ဘယ်မိန်းမကိုမှ မစော်ကားမိစေနဲ့
*************************
ဒီလောကကြီးထဲမှာ
မိခင်လောက် အပြောကျယ်တဲ့
ပင်လယ်ဆိုတာ မရှိပါဘူး
ဒီလောကကြီးထဲမှာ
မိခင်လောက် နက်ရှိုင်းတဲ့
သမုဒ္ဒရာဆိုတာ မရှိပါဘူး ။
ဒီလောကကြီးထဲမှာ
မိခင်လောက် အေးမြမှုပေးတဲ့
လမင်းဆိုတာ မရှိပါဘူး ။
ဒီလောကကြီးထဲမှာ
မိခင်လောက် လှပတဲ့
ပန်းဆိုတာ မရှိပါဘူး ။
ဒီလောကကြီးထဲမှာ
မိခင်လောက် အသံကောင်းတဲ့
တေးသံရှင်ဆိုတာ မရှိပါဘူး ။
ဒီလောကကြီးထဲမှာ
မိခင်လောက် ခွန်အားပေးတဲ့
အရာဆိုတာ မရှိပါဘူး ။
ဒီလောကကြီးထဲမှာ
မိခင်လောက် ရဲရင့်မှုပေးတဲ့
သူရဲကောင်း ဆိုတာ မရှိပါဘူး ။
ဒီလောကကြီးထဲမှာ
မိခင်လောက် ကြီးမြတ်တဲ့သူဆိုတာ
မရှိပါဘူး ။
တကယ်တော့
ဒီစကြာဝဠာကြီးထဲမှာ
အမေတစ်ယောက်လောက်
သတ္တိရှိတဲ့စစ်သားဆိုတာ မရှိပါဘူး ။
မိန်းမတိုင်းဟာ
မိခင်လောင်းများဖြစ်ပါတယ်။
ဒါကြောင့်
ဘယ်မိန်းမကိုမှ သွားပြီး မစော်ကားမိစေနဲ့ ။
Credit
ကိုးတန် မြေသျင်
မော်လိုက်
No comments:
Post a Comment