Wednesday, July 31, 2019

စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာ မှတ်မိနေစေမယ့် နည်းလမ်း ( ၉ ) မျိုး

စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာ
မှတ်မိနေစေမယ့် နည်းလမ်း ( ၉ ) မျိုး


ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက်
ဥာဏ်ကောင်းဖို့ ကျက်သမျှ စာတွေမှတ်မိဖို့ဆိုတာ
တော်တော့်ကို အရေးပါပါတယ်။

စာအရလွယ်အောင် ကျက်ထားသမျှ မှတ်မိအောင်
ဘယ်လိုကျက်ရမလဲလို့ ပတ်ဝန်းကျင်မှာရှိတဲ့
လူအများစုကို မေးကြည့်မယ်ဆိုရင် ထပ်ခါထပ်ခါ
ကျက်ပါလို့ ပဲ အကြံပြုကြမယ်ထင်ပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ တော့ ဒီအဖြေဟာ
ပြည့်စုံတဲ့အဖြေတစ်ခုမဟုတ်ပါဘူး။

စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့်
နည်းလမ်းများပထမဆုံးအနေနဲ့ ဘာမှမလုပ်သေးခင်မှာ
စာကျက်မယ့်သူဟာ ဘယ်လိုကျက်မှတ်တတ်တဲ့
အလေ့အထရှိသလဲဆိုတာကို ဆန်းစစ်ရပါ့မယ်။

အကြားအာရုံနဲ့ မှတ်သားတာကို အားသန်သလား၊
အမြင်အာရုံနဲ့ မှတ်သားတာကို အားသန်တာလား၊
ဒါမှမဟုတ် အတွေ့အကြုံအပေါ် အခြေခံပြီး
လေ့လာမှတ်သားတတ်တဲ့သူလားဆိုတာကို
သိဖို့လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် နားထောင်ပြီးကျက်တတ်တဲ့သူ၊
အော်ကျက်တတ်တဲ့သူလား၊ ဖတ်ပြီးကျက်တတ်သူလား၊
ရေးကျက်တတ်သူလားလို့ ခွဲနိုင်ပါတယ်။

အများစုကတော့ ပုံစံနှစ်မျိုး အနည်းဆုံး ရောယှက်နေတဲ့
သူတွေဖြစ်တတ်ကြပါတယ်။
ကိုယ်အားအသန်ဆုံးဖြစ်တဲ့ မှတ်သားကျက်မှတ်မှု
ပုံစံပေါ်မူတည်ပြီး ဘယ်အဆင့်တွေကို အလေးပေး
လုပ်ဆောင်ရမလဲဆိုတာ ဖော်ပြပေးမည် ဖြစ်ပါတယ်။

၁. ပြင်ဆင်ခြင်း။
🌺🌺🌺🌺

- ပထမဆုံးကတော့ နေရာဖြစ်ပါတယ်။ တစ်ချို့က
ဘယ်လိုနေရာဖြစ်ဖြစ် ကျက်တတ်ပေမဲ့ ကိုယ့်အတွက်
 အနှောင့်အယှက်ကင်းတဲ့နေရာဖြစ်ရင်တော့
စာကျက်တဲ့အခါမှာ အာရုံပိုစူးစိုက်နိုင်ပါလိမ့်မယ်။
လူကိုလည်း သက်တောင့်သက်သာဖြစ်အောင်
မပူလွန်းမအေးလွန်းတဲ့ အခြေအနေမျိုးဖြစ်အောင်
စီမံထားသင့်ပါတယ်။

- ဒုတိယတစ်ချက်က အာဟာရဖြစ်ပါတယ်။
 ပြည့်စုံလုံလောက်တဲ့အစာအာဟာရ စားသောက်ထား
ဖို့လိုပြီး အလွန်အမင်း ဗိုက်ပြည့်အောင်လည်း
မစားရပါဘူး။ ဗိုက်တအားပြည့်တဲ့အခါ အစာမကြေတာ၊
ရင်ပြည့်ရင်ကယ်တာတွေ ဖြစ်တတ်ပြီး အိပ်လည်း
ငိုက်တတ်ပါတယ်။ အစာမစားထားရင်လည်း
ဗိုက်ဆာပြီး စာကျက်တဲ့ဆီမှာ အာရုံမရောက်တော့ပါဘူး
ဖြစ်လာပါလိမ့်မယ်။

- ရေနွေးကြမ်းနည်းနည်းလောက် သောက်ဖို့
အကြံပြုချင်ပါတယ်။ လက်ဖက်ခြောက်ဟာ
မှတ်ဥာဏ်ကောင်းမွန်စေတဲ့ သဘာဝအထောက်အကူ
ပစ္စည်းဖြစ်ပါတယ်။ လက်ဘက်ရည်ကြမ်းမှာပါတဲ့
ဓာတ်တွေဟာ အာရုံကြောတွေကို ကောင်းမွန်စေပြီး
ဦးနှောက်ဆဲလ်တွေကို သက်တမ်းပိုရှည်စေပါတယ်။

၂. သင်သမျှစာကို အသံသွင်းထားပါ။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃

- ဒီနည်းဟာ ဖတ်စာအုပ်တွေမရနိုင်တဲ့အခါမျိုး
စာသင်ခန်းထဲက သင်ကြားမှုကို အဓိကထား
လေ့လာကျက်မှတ်ရမယ့်အချိန်မျိုးမှာ အသုံးဝင်ပါတယ်။

- အခုခေတ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူအသံ
ဖမ်းနိုင်တဲ့အတွက် ဆရာပြောသမျှအရာအားလုံးကို
အချိန်မရွေး ပြန်နားထောင်နိုင်ပါတယ်။

- စာတစ်ပုဒ်ကို မှတ်မိချင်တယ်ဆိုရင် အဲ့ဒီစာကို
ကိုယ်တိုင်ပြန်ဖတ်ပြီး အသံသွင်းထားပါ၊ ပြီးရင်
ပြန်နားထောင်ပေးပါ၊ အကြားအာရုံနဲ့ မှတ်သား
တတ်သူတွေအတွက် ဒီနည်းလမ်းဟာ
တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၃. အားလုံးကိုချရေးပါ
🌹🌹🌹🌹🌹🌹

- ဘာစာကိုမှ မကျက်မှတ်သေးခင်မှာ ကိုယ်ကျက်မှတ်မယ့်
 အချက်အလက်တွေကို အစအဆုံးချရေးဖို့လိုပါတယ်။
ဒီနည်းလမ်းဟာ ကျက်ရမယ့် စာနဲ့
ပိုပြီးရင်းနီးလာစေပါတယ်။

- အသံဖမ်းထားတာကို နားထောင်နေရင်းနဲ့
ချရေးမယ်ဆိုရင် ပိုပြီးများများမှတ်မိနိုင်ပါတယ်။

- ဒီလိုချရေးတဲ့နည်းလမ်းဟာ အတွေ့အကြုံနဲ့
မှတ်သားတတ်သူတွေအတွက် အသုံးအဝင်ဆုံး
နည်းလမ်းလည်းဖြစ်ပါတယ်။

၎ .မှတ်စုကို အပိုင်းလိုက်ခွဲထားပါ။
🌻🌻🌻🌻🌻🌻🌻🌻🌻

- ကျက်မယ့်စာတွေကို မှတ်စုစာအုပ်တစ်အုပ်ထဲမှာ
ချရေးပြီးပြီဆိုရင်တော့ အဲ့ဒီမှတ်စုကို အပိုင်း
လိုက်ပြန်ခွဲပေးဖို့လိုပါတယ်။

- ဒီနည်းကတော့ အမြင်အာရုံနဲ့ လေ့လာတတ်သူတွေ
အတွက်ဖြစ်ပါတယ်။ ကဏ္ဍတစ်ခုချင်းစီအလိုက်
ကွဲပြားအောင် ရောင်စုံမှင်တွေသုံးပြီး အပိုင်းလိုက်
 ပိုင်းခြားပြထားရင် ပိုကောင်းပါတယ်။

- ဒီနည်းလမ်းနဲ့ တစ်ပိုင်းချင်းစီကို ဖတ်ရင်း
 သက်ဆိုင်ရာအကြောင်းအရာတွေကို ဦးနှောက်ထဲမှာ
အပိုင်းလိုက်ခွဲပြီး စတင်နှိုင်းယှဉ်မှတ်သားမိလာပါလိမ့်မယ်။

၅. အပိုင်းလိုက် ထပ်ခါထပ်ခါကျက်မှတ်ပါ။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

- စာတစ်ကြောင်းချင်းစီကို ထပ်ခါထပ်ခါဖတ်ပြီး
မကြည့်ဘဲ ပြန်စဉ်းစားကြည့်ပါ။ တစ်ကြောင်းချင်းစီကို
မှတ်မိပြီဆိုရင် အရင်မှတ်မိထားတာနဲ့ ပြန်ပေါင်းစဉ်းစားပါ။

- ဒီနည်းနဲ့ အပိုင်းတစ်ပိုင်းလုံးကို လုံးဝမှတ်မိလာတဲ့
အထိ ထပ်ခါထပ်ခါကျက်မှတ်ရပါ့မယ်။
စိတ်ရှည်ဖို့တော့လိုအပ်ပါတယ်။ အစအဆုံး
လုံးပြီးကျက်တာထက် ဒီနည်းက ပိုမြန်မြန်ရလွယ်
မှတ်မိလွယ်ပါတယ်။

- စာတစ်ပိုင်းကို လုံးလုံးလျားလျားမှတ်မိတဲ့
အခြေအနေအထိ မရောက်မချင်း နောက်တစ်ပိုင်းကို
ဆက်မကူးပါနဲ့။ ဒီနည်းဟာ အမြင်အာရုံနဲ့
မှတ်သားမှုနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့်
အသံထွက်ပြီးရွတ်ဆိုမယ်ဆိုရင်တော့
အကြားအာရုံနဲ့ပါ မှတ်သားပြီးသားဖြစ်သွားပါလိမ့်မည်။

၆. အလွတ်ပြန်ချရေးပါ။
🌸🌸🌸🌸🌸🌸

- အပိုင်းအားလုံးကို မှတ်မိသွားပြီဆိုရင်
အလွတ်ပြန်ချရေးကြည့်ရပါ့မယ်။ ဒီနည်းကတော့
ကျက်မှတ်ထားသမျှကို လက်တွေ့မှတ်သားမှု
နည်းလမ်းနဲ့ ထပ်အားဖြည့်ပေးတာပါပဲ ဖြစ်ပါတယ်။

၇. ပြန်သင်ပေးပါ။
💐💐💐💐💐

- ဒီနည်းလမ်းကတော့ တကယ့်ကို ထိရောက်ကောင်းမွန်တဲ့
 မှတ်သားမှုနည်းလမ်း ဖြစ်ပါတယ်။

- ကိုယ်တိုင်လေ့လာမှတ်သားထားတဲ့ အရာတစ်ခုကို
တခြားသူတွေကို ပြန်သင်လိုက်တဲ့အတွက်
ပိုပြီးမှတ်မိလွယ်ပါတယ်။

- အဲ့ဒီလိုသင်တဲ့အခါမှာလည်း ပုံစံအမျိုးမျိုးနဲ့
သင်ပေးလို့ရပါတယ်။ ကိုယ့်အတန်းဖော်တွေကို
သင်ပေးနိုင်သလို ကိုယ့်ကိုယ်လည်း ပြန်သင်ပေး
တာမျိုးလုပ်နိုင်ပါတယ်။

- ပိုပြီးထိရောက်တဲ့နည်းလမ်းကတော့
မေးခွန်းထုတ်ကြည့်တာပါပဲ၊ ကိုယ်မှတ်သားနေတဲ့
 အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းပုံစံအမျိုးမျိုးနဲ့
 ဘယ်လိုမေးနိုင်မလဲဆိုပြီး ထုတ်ကြည့်သင့်ပါတယ်။

- ဒီနည်းနဲ့ ဘယ်အချက်တွေကို ပိုအလေးပေး
မှတ်သားသင့်တယ်ဆိုတဲ့ အတွေ့အကြုံကောင်းတွေလည်း
ရနိုင်ပါလိမ့်မယ်၊ ဒီနည်းလမ်းဟာ လက်တွေ့မှတ်သားတဲ့
နည်းထဲမှာ အကျုံးဝင်ပေမဲ့ အမြင်နဲ့ အကြားအာရုံ
မှတ်သားမှုတွေကိုလည်း အလျဉ်းသင့်သလို
အသုံးပြုသွားနိုင်ပါတယ်။

၈. အသံသွင်းထားတာတွေ ပြန်နားထောင်ပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

- ကားစီးနေချိန် ဒါမှမဟုတ် အဝတ်လျှော်နေချိန်လိုမျိုး
 စာကျက်ဖို့မဟုတ်တဲ့ နေရာနဲ့ အချိန်တွေမှာ
အသံသွင်းထားတာတွေကို ပြန်နားထောင်ရပါ့မယ်။

- ဒီနည်းနဲ့ မှတ်သားမယ့်အချက်အလက်တွေကို
ပိုပြီးစွဲထင်မှတ်မိစေပါတယ်။

၉. အနားယူပါ။
🍁🍁🍁🍁

- နောက်ဆုံးအဆင့်ကတော့ စိတ်ကို အနားပေးခြင်း
ဖြစ်ပါတယ်။

- လက်ရှိကျက်မှတ်နေတဲ့အရာကို မစဉ်းစားဘဲ
ခဏလောက်နေပြီးမှ ပြန်ကျက်မှတ်ပါ။

- ဒီနည်းအားဖြင့် သိပ်မမှတ်မိတဲ့ အကြောင်းအရာတွေကို
သတိထားမိပြီး ထပ်ကျက်ဖို့လိုသေးတဲ့နေရာတွေမှာ
 ပိုအလေးပေးကျက်နိုင်ပါလိမ့်မယ် ဖြစ်ပါတယ်။

Thi Ha🇲🇲
Credit

မြန်မာပြည်မှ… အထွေထွေဗဟုသုတများ

မြန်မာပြည်မှ… အထွေထွေဗဟုသုတများ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

-  မင်းတုန်းမင်းကြီးသည် နံနက် အိပ်ရာထရာတွင် ကိုယ်ခန္ဓာတော် မနံစေရအောင် စံပယ်ဆီများဖြင့် မိဖုရားများက လိမ်းပွတ်ပေးရသည်။

-  မင်းတုန်းမင်းကြီးသည် စံပယ်ဆီဖြင့်သာ ကိုယ်ကို လိမ်းပွတ်ခံပြီး လုံးဝ ရေမချိုးခဲ့ပါ။

-  ဦးရာဇတ်သည် အခြားသူများအတွက် အသနားခံစာကို စေတနာသက်သက်ဖြင့် ရေးပေးတတ်သဖြင့် မန္တလေးမြို့သူမြို့သားများက
' စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီး ' ဟု ခေါ်ခဲ့ကြသည်။

-  မြန်မာ့စတီရီယိုလောကတွင် အောင်မင်း(သုခမိန်လှိုင်)၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ မင်းချစ်သူတို့အား ' မင်းလေးမင်း ' ဟု ခေါ်ကြသည်။ ( ဆရာ ဆက်ပိုင်က ' မင်းကြီးလေးပါး ' ဟု ခေါ်ဆိုကြောင်း ထောက်ပြထားပါသည်။ )

-  မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဗီလိန်(villain) လူဆိုးခန်းတွင် အများဆုံးသရုပ်ဆောင်၍ ရှားရှားပါးပါး အကယ်ဒမီဆွတ်ခူးခဲ့သူ ငါးဦးမှာ - ၁။ ဦးကျောက်လုံး၊
၂။ ဦးအံ့ကျော်၊
၃။ အောင်ခိုင်၊
၎။ ဖိုးကျော်၊
၅။ ကျော်သောင်းကြီး တို့ ဖြစ်ကြသည်။

-  ဒါရိုက်တာ ထွန်းလင်းကျော် (လူရွှင်တော် ပါနောက်)၏ ' လင်းဆွဲ ' ဇာတ်ကားရိုက်ကူးစဉ် လူကြမ်းသရုပ်ဆောင် အကယ်ဒမီ စိုးတင့်သည် ငမိုးရိပ်ချောင်းအတွင်းသို့ ဒိုင်ဗင်ထိုးချရာ၌ သေဆုံးသွားခဲ့သည်။

-  မင်းသားကြီး ရွှေဘ ပထမဆုံးပါဝင်သည့် ' သတ္တိ ဗျတ္တိ ' ဇာတ်ကားရိုက်ကူးစဉ် စော်ဘွားကြီးကုန်းထက်မှ ဆိုင်ကယ်ရော လူပါ ခုန်ချခဲ့ရာ မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် ရွှေဘက အောက်သို့ရောက်သွားပြီး ဆိုင်ကယ်က ရွှေဘအပေါ်ကျကာ ရိုက်မိလိုက်၍ ခါးကျိုးသွားခဲ့သည်။

- ' အဘရေ ' ဇာတ်ကား၌ ဦးဘကလေးသည် လူပျော်ကြီး ဦးရွှေရိုးအဖြစ် ပုဆိုး ခါးတောင်းကျိုက်ပြီး ပုသိမ်ထီးဆောင်းကာ ခြေတဆတ်ဆတ် ကပြရာမှ ဦးရွှေရိုးအက စတင်ခဲ့ခြင်းဖြစ်သည်။

-  ကာတွန်းဆရာနှင့် ဟာသသရုပ်ဆောင် ဦးဘကလေးသည် ' မှိုင်းဝေဝေ ' ဇာတ်ကားအတွက် ဘုန်းကြီးကျောင်းသား သာဂိအဖြစ် သရုပ်ဆောင်ရန် သရက်တောကျောင်းတိုက်ဝမှနေ၍ ဘုန်းကြီးကျောင်းသားများ၏ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံများကို ကိုယ်တိုင် အသေးစိတ် သွားရောက်လေ့လာခဲ့သည်။

-  ဟာသသရုပ်ဆောင်၊ ကာတွန်းဆရာ ဦးဘကလေးသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည်။

-  မြန်မာ့ရုပ်ရှင်သမိုင်း၌ မိတ်ကပ်ဖြင့် ရုပ်ပြောင်းရုပ်လွှဲလုပ်ကာ ပထမဆုံးသရုပ်ဆောင်ခဲ့သူမှာ ကာတွန်း ဦးဘကလေးဖြစ်သည်။

-  မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားရိုက်ကူးရင်း မျက်လုံးထိခိုက်ခဲ့သော သရုပ်ဆောင်နှစ်ဦးမှာ မင်းသားကြီး ရွှေဘနှင့် မင်းသားကြီး ဌေးဝင်းတို့ ဖြစ်ကြသည်။ ( မှတ်ချက်။   ။ ရွှေဘသည် 'ရွှေဓားဗိုလ်' ဇာတ်ကားတွင် ကျော်ဇော၏ဓားချက်ဖြင့် မျက်လုံးတစ်ဖက် ဒဏ်ရာရခဲ့ပြီး ဌေးဝင်းကမူ ' ညီမအတွက် ပုံတစ်သွယ် ' ဇာတ်ကားတွင် ယမ်းစမှန်၍ မျက်လုံးတစ်ဖက် ထိခိုက်ခဲ့သည်။ )

- ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေသည် ရုပ်ရှင်သရုပ်ဆောင်မဖြစ်မီက ကမာရွတ်-အင်းစိန်သို့ ပြေးဆွဲသော ဘတ်စ်ကားလိုင်းတွင် စပယ်ရာ(ယာဉ်နောက်လိုက်) လုပ်ခဲ့ဖူးသည်။

- ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝင်းဦး၏ ပထမဆုံးကလောင်အမည်မှာ ' ညိုမင်းလွင် ' ဖြစ်သည်။

- ဂီတစာဆိုကြီး မြို့မငြိမ်းသည် (၁၉၅၅) ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် မန္တလေး စိန်ပန်းသံလျက်မှော် အနောက်ပိုင်း တမာရိပ်အနီးတွင် အုတ်သယ်ကားဘီးအောက် ဝင်းတိုး၍ ကွယ်လွန်ခဲ့သည်။

- နာမည်ကြီး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား (Dr. No) တွင် သူနာပြုဆရာမလေးအဖြစ် သရုပ်ဆောင်ခဲ့သူမှာ ရန်ကုန်မြို့မှ စိန်ဂျွန်းကွန်ဗင့်ကျောင်းထွက် မြန်မာအမျိုးသမီး ' ဆေနာစိန် ' ဖြစ်သည်

