သူဌေးကြီးဝါးရင်းဘူးဖတ်ပြောတဲ့အောင်မြင်ရေးစာစုများ
=================================
💰သင့်ရဲ့အမြတ်ကိုပြန်လည်ရင်းနှီးမြှပ်နှံပါ
သင်ငွေရှာနိုင်ပြီဆိုရင် သုံးချင်ဖြုံးချင်လာတယ်။အဲ့လိုမလုပ်ပါနဲ့ ။ပြန်လည်ရင်းနှီးမြှပ်နှံပါ။
💰အများနဲ့ မတူကွဲပြားမှာကိုကြောက်မနေပါနဲ့ 
သင့်ရဲ့ဆုံးဖြတ်ချက်ဟာ တခြားသူတွေ ပြောတာဆိုတာ ထင်တာမြင်တာတွေအပေါ်မှာအခြေမခံပါနဲ့ ။
💰ဘယ်တော့မှတုံ့ ဆိုင်းမနေနဲ့  ။တွေဝေမနေပါနဲ့ 
အကျိုးရှိမယ့်သတင်းအချက်အလက်တွေ ဗဟုသုတတွေကိုစုဆောင်းပါ။ မိမိလုပ်ငန်းနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေ, မိတ်ဆွေတွေကိုမေးမြန်းပါ။
💰အသုံးစရိတ်အသေးအမွှားလေးတွေကိုဂရုစိုက်ပါ
ယိုပေါက်လေးတွေကိုသေချာစီစစ်ပါ။ရေကာတာကြီးတခုတောင် စိမ့်ပေါက်တခုလေးကနေ ကြာရင် ပေါက်သွားခဲ့တာသာဓကတခုပါ
💰အချေးအငှားကိစ္စတွေကိုဂရုစိုက်ပါ
လိုအပ်တာနဲ့ လိုချင်တာကိုခွဲခြားပါ။လိုချင်တိုင်းမဝယ်ပါနဲ့ ။အကြွေးကင်းအောင်အရင်ကြိုးစားပါ။တတ်နိုင်ရင် မချေးမငှားပါနဲ့ ။ငွေစုပါ
💰ဇွဲ့ မလျော့ပါနဲ့ 
သင်ဘယ်တော့မှမလျော့ဘဲ အစွမ်းကုန်ကြိုးစားရင် ဘယ်လိုပြိုင်ဘက်ကိုမဆိုအောင်နိုင်ပါတယ်
💰ငွေကိုဘယ်လိုသုံးစွဲရမလဲဆိုတာသိပါ
" သင့်အတွက်မလိုအပ်တဲ့အရာတွေကိုဝယ်မယ်ဆိုရင်တော့ သင့်အတွက်လိုအပ်တဲ့အရာတွေမကြာခင်ရောင်းထုတ်ပစ်ရတော့မှာဘဲ" - ဝါးရင်းဘူးဖတ်
သင့်ကိုသင်ပြန်မေးပါ။
" ငါဒါကိုတကယ်ကောလိုအပ်လား?"
" ငါအသုံးလွန်နေသလား?"
💰 စွန့် စားပါ
" စွန့် စားတယ်ဆိုတာ ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာမသိခြင်းကလာတယ်"- ဝါးရင်းဘူးဖတ်
လူတိုင်းငွေကိုမြန်မြန်ဆန်ဆန်ရှာချင်ကြ, ချမ်းသာချင်ကြတာပါဘဲ။အမြတ်များများရမယ့်နေရာတွေမှာရင်းနှီးကြတယ်။အချို့ အလိမ်ခံရတယ်။အချို့ ကြီးကြီးမားမားဆုံးရှုံးသွားကြတယ်။ဘာလို့ လဲ? ကျွန်တော်တို့ လောဘကြီးကြတယ်။ရေရဲ့အတိမ်အနက်ကိုဘယ်တော့မှခြေအစုံလုံးနဲ့ မစမ်းသပ်ပါနဲ့ ။
Credit. To. TopTen

No comments:
Post a Comment