Friday, August 2, 2019

'အလုပ်ထွက်လိုက်ပြီ' လို့ပြောတိုင်း ..

'အလုပ်ထွက်လိုက်ပြီ' လို့ပြောတိုင်း ..

'နှမျောစရာကြီး' လို့ ပြန်ပြောကြတာလေး ခဏခဏကြားရတတ်တာမို့ ရင်ထဲကခံယူချက်ကို ပြောခွင့်ပြုပါ။ ကျွန်မမှားတယ်လို့ထင်ရင်လဲ ဒါဟာကျွန်မခံယူချက်ဖြစ်လို့ ကျွန်မအတွက်တော့မှန်နေပါတယ်

ပညာကိုနှမျောရအောင် အလုပ်ထွက်လိုက်ရင် ကိုယ့်ပညာကို သူတို့ကအကုန်နှုတ်ယူထားလိုက် တာမှမဟုတ်ပဲ။ပညာရွှေအိုး လူမခိုး။ အဓိကက ဘယ်နားနေနေ ကိုယ့်ပညာတုံးမသွားအောင်သွေး နေဖို့ပဲလိုတာပါ။အလုပ်ဝင်ဝင် ထွက်ထွက် ဒီတိုင်းမျောလိုက်နေသူက ဘာမှတိုးမတတ်တော့ပဲ ဆက်လေ့လာနေသူက ပိုတော်သွားတာသဘာဝ ပါပဲ။ လေ့လာရင်မကုန်နိုင်တဲ့ပညာကို ဘယ်နားနေနေလေ့လာချင်စိတ်ပဲလိုပါတယ်။

ဆက်လေ့လာချင်စိတ်ရှိသ၍လေ့လာလို့ရပါတယ်။ Applyလုပ်လို့ရပါတယ်...

နောက်တက်မယ့်ရာထူးတွေမျော်ပြီးနှမျောရအောင်လည်း ထပ်တိုးလာမယ့် responsibility ရယ် ပျောက်သွားမယ့်မိသားစုဘဝရယ်နဲ့ချိန်တွက်ပြီး နှစ်ရှည်လများ bully လုပ်ခံရတာတို့ မမ ဘဘ.အစ်ကို နဲ့ မ နေရမှာတို့ လုပ်ချင်တာရော မလုပ်ချင်တာရော ဝန်နှင့်မမျှလုပ်နေရမှာတို့စတဲ့ ပေးဆပ်သူတို့နှလုံးသားနဲ့ကိုယ်မှမရှင်သန်နိုင်တဲ့ဟာ ဘာရာထူးကိုများမက်မောနေရမလဲ။ ရာထူးပေါ်က မျက်ရည်စက်များ ဘွတစ်ချို့ကို သိနေမင့်ဟာ။

အထက်လူကြီးမဟုတ်တာလုပ်နေတာသိသိ.ကြီးနဲ့လည်းပြန်မပြောနိုင်တာတွေကော...

စားဖားတွေကို.မြင်နေရတာကော..

#(ကိုယ်ဆိုးဆိုးဝါးဝါး bully လုပ်ခံရပြီး အနာဂါတ်လမ်းအားလုံးပိတ်ဆို့ခံခဲ့ရတဲ့အကြောင်းကိုတော့ ဘယ်တော့မှပြောပြမှာမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကို ထိခိုက်စေမှာမလို့ပါ။)

ခရီးသွားဖို့အချိန်. သွားချင်ကွကိုယ်ပိုက်ဆံစုပြီးသွား။ ဝန်ထမ်းမဟုတ်တော့ ခွင့်တိုင်စရာမလို။

'နှမျောစရာ' နဲ့ပါတ်သက်ရင် တစ်ခုစဉ်းစားမိတာ Company .ဌာနကို တိုးတက်အောင်မြင်အောင်လုပ်ပေးနိုင် စွမ်းရှိသူတွေ အရည်အချင်းပြည့်ဝနေသူတွေ အလုပ်ထွက်ကြရင်တော့ အဲ့ဌာနအတွက် နှမျောစရာ လို့မြင်ပါတယ်။ (အရမ်းတော်တဲ့ဆရာကြီးတွေ အလုပ်ထွက်တာ ခနခနတွေ့ဖူးလို့ပါ)

ဝန်ထမ်းဘဝမှာ ပျော်ပြီးတိုးတက်အောင်မြင်နေသူတွေလဲရှိတာပေါ့။ သူ့နည်းလမ်း သူ့ခံယူချက်နဲ့ သူ့ဘွနဲ့သူပေါ့။

#အရေးကြီးတာက ဘဝခရီးကိုသွားဖို့ သက်တောင့်သက်သာရှိမယ့် #ဖိနပ်တစ်ရံလိုတယ်။
ဖိနပ်ကလှပြီးဈေးကြီးလဲ နာပြီးထော့ကျိုးဘဝနဲ့လျောက်နေရရင် ဘယ်လာကောင်းတော့မလဲ။ ဖိနပ်တစ်ရံရဲ့တန်ဖိုးဟာ စီးသူသက်တောင့်သက်သာရှိဖို့နဲ့ ခရီးတွငိဖို့ပဲ။သူ့နေရာနဲ့လိုက်ဖက်တဲ့ဖိနပ်လဲဖြစ်ဖို့လိုပါသေးတယ်။ ဘဝတွေဆိုတာကလဲ ဒီတိုင်းပါပဲ။