-  ရုပ်ရှင်သရုပ်ဆောင် ကျော်သောင်းကြီး (ဖြေလျော့ခွေဇာတ်ကား) နှင့် ဇော်လင်း (တိုက်ပွဲခေါ်သံဇာတ်ကား) တို့သည် ကွယ်လွန်ပြီးကာမှ ရုပ်ရှင်အကယ်ဒမီ ရွှေစင်ရုပ်ဆုချီးမြှင့်ခြင်းခံရသူများ ဖြစ်ကြသည်။

- ' ဇနီး ' ၏အဓိပ္ပါယ်မှာ ခင်ပွန်းယောက်ျား၏ 'ဇ' နှင့် နီးစပ်အောင် ပေါင်းသင်းနိုင်သူ ဖြစ်သည်။

-  စာရေးဆရာ သိပ္ပံမောင်ဝ(ဦးစိန်တင်) သည် (၁၉၄၂) ခုနှစ်တွင် ကန့်ဘလူမြို့နယ်၊ ဝါးတောရွာ၌ ဓားပြများက လူမှားသတ်မိ၍ ကွယ်လွန်ခဲ့သည်။

-  စာရေးဆရာကြီး ပီမိုးနင်းသည် အသက် (၅၇) နှစ်အရွယ်တွင် စက်ဘီးတိုက်ခံရ၍ (၁၉၄၀) ပြည့်နှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

- အချုပ်တန်း ဆရာဖေသည် ရှမ်းပြည်နယ်၌ ခေတ္တနေထိုင်စဉ် သင်္ကြန်အတွင်း ရေပက်ခံထွက်ရာမှ အအေးမိ အပြင်းဖျားကာ သူငယ်ချင်းဖြစ်သူ ဦးထွန်းဝ၏လက်ပေါ်တွင် အသက်ပျောက်ခဲ့သည်။

-  စာရေးဆရာ မင်းဆွေသည် (၁၉၄၉) ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ဆေးလိပ်သွားဝယ်ဦးမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ရာ ယနေ့တိုင် သေသည် ရှင်သည်မသိ ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။

-  စာရေးဆရာ မောင်သိန်းဆိုင်သည် (၂၀၀၆) ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ (Excel Tower) အဆောက်အဦတွင် ပြုလုပ်သော ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲအခမ်းအနား၌ စကားပြောကြားရင်း ရုတ်တရက် မူးမေ့လဲကျ ကွယ်လွန်သွားခဲ့သည်။

-  မင်္ဂလာပါ ဟူသော နှုတ်ခွန်းဆက်စကားကို တီထွင်ခဲ့သူမှာ ထွန်းနေ့စဉ်မှ ဦးထွန်းဖေ ဖြစ်သည်။

- ' ကုလသမဂ္ဂ ' ဟူသော ပါဠိအမည်ဖြင့် မှည့်ခေါ်သော ဝေါဟာရအား သူရိယသတင်းစာတွင် ပထမဆုံးအကြိမ် သုံးစွဲခဲ့သည်။

- သတင်းထောက် ဟူသော ဝေါဟာရအား သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိုင်က (၁၉၃၀) ပြည့်နှစ် ဝန်းကျင်ခန့်က တီထွင်ခဲ့ခြင်းဖြစ်ပြီး ' သတင်းထောက် ' ဟူသော ဝေါဟာရ မပေါ်မီက သတင်းစာကိုယ်စားလှယ် ဟု ခေါ်ဝေါ်ခဲ့ကြသည်။

- ' မိုင်ဒါ ' ကွင်း(ယနေ့အခေါ် မြို့မကွင်း) သည် အိန္ဒိယဝေါဟာရ ' မိုင်ဒန်း ' (maidan) မှ ဆင်းသက်လာပြီး ' ကွင်းပြင်ကျယ် ' (သို့) ' စစ်ရေးပြကွင်း ' ဟု အဓိပ္ပါယ်ရသည်။

+ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ သီးသန့်ပိုင်ဆိုင်သောမြစ်မှာ ဧရာဝတီမြစ်ဖြစ်ပြီး ' မိခင်မြစ် ' ဟု တင်စားခေါ်ဝေါ်ကြသည်။

+ ဘူမိဗေဒပညာရှင်များ၏အဆိုအရ ဧရာဝတီမြစ်ကြီးသည် သက်တမ်း နှစ်ပေါင်း (၁၅) သန်းရှိပြီး ' ဧရာဝတီ ' ဟူသော အမည်ဖြင့် ကျော်ကြားခဲ့သည်ကပင် နှစ်ပေါင်း ၁၆၀၀ ကျော်ပြီဖြစ်သည်။

-  မြန်မာက သတ်မှတ်သော ' ပင်လယ်ရေမျက်နှာပြင် ' (sea level) မှာ ကျိုက္ခမီတွင် ' သုည ' ဟု သတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးကိုလိုက်၍ ယှဉ်ခြင်းဖြစ်သည်။

-  မြန်မာနိုင်ငံသည် ဩစတြေးလျ၏ ငါးပုံတစ်ပုံ၊ အမေရိကား၏ သုံးဆယ်ပုံတစ်ပုံသာ ရှိသည်။

- ဓာတုကလျာသည် နတ်သျှင်နောင်ထက် အသက် (၁၀) နှစ်ကျော် ကြီးသည်။

Thi Ha🇲🇲
Credit

နှစ်​သက်​ရင်

🌿 ပေးဆပ်ရတာကို နှစ်သက်ရင်…
🌿 အကျိုးကျေးဇူးတွေ များသည်ထက် များလာပါသတဲ့။

🌿 ကျေးဇူးသိတတ်ခြင်းကို နှစ်သက်ရင်...
🌿 အဆင်ပြေမှုတွေ များသည်ထက် များလာပါသတဲ့။

🌿 သူတစ်ပါးကို ကူညီရတာကို နှစ်သက်ရင်...
🌿 ဖေးမစောင့်ရှောက်မှုတွေ များသည်ထက် များလာပါသတဲ့။

🌿 မကျေမနပ် ညည်းတွားပြောဆိုရတာကို နှစ်သက်ရင်...
🌿 ဦးနှောက်ခြောက်စရာတွေ များသည်ထက် များလာပါသတဲ့။

🌿 ရောင့်ရဲတင်းတိမ်တာကို နှစ်သက်ရင်...
🌿 ပျော်ရွှင်ခြင်းတွေ များသည်ထက် များလာပါသတဲ့။

🌿 ရှောင်ပုန်း ရှောင်လွှဲတာကို နှစ်သက်ရင်...
🌿 ကျရှုံးခြင်းတွေ များသည်ထက် များလာပါသတဲ့။

🌿 မျှဝေတာကို နှစ်သက်ရင်...
🌿အပေါင်းအသင်းမိတ်ဆွေတွေ များသည်ထက် များလာပါသတဲ့။

🌿 စိတ်တိုဒေါသထွက်ရတာကို နှစ်သက်ရင်...
🌿 အနာရောဂါတွေ များသည်ထက် များလာပါသတဲ့။

🌿 အချောင်ရလိုစိတ်ကို နှစ်သက်ရင်...
🌿 ဆင်းရဲခြင်းတွေ များသည်ထက် များလာပါသတဲ့။

🌿 တပ်မက်တွယ်တာမှုတွေကို နှစ်သက်ရင်...
🌿 နာကျင်ခြင်းတွေ များသည်ထက် များလာပါသတဲ့။

🌿 ဥစ္စာပစ္စည်းပေးကမ်းရတာကို နှစ်သက်ရင်...
🌿 ချမ်းသာခြင်းတွေ များသည်ထက် များလာပါသတဲ့။

🌿 သင်ယူရတာကို နှစ်သက်ရင်...
🌿 အသိဥာဏ်ပညာတွေ များသည်ထက် များလာပါသတဲ့။

Thi Ha🇲🇲
Credit

လင်ကွန်း ၏ ခေါင်းဆောင်မှု ကျင့်စဉ်များ(မှတ်စုများ)

လင်ကွန်း ၏ ခေါင်းဆောင်မှု ကျင့်စဉ်များ(မှတ်စုများ)

• မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။

•   ရောက်လေရာတွင် အခငွ့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံ သဘောတရားများကို ဖော်ထုတ်ပါ။

•   ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။

•   ‘လှည့်လည်ခေါင်းဆောင်မှု’ နည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။

•   မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရယ်ွပါနှင့်။ နိမ့်နိမ့်ချိန်ပါ၊ သာမန်ပြည်သူတွေ သဘောပေါက်ပါလိမ့်မည်။ သူတို့သာလျှင် သင်၏ပစ်မှတ်ဖြစ်သည်။

•   အမြင်ကို ဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထို့နောက် ထိုနှစ်ခုကို အနာဂတ်နှင့် ပေါင်းကူးပေးပါ။

•   ဆန်းသစ်သောအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်း သဘောပေါက်ပါ။

•   လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာခံစားချက်မျိုး မကျန်ရစ် စေရန် ကြိုးစားပါ။

•   စကားပြောသောအခါ ပင်ကိုသဘာဝအတိုင်း ရိုးသားစွာပြောပါ၊ မ၀င့်ဝါပါနှင့်၊ အထက်စီးလေသံ မပါပါ စေနှင့်။ မိမိအား သူတို့တစ်သက်လုံး သိကျွမ်းလာခဲ့ခြင်းဖြစ်သည်ဟူ၍ လူတွေထင်မှတ်ကျန်ရစ်ပါစေ။

•   လူတွေကို မိမိဘက်ပါအောင် ဆွဲဆောင်ရာတွင် ဟာသဉာဏ်သည် အဓိကအရေးပါသော အဂါင်္တစ်ရပ် ဖြစ်သည် ဟူသော အချက်ကို မမေ့ပါနှင့်။

•   ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သော ဆေးစမွ်းကောင်းဖြစ်သည်။

•   ရယ်စရာ ပုံတိုပတ်စများဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်လျှင် ပို၍ ထိရောက်သည်။

•   အခြားသူများ၏ လေကြောရှည် အကျိုးမဲ့ ဆွေးနေွးချက်များကိုဖြစ်စေ၊ မိမိ၏ ကြိုးစားပမ်းစား ရှင်းလင်း ချက်များကိုဖြစ်စေ ဆီလျော်လျောက်ပတ်သော ပုံတိုပတ်စကလေးဖြင့် ရှောင်ရှားနိုင်သည်။

•   လက်အောက်ငယ်သားများနှင့် အလွတ်သဘော စကားလက်ဆုံ ပြောခြင်းဖြင့် သစ္စာရှိမှုကို ပို၍ ရရှိနိုင်သည်။

•   မိမိအဖွဲ့အစည်း၏ အာဝဇ္ဇန်းအကောင်းဆုံး စကားပြောတတ်သူ ဖြစ်ပါစေ။

•   လက်တန်းအဟောအပြောကောင်းခြင်းသည် လူထုပရိသတ် သဘောကျစေသော နည်းလမ်းဖြစ်သည်။

•   စကားပြောနေစဉ် ကိုယ်ဟန်မူရာ အမျိုးမျိုးကို အသုံးပြုပါ။

•   လူထုပရိသတ်ရှေ့တွင် စကားမပြောမီ ပြောမည့်အကြောင်းအရာကို စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်ပါ။

•   မိမိ ရေးသည့်စာဟူသမျှ ပုံနှိပ်ပြီးမှသာ ကျေနပ်ပါ၊ မိမိ ပြောသည့်စကားမှန်သမျှ ပြောပြီးမှသာ ကျေနပ်ပါ။

•   ဘာစကားမှ မပြောဘဲ နေသင့်သည့်ကာလများရှိသည်ကို သတိရပါ။ `ကျွန်တော် ငြိမ်ငြိမ်ကလေးပဲ နေပါရစေ´ ဟု ပရိသတ်ကို ပြောပါ။

•   အများရှေ့မှာ စကားပြောနေစဉ် အမှားမပါပါစေနှင့်။ အမှားပြောမိလျှင် မိမိကိုသာမဟုတ်၊ မိမိ၏ အဖွဲ့အစည်းကိုပါ ထိခိုက်စေနိုင်သည်။

•   စကားဖြင့်ပြောခြင်းနှင့် စာဖြင့်ပြောခြင်းကို တစ်ခါတစ်ရံ တွဲသုံးသင့်သည်။ ဤနည်းဖြင့် အာရုံနှစ်ခုကို ခံစားရလိမ့်မည်။ မိမိရော လက်အောက်ငယ်သားများပါ ပို၍ သဘောပေါက်နားလည်လာလိမ့်မည်။

•   လက်ရှိအခြေအနေတွင် အခက်အခေဲတွ တောင်လိုပုံနေလျှင် အခြေအနေနှင့်အတူ မြင့်တက်ပါ၊ အသစ်တွေးပါ၊ အသစ်လုပ်ပါ။

•   မိမိလူတွေ မအောင်မြင်လျှင်လည်း သူတို့အပေါ်တွင် ယုံကြည်မှု လျော့မသွားပါနှင့်။

•   မိမိသည် သူတို့အကြံဉာဏ်များကို အမြဲတမ်းလိုလားကြောင်း လက်အောက်ငယ်သားများ သိပါစေ။

•   ဘယ်တော့မျှ မကြိုးစားလျှင် ဘယ်တော့မျှ မအောင်မြင်နိုင်။

•   ကျယ်ပြန့်သော မူဝါဒကိစ္စများမှတစ်ပါး အခြားကိစ္စများတွင် အထက်အမိန့်ကို စောင့်မနေဘဲ မိမိတို့၏ ဦးဆောင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ကြရန် လက်အောက်ငယ်သားများအား အားပေးပါ။

•   အတော်ဆုံး ခေါင်းဆောင်များသည် အမြဲတမ်း လေ့လာဆည်းပူးနေသည် ဟူသော အချက်ကို မမေ့ပါနှင့်။

•   မိမိ၏ ပတ်ပတ်လည်တွင် ကိုယ့်အလုပ်ကိုယ်သိသောသူများသာ ရှိပါစေ၊ ‘ပုတ်သင်ခေါင်းညိတ်’ လူစားမျိုးတွေ မရှိပါစေနှင့်။

•   အသစ် တိုးတက်မှုတွေကို အသုံးချရန် လက်မနှေးပါနှင့်၊ မိမိ၏ တပ်သားများ လက်ထဲသို့ လက်နက် သစ်တွေ ချက်ချင်းရောက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။

•   တာဝန်ယူတတ်ပြီး စွန့်စားလုပ်ကိုင်တတ်သူများကိုသာ မိမိ၏ အဓိကလက်အောက်ခံ အမှုဆောင် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပါ။

•   ရှေ့တန်းသို့ထွက်ပါ၊ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါ။

•   အမှုထမ်းများက မိမိ၏အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အား ပြစ်တင်ဝေဖန်လာပါက စပ်ွစဲချွက် မှန်ကန်လျှင် ထိုပုဂ္ဂိုလ်အား ဖယ်ရှားပစ်ရန် မကြောက်ပါနှင့်။

•   မိမိနောက်လိုက်များအား အတတ်နိုင်ဆုံး အထောက်အကူပေးပါ။

•   စမွ်းဆောင်ရည်မရှိသူများအား စမွ်းဆောင်ရည်ပြည့်ဝလာအောင် သုံးလမှ ငါးလအထိ ‘သိက္ခာဆည်ချိန်’ ပေးပါ။

•   အလုပ်ကောင်းကောင်းမလုပ်လျှင် အာဏာကို တဖြည်းဖြည်းလျှော့ချပါ။ ပြုပြင်ပြောင်းလဲနိုင်အောင် အချိန်လုံလောက်စွာပေးပါ။

•   ဘာမျှ အလုပ်မလုပ်ဘဲ သတင်းအချက်အလက်များကိုသာ တစ်ပုံတစ်ပင်ကြီး စုဆောင်းနေသော လက်အောက်ခံပုဂ္ဂိုလ်မျိုးကို သတိထားပါ။

•   အမှုဆောင်သစ်အား လမ်းမှန်ကို လျှောက်နိုင်အောင် သင်ပြပါ၊ လမ်းညွှန်ပါ။ မိမိက သူ့အား အလုပ်ဖြစ်စေလိုကြောင်း သူသိပါစေ။

•   ရရဲင့်ပြတ်သားသော ခေါင်းဆောင်များသည် သူတို့လို လူသားမျိုးကိုသာ လက်အောက်ခံအဖြစ် ရေွးကြသည်။

•   အတင်းဖိတိုက်သင့်လျှင် အတင်းဖိတိုက်ပါစေ။

•   မိမိ၏ နောက်လိုက်ငယ်သားများအား ပူးပေါင်းဆောင်ရက်ွစေခြင်းဖြင့် စည်းရုံးပါ။

•   လက်အောက်ငယ်သားများ စိတ်ပါလက်ပါ ချက်ချင်း လိုက်နာဆောင်ရက်ွနိုင်မည့် ရေတိုပန်းတိုင်များကို တိကျပြတ်သားစွာ သတ်မှတ်ပါ။

•   အုပ်စုတစ်ခု၏ ခေါင်းဆောင်အဖြစ်နှင့် တစ်စုံတစ်ခုကို လုပ်နိုင်သောပုဂ္ဂိုလ်က အုပ်စုတစ်ရာ၏ ခေါင်းဆောင်အဖြစ်နှင့် ဘာတစ်ခုမျှ မလုပ်နိုင်သော ပုဂ္ဂိုလ်အား ကျော်တက်သွားလိမ့်မည်။

•   တစ်ခါတစ်ရံ အခက်အခကဲို တိုက်ရိုက်ဖြတ်ကျော်ခြင်းထက် သွယ်ဝိုက်ဖြေရှင်းခြင်းက ပို၍ အကျိုးရှိ နိုင်သည်။

•   ယနေ့ လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
•   စစ်ပဲကွို မဟာဗျူဟာသက်သက်ဖြင့် မအောင်မြင်နိုင်၊ အတင်းဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ပို၍ အောင်မြင်နိုင်သည်။

•   နိစ္စဓူဝအားမာန်အပြည့်ဖြင့် မလုပ်လျှင် ဘယ်လုပ်ငန်းမျှ မပြီးမြောက်နိုင်။

•   တစ်ဝက်တစ်ပျက်သာပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။

•   ခေါင်းဆောင်ကောင်းသည် သူ့လုပ်ငန်းပြီးမြောက်သောအခါ၊ သူ့ရည်မှန်းချက် အောင်မြင်သောအခါ လက်အောက်ငယ်သားများအား ‘ဒီအလုပ်ကို ကျွန်တော်တို့ကိုယ်တိုင် လုပ်တာ’ ဟူ၍ ဂုဏ်ယူပြောကြားခငွ့်ပြုသည်။

•   နောက်လိုက်များကြောင့် အနှောင့်အယှက်မဖြစ်ပါနှင့်၊ မလုံမခြုံမဖြစ်ပါနှင့်။

•   အချင်းချင်း ပဋိပက္ခဖြစ်နေသူများအား မျက်နှာချင်းဆိုင် ဆုံပေးပြီး ညှိနှိုင်းဆွေးနေွးစေပါ။ မိမိက လမ်းညွှန် ထိန်းမတ်ပေးပါ။

•   လုပ်ငန်းအောင်မြင်လျှင် လက်အောက်ငယ်သားများ ဂုဏ်ယူကြပါစေ။ လုပ်ငန်းမအောင်မြင်လျှင် မိမိကြောင့်ဟု ထင်ကြပါစေ။

•   လက်အောက်ငယ်သားများထံသို့ သူတို့မှန်သည်၊ မိမိမှားသည်ဆိုသော ပုဂ္ဂိုလ်ရေးပေးစာများ ရေးပို့ပါ။

•   လက်အောက်ငယ်သားများက အကြံကောင်း ဉာဏ်ကောင်းများ တင်ပြလာလျှင် လက်တွေ့ အကောင် အထည်ဖော်ခိုင်းပါ။ သို့သော် မိမိက လုပ်ငန်းတိုးတက်မှုအတွက် ကြပ်မတ်ပေးပါ။

•   ရှေ့တန်းတပ်မှူးများ မအောင်မြင်လျှင် မိမိလည်း မအောင်မြင်၊ မိမိ၏အလုပ်အမှုဆောင်များလည်း မအောင်မြင်။

•   အဖွဲ့အစည်းတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်တွင် မတည်ဆိုသည်ကို ဘယ်တော့မျှ မမေ့ပါနှင့်။

•   မိမိ၏ အဖွဲ့အစည်းတွင် အခက်ခဆဲုံး လုပ်ဆောင်ရသူများအား အကြီးကျယ်ဆုံး ဂုဏ်ပြုချီးကျူးပါ။

