Friday, August 9, 2019

မတိုးတက်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အချက်များ

မတိုးတက်တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ အချက်များ
👇👇👇👇👇👇👇👇👇👇👇👇👇👇

၁။ ကိုယ့် အားနည်းချက်ကို သူတစ်ပါးက ထောက်ပြတာကို လုံးဝ မကြိုက်ပါ...။

၂။ ကိုယ့်အမှားကို သူတစ်ပါးက ထောက်ပြရင် သူလည်း အဲလိုပဲဆိုပြီး ကိုယ့်ကို ထိုးနေတဲ့ လက်ညိုးကို သူများဆီ လွှဲထိုးတတ်တယ်...။

၃။ သူတစ်ပါး ဘာပြောပြော နားထောင်ဖို့ မကြိုးစားဘဲ ကိုယ် ပြောချင်တာပဲ ဆက်ပြောတတ်တယ်...။

၎။ အကြောင်းအရာ တစ်ခုဟာ အကောင်းဘက်ကို ရည်ရွယ်နေသလား၊ အဆိုးဘက်ကို ရည်ရွယ်နေသလား မဆင်ခြင် မသုံးသပ်ပဲ ချက်ချင်း  အပြစ်တင် ပြောဆိုတတ်တယ်...။

၅။ သဘော မတူညီမှုကို ဆဲရေးတိုင်းထွာခြင်း၊ ရွဲ့စောင်းခနဲ့ခြင်းတို့နဲ့ တုန့်ပြန်တတ်တယ်...။

၆။  လူငါးယောက် ရှိရင် သုံးယောက် တစ်ဖွဲ့၊ နှစ်ယောက် တစ်ဖွဲ့ သွေးကွဲတတ်ကြတယ်။ သုံးယောက် ကျန်တဲ့ အခါ နှစ်ယောက်နဲ့ တစ်ယောက် သွေးကွဲတတ်ကြတယ်...။

၇။  ကိုယ့်ထက် သိသူတတ်သူ တစ်ယောက် ရှိလာရင် အဲဒီလူထံချဉ်းကပ်ဖို့ထက် ဘယ်လောက်သိ၊  ဘယ်လောက်တတ်လို့လဲဆိုပြီး ဆန့်ကျင်တတ်ကြတယ်...။

၈။ လူတစ်ယောက်က အမှား လုပ်တဲ့အခါ ပြန်မထူနိုင်အောင် ထိုးနှက်တတ်ကြပြီး၊ လူတစ်ယောက် ကောင်းတာ လုပ်နေရင်လည်းအပြစ်မကင်းအမြဲ ဝေဖန်တိုက်ခိုက်တတ်ကြတယ်...။

၉။ တစ်စုံတစ်ယောက်၊ တစ်စုံတရာ အပေါ် ယုံကြည်မှု မထား အမြဲ သံသယ မကင်းဖြစ်တတ်ကြတယ်...။

၁၀။ စာ မဖတ်ကြဘူး။ စာဖတ်တဲ့ အခါမှာလည်း အဲဒီ စာရဲ့ အဓိက ဆိုလိုရင်းဟာ ဘာလဲဆိုတာကို ကောက်နှုတ် တွေးခေါ်ဖို့ မကြိုးစားတတ်ကြဘူး...။

Thi Ha🇲🇲

No comments:

Post a Comment