Friday, August 2, 2019

Electronic နဲ့ပတ်သက်သော လေ့လာသင့် ၊ လုပ်ကိုင်သင့်သော အကြောင်းအရာများ

Electronic နဲ့ပတ်သက်သော လေ့လာသင့် ၊ လုပ်ကိုင်သင့်သော
 အကြောင်းအရာများ

(Basic Electronic Engineering (knowledge) စာအုပ်အား ရန်ကုန် / မန်းလေး / မုံရွာ / မော်လမြိုင် / တောင်ကြီး  / ပုသိမ် စသောမြို့များတွင်  ဝယ်ယူရရှိနိုင်ပါသည်။)

ကိုမျိုး အီလက်ထရောနစ်

Electronic နဲ့ပတ်သက်လို့ အကြမ်းဖျဉ်း 4C = Computer , Component , Control , Communication ရှိတယ် လို့ဖတ်ဖူးတယ်။

Computer အနေနဲ့တော့ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ က မလွယ်ဘူး။ အဲဒီတော့ Computer ပေါ်မှာ သုံးရလို့တဲ့ Software တွေရေးတဲ့ အပိုင်းကို လေ့လာတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။ Computer နဲ့ ပတ်သက်တဲ့ Hardware လုပ်တယ်ဆိုတာလည်း ပျက်သွားတဲ့ အစိတ်အပိုင်းကို ပြင်တာထက် ကောင်းတာ တစ်ခုနဲ့ လဲလိုက်တာကိုပဲ အများဆုံး လုပ်နေကြတယ်လို့ မြင်မိပါတယ်။ GIGO ဆိုတာရှိပါတယ် ။ Garbage In , Garbage Out ဆိုတာပါ ။ computer ထဲကို အမှိုက်ထည့်ရင် အမှိုက်ပဲထွက်ပါတာ်။

Component နဲ့ပတ်သက်ရင်လည်း Semiconductor တွေကို ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ အဲဒီတော့ သူများနိုင်ငံက ထုတ်ထားတဲ့ Component တွေဝယ်သုံးရမယ် ။ Component နဲ့ ပတ်သက်ရင် ရှိပီးသား Component ကိုပဲ ဘယ်လို သုံးပီး Product တခုရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။

Control ပိုင်းဆိုရင် Mechanical ပိုင်း နဲ့ပါပေါင်းမှ ရမယ်ထင်တယ်။ Robot တွေကို ကိုယ်တိုင် လုပ်ဖို့တော့ အချိန်တော်တော် ယူရလိမ့်အုံးမယ်ထင်တယ်။ Programming ပိုင်းကတော့ Control ရဲ့ အဓိက ဖြစ်ပါတယ်။ Programming ကိုလည်း Subject တခုအနေနဲ့ သေချာလေ့လာသင့်ပါတယ် ။ နောက်ပိုင် Electronic product တွေမှာ Programming နဲ့ လွတ်ကင်းတာ မရှိသလောက်ပါပဲ။

Communication က Wire and Wiereless ဆိုပီး ၂ ပိုင်းခွဲရမယ်။ Wire Communication က Copper , Fiber ပေါ့။ Wireless က RF , Laser , IR တွေသုံးနိုင်တယ်။ အဲဒီမှာ RF ကတော့ အခုအချိန်အထိ အကောင်းဆုံးပဲ။ Mobile Operator တွေမှာ လုပ်နေတဲ့ သူတွေဟာ RF ရဲ့ အယူအဆနဲ့ Networking ရဲ့ အယူအဆ တွေနဲ့ ပေါင်းစပ်လုပ်ဆောင်နေကြပါတယ်။

 အဲဒီ 4C ထဲမှာမှ Production Process က တစ်ပိုင်းပါမယ်ထင်တယ်။ PCB ကိုလည်း ပညာရပ်တခုအနေနဲ့ လေ့လာသင့်တယ်ထင်ပါတယ်။စောစောကပြောသလို Programming ကလည်း ပညာရပ်တခုအနေနဲ့ လေ့လာရအုံးမယ်။

 သေချာတာကတော့ ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်တစ်ခုကို အနည်းဆုံး ၃ နှစ်လောက် ကို လုပ်ငန်းခွင် ဝင်ရင်း စာဖတ်ရင်းနဲ့ တော်တော်လေ့လာရပါမယ်။

တစ်ခါတလေမှာ မဖြစ်နိုင်တာကြီးကို ငါတော့ မလုပ်နိုင်ဘူးလို့ စဉ်းစားပြီး Depression ဝင်နေမယ့်အစား ဖြစ်နိုင်တာ ၊ လိုက်နိုင်တာ ၊ လေ့လာနိုင်တာ ၊ သင်ကြားပေးနိုင်တာ ၊ ဖတ်နိုင်တာကိုပဲ သေချာလုပ်ပြီး တဆင့်ပြီးတဆင့် လေ့လာသွားတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ် ။ ဝါသနာကတော့ အဓိကပေါ့။

4C ထဲက C တစ်ခုအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိရင် ကျန်တဲ့ C တွေလည်း တဖြည်းဖြည်းနဲ့ သိလာနိုင်တယ်။ သူများ နိုင်ငံ မှာတော့ သက်ဆိုင်ရာ Subject အလိုက် သေချာ လေ့လာ ထားကြတယ်။ တကယ့် Professional ဆန်တယ်။ အဲဒီထဲက ကိုယ်ဝါသနာပါတာကို ရွေးချယ်လုပ်တာ အကောင်းဆုံးပဲ။

EP က High Voltage ကိုအသုံးများပြီး EC က Low Voltage (DC Level) ကို အသုံးများလို့ တချို့ အယူအဆ တွေဟာ တူညီနိုင်ပေမယ့် လုပ်ငန်းခွင် နဲ့ ပတ်သက်ရင်တော့ ကွဲပြားပါတယ်။

ကျေးဇူးတင်ပါတယ် ။

ကိုမျိုး (အီလက်ထရောနစ် )
Credit

No comments:

Post a Comment