•   အစိတ်အပိုင်းလေးတစ်ခု (သို့မဟုတ်) နှစ်ခု ဆုံးရှုံးမှုကို ရှောင်ရန်အလို့ငှာ အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်တော့မျှ စတေးမခံပါနှင့်။

•   တွေဝေမှု၊ စိတ်ဓာတ်ကျမှုနှင့် အရေးပေါ်လိုအပ်မှုတို့ကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်ကောင်းအမည် ခံယူပါ။

•   အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မျှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။

•   မိမိ၏ အင်အားအချက်အချာအားလုံးကို စနွ့်လွှတ်မပစ်ပါနှင့်၊ ပြိုင်ဘက်က ဖြတ်ခုတ်သွားလိမ့်မည်။

•   သင့်အား ဦးစွာမတိုင်ပင်ဘဲ သင့်တာဝန်ကို လက်အောက်လူက ဘယ်တော့မျှ အကောင်အထည် မဖော်ပါ စေနှင့်။

•   သင်၏လက်အောက်လူကို ‘သမ္မတယင်လောက်ကြီး’ ကိုက်နေလျှင် ယင်ကောင်ကြီးကို ပုတ်ထုတ် မပစ်ပါနှင့်။

•   ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်စုပါ၊ ဖြေရှင်းချက်မျိုးစုံရှာပါ၊ အကျိုးဆက်များကို ကြိုတွေးကြည့်ပါ။ မိမိ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက် ဖြစ်ပါစေ။ နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်သူများအား ထိထိရောက်ရောက် တာဝန်ပေးအပ်ပါ။

•   ပထမဦးစွာ ဆန္ဒခံယူပါ၊ ဆန္ဒခံယူခြင်းဖြင့် အလုပ်မဖြစ်မှသာ အာဏာကို သုံးပါ။

•   တစ်သမတ်တည်း ဖြောင့်မတ်ခိုင်ကျည်မှုကို မိမိ၏လုပ်ငန်းစက်ယန္တရားတွင် ခေွးသွားစိပ် တစ်ခုသဖွယ် သတ်မှတ်ပါ။

•   စမ်းချောင်းကို ဖြတ်ကူးနေစဉ် မြင်းကို အရောင်းအ၀ယ်မလုပ်ပါနှင့်။
•   အသုံးကျတဲ့ ဖချဲပ်တွေ အကုန်လုံးသုံးပြီးတော့မှ ဖဲဝိုင်းက ထပါ။

•   မိမိ၏ လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲတမ်း ကြိုဆိုလက်ခံပါ။

•   အမှုထမ်းများ၏ လုံခြုံရေးကို အလေးထားသလို အမှုထမ်းများ စနွ့်စားလုပ်ချင်စိတ် ပေါ်လာနိုင်သည့် အခြေအနေကိုလည်း ဖန်တီးပေးပါ။

•   အလွန်ဒေါသထွက်သောအခါ စိတ်ကိုထိန်းပြီး စာရေး၍ ဖငွ့်အန်ပစ်ပါ။ သို့သော် ထိုစာကို သက်ဆိုင်သူထံ မပို့ဘဲ သိမ်းထားလိုက်ပါ။

•   ရန်သူကို ထုချေရှင်းလင်းမနေပါနှင့်။

•   ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဋိပက္ခများကို အထူးရှောင်ပါ။

•   ဒေါသ မများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖတ်ရှုခြင်းမှ ရှောင်ကြဉ်ပါ။

•   စိတ်လှုပ်ရှားနေသော လူထုကို မကြောက်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပငွ့်ပငွ့်လင်းလင်း ပြောပြပါ။

•   ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲ ဝေဖန်မှုကို အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်သည်။

•   ကိုယ်သိသလောက်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ ပြီးဆုံးအောင်အထိ လုပ်ပါ။

•   မတရားစွပ်စဲချွက်ကို တစ်ကြိမ်အရှုံးပေးလိုက်လျှင် နောက်ထပ်စပ်ွစဲချွက်များအတွက် လမ်းဖငွ့် ပေးလိုက် သလို ဖြစ်သွားနိုင်သည်။

•   မိမိအား အုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို့မဟုတ် နှစ်စုလုံးက ဝေဖန်ထိုးနှက်ခြင်းမပြုလျှင် မိမိ မှန်ကောင်းမှန်နိုင်သည်။ သို့သော် တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုက ချီးကျူးထောမနာ ပြုတာမျိုးကိုတော့ သတိထားပါ။

•   တိုက်ပဲတွင် ရှုံးနိမ့်ခြေရှိခြင်းကြောင့် မိမိက မှန်ကန်သည်ဟု ယုံကြည်သောလုပ်ရပ်ကို စနွ့်လွှတ်မပစ်ပါနှင့်။

•   လူတစ်ယောက်အား နှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏မိတ်ဆွေများသည် မိမိအဖွဲ့အစည်းအတွက် ထာဝရ ရန်သူများ ဖြစ်လာနိုင်သည်။

•   အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရယ်ွချက်သည် ဘယ်လိုမျှ အကျိုးမပြု။

•   နာမည်ကောင်းထွက်သော ခေါင်းဆောင်ထံသို့သာ လူတွေချဉ်းကပ်ချင်ကြသည်။

•   တစ်ခါတစ်ရံ မသိယောင်ဆောင်နေလိုက်ခြင်းသည် အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။

•   သာမန်အကြောင်းများကြောင့် လူငယ်များအား ဘ၀မပျက်ပါစေနှင့်။
•   မလိုတမာစိတ်ကို ရှောင်ပါ၊ မေတ္တာစေတနာကို ဆောင်ပါ။

•   မိမိ၏ အကောင်းဆုံးအပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။

•   လက်အောက်ငယ်သားများအား တူညီသော လွတ်လပ်မှုနှင့် တူညီသော အခငွ့်အရေးပေးပါ။

•   မိမိ အမြင့်သို့ရောက်သွားသောအခါ အောက်ကို ပြန်ကြည့်ပြီး နောက်ကလူကို အကူအညီပေးပါ။

•   နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ်ဆောင်ရက်ွပါ။

•   မှန်မှန်ကန်ကန်ရပ်သောသူနှင့် အတူရပ်ပါ၊ သူ မှန်ကန်နေလျှင် သူနှင့်အတူတူရပ်ပါ။ သူအမှား လုပ်သောအခါ သူ့ကို စနွ့်ခွာလိုက်ပါ။
•   လုပ်ရပ်မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ၀န်မပိပါစေနှင့်။

•   အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တိုးတက်မြှင့်တင်ရန်နှင့် ပူးပေါင်းအကျိုးဆောင်သူများကို ကူညီရန်မှာ ခေါင်းဆောင်၏ တာဝန်ဖြစ်သည်။

•   ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထပ်ဘယ်တော့မျှ ရရှိနိုင်တော့မည်မဟုတ်။

•   ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့်၊ ညှိနှိုင်းစေ့စပ်ရန် လက်အောက်ငယ်သားများအား အမြဲတမ်း ဖျောင်းဖျဆွဲဆောင်ပါ။

•   အင်အားကို နောက်ဆုံး အားကိုးရာအဖြစ်သာ သုံးပါ။

•   နောက်လိုက်ငယ်သားများက သူတို့လုပ်ရပ်ကို သူတို့စိတ်ကူးဖြင့် လုပ်သည်ဟု ယုံကြည်ချင်ကြကြောင်းကို သတိရပါ။ ထို့ထက် သူတို့လုပ်ရပ်သည် အများနှင့်မတူ တမူထူးခြားသည်ဟု ယုံကြည်ချင်ကြကြောင်းကို သတိရပါ။

•   နောက်လိုက်ငယ်သားကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည် မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ကြောင်း သူယုံကြည်အောင် ပထမဦးစွာ ပြသပါ။

•   နောက်လိုက်များကို မိမိက ဦးဆောင်ရန် သူတို့၏ သဘောတူညီမှုကို အရင်ရယူပါ။

•   နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲေဝပေးပါ။

•   အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနေွးတိုင်ပင်ပြီးမှ ဆောင်ရက်ွပါ။

•   တစ်ကြိမ်တွင် စစ်ပဲတွစ်ပဲသွာ ဆင်နွဲပါ။

•   လက်အောက်ငယ်သားများက သင့်အား ပြတ်သားသူ၊ တည်ကြည်သူ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် သူဟူ၍ ယုံကြည်လာအောင် ကြိုးစားပါ၊ သူတို့က သင့်အား ယုံကြည်လေးစားလာလိမ့်မည်။

•   အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးသိက္ခာတို့ကို တစ်ခါတစ်ရံ ‘ဘေးချိတ်’ထားရ၏။

•   လူ့သဘော လူ့မနောကို နားလည်ရေးအတွက်  အချိန်နှင့်ပိုက်ဆံ ရင်းနှီးမြှုပ်နှံပါ။

•   လူ့အပြုအမူကို အတိုင်းအတာတစ်ခုအထိ ပြုပြင်၍ရနိုင်သော်လည်း လူ့သဘာဝကို ပြောင်းလဲ၍ မရနိုင်ကြောင်း သတိရပါ။

•   သနားကြင်နာခြင်း၊ ဂရုစိုက်ခြင်းသည် ကောင်းမန်ွသောဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်သည်။

•   မျှော်လင့်ချက်ကုန်ဆုံးလျှင် စိတ်ဓာတ်ကျသည်။

•   ရှင်းလင်းစွာ ရေးသား၍ ပြဿနာဖြေရှင်းနည်းကို အကြံပေးဖော်ပြပါ။

•   သင်သည် လူတွေကြားတွင် မကြောက်မလန့် သွားလာနေသည်ဟု လူတွေက ထင်ပါစေ။

•   လက်အောက်ငယ်သားများနှင့် ရှောင်တခင် တွေ့ဆုံဆက်ဆံပါ။ တမင်စီစဉ်တွေ့ဆုံခြင်းကဲ့သို့ပင်  အကျိုးရှိနိုင်သည်။

•   လာတွေ့သောဧည့်သည်များကို မတွေ့ဘဲ မကြာခဏ ပြန်မလွှတ်ပါနှင့်။

•   ပြည်သူ့ထင်မြင်ချက်များ အမြဲရနေအောင် ဖန်တီးပါ။

•   ‘လူတိုင်း ချီးကျူးခံချင်သည်’ဆိုခြင်းကို သတိရပါ။

•   သင်၏ လက်အောက်ငယ်သားများ မတ်တတ်ရပ်နေနိုင်လျှင် သင်လည်း မတ်တတ်ရပ်နေနိုင်သည်။ ကိုယ်တိုင် နမူနာကောင်း ပြပါ။

•   စိတ်ချရသော နောက်ဆုံးသတင်းအချက်အလက်မှန်ကို ရနိုင်အောင် ကြိုးစားပါ။


အရှင် ဇဋိလ (ရမ္မာဝတီ)

စာရေးဆရာ မောင်ပေါ်ထွန်း၏ 'စံပြခေါင်းဆောင်မှု' စာအုပ်မှ ကောင်းနိုးနိုးရာရာများတို့အားမှတ်စုရေးကာကောက်နှုတ်ဖ်ာပြပါသည်။
Credit

ယုန်လိုသာ မအိပ်ဘူးဆိုရင် သင် လိပ်ကို နိုင်မှာပါ


"လူ"ဆိုတာ အမြင့်တစ်နေရာရောက်နေလဲ
        အောက်ခြေဘဝနဲ့
        "ဘယ်လို စခဲ့ရတယ်"ဆိုတာကို
        မမေ့သင့်ပါဘူး ။ ။

ယုန်လိုသာ မအိပ်ဘူးဆိုရင်
        သင် လိပ်ကို နိုင်မှာပါ ။ ။

မနက်ဖြန်အတွက်
        ပူပင်သောက ရောက်မနေပါနဲ့ ။
        ယနေ့ လုပ်ဆောင်ဖွယ်ရာများကို
        အကောင်းဆုံး ပြုလုပ်ပါ ။ ။

အတိတ်ကံဆိုးလေ ပစ္စုပ္ပန်ကံကောင်းအောင်
        အားထုတ်ဖို့လိုလေ ဖြစ်သည် ။ ။

သူတစ်ပါးမှာ အမှားတစ်ခုခု ,
        ချို့ယွင်းချက်တစ်ခုခုများ တွေ့တဲ့အခါ
        ကိုယ့်မျက်နှာကို မှန်ထဲကြည့်နေသလို
        သေဘာထားပါ ။ ။

ဆံပင်ဖြူများသည်
        အသက်အရွယ်၏ သင်္ကေတ ဖြစ်သည် ။
        ဉာဏ်ပညာ မဟုတ် ။ ။

ဆိုးရွားသည့် အကြောင်းအရာများကို
        ချိုသာပျော့ပျောင်းစွာ ပြောပြပါ ။

အချိန်အခါမသင့်လျော်ဘဲ
        ပြောသည့်စကားသည်
        ဘဝတစ်ခုလုံးကို ထိခိုက်နစ်နာစေသည် ။
ရိုင်းပျခြင်းသည် မိမိအနာဂတ်ကို
        ဖျက်ဆီးသည့်အရာ ဖြစ်သည် ။ ။

 အလုပ်တစ်ခုလုပ်ရင်
        မဖြစ်မှာကို ထည့်မစဉ်းစားနဲ့ ။
        မဖြစ်ရင် အရင်းအတိုင်းပဲ ။
        "အတွေ့အကြုံ"ဆိုတဲ့
        အမြတ်တောင် ရလိုက်သေးတယ် ။
        ဖြစ်ရင်တော့ အမြတ်ချည်းပဲ ။ ။

 crd#

မွဲကြည့်လိုက်ပါ။

မွဲကြည့်လိုက်ပါ။
*************

မင်းဘာကောင်လဲဆိုတာ
ကိုယ်တိုင်မသိသေးရင် မွဲကြည့်လိုက်ပါ။

မင်းသူငယ်​ချင်း​တွေကြားမှာ
မင်းဘယ်လောက် အရေးပါ
အရာရောက်လဲဆိုတာသိချင်ရင်
မွဲကြည့်လိုက်ပါ။

မင်း ချစ်သူ မင်းကိုဘယ်လောက်ချစ်လဲ
ဆိုတာသိချင်ရင် မွဲကြည့်လိုက်ပါ။

မင်းရဲ့ဖြစ်တည်မှုတစ်ခုက
Society တစ်ခုမှာ ဘယ်လောက်
အရေးပါလဲ သိချင်ရင် မွဲကြည့်လိုက်ပါ။

မွဲခြင်းဟာ မင်းဘဝရဲ့ အမှန်တရားတစ်ခု
သို့မဟုတ်  မင်းဘေးက အ​ယောင်​​ဆောင်
တော်တော်များများကို မြင်သာနိုင်စွမ်း
ရှိလာပါလိမ့်မယ်။

ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ်
မွဲကြည့်လိုက်ပါ။

#cd

လူသိများတဲ့ စစ်သားဘ၀ကနေ ကူးပြောင်းခဲ့သော အနုပညာရှင်တွေ


စစ်သားဆိုတာနဲ့  မေတ္တာဓါတ်ခံနည်းတယ်၊

နှလုံးသားမရှိဘူး၊

ချစ်ခြင်းမုန်းခြင်းကင်းကြတယ်လို့ တစ်ချို့ ကထင်ကြတယ်။

တကယ်တော့စစ်သားထဲမှာ အနုပညာသမားတွေ အများကြီးရှိပါတယ်။

စစ်သားထဲမှာ ဓါတ်ပုံဆရာတွေရှိတယ်၊

စစ်သားထဲမှာ ပန်းချီဆရာတွေရှိတယ်၊

စစ်သားထဲမှာ တေးရေးဆရာတွေရှိတယ်၊

စစ်သားထဲမှာ သရုပ်ဆောင်တွေရှိတယ်၊

စစ်သားထဲမှာစာရေးဆရာတွေရှိတယ်။

ကျတော့်သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်
မင်းတို့ စစ်သားတွေရေးတဲ့စာတွေက
ရင်ဘတ်နဲ့ ရေးတဲ့စာများတယ်ကွတဲ့။

စစ်သားဆိုတာနဲ့  လူကြမ်းမဟုတ်ပါဘူး။

ကျလာမယ့်မျက်ရည်ကို ထိန်းထားရင်းနဲ့ 
တစ်ခါတစ်လေ ခံစားချက်မဲ့သလိုဖြစ်
သွားတာကလွဲရင် စစ်သားအားလုံးမှာ
အနုပညာဓါတ်ခံရှိကြောင်း ကျတော်မုချ ပြောရဲပါတယ်။

ကျတော်သိသလောက် စစ်သားဘ၀ကနေ မြန်မာပြည်ရဲ
့အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ
ဖြစ်သွားသူများကို စုစည်းတင်ပြပေးလိုက်ပါတယ်။

ကျန်ခဲ့သည်ရှိသော် ကွန်မန့် လေးများပေးသွားပါအုံး

(၁ ) ရုပ်ရှင်မင်းသားရွှေဘ
(ဘီဒီအေ တပ်သားဟောင်း)

(၂) ရုပ်ရှင်မင်းသားဝင်းဦး

(၃) ပြည်လှဖေ (အဆိုတော်)

(၄)ဒါရိုက်တာဦးမောင်မောင်မြင့်

(၅) စာရေးဆရာတက္ကသိုလ်တင်ခ

(၆) စာရေးဆရာ ထီလာစစ်သူ

(၇) မြင်းမူမောင်နိင်မိုး

(၈) မောင်သော်က

(၉) ဒါရိုက်တာအောင်ကျည်ထွဏ်း

(၁၀) စာရေးဆရာမြတ်ထန်

(၁၁) ဒေါက်တာမောင်မောင်

(၁၂) သရုပ်ဆောင်ညီဂျော်

(၁၃) ဒါရိုက်တာတင်သန်းဦး

(၁၄) စာရေးဆရာဒါရိုက်တာ မြသန်းစံ

(၁၅) ဒါရိုက်တာမောင်သင်

(၁၆) ပန်းချီလှမြင့်ဆွေ

(၁၇) အဆိုတော်နေရဲမာန်

(၁၈) စာရေးဆရာလင်းသိုက်ညွန့် 
(မြန်မာ့မြေ)

(၁၉) စာရေးဆရာသောင်းဝေဦး

(၂၀) တက္ကသိုလ် မောင်သန့် စင်

(၂၁) သိပ္ပံမှူုးတင်

(၂၂) ပန်းချီလှမြင့်ဆွေ

(၂၃) မြ၀တီမင်းကြီးဦးစ

(၂၄) နတ်သျှင်နောင်

အခုရေးထားတာကတော့ လူသိများတဲ့ စစ်သားဘ၀ကနေ
ကူးပြောင်းခဲ့သော အနုပညာရှင်တွေပါ 

ကျန်တဲ့နယ်ပယ်တွေမျာ ရှိတဲ့
အနုပညာရှင်တွေအများကြီးရှိပါသေး
တယ်။

#Htoo Wai Aung

1.8.2018memory
Credit

မင်းရောက်နေတာ တိရိစ္ဆာန်ရုံလေ!"

ကုလားအုပ် ကလေးက ကုလားအုပ် အမေကြီးကို မေးတယ်။

"မေမေ မေမေ! သားတို့ ကျောမှာ ဘုကြီး ပါနေတာ ဘာလို့လဲ မေမေ!"

ကုလားအုပ် အမေကြီးက ရှင်းပြတယ်။ "အဲ့ဒါကြီးက အစာ နဲ့ ရေ သိုလှောင်တာ ငါ့သားရဲ့။ ကန္တာရထဲမှာ အစာရှာမရပဲ ရက်ရှည်လများ ခရီး သွားရရင် အစာခံနိုင်အောင်ပေါ့ကွယ်"

ကုလားအုပ်ကလေး - အော်.......

တအောင့်နေတော့ ကုလားအုပ်ကလေး ထပ်မေးပြန်တယ်။ "မေမေ! ခြေထောက်! ခြေထောက်တွေကရော ဘာလို့ ရှည်ပြီး အောက်မှာ ဝိုင်းနေရတာလဲ မေမေ!"

ကုလားအုပ် အမေကြီးက ထပ်ရှင်းပြတယ်။ "အော်... ဒါမှ မေမေတို့ ကန္တာရထဲ လျှောက်ရင် သဲထဲ မနစ်မှာပေါ့။ ဒါမှ ပိုလွယ်မှာပေါ့ကွဲ့"

ကုလားအုပ်ကလေး - အော်......