ကျွန်မရဲ့ပေါက်နေတဲ့ဖိနပ်ကိုချွတ်ပစ်ပြီး သက်တောင့်သက်သာဖိနပ်လေးစီးလို့ ခုဆို ခြေထောက်ကဒါဏ်ရာတွေပျောက်လို့ ဘဝခရီးဟာချောမွေ့နေပါပြီ။
အရင်က ဖိနပ်မျိုးသူများစီးပြီးလှနေလဲ တွေးမိတာက သူနဲ့အဲ့ဖိနပ်ဂွင်ကျနေလို့ရငိဖြစ်မယ် ဖိနပ်ပေါက်တဲ့ဒါဏ်သူအောင့်ခံနေတာရငိဖြစ်မယ်။ ကိုယ့်အတွက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သိနေတော့ ဘယ်လိုမှမနှမျောတော့တာအမှန်။
ငါတော့မှားပြီလို့ ဘယ်တုန်းကမှ မခံစားရတာအမှန်။

အစတည်းက သက်တောငိ့သက်သာ ဖိနပ်လေးရထားရင်တော့ ဘာပူစရာလိုသလဲ။အေးဆေး။ လေချွန်ပြီး ငါတော့အေးဆေးပဲလို့ပြောမှာပေါ့။ သူ့ဘွနဲ့သူ ကိုယ့်ဘွနဲ့ကိုယ်ပါဆို။

အဓိကက ဘဝခရီးကိုသက်တောငိ့သက်သာ ပျော်ပျော်ရွှင်ရွှင် လျောက်လှမ်းနိုင်ဖို့ပါ။
အလုပ်ဝင်ဝင် အလုပ်ထွက်ထွက် သက်သာတဲ့ဖိနပ်တစ်ရံနဲ့လျောက်လှမ်းရတဲ့ခရီး
ဖြစ်ဖို့လိုပါတယ်။ကိုယ့်ဘဝကိုပျော်ရွှင်ကျေနပ်ဖို့လဲလိုပါတယ်။ဘယ်မှာနေနေအောငိမြင်အောင်လုပ်နိုင်ရင် အောင်မြင်မှာပဲဆိုတာ အလုပ်ဝင်ဖို့ အလုပ်ထွက်ဖို့ ဆုံးဖြတ်မရနိုင် ဗျာများနေသူများအတွက် စဉ်းစားဆုံ့းဖြတ်တ်နိုင်အောင်ပါ။

ဒါမလုပ်တော့ရင် နောက်ထပ်လုပ်ဖို့အလုပ်ရှိနေရင်တော့ ပိုကောင်းပါတယ်။ နေသားမကျခင် ကိုယ့်ကိုယ်ကို occupy လုပ်နိုင်အောင်လို့ပါ။

'ပဋိရူပဒေသ' ဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီနိုငိပါဘူး။
ကိုဟ့်ရဲ့ 'ပဋိရူပဒေသ' အမှန်ကို ရှာဖွေရယူရောက်ရှိနိုင်ပါစေ လို့။ ဆိုးကျိုးတွေသာရှိပြီး ကောင်းကျိုးအလွန်နညိးပါရင် စွန့်လွှတ်သင့်တာကို စွန့်လွှတ်ရဲတာလဲ ပညာရှိခြင်းတစ်မျိုး ရဲရင့်ခြင်းတစ်မျိုးဖြစ်ပါတယ်။ အဓိကက ကိုယ့် ပဋိရူပဒေသ ဟာ ဘယ်မှာဆိုတာ ကိုယ်ဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့လျောက်လှမ်းနိုင်ကြဖို့ပါ။

အလုပ်မဝင်ရသေးသာ အလုပ်ဝင်နေသော အလုပ်ထွက်ပြီးသောသူအားလုံး ပျော်ရွှင်ချမ်းမြေ့စွာ မိမိပညာကို အသုံးချနိုင်ကြပါစေ။ သက်တောင်သက်သာဖိနပ်တစ်စုံနဲ့ ဘဝခရီးလမ်းကိုလျောက်လှမ်းနိုငိပါစေ လို့ဆုတောင်းပေးပါတယ်။

စာရေးသူကို Creditပေးပါတယ်ရှင်

#ကျွန်မကတော့ပေါက်နေတဲ့ဖိနပ်လေးကိုချွတ်ပီးသက်တောင့်သက်သာရှိတဲ့ဖိနပ်လေးရွေးဝတ်ပြီး
သာယာဖြောင့်ဖြူးတဲ့လမ်းကိုကျွန်မချစ်သောမိသားစုနဲ့အတူ.စိတ်ချမ်းသာစွာလျှောက်လှမ်းနိုင်ဖို့ ...အခုကစ..ကြိုးစားနေရင်း...

#credit ​ဒေါက်​တာ စိုးနန္ဒာထက်

No comments:

Post a Comment