Thursday, August 1, 2019

သူဌေးတွေနဲ့ သာမန်လူတွေ တွေးခေါ်ပုံ ဘယ်လိုကွာခြားသလဲ...

သူဌေးတွေနဲ့ သာမန်လူတွေ တွေးခေါ်ပုံ ဘယ်လိုကွာခြားသလဲ...
****************************************
၁။ သာမန်လူတွေက ပိုက်ဆံစုဖို့ပဲ စဉ်းစားတယ်၊ သူဌေးတွေကတော့ ပိုက်ဆံဘယ်လိုဝင်အောင်လုပ်မလဲ ဆိုတာကိုပဲ စဉ်းစားကြတယ်။

ကျွန်တော်တို့ကို ငယ်ငယ်လေးကတည်းက ပိုက်ဆံစုဖို့သင်ပေးကြပါတယ်။ သင်ဟာ တစ်လကို ၅ သိန်းရ တယ်ဆိုပါတော့၊ လတိုင်း ၁၀ ရာခိုင်နှုန်း စုရင် တစ်နှစ်ပြည့်ရင် ၆ သိန်းပဲ စုမိမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်တော့မှ သူဌေးဖြစ်မှာမဟုတ်ပါဘူး။

သူဌေးတွေဟာ စုတော့စုပါတယ်၊ ဒါပေမဲ့ ရလာတဲ့ပိုက်ဆံကို တိုးပွားအောင် အရင်လုပ်ပါတယ်။

၂။ လုပ်ငန်းသစ်တစ်ခု တည်ထောင်တော့မယ်ဆိုရင် လူတွေကရှုံးမယ်၊ မအောင်မြင်နိုင်ဘူးလို့ မြင်ကြတယ်၊ သူဌေးတွေကတော့ အောင်မြင်မယ့် လမ်းစလို့ မြင်ကြပါတယ်။ လူတွေဟာ ၀င်ငွေနဲ့ ပတ်သက်လာရင် ရိုးရိုးတန်း တန်းစဉ်းစားကြပါတယ်။ အလုပ်ချိန်ပိုလုပ်ရင် လစာပိုရမယ်၊ ရာထူးတိုးရင် လစာတိုးမယ်လို့ပဲ တွေးပါတယ်။ ပညာကောင်းကောင်းတတ်တဲ့ မန်နေဂျာ
တွေတောင် လစာတိုး အောင် MBA တက်ရမယ်လို့ပဲ တွေးပါတယ်။

သူဌေးတွေဟာ တခြားလူတွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအသစ်တွေကို ရှာဖွေပါ တယ်၊ ဒီလို နည်းလမ်းအသစ်တွေ အကြံဥာဏ်အသစ်တွေကပဲ ပိုက်ဆံ ၀င်တာဖြစ်ပါတယ်။

၃။ သူဌေးတွေဟာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမှာကို မကြောက်ကြပါဘူး။ ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ ငွေဆုံးမှာကို ကြောက်စရာမလိုပါဘူး၊ ရင်းနှီးမြှုပ်နှံ မှုတွေကမှသာ အခွင့်အလမ်းကောင်းတွေနဲ့ လုပ်ပိုင်ခွင့်အသစ်တွေ ရရှိလာ မှာဖြစ်ပါတယ်။

၎။သူဌေးတွေဟာ ပန်းတိုင်တွေကို တိတိကျကျ ချမှတ်လေ့ရှိပါတယ်။ သူဌေးတွေဟာ သူတို့ လုပ်ငန်းအောင်မြင်မှုနဲ့ ငွေဝင်ဖို့ကိုပဲ အဓိကအာရုံစိုက်ပါ တယ်။ သူတို့ဟာ သူတို့ချမှတ် ထားတဲ့ ပန်းတိုင်တွေကို အလွယ်လမ်းက မလိုက်ဘဲနဲ့ သေသေချာချာ အာရုံစူးစိုက်လေ့ရှိပါတယ်။

၅။ သာမန်လူတွေက သူဌေးတွေလိုနေကြတယ်၊ သူဌေးတွေက သာမန်သူတွေလိုနေကြတယ်။ Donald Trump( တရမ့် လုပ်ငန်းစုဥက္ကဋ္ဌ) နဲ့ Richard Branson(ဗာဂျင် လုပ်ငန်းစုပိုင်ရှင်) တို့လိုသူဌေးတွေဟာ ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ ကမ္ဘာပတ်နေကြပေမယ့် ချမ်းသာဝကြွယ်ဝတဲ့ လူအများစု ကတော့ သာမန် လိုပဲနေကြပြီးတော့ ဇိမ်ခံကားတွေ၊ စံအိမ်ကြီးတွေနဲ့ မနေကြပါဘူး။

ကန်းထရီး အဆိုတော် Naomi Judd နဲ့ အင်တာဗျူးတဲ့အခါမှာ သူဟာဈေးကြီး တဲ့ အ၀တ်အစားတွေ၊ လတ်ဝတ်ရတနာတွေ ၀ယ်လေ့မရှိပါဘူးလို့ ပြောပါ တယ်၊ သူအခုလို ချမ်းသာကြွယ်ဝလာတာဟာ ပိုက်ဆံကို မလိုဘဲမသုံးလို့ ပါတဲ့။

Siebold ဆိုသူဟာ ချမ်းသာကြွယ်ဝသူ အယောက် ၃၀ ကျော်ကို အင်တာဗျူး ကြည့်တဲ့အခါမှာ သူတို့ဖြေတဲ့ အဖြေတွေမှာ တူညီတဲ့အချက်တွေရှိပါတယ်တဲ့။
အဲဒါကတော့ သူတို့ဟာ သူများလက်အောက်မှာမုာ အလုပ် မလုပ်ချင်ကြဘဲနဲ့ လွတ်လပ်စွာ လုပ်ကိုင်ချင်ကြ ပါတယ်တဲ့။ ဒီလို လွတ်လပ်ချင်စိတ်ကပဲ ကိုယ် ပိုင် စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ပြီး အောင်မြင်စေဖို့ တွန်းအားဖြစ်
စေပါတယ်။

စာပေချစ်သော်မိတ်ဆွေများအတွက်
ပြန်လည်မျှဝေပေးသည်။
အကျိုးရှိတယ်ဆိုရင်တော့ Share လုပ်ဖို့မမေ့ပါနဲ့ဗျာ
ကျေးဇူးတင်ပါတယ်။

Credit

No comments:

Post a Comment