တအောင့်နေတော့... "မေမေရေ! ဟော့ဒီ မျက်တောင်မွှေးတွေကရော ဘာလို့ အရမ်းရှည်နေရတာတုန်း မေမေ!" တစ်ခါတစ်လေ အားကြီး ရှုပ်တာပဲ!"

ကုလားအုပ် အမေကြီး - "အမယ်... ဒီ မျက်တောင်မွှေးတွေက သားမျက်စိတွေကို ကန္တာရထဲမှာ သဲမုန်တိုင်းတွေ ဒဏ်က ကာကွယ်ပေးနေတာ ကွဲ့။"

ကုလားအုပ်ကလေး - အော်...

ခနနေတော့ စဉ်းစားရခက်တဲ့ပုံနဲ့ ကုလားအုပ်ကလေးက မေးတယ်။ "မေမေ... ပြောသလိုဆိုရင်... ကျောက ဘုကြီးဟာ ကန္တာရထဲမှာ အစာနဲ့ရေ ပြတ်မသွားဖို့... ခြေထောက်ရှည် ဝိုင်းဝိုင်းကြီးတွေက ကန္တာရထဲမှာ သဲမနစ်ဖို့... မျက်တောင်မွှေးတွေက ကန္တာရထဲက သဲမုန်တိုင်းဒဏ်ကို ကာဖို့... ဒါပေမယ့်... ခုထိ သားတို့ အစာလည်း မပြတ်.. သဲလဲ မနစ်.. ပြီးတော့ သဲမုန်တိုင်းကရော.. ဘယ်ချိန် လာလာတိုက်သွားတာတုန်း မေမေ?"

ကုလားအုပ် အမေကြီး - "ငါ့သား။ မင်းရောက်နေတာ တိရိစ္ဆာန်ရုံလေ!"

သင်ခန်းစာ - အရည်အချင်းတွေ ဆိုတာ သူ့နေရာ သူမှန်မှသာ အသုံးဝင်လေ့ ရှိပါတယ်။ နေရာတွေပြောင်းသွားတာနဲ့ အရည်အချင်းတွေ အကုန် မြောင်းထဲ ရောက်တာပါပဲ။

#kyawnge
Credit

အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီတမျိုးမျိုး ဖြန်းထားသင့်သလား?

အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီတမျိုးမျိုး ဖြန်းထားသင့်သလား?

ကျွန်တော့်ဆိုင်မှာ ဆီဖျန်းဖို့လာလာမေးကြတယ့် ကာစတန်မာများကို အကြိမ်ကြိမ် ဖြေကြားပေးနေရပါတယ်။

အောက်ပိုင်းဆီဖျန်းရင် ဆိုးကျိုးတွေ အဖြစ်များတာသိထားလို့ ငွေရဖို့ တစ်ခုတည်းအတွက် အလုပ်မလုပ်ချင်တယ့်အတွက် မလုပ်ဆောင်ပေးပါခင်ဗျာ။

အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီတမျိုးမျိုး ဖြန်းထားသင့်သလား?

လူတွေက ကားအောက်ပိုင်းကို သံချေးမကိုက်အောင် သန့်ရှင်းရလွယ်ကူအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇယ်လို ဆီတမျိုးမျိုး ဖြန်းထားလေ့ရှိပါတယ်။

ဆီဖြန်းထားလိုက်တဲ့အခါ ကားအစိတ်အပိုင်းတွေဟာ အရောင်စိုလာပြီး သစ်လွင်သန့်ရှင်းနေတယ် ထင်ရပါတယ်။ ကားအောက်ပိုင်းက ထွက်နေကျအသံတွေ ပျောက်သွားပြီး စိတ်ကျေနပ်မှုရပါတယ်။

သင့်ကားကို ရေဆေး ဆာဗစ်ရှင်းအပ်တဲ့အခါ ရိုးရိုးဆေးမလား ဒီဇယ်နဲ့ဆေးမလား မေးပါလိမ့်မယ်။ ဒီဇယ်သုံးမယ်ဆို အားလုံးဆေးပြီးသွားတဲ့အခါ ကားအောက်ပိုင်းကို ဒီဇယ်ဖြန်းပေးပါလိမ့်မယ်။

ကားပိုင်ရှင်ရဲ့ တောင်းဆိုမှုကြောင့်ဖြစ်စေ အလုပ်ရုံရဲ့
လုပ်ထုံးနည်းအရဖြစ်စေ အင်ဂျင်ခန်းကိုလည်း ဒီဇယ်ဖြန်းထားတတ်ပါသေးတယ်။

အဲ့ဒီလိုလုပ်ခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ?

ကားအောက်ပိုင်းကို ဒီဇယ် ဒါမှမဟုတ် အဲ့လိုဆီတမျိုးမျိုးဖြန်းတာဟာ (အထူးသဖြင့် ပူနွေးတဲ့ဒေသတွေမှာ) ရာဘာဘွတ်တွေကို လျင်မြန်စွာ ပျက်စီးစေပါတယ်။

ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်ကတော့ ဆီတွေဟာ ဖုန်မှုန့်တွေကိုဆွဲကပ်ထားပြီး မာခဲလာခါ ဆွဲထိန်းတွေရဲ့လှုပ်ရှားတဲ့အစိတ်အပိုင်းတွေကို ပွန်းစားစေပါတယ်။

ဒါ့အပြင် စိုထိုင်းဆများတဲ့ဒေသမှာ ဖုန်မှုန့်နဲ့ရောနေတဲ့ဆီတွေဟာ အစိုဓါတ်နဲ့ဆားဓါတ်တွေကို ပိတ်လှောင်ထားပြီး ကားအောက်ခံထည်တွေကို လျင်မြန်စွာ ယိုယွင်းပျက်စီးစေပါတယ်။

O2 sensors နဲ့ suspension sensors တွေကိုလည်း ချို့ယွင်းစေပါတယ်။

ဝါယာရိန်းများနဲ့ အင်ဂျင်ခန်းကို ဖြန်းထားတဲ့အခါ အင်ဂျင်ပူလာချိန်မှာ ဝါယာရိန်းများနဲ့ ပလပ်စတစ်အပေါ်လွှာတွေဟာ မူလခံနိုင်ရည်ထက် ပိုပူလာပြီး ကျွတ်ဆပ်မာကြောလာခါ ကွဲပြတ်ပြီး ရှော့ဖြစ်ဖို့ကို ဦးတည်နေပါတယ်။

ရာဘာအစိပ်အပိုင်းများနဲ့ ပိုက်များကိုလည်း ပျက်စီးစေပါတယ်။ သင့်ရဲ့အင်ဂျင်ခန်းကို ဘယ်တော့မှ ဒီဇယ်ဖြန်းမထားပါနဲ့။ ဆာဗစ်လုပ်သူက ဖြန်းဖို့ပြင်နေရင် တားပါ။

အကြံပြုချက်တခုမှာတော့ ကားအောက်ပိုင်း စက်မှုအစိပ်အပိုင်းတွေကို ဒီဇယ်ဖြန်း ခဏထားပြီး ပြောင်အောင်ရေနဲ့ ဆေးကြောတာတော့ လုပ်လို့ရပါတယ်။ အင်ဂျင်ခန်းကိုတော့ မဖြန်းသင့်ဘူးလို့ ဆိုပါတယ်။

ကားထုတ်လုပ်သူတွေရဲ့ ပြုပြင်ထိန်းသိမ်းရေး ညွှန်ကြားချက်တွေမှာ ကားအောက်ပိုင်းနဲ့ အင်ဂျင်ခန်းကို ဆီတမျိုးမျိုးဖြန်းထားဖို့ ညွှန်ကြားထားတာ မတွေ့ရဘဲ အဲ့ဒီအစား အင်ဂျင်ဝိုင် ဂီယာဝိုင် ဘရိတ်ဆီ စတဲ့ ဆီတမျိုးမျိုးထည့်တဲ့အခါ ဘေးကိုမဖိတ်စင်အောင် ဂရုစိုက်ဖို့နဲ့ ဖိတ်စင်သွားတဲ့ဆီတွေဟာ ကားရဲ့အစိပ်အပိုင်းတွေကို ပျက်စီးစေလိမ့်မယ်လို့ ဆိုပါတယ်။

ကားအင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီချေးများနဲ့ ညစ်ပတ်မနေအောင် ဆေးကြောဖို့ ညွှန်ကြားပါတယ်။

ဒီတော့ ဆေးကြောဖို့အတွက် ရာဘာနဲ့ ဝါယာရိန်းတွေကို မထိခိုက်စေတဲ့ engine degreaser ကိုသုံးပါ။

 သံချေးမကိုက်ဖို့အတွက် under car coatings များကိုသုံးသင့်ပါတယ်။ ကားထုတ်လုပ်သူတွေက ကားအောက်ပိုင်းကို coatings တစ်ထပ်လုပ်ထားပေးပြီးဖြစ်တာကြောင့် ယေဘူယျအားဖြင့်ရေဆေးရုံနဲ့လုံလောက်ပါသတဲ့။

Credit

Tuesday, July 30, 2019

[စီးပွားရေးစတင်မယ်ဆိုရင် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်(၆)ချက် ]

[စီးပွားရေးစတင်မယ်ဆိုရင် မဖြစ်မနေလုပ်ဆောင်ရမည့်
အချက်(၆)ချက် ]
.
 စီးပွားရေးလုပ်မည့်လူငယ်တွေအနေနဲ့ လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် အရိုးရှင်းဆုံးအချက်(၆)ချက်ကို စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ မဖြစ်မနေသိထားသင့်တဲ့ အချက်တွေမို့ မျှဝေလိုက်ရပါတယ် ။

1.Write a one-page business plan.
( တစ်မျက်နှာစာ Business Plan တစ်ခုဆွဲပါ )
ပြီးပြည့်စုံတဲ့ Business Plan ကသာလျှင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို ပုံဖော်နိုင်မှာဖြစ်ပါတယ် ။Business Plan နဲ့ပက်သက်ပြီး Chat Box မှစုံစမ်းမေးမြန်းနိုင်သလို ၊ အပတ်စဉ် Business Content တွေမျှဝေပေးနေတာမို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ် ။
.
2.Decide on a budget.
( အရင်းအနှီးအတွက် ဆုံးဖြတ်ပါ )
ကိုယ်နိုင်တဲ့ Budget ကိုတွက်ချက်ပြီး အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ပါ ။ မနိုင်ဝန်ထမ်းတာမျိုး၊ ချေးငွေအလွန်အကျွံ သုံးစွဲတာမျိုး မပြုလုပ်သင့်ပါ ။ Budget ကိုစနစ်တကျလုပ်ဆောင်တဲ့ အကျင့်ကိုမွေးမြူးပါ ။
.
3.Decide on a legal entity.
( လုပ်ငန်းခွင်နေရာအတွက် စဉ်းစားပါ )
လုပ်ငန်းတစ်ခုစတင်လည်ပတ်နိုင်မည့် နေရာထိုင်ခင်းတစ်ခုရှိဖို့ မဖြစ်မနေလိုအပ်ပါတယ် ။ကိုယ့်ရဲ့လုပ်ငန်းက ကြီးကြီးသေးသေး ကိုယ့်ရဲ့ Business Owner တွေနဲ့ Customer တွေအတွက် ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခုကို သင်ထည့်စဉ်းစားဖို့လိုပါမယ် ။
.
4.Take care of the money.
( ၀င်ငွေ၊ ထွက်ငွေ ဂရုစိုက်ပါ )
Finicical Problem တွေ မဖြစ်စေဖို့အတွက် လုပ်ငန်းစတင်ကတည်းက အသုံးစရိတ်၊ ၀င်ငွေထွက်ငွေတွေကို သေချာတွက်ချက်ပါ ။ မိသားစုလုပ်ငန်းဖြစ်နေရင်တောင် ငွေသုံးစွဲမှုအတိုင်းအတာကို စီစစ်နိုင်ပါတယ် ။
.
5.Get your website.
( ကိုယ်ပိုင် Website တစ်ခုတည်ဆောက်ပါ )
ယနေ့ခေတ်မှာတော့ လုပ်ငန်းတိုင်းက ကိုယ်ပိုင်Website တစ်ခုရှိဖို့လိုအပ်ပါတယ်။  Website ရှိခြင်းရဲ့အကျိုးကျေးဇူးကတော့ ပြည်တွင်းသာမက ပြည်ပက Customer တွေကိုပါ ဆွဲဆောင်နိုင်ပြီး Growth ဖြစ်ဖို့အတက်လည်း အထောက်အကူပြုနိုင်ပါတယ် ။ Website အတွက်တော့ ငွေကြေးအနည်းငယ်စတင်အသုံးပြုဖို့လိုအပ်ပါမယ် ။
.
6.Test sales.
( အစမ်းရောင်းကြည့်ပါ )
လုပ်ငန်းစတင်လည်ပတ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Product ကိုစတင်ဖြန့်ချိပါ ၊ Customer Feedback ကို တန်ဖိုးထားပါ ။ အားသာချက် ၊ အားနည်းချက်တွေကို ပြင်ဆင်ပါ ။ ပြိုင်ဘက်တွေဆီကလေ့လာပြီး မတူညီတဲ့ပုံစံနဲ့ သင့်ရဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကို စတင်လိုက်ပါ ။ နောက်ထပ်လည်း စီးပွားရေးစတင်မည့်လူငယ်တွေအတွက် သိထားသင့်တဲ့အကြောင်းအရာတွေကို မျှဝေပါဦးမယ်။ ။
.
Ref : Entrepreneurs
credit to လင်းမိုးစက် ( My Business Diary )

အကျိုးရှိမယ်ထင်ရင် ဒီပို့စ်လေးကို ပြန်လည်မျှဝေပေးပါဦး ။

ထပ်ဆင့်ပြန်လည်မျှဝေပါသည်။

⚠️လျှပ်စစ်အသားပေါင်းအိုး အသုံးပြုမည့်သူများ သိထားရမည့် အချက် (၁၁)ချက်⚠️

⚠️လျှပ်စစ်အသားပေါင်းအိုး အသုံးပြုမည့်သူများ သိထားရမည့် အချက် (၁၁)ချက်⚠️
ဗန်းစကား(ချက်ချက်ချက်)ပေါင်းအိုး
============================


၁)✔ပထမဦးစွာ ဘာမှ မချက်မကိုင် ပလပ်မထိုးမှီ အိုးအဖုံး ဖွင့်နည်းလေးအရင်ပြောချင်ပါတယ်... (လွယ်ပေမယ့် သေချာစေချင်လို့ပါ) အိုးအဖုံး ကိုင်းကိုကိုင်ပြီး နာရီလက်တံသွားတဲ့ အတိုင်း (ညာဘက်ကို) အရစ်ဆုံးသွားတဲ့အထိလှည့်ပါ...ပြီးရင် ကိုင်းကနေ "မ"လိုက်တာနဲ့ ပွင့်သွားပါပြီ✔

၂)✔ပြီးမှ အိုးအတွင်းသားကိုအပြင်ထုတ်ပြီး မိမိချက်ချင်တဲ့ အစားအစာ, အသားငါး အနှစ်အစာပလာကို လိုအပ်သလို ထည့်ပါ✔

၃)✔ထည့်ပြီးလို့ အိုးအတွင်းသားကို ပြန်ထည့်တော့မယ်ဆိုရင် အိုးရဲ့ အတွင်းကွိုင်ပတ်လည်ကို အဝတ်ခြောက်နဲ့ အမှိုက်မရှိရလေအောင် မညစ်ပတ်လေအောင်သေချာသုတ်ပေးပါ.. အဝတ်စတွေ မကျကျန်အောင်လည်း ဂရုစိုက်ပါ (အမှိုက်ခြောက်တို့ အဝတ်စတို့က ကွိုင်ပူလာရင် လောင်ကျွမ်းနိုင်လို့ပါ အန္တရာယ်ရယ်လို့မရှိပေမယ့် ကြာရှည်ခံအောင် အသုံးပြုနိုင်ရန်ပါ)✔

၎)✔ပြီးတာနဲ့ အိုးအတွင်းသားကိုပြန်ထည့်ပါ... နောက်တစ်ခုက အရေးကြီးတဲ့ အဖုံးပိတ်ခြင်းပါ✔

၅)✔အဖုံးကို ဖွင့်တုန်းက အတိုင်း ကျအောင်ဖိပိတ်ပြီးနာရီလက်တံ ပြောင်းပြန် အတိုင်းလှည့်၍ အထစ်ကလေး အဆုံးထိ ရောက်တဲ့အထိ (ကလစ်)လို့ အသံမည်အောင်ပိတ်ပါ... အဖုံးကျမကျသေချာချင်ရင် ကိုင်းကနေဆွဲပြီး အိုးကိုမကြည့်ပါ...
(အိုးတစ်ခုနဲ့ တစ်ခုတော့ မြည်တဲ့ အသံမတူနိုင်ဘူးပေါ့နော်... ယေဘူယျအားဖြင့် အသုံးများတဲ့ Brandနဲ့ ပစ္စည်းကို ဦးစားပေးပြောထားတာပါ)✔

၆)✔အခုကတော့ လေထွက်ဘုလေးထားရမယ့် အနေအထားလေးပြောပြပါ့မယ်...လေထွက်ဘုလေးကို အမြင့်မတင်ထားပဲ(ဆွဲမထုတ်ထားပဲ) ပိတ်တဲ့ကလစ်ရှိတဲ့ဘက် အိုးရဲ့ဘယ်ဘက်ကို လှည့်ထားပေးရပါ့မယ်
အဓိကပြောချင်တာက လေမထွက်အောင်ပိတ်ရပါမယ်
(အိုးတစ်ခုနဲ့ တစ်ခုဒီဇိုင်းမတူတဲ့အတွက်... ယေဘူယျအားဖြင့် အသုံးများတဲ့ Brandနဲ့ ပစ္စည်းကို ဦးစားပေးပြောထားတာပါ)✔

၇)✔အခုကတော့ မီးကြိုးကိုအိုးအထိုင်မှာတစ်ဖက် သေချာတပ်ပြီး မီးပလပ်ကို မီးပလပ်ပေါက်မှာသေချာတပ်ပါ (နှစ်ဖက်စလုံး ချောင်မနေ looseမဖြစ်ဖို့ သတိထားပါ) မီးပလပ်တပ်လိုက်ပြီး မီးဝင်သွားတာနဲ့ Heatingဆိုတဲ့ အကွက်က မီးလင်းလာပါလိမ့်မယ်✔

၈)✔တစ်ချို့အိုးတွေက ဒီဂျစ်တယ်အကွက်ပါပြီး တစ်ချို့က ဘုလုံးလှည့်ရတာပါ(analogပေါ့) ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ အချိန်အတိုင်းအတာ ၁နာရီဆို ၁နာရီ၊ ၄၅မိနစ်ဆို ၄၅မိနစ် လှည့်ရုံ နှိပ်ရုံချိန်ရုံပါပဲ✔

၉)✔အချိန်ပေးလိုက်တာနဲ့ ဘုလုံးလှည့်လိုက်တာနဲ့ Heatingဆိုတဲ့ နေရာမှာ မီးဆက်ပြနေပြီး နောက်အချိန်ကြာလာတာနဲ့အမျှ အထဲမှာ လိုအပ်တဲ့ pressure ဖိအား ရလာပြီဆိုရင် Holding Pressure ဆိုတဲ့ မီးစိမ်းလေးကိုပြောင်းလင်းလာပါလိမ့်မယ်...

