေအနေနဲ့ဆို ဘာစီးပွားရေးပြောင်းလုပ်ရင် ပိုအဆင်ပြေမလဲ လေ့လာတယ် ပြောင်းလုပ်တယ်။

ဒီတစ်ချက်လေးပါပဲ။

ဒီတစ်ချက်လေးကပဲ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းကို အဆုံးအဖြတ် ပေးသွားတာပါပဲ။

Myanmar Entrepreneurs' School
credit

No comments:

Post a Comment