၁၀)✔အချိန်ပြည့်လို့ တက်သွားရင် Keep Warmဆိုတဲ့ အကွက်ကမီးလေး လင်းလာပါလိမ့်မယ်...အိုးတော်တော်များများမှာ ("ကလစ်" "ကလင်") ဆိုတဲ့ အချက်ပေးအသံလေးတွေပါမြည်ကြပါတယ်...(မခက်ပါဘူး ထမင်းပေါင်းအိုးတည်သလိုမျိုးပါပဲ)✔

၁၁)🔴 ဒါကအရေးကြီးဆုံးအပိုင်းပါ🔴
Keep Warmမီးလင်းလာပြီး တက်သွား အချိန်ပြည့်သွားကြောင်းပြတာနဲ့ တန်းပြီး ထမင်းပေါင်းအိုးလို ကျက်ပြီဆိုပြီးလည်း မဖွင့်ပါနဲ့ ...ကျက်လားမကျက်လား ရေလိုလား ခန်းလားကြည့်ချင်စိတ်နဲ့ ချက်ချင်း ဖွင့်မကြည့်ပါနဲ့ 🚫 ဖွင့်ကြည့်လည်းဖွင့်လို့မရပါဘူး
အထဲမှာ လေဖိအားအပြည့်ရှိလို့ အဖုံးကို အိုးက စုပ်ယူထားသလိုဖြစ်နေလို့ပါ(အတင်းအဓမ္မတော့ဆောက်နဲ့ထွင်းဖွင့်စရာမလိုအပ်ပါဘူး)🚫

🔹️ဒီလိုလေးလုပ်ပါ
အချိန်ပြည့်သွားပြီဆိုတာနဲ့ ကျွန်တော်တို့ အပေါ်မှာ လှည့်ခဲ့တဲ့ ဘုလေးကို အပေါ်ကိုဆွဲတင်ပေးတာပဲဖြစ်ဖြစ် (ဆန့်ကျင်ဖက်ဘက်)တစ်ခြားဘက်ကိုလှည့်ပေးလိုက်ရင် "ရှူး" ဆိုပြီး အသံနဲ့တကွ လေများစွာ ထွက်လာပါလိမ့်မယ်🔹️

❎ဒီနေရာမှာအဓိကပြောချင်တာက လေထုတ်ပေးတဲ့ဘုကို သွားလှည့်တဲ့အခါ ဘုကိုကိုင်တဲ့အခါ အပေါ်ကနေသွားမကိုင်ပါနဲ့ အငွေ့ထွက်ရင် ပူမှာဆိုးလို့ပါ... ဖြည်းဖြည်းလေး တို့ကနဲ ဆိတ်ကနဲ မဝံ့မရဲလည်း မကိုင်ပါနဲ့ (ဘာအန္တရယ်မှ မရှိပေမယ့် ကိုယ်က ကြောက်တတ် လန့်တတ်သူဆို ရှူးဆိုတဲ့ အသံနဲ့ အငွေ့ကြောင့် လန့်သွားနိုင်လို့ပါ)❎

🔹️ဒီလိုကိုင်ပါ
ဘုဘေးနားကို ထိထိမိမိကိုင်ပြီး ဆန့်ကျင်ဖက် ဘက်ကိုလှည့်လိုက်ပါ.. လက်လည်းမပူ လန့်လည်းလန့်စရာမလိုတော့ပါဘူး🔹️

၁၁)✔အငွေ့များကုန်တဲ့ အထိစောင့်ပြီးတဲ့ အခါကျမှ ခလုတ်ပိတ် မီးပလပ်ဖြုတ်ပြီး ပုံမှန်ဖွင့်နေကျအတိုင်း (နာရီလက်တံသွားတဲ့အတိုင်း) ဖွင့်ပြီး ကျက်မကျက် နူးမနူး ရေလိုမလို သေချာကြည့်ပြီး Readyဆိုစားဖို့ပြင်ပြီး လိုအပ်တာရှိရင် ပုံမှန်အတိုင်း ပိတ် ပလပ်ပြန်တပ် အချိန်ပြန်ပေးပြီး keep warmဖြစ်တဲ့ အထိစောင့်ပါ✔

ကိုယ်ကနူးလောက်ပြီ ထင်လို့ offလိုက်လဲရပါတယ်

✴အဓိကက ပိတ်ပြီးချိန်တိုင်း အဖုံးမဖွင့်ခင် လေထုတ်ဖို့ပါပဲ✴

ဒီလောက်ဆို အိမ်ရှင်မ👩‍🍳 အိမ်ရှင်ထီး👨‍🍳များ ကြောက်တယ်ဆိုတဲ့အရာနဲ့ မဖြစ်သင့် မလုပ်သင့်တာတွေ အတွက် ပြည့်စုံမယ်လို့ ယုံကြည်ပါတယ်...🤩🤩🤩

➡️ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲကျေနပ်ပါပြီ... မိတ်ဆွေလိုပဲ အခြားသူများလည်း သိခွင့်ရအောင် share လုပ်ပေးစေချင်ပါတယ် ...➡️➡️➡️
ကျေးဇူးအထူး

မူရင်း credit

မဖြစ်နိုင်တဲ့ အလုပ်

မဖြစ်နိုင်တဲ့ အလုပ်
=============

လွန်ခဲ့တဲ့ သုံးရာစုနှစ်လောက်က တရုတ်နိုင်ငံက စစ်တိုက်တာ အင်မတန်တော်တဲ့ စစ်သူကြီးချူဟာ ဘုရင် မကြိုက်တာတစ်ခုကို လုပ်မိလိုက်တယ်။ ဘုရင်က အမျက်တော်ရှပြီး သူ့ကို ခုလို အမိန့်ချလိုက်ပါတယ်။

"၃ ရက်အတွင်း မြားအစင်း တစ်သိန်းလုပ်ပေးရမယ်။ မလုပ်ပေးနိင်ရင် ခေါင်းဖြတ်သတ်ခံရမယ်"တဲ့။

အဲဒီအချိန်မှာ အင်အားကြီးမားတဲ့ ရန်သူဟာ သူတို့မြို့ကို သိမ်းဖို့ ရေကြောင်းကနေ ချီတက်လာရင်း မြို့နားရောက်ခါနီး မြစ်ကမ်းစပ်တစ်နေရာမှာ စခန်းချနေပါတယ်။ ဘုရင့်မှာ အဲဒီရန်သူကို ပြန်တိုက်ဖို့ မြားတွေ အများကြီး လိုအပ်နေပါတယ်။

စစ်သူကြီးချူက ၃ ရက်အတွင်း မြားအစင်း တစ်သိန်းလုပ်ပေးပါမယ်လို့ ဘုရင်ကို ပြန်လျှောက်လိုက်တယ်။ တကယ်တော့ မြားအစင်း တစ်သိန်းလုပ်ပေးဖို့ သူ့မှာ ဝါး၊ အလုပ်သမား အလုံအလောက် မရှိသလို ၃ ရက်ဆိုတဲ့ အချိန်တိုလေးမှာ ပြီးဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ သူ အသက်အသေမခံနိုင်လို့ အဲဒါကို ရွေးချယ်လိုက်တယ်။ စစ်သူကြီးဟာ တညလုံး မအိပ်ဘဲ ဘာလုပ်ရမလဲလို့ အကြံထုတ်တယ်။ မိုးလင်းခါနီးမှာ အကြံတစ်ခုရလိုက်တယ်။

စစ်သူကြီးချူဟာ သူ့စစ်သားတွေကို ရွက်သင်္ဘောတွေ၊ လှေတွေရဲ့ ဘေးတွေမှာ ကောက်ရိုးထုံးတွေကို ချည်ခိုင်းလိုက်တယ်။ ကုန်းပတ်အပေါ်တွေမှာလည်း ကောက်ရိုးထုံးတွေနဲ့ ဖုံးအုပ်ခိုင်းလိုက်တယ်။ ရွက်တွေကိုလည်း ကောက်ရိုးမျှင်တွေနဲ့ ကာခိုင်းလိုက်တယ်။

နောက်တစ်နေ့ ညနေ နေဝင်ခါနီး နှင်းတွေ ထူထူထဲထဲ ကျနေချိန်ုမှာ စစ်သူကြီးက ရွက်သင်္ဘောတွေ၊ လှေတွေကို မြစ်ကြောင်းအတိုင်း ရန်သူ့စခန်းနားကို ချီတက်ခိုင်းလိုက်တယ်။ ရန်သူဟာ နှင်းထုတွေကြားက မသဲမကွဲ မြင်ရတဲ့ မည်းမည်းအကြီးကြီးတွေဟာ စစ်သူကြီးချူရဲ့ ရွက်သင်္ဘောတွေ လှေတွေလို့ ရိပ်မိပေမယ့် ရေပြင်ကို ထွက်မတိုက်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ စစ်သူကြီးချူဟာ စစ်ရေးပရိယာယ် အင်မတန် ကြွယ်ဝတယ်ဆိုတာကို သူတို့ သိထားကြလို့ပါ။ ဒီတော့ ရန်သူဟာ စစ်သူကြီးရဲ့ သဘောင်္တွေ သူတို့စခန်းနား ကပ်မလာနိုင်အောင် မြားတွေနဲ့ ပစ်ကြတယ်။ သင်္ဘောတွေကလည်း စခန်းနား ကပ်နိုင်သလောက် ကပ်ကြတယ်။ ရန်သူလည်း ကြောက်လန့်ပြီး ရှိသမျှ မြားတွေ ပစ်လွှတ်ကြတယ်။

မိုးချုပ်တော့ စစ်သူကြီးချူက သင်္ဘော လှေတွေကို မြို့ကို လှည့်ပြန်ခိုင်းလိုက်တယ်။ မနက်ရောက်တော့ စစ်သားတွေဟာ သင်္ဘော လှေတွေပေါ်က ကောက်ရိုးထုံးတွေမှာ စိုက်နေတဲ့ ရန်သူ့မြားတွေကို နူတ်ယူပြီး စစ်သူကြီးချူဆီမှာ အပ်နှံကြတယ်။ စစ်သူကြီးက ဘုရင့်ထံ မြားအစင်း တစ်သိန်းကို ၃ ရက်အတွင်း ပေးအပ်လိုက်နိုင်လို့ ဘုရင်က သူ့ကို အသက်ဘေးက ကင်းလွှတ်ခွင့်ပေးလိုက်ပါတယ်။

အလုပ်တစ်ခုဟာ ကြီးမားခက်ခဲလွန်းလို့ စစချင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမဲ့ သင့်ဦးနှောက်ကို အပြည့်အဝ အသုံးချပြီး ဖြစ်နိုင်တဲ့ နည်းလမ်းကို စဉ်းစားရင် လုပ်လို့ရမယ့် နည်းလမ်းကို ရှာတွေ့ပါလိမ့်မယ်။ (အထိရောက်ဆုံးနည်းက သင် အဲဒီနည်းလမ်းကို မရရင် အသက်သေတော့မယ်လို့ သဘောထားစဉ်းစားပါ။ သေချာပေါက် အဖြေကို ရှာရပါလိမ့်မယ်)။

credit to ဗန်းမော်သိန်းဖေ

ဥပုသ်နဲ့ (Chatting)ချက်တင်ဝင်လို့ရပါသလား

ဥပုသ်နဲ့ (Chatting)ချက်တင်ဝင်လို့ရပါသလား

အမေး။ ။
အရှင်ဘုရား မနက်ဖြန် လပြည့်နေ့မှာ တပည့်တော် သတင်းသီလ စောင့်တည်လိုပါတယ်ဘုရား။ သတင်း သီလ စောင့်တည်ပြီး လုပ်ငန်းခွင်ကို ရောက်တဲ့အခါ အင်တာနက်သုံးတာ ချက်တင်ဝင်တာ (Chatting) အပြစ်ရှိနိုင်ပါသလားအရှင်ဘုရား။ကရုဏရှေ့ထားပြီး ဖြေကြားပေးတော်မူပါအရှင်မြတ်ဘုရား ။

မနှင်းလွင်လွင်ကျော်
မကွေး

အဖြေ။ ။
ဥပုသ်သီလနဲ့ အင်တာနက်သုံးတာ ချက်တင်ဝင်တာ အပြစ်ရှိတယ်လို့ တစ်ထစ်ချကြီး ပြောလို့မရပါဘူး။ ယခုအခါ အင်တာနက်စာမျက်နှာများဟာ ဘာသာရေးသီးသန့်လဲ အများကြီးရှိသလို ဘာသာရေးမဟုတ်တဲ့ တစ်ခြားလူမှုရေးဆိုက်တွေ၊ စီးပွားရေးဆိုက်တွေလဲ အများကြီးပါ။ ထိုစာမျက်နှာများအနက် လူမှုရေးနဲ့စီး ပွားရေး အိမ်ထောင်ရေးစတဲ့ဆိုက်များကို ၀င်မယ်ဆိုရင်တော့ သီလကျိုးပေါက်ဖို့များပါတယ်။ ဘာသာရေး သက်သက်ရေးထားတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ဖတ်တယ်ဆိုရင်ကုသိုလ်တောင်ရပါသေးတယ်။
နောက်တစ်ခုက (Chatting )ချက်တင်ဝင်တာနဲ့ပတ်သက်ပြီး ချက်တင်ဝင်တယ်ဆိုတာ အင်တာနက်ကနေ တစ်ဦးနဲ့တစ်ဦး စကားစမြည် ပြောကြတာပါ။ စကားပြောတဲ့နေရာမှာ တရားဆွေးနွေးရင်တော့ ကုသိုလ်ရ တာပေါ့။ဒါပေမဲ့ ဟိုအကြောင်းဒီအကြောင်းတွေ ပြော နေရင်တော့ အဆင်မပြေဘူး။ တကယ်တော့ ဥပုသ် သီလစောင့်ပြီး ချက်တင်မ၀င်တာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ….။

credit to ဆရာတော်ဦးကောဝိဒ(မြိတ်)

လမ်းဘေးဈေးသည် နဲ့ စီးပွားစလုပ်မယ်ဆိုရင်

လမ်းဘေးဈေးသည် နဲ့ စီးပွားစလုပ်မယ်ဆိုရင်
++++++++++++++++++

လမ်းပေါ်မှာ ခင်းရောင်းတဲ့ ယာယီဈေးဆိုင်မျိုးကို ဆိုလိုတာပါ။
ပျံကျဈေးဆို်င်လို့လည်း ခေါ်ကြပါတယ်။ လမ်းဘေးဈေးသည်ပဲ ခေါ်ကြရအောင်၊
မိသားစု အသက်ရှင်ရပ်တည်ဖို့ ပဲဖြစ်ဖြစ်၊ စီးပွားရေး အိမ်မက် အကောင်အထည်
ဖေါ် ဖို့ပဲဖြစ်ဖြစ်၊ လမ်းဘေးဈေးဆိုင်ဟာ ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။
နိုင်ငံခြားမျာ ယနေ့အောင်မြင်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ
လမ်းဘေးဈေးသည်ကနေ ဘ၀စခဲ့ဖူးတယ်ဆိုတာ လေ့လာမှတ်သားဖူးပါတယ်။
လမ်းဘေးဈေးသည်အလုပ်ဟာ အမြင်အားဖြင့်လွယ်သလောက်
အောင်မြင်အောင် လုပ်ဖို့ဆိုရင် အတော်လေး ပညာသားပါပါတယ်။
ရပ်တည်နိုင်ပြီဟေ့ဆိုရင်ကိုပဲ တော်တော်တွက်ခြေကိုက်တဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။
များသောအားဖြင့်၊ ကိုယ့်မှာအလုပ်တစ်ခုရှိတယ်။ ရုံးဆင်းပြီးလို့ အရံအလုပ်နဲ့ လုပ်ကိုင်ရင် စိတ်ဖိအား ပိုနည်းတတ်တယ်။ အရံအလုပ်က အလုပ်ကောင်းလို့ ပင်မအလုပ်ဖြစ်သွားရင် သူဋ္ဌေး ဖြစ်ဖို့ မဝေးတော့ပါ။
ကဲ.. ဆွေးနွေးကြည့်ကြမယ်။

လမ်းဘေးဈေးဆိုင် ဖွင့်ဖို့ဆိုရင်......

၁။ သိက္ခာချရပါလိမ့်မယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ၊ လမ်းဘေးဈေးသည်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်တယ်ဆိုတာ လက်ငုတ်လက်ရင်း နည်းပါးလို့ပေါ့၊ ရှက်စရာ အကြောင်းမရှိပါဘူး၊ အသိမိတ်ဆွေ တွေ့မှာကို လည်းစိုးရိမ်စရာ အကြောင်းမရှိပါဘူး။ လူငယ်ဆိုတာ အလုပ်ကြီးကြီးကို လုပ်ဖို့ အခြေအနေ မရှိခဲ့ရင် လမ်းဘေးဈေးဆိုင်အလုပ်ဟာ စီးပွားရေး နယ်ပယ်ကို ချေစုံပစ်ဝင်ဖို့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပါ။ အရင်းအနီးများများမလိုဘူး၊ လုပ်ရကိုင်ရတာ သိပ်မခက်ခဲဘူး၊ အမြတ်အစွန်းရရင် အရင်းအနီးစုဆောင်းမိတယ်။ လုပ်ရင်းသင်ရင်းနဲ့ စီးပွားရေး အမြင်ကျယ်သွားတယ်။ လုပ်တတ်ကိုင်တတ်သွားပြီး အကွက်မြင်သွားတယ်။

၂။ ဘာပစ္စည်းရွေးချယ်မလဲ
ဈေးကွက်ကို လေ့လာပါ။ ဘာပစ္စည်းရောင်းရင် အလုပ်ဖြစ်နိုင်မှာလဲ၊ သူများယောင်တိုင်း လိုက်ယောင်စရာ မလိုဘူး၊ ပေါ်ပင်ပစ္စည်း ဖြစ်စရာမလိုဘူး၊ ရောင်းသူသိပ်မရှိသေးပဲ အရောင်းစွန်နိုင်မဲ့ ပစ္စည်းကို ရွေးချယ်တတ်ဖို့လိုတယ်။ ကိုယ်က လမ်းဘေးဆိုင်ဖွင့်မဲ့သူပဲ၊ အမယ်စုံစရာမလိုဘူး၊ တစ်မျိုးရောင်းကောင်းရင်တောင် အလုပ်ဖြစ်ပြီ။ ရောင်းကောင်းတယ်ဆိုတာ ၀ယ်ယူသူများတာကို ဆိုလိုခြင်းထက် အကြိမ်ကြိမ် ပြန်လာဝယ်ယူခြင်းကို ဆိုလိုပါတယ်။

၃။ အချိန်အခါ ကို ရွေးချယ်တတ်ရမယ်။
အခါကြီးရက်ကြီး၊ ပွဲဈေးတန်း စသည်တို့ဟာ ဆိုင်ထွက်ဖို့ အခွင့်ကောင်းဖြစ်တတ်ပါတယ်။ လူစည်ကားတဲ့နေရာဟာ လမ်းဘေးဈေးသည်ရဲ့ အသက်ပဲ။ ညစာစားပြီးနောက်ပိုင်းအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်နေတတ်တယ်။ ကျောင်းဆင်းချိန်ကို ဖမ်းပြီး ကျောင်းဆင်းလမ်းမှာ မူန့်ပဲ သွားရေစာ ရောင်းတဲ့ လမ်းဘေးဈေးသည်တွေ အများကြီးတွေ့ဖူးတယ်။ အချို့ဆိုရင် အခု Light Truck ကားနဲ့ တောင်ဖြစ်နေပြီ။

၎။ ပေါချောင်ကောင်းပစ္စည်း ဖြစ်ခြင်း
ဈေးချိုမယ်၊ ပစ္စည်းအရည်အသွေးလည်း ကောင်းမယ်ဆိုရင် အကောင်းဆုံးပဲ။ Brand ဖြစ်စရာမလိုဘူး။ အမြတ် ၂၀၀ % တင်တာမျိုး မလုပ်နဲ့။ အမြတ်က ၁၀၀% အောက် ဖြစ်သင့်တယ်။ အမြတ်များလွန်းရင် ပြိုင်ဘက်ကို ဖိတ်ခေါ် နေသလို ဖြစ်နေတတ်တယ်။ သင်ဟာ လမ်းဘေးဆိုင်ပါ။ သင့်ရောင်းတဲ့ ပစ္စည်းဟာ စတိုးဆိုင်တွေမှာ တင်တဲ့ပစ္စည်းတွေထက် ဈေးပေါနေရမယ်။ အရည်အသွေးကျတော့ မနိမ့်ရဘူး။ လမ်းဘေးဆိုင်ဆိုပြီး တစ်ခါစား မလုပ်ရဘူး။ နောင်လာဝယ်မဲ့ ဖေါက်သည်ကို မွေးမြူရမယ်။

၅။ ဈေးစကား ပြောတတ်ခြင်း
လမ်းဘေးဆိုင်ဆိုတော့ ဈေးဆစ်ကြမယ်။ အလျှော့အတင်းရှိမယ်။ ကိုယ်က အဲဒီဈေးစကားပြောတာကို ပျော်နေရမယ်။ ၀ယ်ယူသူ ဟာ ဈေးဆစ်ပြီဆိုရင် အရောင်းအ၀ယ်ဖြစ်ဖို့ တော်တော် နီးစပ်နေပါပြီ။ သူဋ္ဌေးကတော်ပုံစံမျိုး ဆိုရင် ဈေးနည်းနည်း ပိုခေါ်ရမယ်။ သူတို့က အဆစ်ကြမ်းတတ်တယ်။ အသက်ကြီးတဲ့လူဆိုရင် ဈေးလျော့ခေါ် ရတယ်။ ပိုခေါ်ရင် ထွက်ပြေးမှာ။ ကိုယ်ရောင်းတဲ့ ပစ္စည်းပေါ် လည်းမူတည်ပါတယ်။ အမျိုးသားက အမျိုးသမီးသုံးပစ္စည်းကို လာဝယ်တယ်ဆိုရင် ဈေးပိုခေါ်လို့ ရတာပေါ့ ။

၆။ သူခိုးကို ဂရုစိုက်ရမယ်။
လမ်းဘေးဆိုင်ရဲ့ အဓိက ရန်သူကတော့ သူခိုးပဲ။ ညလည်းဖြစ်တယ်။ လူလည်းစည်တယ်ဆိုရင် ပိုသတိထားရမှာ၊ တစ်ခါတစ်လေ အုပ်စုနဲ့ လာတတ်တယ်။ ရှေ့ကတစ်ယောက် ဈေးဆစ်သလိုလိုနဲ့ ပစ္စည်းကို ဖြန့်ကြည့်တယ်။ အဲဒါနဲ့ ကိုယ်က နောက်ကလူကို မတွေ့ရတော့ဘူး။ ပါသွားရင် အလကားမောရော။

၇။ ဆိုင်ရှင်ရဲ့ သပ်ယပ်မူ
ခေတ်က ပြောင်းလာပြီ။ ဆိုင်ရှင်လုပ်တဲ့လူက လမ်းဘေးမှာ ဖင်ထိုင်ထိုင်နေတာမျိုး၊
ကွမ်းဝါးပြီး စကားပြောတာမျိုး၊ ဆေးလိပ်ဖွာပြီး ဈေးရောင်းတာမျိုး၊ ကွမ်းသွေး တစ်ပျစ်ပျစ်
ထွေးတာမျိုး လုံးဝရှောင်ကျဉ်ပါ။ ထိုင်စရာမရှိရင် ထိုင်ခုံပုကလေး တစ်လုံးဆောင်ထားပါ။
အ၀တ်အစားကို သေသေသပ်သပ် ၀တ်ထားပါ။ ဒါတွေအားလုံးဟာ ဈေးဝယ်ကို စွဲဆောင်နိုင်ဖို့ပါ။

၈။ စားပွဲပေါ် ခင်းကျင်းခြင်း
ဘန်ကောက်မှာ ရှိတဲ့ လမ်းဘေးဆိုင်တွေမှာ ဖြုတ်တတ်လို့ ရတဲ့ စင်တွေနဲ့ ခင်းကျင်းတာကို တွေ့ရပါတယ်။ သူတို့ရဲ့ စင်တွေဟာ ခင်းကျင်းလို့လည်းရတယ်။ ချိတ်ဆွဲလို့လည်း ရတာကို တွေ့ ရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း စားပွဲနဲ့ ခင်းတာကို တွေ့ရတတ်ပါတယ်။ အဲဒါကောင်းတယ်။ ၀ယ်ယူသူ ထိုင်ချစရာမလိုတော့ဘူးပေါ့။ အမျိုးသမီး ဈေးဝယ်များအတွက် ပိုပြီးအဆင်ပြေပါတယ်။

၉ ။ ဈေးဆိုင် ဖွင့်ဖို့နေရာ
ဘယ်မြို့မှာ ပွဲလုပ်တော့မယ်။ ဘယ်မှာ ဘာပြိုင်ပွဲ ရှိတယ်၊ ဘယ်မှာ အရောင်းပွဲလုပ်တော့မယ်၊ စသည်ဖြင့် သတင်းမြန်ဖို့ လိုပါတယ်။ အစအန အနှံ့ ခံကောင်းဖို့ လိုပါတယ်။ သူငယ်ချင်းဖြစ်ဖြစ်၊ အသိမိတ်ဆွေရဲ့ အကူအညီနဲ့ ဖြစ်ဖြစ် ဆိုင်နေရာကို လက်ဦးမူ ရယူထားဖို့ လိုပါတယ်။ သေသေချာချာ လေ့လာသုံးသပ်ပြီး အလုပ်ဖြစ်မယ် ထင်ရင် ဆိုင်နေရာ သုံးလေးနေရာ ယူထားလို့ ရတယ်။ ပြီးရင် အမြတ်ယူပြီး တစ်ဆင့်ပြန်ငှားလို့ ရတာပေါ့။
လမ်းဘေးဆိုင်များဟာ အများအထင်ထက် ပိုအလုပ်ဖြစ်ပါတယ်။ လမ်းဘေးမှာ ထိုဖူးနွေးရောင်းတဲ့ အထမ်းသည်တစ်ဦးရဲ့ ၀င်ငွေဟာ အရာရှိ ( အောက်ဆိုဒ်မပါ ) တစ်ဦးရဲ့ လစာထက်တောင် ၀င်ငွေပိုကောင်းနေတတ်ပါတယ်။

ဒီစာစုဟာ ဆိုင်ဖွင့်နေသူများအတွက် မဟုတ်ပါ။ ဘာလုပ်ရင်ကောင်းမလဲ ဆိုပြီး တွေးတောနေတဲ့ လူငယ်များအဖို့ စဉ်းစားစရာ လမ်းကြောင်းတစ်ခု ရအောင် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Credit: to Aung Ko Latt

ယောက်ျားကောင်း

ယောက်ျားကောင်း
===========

မိန်းမဆိုတာ သစ်တော်သီးနဲ့တူတယ်။
အပြင်အသားတွေကချိုတယ်၊ အတွင်းကအဆံကချဉ်တယ်။
သစ်တော်သီးစားတဲ့လူများဟာ အဆံချဉ်တာကို သိတဲ့လူအလွန်နည်းတယ်။
အဲဒီနေရာရောက်ရင် လွင့်ပစ်လိုက်တာကများတယ်၊
ဒါကြောင့်မို့လို့ ယောက်ျားတွေဟာ မိန်းမတွေရဲ့ စိတ်ကို သိပ်မသိကြဘူးလို့ ဆိုပါတယ်။

ယောက်ျားဆိုတာ ကြက်သွန်နီဥနဲ့တူတယ်၊
အတွင်းကျကျသိချင်ရင် တစ်လွှာချင်းနွာရတယ်၊
တစ်လွှာချင်းနွာရင်း မျက်ရည်ကျရတတ်တယ်။
နောက်ဆုံးအတွင်းပိုင်းရောက်တော့ ဘာအဆံမှမရှိဘူး။
ယောက်ျားစိတ်ကို ရှာဖွေချင်ရင် အဲဒီရလဒ်ပဲ ရမယ်လို့ဆိုပါတယ်။

မိန်းမတွေ မမေ့နိုင်တာက မေတ္တာပါ။
ယောက်ျားတွေ မမေ့နိုင်တာက အရသာပါ။
မေတ္တာဆိုတာ ကြာလေ၊ အနယ်ထိုင်လေ ဖြစ်တတ်ပေမဲ့
အရသာဆိုတာ ကြာလေ ပေါ့လေ ဖြစ်တတ်ပါတယ်။

မတူညီတဲ့ သဘာဝမို့  အကြွင်းမဲ့ ခိုင်းနိုင်းရတာ ခက်ခဲပါတယ်။
ကျွန်တော်တို့ ယောက်ျားတွေသိထားဖို့က
အချစ်ဆိုတာ တာဝန်တစ်မျိုးပါ။

မင်းထက်ကောင်းတာကို ရှာမတွေ့လို့မဟုတ်ပါ။
မင်းရှိပြီးတဲ့ အတွက်ကြောင့် ပိုကောင်းတာကို မတွေ့ချင်တော့လို့ပါ။

အခြားသူအပေါ် စိတ်မလုပ်ရှားတတ်တာ မဟုတ်ပါ။
မင်းရှိပြီးသားမို့ အခြားသူအပေါ် စိတ်လုပ်ရှားစရာ မလိုတော့တာပါ။
အခြားသူအပေါ် မချစ်မိတတ်တာ မဟုတ်ပါ။
မင်းကိုစွဲစွဲမြဲမြဲ တန်ဖိုးထားနေချင်လို့ပါ။

အတူတကွနေထိုင်တာ မလွယ်ကူလှပါ။
အရမ်းသဘောကောင်းတဲ့မိန်းမတစ်ယောက်
ယောက်ျားယူလိုက်မှ အပေါက်ဆိုးသွားတယ်ဆိုပါစို့၊
ဒါ ယောက်ျားရဲ့  ညံ့ဖျင်းမူပါ။
သူအပေါက်မှမဆိုးရင် ဆက်ရပ်တည်လို့မရအောင်
ယောက်ျားက ဖန်တီးပေးလိုက်တာကိုး။

ရိုးရိုးအေးအေး မိန်းမတစ်ယောက်၊
ယောက်ျားယူလိုက်မှ ပိုပိုလှလာတယ်။
မျက်နာလေးဝင်းပလို့ အပြုံးပိုပိုချိုလာတယ်။
ဒါဆိုရင် သူရတာ တကယ်ယောက်ျားကောင်းပဲ။
ယောက်ျားတွေ သိထားဖို့က..
မိန်းမလှပလာတာ ယောက်ျားများရဲ့ အရည်အချင်းပါဝင်သလို
မိန်းမရုပ်ဆိုးသွားတဲ့အတွက်လည်း ယောက်ျားမှာ တစ်ဝက်တာဝန်ရှိတယ်။
ဒါယောက်ျားကောင်းကို တိုင်းတဲ့ပေတံပဲ။

Ref: we chat
Credit မူရင်း

Monday, July 29, 2019

သင့်ရဲ့ သဘောထားကို အခြေခံပါတယ်....

အားလုံးစိတ်ကြိုက်မဟုတ်ရင်တောင်
ကြည့်တတ်ရင် ရွေးခြယ်ခွင့်ရှိနေတဲ့ဘဝမှာ

ဘာလို့စိတ်ဓာတ်ကျစရာအရှုံးတွေကိုပဲ
စိတ်ထဲထားရမှာလဲ....

ဘာလို့ နာကျည်းချက်တွေကိုပဲ
ရင်ထဲထည့်ထားရမှာလဲ....

ဘာလို့ အရေးမပါတဲ့ခံစားချက်တွေထဲက
ရုန်းမထွက်နိုင်ရမှာလဲ....

ဘာလို့ အရာရာမှာ စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့
တွေဝေနေရမှာလဲ....

ဘာလို့ မတတ်နိုင်တာတွေချည်းမြင်ပြီး
ကိုယ်တတ်နိုင်သလောက် ကြိုးစားမကြည့်ရမှာလဲ...

သေချာတာက ဘဝဆိုတာ
အမြဲတမ်းတော့ ပန်းခင်းလမ်းမဖြစ်နိုင်သလို
ခရောင်းတောထဲမှာ တဝဲလည်လည်လဲ
မဟုတ်ပါဘူး....

အတားအဆီးမတွေ့ပါစေနဲ့လို့
ဆုတောင်းမနေပါနဲ့
ဒီအတွက် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်
ထားတာက ပိုပြီးလက်တွေ့ကျပါတယ်....

အကောင်းဆုံး အခြေအနေတွေကိုပဲ
မျှော်လင့်မထားပါနဲ့
အဆိုးနဲ့ ရင်ဆိုင်ရရင်လဲ သတိနဲ့သတ္တိ
ရှိနေဖို့ အရေးကြီးပါတယ်....

လောကဓံနဲ့ရင်ဆိုင်ရချိန်မှာ အမြဲကိုယ်က
အနိုင်ရမယ်လို့ တွက်မထားပါနဲ့
အပြုံးမပျက် အရှုံးကို ရင်ဆိုင်နိုင်ဖို့
သင့်တော်တဲ့စိတ်ထားလဲ ရှိရပါမယ်....

ရွေးခြယ်တတ်ဖို့လိုပါတယ်
သင့်ရဲ့ စိတ်ချမ်းသာမှု
သင့်ရဲ့ အောင်မြင်မှု
သင့်ရဲ့ အလင်းရောင်
သင့်ရဲ့ အနာဂတ်
သင့်ရဲ့ လူမှုဘဝ
သင် လျောက်ရမယ့်လမ်း
အားလုံးဟာ သင့်လက်ထဲမှာပဲ ရှိပါတယ်....
သင့်ရဲ့ သဘောထားကို အခြေခံပါတယ်....

~WPH~

Credit

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အချက် ၁၂ ချက်

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အချက် ၁၂ ချက်

++++++++++++

(၁) တစ်ခုခုမှားနေပြီလို့ ခံစားရရင် ထပ်မလုပ်ပါနဲ့ တော့။ အဲ့ဒီအရာကို လုပ်လိုက်လို့ စိတ်ထဲမှာ နေရတာ အဆင်မပြေဖြစ်နေရင်၊ စိတ်မချမ်းသာတော့ ရင် ထပ်မလုပ်ပါနဲ့ တော့။ မိမိ စိတ်ပင်ပန်းမှုပဲ ရှိပါလိမ့်မယ်။

(၂) ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျရှိပါစေ။ ဦးတည်ချက် တစ်ခုခု ထားပြီး နေ့ ရက်တွေကို ရှင်သန်ပါ ။ ရည်ရွယ်ချက် မရှိဘဲ မျောနေတာမျိုးမလုပ်ပါနဲ့ ။ တိကျတဲ့ ဦးတည်ချက် တစ်ခုရသွားပြီဆိုရင် အဲ့ဒါကိုပဲ တစိုက်မတ်မတ် ဖန်တီးပါ။

(၃) ကိုယ့်ကိုယ် သိမ်ငယ်စိတ်မမွေးပါနဲ့။ သူများနဲ့ မနှိုင်းပါနဲ့  ။ သူကသူ ကိုယ်ကကိုယ်ဖြစ်ပါတယ်။ ကိုယ့်မှာလည်း ကိုယ့်အားသာချက်ဆိုတာရှိပါတယ်။ မိမိပြိုင်ဘက်တစ်ယောက်ယောက်က ငွေရှာတဲ့နေရာမှာ တော်ရင်တော်နေလိမ့်မယ် ။ အဲ့ဒီအစား ကိုယ်က ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ ဘက် တော်တဲ့သူ တစ်ယောက် ဖြစ်နိုင်သေးတာပဲ ။မမျှမတ နဲ့  ရှင်သန်ရတဲ့ ဘ၀ဟာ အောင်မြင်တဲ့ အချိန်မှာ ချိုမြိန်မှု ကို ပေးစွမ်းနိုင်ပါတယ်။

(၄) ကိုယ့်အတွင်း စိတ်ကို ယုံကြည်မှု ရှိပါ။ လူတိုင်းဟာ စိတ်ကို ဆောင်ပြီး လှုပ်ရှားသွားရနေရတာပဲ ဖြစ်ပါတယ်။ မိမိ အတွင်းစိတ်က စကားသံတွေကို နားထောင်ပါ။ စိတ်ကို လွတ်လပ်စွာတွေးတောခွင့် ပေးလိုက်ပါ။ စိတ်ကူးနဲ့ ကောင်းမွန်တဲ့ အရာတွေ ဖန်တီးပါ ။ ကိုယ့်ကိုယ်ကို ယုံပါ။

(၅) ကိုယ့်ကိုယ်ကို မကောင်းတာတွေ မပြောပါနဲ့ ။ သေချာပါတယ်။ ငါက ဘယ်လိုဆိုးနေတာ ။ ဘယ်လို မကောင်းတာ ။ ဘယ်လို ညံ့တာလို့ သူများကို ပြောမိလိုက်တာနဲ့  သင်ကိုယ်တိုင်တ၀က် ရှုံးနိမ့်သွားပြီ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ပါစေနဲ့  ။ ကိုယ့်ရဲ့  ကောင်းတဲ့ အချက်တွေ အမူအကျင့်လေးတွေကို ပြောဆိုပြီး စိတ်ဓာတ်ကို မြင့်တင်ပါ။

 (၆) အိပ်မက်တွေကို အလျော့မပေးလိုက်ပါနဲ့ ။ လူတိုင်း လူတိုင်း အိပ်မက် ကိုယ်စီရှိကြပါတယ်။ အိပ်မက်တွေလည်း မက်ကြပါတယ်။ မိမိရဲ့ လှပတဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နေတုန်းမှာဖြစ်နိုင်ပါ့မလား ဆိုပြီး အလျော့ပေးတာတွေ ရှိတက်ပါတယ်။ အလျော့မပေးပါနဲ့ ။ အိပ်မက်အဖြစ် ရှိလာကတည်းက မိမိစိတ်ကို အကောင်အထည်ဖော်စေဖို့ စွမ်းအားတွေ ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိပ်မက်တွေကို မက်ပါ ။ အကောင်အထည်ဖော်ပါ ။ လက်တွေ့ ကျကျ ဖန်တီးပါ။

(၇) No ဆိုပြီး ငြင်းဖို့ မကြောက်ပါနဲ့ ။ အားနာတာတွေ ။ ဘာတွေကြောင့် မဖြစ်နိုင်တာကို လက်ခံဖို့ ဖြစ်လာတယ်ဆိုရင် No ဆိုပြီး ငြင်းဖို့ မမေ့ပါနဲ့ ။ မိမိ ကိုယ်ကိုယ် မိမိအသိဆုံးဖြစ်ပါတယ်။ဘယ်အချိန်မှာ ငြင်းရမလဲ ဆိုတာ ကိုယ်လုပ်နိုင် မလုပ်နိုင်ဆိုတဲ့ အပေါ်မူတည်ပြီး NO တစ်ခွန်းကို အားမနားစတမ်း သုံးလိုက်ပါ။

(၈) Yes ဆိုပြီး ပြောဖို့  မ၀ံ့မရဲ မဖြစ်ပါနဲ့ ။ မိမိအရည်အချင်း အပေါ်ယုံကြည့်မှုနဲ့  ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတွေကို Yes ဆိုပြီး လက်ခံပေးပါ ။ ဖြစ်နိုင်ပါ့မလား ။ လုပ်နိုင်ပါ့မလား ဆိုပြီး မ၀ံ့မရဲ ဖြစ်နေတာတွေ ရပ်လိုက်ပါတော့ ။ ကိုယ်နဲ့ ထိုက်တန်လို့ ရောက်ရှိလာတဲ့ အခွင့်အရေးအတွက် YES တစ်ခွန်းထဲ ပြောပြီး ကြိုဆိုလိုက်ပါ။

(၉) ကိုယ့်ကိုယ်ကို သနားပါ။ မိမိ ကိုယ်နဲ့ မလိုက်အောင် ၊ ၀န်နဲ့ မမျှအောင် ဦးနှောက် နဲ့ ခန္ဓာကိုယ်ကို ခိုင်းစေနေတာတွေ ရှိရင် တစ်ချက်လောက် ကိုယ့်ကိုယ် သတိထားကြည့်ပါ။ စိတ်ချမ်းသာမှု ကိုယ်ကျန်းမာမှု ဆိုတာ ၀ယ်လို့ မရနိုင်ပါဘူး။

 (၁၀) ထိန်းချုပ်မှုတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ လူတစ်ယောက်ဟာ စိတ်ဖိဆီးမှု ၊ ထိန်းချုပ်မှုတွေ အရမ်းများလာပြီဆိုရင် ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ တစ်နေနေရာမှာ အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်။ အပန်းဖြေပါ ။ စိတ်ဖီးဆီးမှုတွေ ဖြစ်လာရင် စိတ်ဖီးဆီးမှုလျော့ကျစေတဲ့ နည်းတွေ မိမိကိုယ်တိုင် သိပါလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် တင်းကြပ်နေတဲ့ စိတ်တွေကို လွတ်လပ်ခွင့်ပေးထားလိုက်ပါ။

 (၁၁ ) စိတ်ညစ်စရာတွေ နဲ့ ဝေးဝေးနေပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့  အရမ်းစဉ်းစားရလို့  ၊ ဦးနှောက်ကို အလုပ်တွေ မတရားခိုင်းလို့  ဆံပင်တွေတောင် ဖြူလာပြီဆိုတာ သင်သတိထားမိရဲ့ လား ။ဒီကြားထဲ ဘာမဟုတ်တဲ့ စိတ်ညစ်စရာတွေက ကပ်ပါလာသေး ။ နည်းလမ်းနှစ်ခုပဲ ရှိပါတယ်။ သိမ်းထားပြီး စိတ်ညစ်ခံမှာလား..ထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးနေမလား ။ အဖြေက သင့်မှာပဲ ရှိပါတယ်။

(၁၂) ချစ်တတ်ပါ။ သမီးရည်းစား အချစ်တွေမှ ချစ်တက်တာလို့ မခေါ်ဆိုပါဘူး။ တိရိစ္ဆာန် အကောင်ပလောင်လေးတွေ မွေးပြီး ချစ်တတ်တာမျိုး ။ ကလေး ပူတူတူလေးတွေကို ချစ်တတ်တာမျိုး ။
အရာရာကို ချစ်တဲ့ မျက်စိနဲ့ ကြည့်တတ်ရင် သင်နေတဲ့ လောကကြီးက သာယာမှု ပေးတယ် ဆိုတာ တွေ့ ပါလိမ့်မယ်။

 မိမိကိုယ်ကိုယ် ဂရုမစိုက်ရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူး

Credit: Lynntazaung

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး Hacker (၅)ယောက် ---

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး Hacker (၅)ယောက်
---------
1. Gary McKinnon

သူကတော့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ကွန်ပျူတာတွေကိုဝင်ဟတ်ပြီး “မင်းတို့လုံခြုံရေးက အလကားပဲ”လို့ဝင်ရေးခဲ့တဲ့
သူပါ။ ၂၀၀၁၊ ၂၀၀၂လောက်တုန်းက အမေရိကန်စစ်တမ်နဲ့နာဆာရဲ့ ကွန်ပျူတာတွေကို လန်ဒန်ကနေဝင်ဟတ်ပြီး
ဖိုင်တွေကိုဖျက်ကာ ပတ်စဝေါ့ဒ်တွေ ချိန်းခဲ့ပါတယ်။ 2002ခုနှစ်မှာပဲ အဖမ်းခံခဲ့ရပြီး လက်ရှိအချိန်မှာ ဗြိတိန်ထောင်
ထဲရောက်နေပါတယ်။ အရမ်းကျွမ်းကျင်ပေမယ့် အရမ်းအန္တရာယ်ရှိတဲ့ ဟတ်ကာ တစ်ယောက်ဖြစ်တာကြောင့် အမေ
ရိကန်က သူ့ကိုအခုအချိန်ထိလိုချင်နေပါတယ်။

2. Kevin Mitnick

Kevinကောတ့ အခုလောလောဆယ်မှာ စီးပွားရေးလုပ်ငန်းတွေပဲလုပ်နေပါတယ်။ အရင်တုန်းကတော့ လုပ်ငန်းရှင်ကြီး
တွေရဲံ ဆိုက်ဘာလုံခြုံရေးကိုတာဝန်ယူပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၅တုန်းက တရားရေးဝန်ကြီးဌာနရဲ့ကွန်ပျူတာတွေကို
ဝင်ရောက်ခဲ့လို့အဖမ်းခံခဲ့ရပါတယ်။ နူးကလီးယားဒုံးကျည်တွေကို သူတစ်ချက်လေချွန်ရုံနဲ့ ထိန်းချုပ်လို့ရတယ်လို့လည်း
ဆိုခဲ့သူဖြစ်ပါတယ်။ လုပ်လို့ရမရတော့ မသိပေမယ့် ထောင်၅နှစ်ကျခံခဲ့ရပါတယ်။

3. Jacob Appelbaum

နောက်ထပ် ဟတ်ကာတစ်ယောက်ကတော့နာမည်ကြီးတွေရဲ့ အရှုပ်တော်ပုံတွေကိုဖော်ထုတ်နေတဲ့ ဝီကီလိခ်ရဲ့ဟတ်
ကာ Jacobပဲဖြစ်ပါတယ်။ သူဟာငယ်စဉ်က မိဘအရင်းတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး နောက်ပိုင်းမှာတော့ဆေးစွဲနေတဲံ့
ဖခင်နဲ့ ပြန်လည်နေထိုင်ခဲ့ရပါတယ်။ ဆိုးရွားလှတဲ့ကလေးအတွ့အကြုံကသူ့ကိုကွန်ပျူတာနယ်ပယ်ထဲတွန်းပို့ခဲ့ပါတယ်။
သူ့ကိုအများက အန္တာရယ်အရှိဆုံး ဟတ်ကာအဖြစ်သတ်မှတ်ထားဆဲဖြစ်ပါတယ်။

4. Cody Kretsinger

သူကတော့ LulzSecလို့ခေါ်တဲ့ ဟတ်ကာအဖွဲ့မှာပါဝင်ခဲ့တာဖြစ်ပြီး Sony Playstationကိုဟတ်တဲ့အမှုမှာပါဝင်ခဲ့ပါ
တယ်။ လူပေါင်း ၇၇သန်းရဲ့အချက်အလက်တွေကိုခိုးယူခဲ့ပေမယ့် အလွယ်တကူခိုးယူလို့ရကြောင်းပဲ ပြချင်ခဲ့တာကြောင့်
ကြီးလေးတဲ့ ပြစ်ဒဏ်တော့ မကျခဲ့ပါဘူး။ ဒါပေမယ့် ထောင်ဒဏ်တစ်နှစ်တော့ကျခံခဲ့ပါတယ်။

5. Robert Tappan Morris

သူကတော့ ဟတ်ကာတွေထဲမှာတော်တော်ကိုစောတဲ့အထဲက ဟတ်ကာလို့ပြောလို့ရပါတယ်။ ‘Morris Worm”
လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဗိုင်းရပ်စ်ဟာ ကွန်ပျူတာပေါင်း ၆၀၀၀လောက်ကိုထိခိုက်
ခဲ့ပါတယ်။သူက အင်တာနက်အရွယ်အစားကိုတိုင်းတာချင်ခဲ့တာဖြစ်ပေမယ့် သူ့ဗိုင်းရပ်စ်ဟာ အလိုလျောက်အသစ်
တွေထပ်မွေးတဲ့အတွက် ကွန်ပျူတာပေါင်းများစွာကူးစက်ခံခဲ့ရပါတယ်။ သူကတော့ ပြစ်ဒဏ်မကြီးမားပဲ စောင့်ကြည့်
ခြင်းပဲခံခဲ့ရပါတယ်။

Source:smashinglight
Credit

ဘယ်သူ့ ကိုမှ အထင်မသေးပါနဲ

ဆုံးအောင်ဖတ်ကြည့်ပါ

ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့  ဟိုတယ်ကို ဓာတ်လှေကား တပ်ချင်တော့
ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး အလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့် ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက် .. အထပ်တိုင်းကို လိုက်ကြည့်ပြီး အတိုင်းတာ ယူနေတုန်း.
သန့် ရှင်းရေး အလုပ်သမကြီးတစ်ယောက် ရောက်လာတယ်..

" ဆရာ ဘာတွေလုပ်နေတာလဲဟင် "

အဲလိုမေးတော့ . အင်ဂျင်နီယာကလည်း ရိုရိုသေသေ ပြန်ရှင်းပြတယ်.

"အဒေါ်ရေ ဓာတ်လှေကား တပ်မလို့  အဲဒါ အပေါက်တွေဖောက်ရမှာ လိုက်ကြည့်နေတာပါ "

အဲတော့ အလုပ်သမကြီးက ..

"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော် "

အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်. ပြီးတော့ သူလည်း သူ့ အလုပ်ပြန်လုပ်ဖို့ အာရုံစိုက်မလို့ လုပ်. .
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့  လုပ်နေရင်း စကား တခွန်းကို လှည့်ပြောတယ် .

" ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး "

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်. တယ်ဟုတ်ပါလား ဒါဆို
အပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်.

အဲလိုနဲ့  အဆောက်ဦးတွေရဲ့ အပြင်ဘက်မှာလည်း ဓာတ်လှေကားတွေ တပ်ဆင်တဲ့ အလေ့ဖြစ်လာခဲ့ပါတယ်.

........................................................................................

ကမ္ဘာစစ်အတွင်းမှာပေါ့ ..

စစ်တပ်တစ်ခုဟာ . ချီတက်လာရင်း ပြသနာတစ်ခု ကြုံရပါတယ်.
အဲဒါဘာလဲဆိုတော့ .. သူတို့  ချီတက်လာတဲ့ လမ်းပေါ်က တံတားတစ်ခုဟာ သူတို့  ထရပ်ကားအမိုးတွေနဲ့  မလွတ်တာပါ ...

အများကြီးမလွယ်တာလည်းမဟုတ်ဘဲ တစ်လက်မလောက် မလွတ်တာပါ ..

သူတို့ အကျပ်ရိုက်ကုန်တယ်. . ကားတွေကို အမိုး တွေဖြုတ်မလား

ဒီရာပေါင်းများစွာသော ကားတွေ အမိုးတွေ ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်.

တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတား ကျိုးကျသွားနိုင်တယ်..

အဲချိန်မှာ ဘေးနားကို အနီးနား ရွာက ကလေးတစ်ယောက် ရောက်နေပါတယ်.

သူက စစ် အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ ထိုင် နားထောင်နေတယ် အကြာကြီးး..

သူတို့ တွေ ကားအမိုးတွေ ဖြုတ်ဖို့  ဆုံးဖြတ်လိုက်ပြီးး ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ.
ကလေးက တခုခု ပြောချင်တဲ့ မျက်နှာလေးနဲ့  သူတို့ ကို ကြည့်နေတယ်.

အာ့မှာ အင်ဂျင်နီယာ အကြီး တစ်ယောက်က သူ့  မုန့် တစ်ခုကို ပေးလိုက်ပြီး ကလေးကို သွားဖို့ ပြောတယ်.

ဒါပေမဲ ကလေးက မသွားဘဲ အဲ အင်ဂျင်နီယာကို ပြောဖို့ ကြိုးစားတယ်.

အဲဒါနဲ့  အင်ဂျင်နီယာကြီးက မင်း ဘာပြောချင်လို့ လဲပြောလေ ဆိုတော့ .
ကလေးက ပြောတယ်.

"ဟိုလေ တံတားအမိုး နဲ့  ကားတွေ မလွတ်ဘူးဆိုရင် ကားဘီးတွေကို လေနည်းနည်း စီ လိုက်လျှော့ကြည့်ပါလား "

အင်ဂျင်နီယာတွေ ကိုယ့် နဖူးကိုယ်ရိုက် . ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့ သူက ဆောင့် ဖြစ်ကုန်ပါတယ်..

.........................................................,

သင်ခန်းစာ : ဘယ်သူ့ ကိုမှ အထင်မသေးပါနဲ့  သူတို့ ရဲ့  အမြင် သူတို့ ရဲ့  အတွေးကလည်း ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ ထောင့်က ဖြစ်နိုင်ပါတယ်။
Credit original writer

"ဆော်ဒီမှာ ဘာလို့ ဘုန်းကြီးကျောင်း ဆောက်မရသလဲ..?

"ဆော်ဒီမှာ ဘာလို့
ဘုန်းကြီးကျောင်း
ဆောက်မရသလဲ..?"သိချင်ရင်ဖြေပါ့မယ်
=========================
ကျွန်တော် အစကတော့ မရေးတော့ဘူး လို့ပဲ တွေးထားတာ ခုဟာက ဟိုနေရာလဲ တွေ့ ဒီနေရာလဲ တွေ့ဆိုလို့ နဲနဲလေးတော့

သိအောင်ရေးမယ်ဆိုပြီး အောက်က စာလေး ရေးလိုက်ပါတယ်။
ခု လောလောဆယ် ဒီနိုင်ငံမှာ ဗမာလူမျိုးတွေ လက်ကိုင်ထားတဲ့ စကားလေး နှစ်လုံးက

""မက္ကာဟ်မှာ ဘုရားတည်လို့ရသလားတဲ့"""
""ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လို့ရသလားတဲ့""
တို့ ဗမာနိုင်ငံမှာ ဗလီ ဆောက်ခွင့်ပေးတာတောင် လွန်လှပြီတဲ့...! ဟုတ်ပါသလားခင်ဗျာ...
ကျွန်တော်ဖြေပါမယ်။
၁။ မြန်မာနိုင်ငံ ကို အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ အဲလိုပဲ အနီးနားက အိန္ဒိယကိုလဲ အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။
သူ့လက်အောက်ခံနိုင်ငံထဲမှာ ဘယ်က ဘယ်သွားသွား စိတ်ကြိုက်သွားလို့ရပါတယ်။ (ခု ရှမ်းပြည်နဲ့ မြန်မာပြည် ပြည်မထဲကို
လွတ်လွတ်လပ်လပ်သွာလို့ရပါတယ်။ တကယ်လို့များ ရှမ်းတိုင်းရင်းသားတွေက မိမိတို့ ရှမ်းနိုင်ငံသီးခြား သာ ထူထောင်ခဲ့လျှင်
ကျွန်တော်တို့ တောင်ကြီးတို့ လားရှိုးတို့ သွားချင်ရင် ဗီဇာလုပ်ရမှာပေါ့)
အဲဒီအခါမှာ ကျွန်တော်တို့ သွေးနှောပြည်သူများ (ခင်ဗျားတို့အခေါ် မွတ်စ်တွေပေါ့) ရဲ့ ၇၀% နီးနီးဟာ မြန်မာနိုင်ငံထဲကို
ရောက်လာကြပါတယ်။ ၇၀%လို့ပြောတာက ကျန်တဲ့ ၃၀% က ရှေးပဝေသဏီထဲက မြန်မာနိုင်ငံထဲမှာ ရှိခဲ့ပါတယ်။

ရွှေဘိုနယ်မှာဆိုရင် ဦးအောင်ဇေယျ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ မွတ်စလင်တပ်မှူးကြီးတွေရဲ့ မျိုးဆက်တွေ၊
မန္တလေးမှာဆိုရင် မင်းတုန်းမင်းကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ဗလီ ၀တ်ပြုကျောင်းဆောင်တွေ က သက်သေပေါ့ (ဟိုတလောက

လူကြီး တစ်ယောက်ပြောသလို ဗလီတွေက ခွင့်ပြုချက်နဲ့ ဆောက်တာမဟုတ်ဘူးဆိုတာကတော့ မင်းတုန်းမင်းက ထို
လူကြီးမင်းထံကို ခွင့်ပြုချက် မတင်ခဲ့လို့နေမှာပါနော်....)
လိုရင်းပြောပါမယ်။ အဲဒီ ၃၀% ကိုခဏထားပေါ့ ကျန်တဲ့ ၇၀%နှုန်းက ကျွန်ပြုခံရတာချင်းတူတူ ကူးလူးသွားလာရင်းနဲ့ ဒီနိုင်ငံကို
ရောက်တယ်ဆိုပါတော့။ ဒီမှာ လုပ်ကိုင်စားသောက် အိမ်ထောင်သားမွေးနဲ့ ဒီနိုင်ငံရဲ့ သစ္စာတော်ခံတွေပဲဖြစ်လာတယ်ပေါ့။

ဒီလိုနဲ့ အနိုင့်အထက် ကျွန်ပြုခံရတာကို မကျေနပ်တဲ့ အမျိုးကောင်းဇာနည် သခင်အောင်ဆန်းအပါအ၀င် မြင့်မြတ်သော
ရှေးဗမာကြီးများနှင့်မွတ်စ်လင်တွေက အင်္ဂလိပ်ကို တွန်းလှန်ဖို့ ကြံတော့ သစ္စာတော်ခံတွေ ပီပီ သခင်အောင်ဆန်းတို့နဲ့ ပူးပေါင်းပြီး

ကျရာနေရာကနေ စွမ်းဆောင်ပေးခဲ့ကြတာပေါ့။ ဒါတွေကို ပြန်ပြီး ဇာချဲ့မနေတော့ပါ။ ဒီလိုနဲ့ လွတ်လပ်ရေးရလာတာ ခုဆို နှစ်
၆၀ကျော်သွားခဲ့ပါပြီ......ဒီနှစ်
ခြောက်ဆယ်လုံးလဲ အဲဒီ သွေးနှော ဘီဘင်များရဲ့ မျိုးဆက်များဟာ ဒီမြန်မာနိုင်ငံမှာပဲ
အေးအတူပူအမျှ နေလာခဲ့ကြပါတယ်။ မုန်တိုင်းတိုက်လဲ အတူတူခံရပါတယ်။ ငလျင်လှုပ်လဲ အတူတူ ခံရပါတယ်။

စစ်အာဏာရှင်တွေက ဖိနှိပ်လို့ ပြန်တွန်းလှန်ဖို့ ကြိုးစားရင်း ပညာတ၀က်တပျက်နဲ့ တောခိုခဲ့ကြတာလဲ အတူတူပါပဲ။
ဟော ခုဒီမိုကေ၇စီရဲ့ ကနဦး (ကျွန်တော်တို့ အရွယ်တွေမမှီခဲ့တဲ့) ၈၈ အရေးအခင်းမှာလဲ မွတ်စ်လင်မ်တွေ ပါတာပဲ။
၂၀၀၇သံဃာ့လှုပ်ရှားမှုမှာလဲ မွတ်စ်လင်မ်တွေက ဘေးက လက်တွဲလို့.....!
ကဲ စာတော်တော်ရှည်သွားပါပြီ.... လိုရင်းပြောပါမယ်။

ဆော်ဒီမှာ ဘုရားတည်ချင်ပါတယ်ဆိုတဲ့သူတွေကို မေးပါမယ်။
ဆော်ဒီအာရေးဗီးယားလို့ အသိများတဲ့ စအူဒီအာရဗ်နိုင်ငံဟာ တမန်တော်မြတ်ကြီး (PBUH) မရှိတော့တဲ့ နောက်

နှစ်အတန်ကြာမှာ အာရဗ်တွေ လက်က အာဏာဆုံးရှုံးသွားပါတယ်။ ဒါကို စအူဒ် ဘုရင်လို့ ခေါ်တွင်လာမဲ့ အာရဗ်နွယ်က

ပြန်လည်ရယူပြီးမှ စအူဒီအာရဗ်နိုင်ငံကို တည်ထောင်ခဲ့တာပါ။ (ဆော်ဒီနိုင်ငံသမိုင်း ရေးသားမည်မဟုတ်၍
ဤမှသာဖော်ပြသည်)
ကဲမေးပါပြီ..... အဲဒီ စအူဒ် ဘုရင် ဆော်ဒီ နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့စဉ်မှာ

ဘယ်ဗမာတစ်ယောက်....ဘယ်မြန်မာနိုင်ငံသားတစ်ယောက်ကများ ပါဝင်ဘူးပါသလဲ.........
ထပ်မေးပါမယ်.....

ဆော်ဒီဘုရင့်နိုင်ငံ ပေါ်ပေါက်လာမှုတွင် ဗမာတစ်ယောက်ယောက်၏ အခန်းကဏ္ဍကို ဖော်ပြပေးပါ........

အေး...အဲလို မပါဝင်ဘူးပဲနဲ့.....
အဲဒီနိုင်ငံမှာ နှစ်ပေါင်း လေးငါးဆယ်လောက် ဒုက္ခ..သုက္ခ အစုံခံ အေးအတူပူအမျှ မနေဘူးပါလျက်
အဲဒီနိုင်ငံမှာ လူဦးရေ သိန်းဂဏာန်းပြည့်အောင်တောင် နိုင်ငံသားမရှိပါပဲလျက်....

ဘာအတွက်ကြောင့် ဆော်ဒီနိုင်ငံမှာ ဘုရား မဆောက်ရတာလဲ အပစ်တင်နေတာ ခင်ဗျားတို့မှားတာ ဦးနှောက်သုံးပြီးစဉ်းစား ပေါက်ကရပါးစပ်ကထွက်သလိုလျှောက်မအော်ရဘူ ကလေးမှမဟုတ်တာ စဉ်းစားးးး

အာရဗ်တွေမှားသလား...စဉ်းစား...သေချာစဉ်းစား

ဆော်ဒီမှာ မွတ်စလင်မ်မဟုတ်တဲ့ ကော့ပ်တစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သန်းနဲ့ချီပြီး နေကြတယ်။ သူတို့ ချတ်ခ်ျကျောင်းတွေ
ဆောက်ကြတယ်...လွတ်လွတ်လပ်လပ် ကိုးကွယ်နေကြတယ်.....အဲဒါကိုကော.........မင်းတို့သိလား........ငါပြောတာတွေ

မယုံရင် ဂိုဂယ်မှာ ဆော်ဒီအကြောင်း တချက်ရိုက်ရှာလိုက်...အကုန်ပါတယ်။ နားလည်လား...........

ထပ်ပြောဦးမယ်........""မက္ကာဟ်မှာ ဘုန်းကြီးကျောင်း တည်လို့မရဘူး"" ဆိုသူများအတွက်
မက္ကာဆိုတာ သာသနာ့နယ်မြေ သီးသန့်နယ်မြေ....ဆော်ဒီ ကျန်တဲ့ နေရာတွေမှာ လွတ်လပ်စွာကိုးကွယ်လို့ရတယ်။

ဒီနယ်မြေတော့ အစ္စလာမ့်နယ်မြေဖြစ်နေလို့မရဘူး........

မင်းတို့ရှင်းအောင် ဥပမာပေးမယ်........
ပုဂံဆိုတာ ဗုဒ္ဓသာသနာ့နယ်မြေ.......အဲဒီ ပုဂံဘုရားတွေအလယ်မှာ

ဗလီဆောက်လို့ရမလား...ချတ်ခ်ျကျောင်းဆောက်လို့ရမလား.........ကိုယ်ချင်းစာကြည့်ပါ............

ကဲ နိဂုံးချုပ်မယ်........
(၁) ဆော်ဒီမှာ ဘုရားတည်လို့ မရဘူး ဆိုသူများအတွက် ဆော်ဒီနိုင်ငံမှာ နှစ် ၅၀ လောက်

သွားနေပါ....တိုင်းပြည်အခွန်ဆောင်ပါ...အေးအတူပူအမျှနေပါ......လိုအပ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ နိုင်ငံအတွက်

ဘ၀တွေရင်း အသက်တွေရင်းပြီး ပါဝင်ပေးပါ......လူဦးရေ သိန်းဂဏာန်းလောက် လူမျိုးစုလေးဖြစ်အောင်နေပါ......ပြီးရင်

ခင်ဗျားမေးခွန်းကို ဖြေပေးပါမယ်.......ဆော်ဒီမှာ အဲဒီအခြေအနေဆိုရင် ဘုရားတည်လို့ရပါမယ်။

(၂) မက္ကာဟ်မှာ ဘုန်းကြီးကျောင်းဆောက်မရဘူးဆိုသူများအတွက် ပုဂံဘုရားများအလည်မှာ ချတ်ခ်ျကျောင်း သို့မဟုတ် ဗလီ

ဆောက်လို့ရတဲ့နေ့ပြန်လာခဲ့ပါ။ အဖြေပေးပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်.....လွတ်လပ်စွာ ဆဲဆိုနိုင်ပါတယ်....မှန်တာပြောရလို့ ဆဲသောသူများကိုခေါင်းထဲမထည့်ပါ လူကမွေးတာမဟုတ်ဖူးလို့ပဲ တွေးလိုက်မယ်
ထိုင်းမှာဗလီရှိတယ် အမေရိကန်မှာဗလီရှိတယ်လာမပြောနဲ့နော် တကမ္ဘာလုံးမှာနိုင်ငံတိုင်းမှာအစ္စလာမ်တွေအများကြီးနေထိုင်တယ် ဒါကြောင့်ဗလီရှိတယ် ခရစ်ယာန်တွေနိုင်ငံတိုင်းနေတယ် ဒါကြောင့်ချားစ်ကျောင်းရှိတယ် ဗမာကနိုင်ငံတိုင်းရေရှည်နိုင်ငံသားလိုနေတာမရှိသလောက်ပဲအလွန်နည်းတယ်နေရင်လဲ အလုပ်သမားများတယ် ဒါကြောင့်နိုင်ငံတိုင်းဘုန်းကြီးကျောင်းမရှိဖူး။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ရင်ဗမာ ဗုဒ္ဓဘာသာဆိုတာ လက်တစ်ဆုပ်စာပဲရှိတယ်။

Share
fbမှာဗမာတချို့တွေကမြန်မာနိုင်ငံမှာဗလီ ရှိတယ် ဆော်ဒီမှာဘုရားတည်မရဖူး မြန်မာကဗလီတွေဘာလို့ရှိရတာလဲဆိုပြီး ပေါက်ကရတွေပြော ဘာသာရေး မှိုင်းးတိုက်နေလို့ အဲ့သလို ဦးနှောက်မရှိတဲ့လူ့အခွံတွေ သိအောင် ခုလိုပို့စ်တင်တာပါ။

credit - KO Ni

ဧည့်နိုင်ငံသားတဲ့လား



ဧည့်နိုင်ငံသားတဲ့လာ့း့
ဟုတ်တယ် ဦးရာရှစ်က ပထမဆုံး ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို တာဝန်ကျေကျေနဲ့ ထမ်းဆောင်ခဲ့တယ်

ဧည့်နိုင်ငံသားတဲ့လား
ဟုတ်တယ့့် ဗိုလ်ယာကွတ်က သီပေါမင်းဆုချခဲ့တဲ့ စစ်သူကြီးဝတ်စုံဝတ်ပြီး အင်္ဂလိပ်တို့ကြိုးပေးတာ ရင်ကော့ခံသွားတယ်

ဧည့်နိုင်ငံသားတဲ့လား
ဟုတ်တယ် ဗိုလ်ဖိုးကာက သပြေတန်းခံတပ်မှာ အင်္ဂလိပ်ကို လက်နက်မချပဲ ခံတိုက်ခဲ့တယ်

ဧည့်နိုင်ငံသားတဲ့လား
ပင်လုံစာချုပ် အကောင်အထည်ပေါ်ဖို့ ဦးဖေခင်က ဘယ်နိုင်ငံက လာလုပ်ပေးတာလဲ

ဧည့်နိုင်ငံသားတဲ့လား
သွေးအိုင်ထဲမှာ ဗိုလ်ချုပ်နဲ့အတူ အသက်ပေးခဲ့တဲ့ ဦးရာဇတ်တောင် ခင်ဗျားက အားမနာ

ဧည့်နိုင်ငံသားတဲ့လား
မင်းတုန်းမင်းရဲ့ လွှတ်တော်လုံခြုံရေးတပ်ဖွဲ့က ပသီလက်နက်ကိုင်တွေကို ဘယ်သွားထားလိုက်လဲ

ဧည့်နိုင်ငံသားတဲ့လား
မန္တလေးရွှေမြို့တော်ကို မဟာမုနိ ရုပ်ရှင်တော်မြတ်ကို သယ်ဆောင်ပေးတုန်းက လိုက်ပါခဲ့တဲ့ ကမန်လေးသည်တော်တွေမှ အားမနာဗျာ

ဧည့်နိုင်ငံသားတဲ့လား
စောင်းတီးကောင်းတဲ့ စောင်းမောင်မောင်လတ်ဆိုတာ ကုလားကြီးပေါ့လေ

ဧည့်နိုင်ငံသားတဲ့လား
ပထမဆုံးအမျိုးသမီးစွမ်းဆောင်ရှင် ဝဏ္ဍကျော်ထင် ဒေါ်စောရွှေက ဘယ်နိုင်ငံကလဲ

ဧည့်နိုင်ငံသားတဲ့လား
နိုင်ငံတကာ အားကစားဆုတံဆိပ်ကို မြန်မာအတွက် ပထမဆုံးယူပေးခဲ့တာ မန္တလေးက ရွှေကျေးဦးဘသိန်းဗျ

ဧည့်နိုင်ငံသားတဲ့လား
ဘညိမ်းတစ်ယောက်ရှိလို့သာ ဗမာတွေခေါင်းဖော်နိုင်တော့တယ်လို့ ဂုဏ်ပြုခဲ့တာ မန္တလေးသားပါဗျာ

ဧည့်နိုင်ငံသားတဲ့လား
ဧည့်နိုင်ငံသားတဲ့လား
ဧည့်နိုင်ငံသားတဲ့လားဗျာ့

ခေတ်အဆက်ဆက်
စံနစ်အဆက်ဆက်မှာ
နောက်တစ်ချက်မှ မတွန့်ပဲ
အာဏာရှင်တွေကို လက်တွဲတွန်းလှန်ခဲ့တဲ့ သူတွေကိုမှ ခင်ဗျားကအားမနာ
ဧည့်နိုင်ငံသားတွေတဲ့လား သူရဦးအောင်ကိုရာ့

Credit

Jobs 职(zhí)业(yè) အလုပ်အကိုင် အင်္ဂလိပ်-မြန်မာ-တရုတ်

Jobs 职(zhí)业(yè) အလုပ်အကိုင်
အင်္ဂလိပ်-မြန်မာ-တရုတ် chophyuphyumyint 收集
-----------------------------------------
1. Accountant 会(kuài)计(jì) စာရင်းကိုင်
2. Actor 男(nán)演(yǎn)员(yuán) အမျိုးသား သရုပ်ဆောင်
3. Actress 女(nǚ)演(yǎn)员(yuán) အမျိုးသမီး သရုပ်ဆောင်
4. Anchor 新(xīn)闻(wén)主(zhǔ)播(bō) သတင်းကြော်ငြာသူ
5. Announcer 广(guǎng)播(bō)员(yuán) အသံလွှင့် ကြော်ငြာသူ
6. Architect 建(jiàn)筑(zhù)师(shī) ဗိသုကာ
7. Artist 艺(yì)术(shù)家(jiā) အနုပညာရှင်
8. Associate professor 副(fù)教(jiào)授(shòu) ဒု-ပါမောက္ခ
9. Astronaut 宇(yǔ)航(háng)员(yuán) အာကာသ ယာဉ်မှူး
10. Attendant 服(fú)务(wù)员(yuán) ၀န်ထမ်း
11. Auditor 审(shěn)计(jì)师(shī) စာရင်းစစ် အရာရှိ
12. Auto mechanic 汽(qì)车(chē)修(xiū)理(lǐ)工(gōng) ၀ပ်ရှော့ဆရာ
13. Baker 面(miàn)包(bāo)师(shī) ပါမုန့်ဆရာ
14. Barber 理(lǐ)发(fà)师(shī) (男) ဆံပင်ညှပ် ဆရာ
15. Baseball player 棒(bàng)球(qiú)运(yùn)动(dòng)员(yuán) ဘေ့ဘော ကစားသမား
16. Bank Manager 银(yín)行(háng)经(jīng)理(lǐ) ဘဏ်မန်နေဂျာ
17. Bell boy 门(mén)童(tóng) အပေါက်စောင့်
18. Blacksmith 铁(tiě)匠(jiàng) ပန်းပဲ
19. Boxer 拳(quán)击(jī)手(shǒu) လက်ဝှေ့သမား
20. Body guard 保(bǎo)镖(biāo) ကိုယ်ရံတော်
21. Broker 经(jīng)纪(jì)人(rén) အေဂျင်စီ
22. Bus driver 公(gōng)车(chē)司(sī)机(jī) ဘတ်စကား မောင်းသူ
23. Butcher 肉(ròu)商(shāng) အသားရောင်းသူ
24. Buyer 采(cǎi)购(gòu)员(yuán) အ၀ယ်တော်
25. Captain 船(chuán)长(zhǎng) မာလိမ်မှူး
26. Carpenter 木(mù)匠(jiang) လက်သမားဆရာ
27. Cartoonist 漫(màn)画(huà)家(jiā) ကာတွန်းဆွဲ သူ
28. Cashier 出(chū)纳(nà)员(yuán) ငွေကိုင်စာရေး
29. Cleaner 清(qīng)洁(jié)工(gōng) သန့်ရှင်းရေး ၀န်ထမ်း
30. Chairman 董(dǒng)事(shì)长(zhǎng) ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဌ
31. Chef 厨(chú)师(shī) စားဖိုမှူး
32. Chemist 化(huà)学(xué)家(jiā) ဓာတုဗေဒပညာရှင်
33. Civil servant 公(gōng)务(wù)员(yuán) အစိုးရ အမှူးထမ်း
34. Civil Engineers 土(tǔ)木(mù)工(gōng)程(chéng)师(shī) မြို့ပြအင်ဂျင်နီယာ
35. Clerk 店(diàn)员(yuán) စာရေး
36. Cobbler 鞋(xié)匠(jiàng) ဖိနပ်ချူပ်သမား
37. Computer programmer 程(chéng)序(xù)员(yuán) ပရိုဂရမ်ရေးသားသူ
38. Construction worker 建(jiàn)筑(zhù)工(gōng)人(rén) ဆောက်လုပ်ရေး လုပ်သား
39. Consultant 顾(gù)问(wèn) အကြံဥာဏ်ပေး
40. Cook 厨(chú)子(zi) ထမင်းချက် ဟင်းချက်
41. Cowboy 牛(niú)仔(zǎi) နွားကျောင်းသား
42. Customs officer 海(hǎi)关(guān)官(guān)员(yuán) အကောက်ခွန် အရာရှိ
43. Dancer 舞(wǔ)者(zhě) အက ကသူ
44. Dentist 牙(yá)科(kē)医(yī)生(shēng)သွား ဆရာဝန်
45. Designer 设(shè)计(jì)师(shī) ဒီဇိုင်းနာ
46. Desk clerk 接(jiē)待(dài)员(yuán) ဧည့်ကြို
47. Detective 侦(zhēn)探(tàn) စုံထောက်
48. Disc jockey (D.J) 舞(wǔ)曲(qǔ)唱(chàng)片(piàn)播(bō)放(fàng)员(yuán) D.J
49. Doctor 医(yī)生(shēng) ဆရာဝန်
50. Door-to-door salesman 推(tuī)销(xiāo)员(yuán) ကုန်စည် ဖြန့်ဖြူး ရောင်းချသူ
51. Driver 司(sī)机(jī) ကားဆရာ
52. Editor 编(biān)辑(jí) အယ်ဒီတာ
53. Electrician 电(diàn)工(gōng) လျှပ်စစ် ၀န်ထမ်း
54. Engineer 工(gōng)程(chéng)师(shī) အင်ဂျင်နီယာ
55. Estate agent 房(fáng)地(dì)产(chǎn)商(shāng) အိမ်ခြံမြေရောင်းဝယ်ရေးသမား
56. Farmer 农(nóng)民(mín) လယ်သမား
57. Fashion designer 时(shí)装(zhuāng)设(shè)计(jì)师(shī) ဖက်ရှင် ဒီဇိုင်းနာ
58. Fireman 消(xiāo)防(fáng)员(yuán) မီးသတ်သမား
59. Fisherman 渔(yú)夫(fū) တံငါသည်
60. Florist 花(huā)商(shāng) ပန်းသည်
61. Gardener 花(huā)匠(jiàng)、园(yuán)丁(dīng) ဥယျာဉ်မှူး
62. Gas station attendant 加(jiā)油(yóu)工(gōng) ဓာတ်ဆီဆိုင် ၀န်ထမ်း
63. Geologist 地(dì)质(zhì)学(xué)家(jiā)ဘူမိဗေဒ ပညာရှင်
64. Guide 导(dǎo)游(yóu) ဧည့်လမ်းညွန်
65. Guard 警(jǐng)卫(wèi) လုံခြုံရေး
66. Hairdresser 理(lǐ)发(fà)师(shī) ဆံပင်ညှပ်ဆရာ
67. Housekeeper 管(guǎn)家(jiā) အိမ်ထိန်း
68. Housewife 家(jiā)庭(tíng)主(zhǔ)妇(fù) အိမ်ထောင်ရှင်မ
69. Interpreter 口(kǒu)译(yì)员(yuán) ဘာသာပြန်
70. Jeweler 宝(bǎo)石(shí)商(shāng) ရတနာကုန်သည်
71. Journalist 新(xīn)闻(wén)记(jì)者(zhě) သတင်းထောက်
72. Judge 法(fǎ)官(guān) တရားသူကြီး
73. Lawyer 律(lǜ)师(shī) ရှေ့နေ
74. Librarian 图(tú)书(shū)管(guǎn)理(lǐ)员(yuán) စာကြည့်တိုက်မှူး
75. Lifeguard 救(jiù)生(shēng)员(yuán) အသက် ကယ်တင်ပေးသူ
76. Marketing & Advertising Manager 市(shì)场(chǎng)和(hé)广(guǎng)告(gào)经(jīng)理(lǐ)ဈေးကွက်နှင့်ကြော်ငြာ မန်နေဂျာ
77. Manager 经(jīng)理(lǐ) မန်နေဂျာ
78. Magician 魔(mó)术(shù)师(shī) မျက်လှည့်ဆရာ
79. Masseur 按(àn)摩(mó)师(shī) (男(nán)) အနှိပ် ဆရာ
80. Masseuse 按(àn)摩(mó)师(shī)(女(nǚ)) အနှိပ် ဆရာမ
81. Mathematician 数(shù)学(xué)家(jiā) သင်္ချာပညာရှင်
82. Mechanic 机(jī)械(xiè)师(shī) စက်ဆရာ
83. Miner 矿(kuàng)工(gōng) သတ္တုတွင်း အလုပ်သမား
84. Model 模(mó)特(tè)儿(r) မော်ဒယ်
85. Monk 和(hé)尚(shang)、僧(sēng) ဘုန်းကြီး၊ ရဟန်း
86. Movie director 导(dǎo)演(yǎn) ရုပ်ရှင် ဒါရိုက်တာ
87. Movie star 电(diàn)影(yǐng)明(míng)星(xīng) ရုပ်ရှင် သရုပ်ဆောင်
88. Musician 音(yīn)乐(yuè)家(jiā) ဂီတပညာရှင်
89. Nun 修(xiū)女(nǚ) ဗရင်ဂျီ သီလရှင်
90. Nurse 护(hù)士(shi) သူနာပြု
91. Office clerk 职(zhí)员(yuán) ရုံးဝန်ထမ်း
92. Operator 接(jiē)线(xiàn)员(yuán) အော်ပရေတာ
93. Owner 业(yè)主(zhǔ) ပိုင်ရှင်
94. Painter 油(yóu)漆(qī)匠(jiàng) ဆေးသုတ်သမား
95. Parachutist 跳(tiào)伞(sǎn)人(rén) လေထီးခုန် သမား
96. Pharmacist 药(yào)剂(jì)师(shī) ကွန်ပေါင်ဒါ
97. Photographer 摄(shè)影(yǐng)师(shī)ဓာတ်ပုံဆရာ
98. Physician 内(nèi)科(kē)医(yī)生(shēng) အထွေထွေရောဂါကု သမားတော်
99. Pilot 飞(fēi)行(xíng)员(yuán) လေယာဉ်မှူး
100. Planner 计(jì)划(huà)员(yuán) စီမံသူ
101. Plumber 水(shuǐ)管(guǎn)工(gōng) ရေပိုက်သမား
102. Police 警(jǐng)察(chá) ရဲ
103. Postal clerk 邮(yóu)局(jú)职(zhí)员(yuán) စာတိုက် ၀န်ထမ်း
104. Postman 邮(yóu)差(chāi) စာပို့သမား
105. Porter 搬(bān)运(yùn)工(gōng)人(rén) အထမ်းသမား (အိတ်သယ်)
106. President 总(zǒng)统(tǒng) သမ္မတ
107. Priest 牧(mù)师(shī) (ခရစ်ယာန်ဘာသာ) သင်းအုပ်
108. Professor 教(jiào)授(shòu) ပါမောက္ခ
109. Producer 制(zhì)作(zuò)人(rén) ရုပ်ရှင်ကား ရိုက်ကူးသူ
110. Receptionist 接(jiē)待(dài)员(yuán) ဧည့်ကြို
111. Repairman 修(xiū)理(lǐ)工(gōng) စက်ပြင်ဆရာ
112. Sailor 水(shuǐ)手(shǒu) သေဘာၤသား
113. Sales man 售(shòu)货(huò)员(yuán) အရောင်းသမား
114. Scientist 科(kē)学(xué)家(jiā) သိပ္ပံပညာရှင်
115. Seamstress 女(nǚ)装(zhuāng)裁(cái)缝(feng)师(shī) အမျိုးသမီးဝတ် စက်ချုပ်ဆရာ
116. Secretary 秘(mì)书(shū) အတွင်းရေးမှူး
117. Short hand typist 速(sù)记(jì)打(dǎ)字(zì)员(yuán) လက်ရေးတို
118. Singer 歌(gē)手(shǒu) အဆိုတော်
119. Soldiery 士(shì)兵(bīng)、军(jūn)人(rén) စစ်သား
120. Supervisor 主(zhǔ)管(guǎn) တာဝန်ခံ
121. Surgery 外(wài)科(kē) (ခွဲစိတ်) သမားတော်
122. Statistician 统(tǒng)计(jì)员(yuán) စာရင်းစု စာရေး
123. Student 学(xué)生(shēng)ကျောင်းသား
124. surveyor 测(cè)量(liáng)员(yuán) မြေတိုင်းစာရေး
125. Sculptor 雕(diāo)塑(sù)家(jiā) ပန်းပုပညာရှင်
126. Spy 间(jiàn)谍(dié) စပိုင်(သူလျို)
127. Tailor 裁(cái)缝(feng)师(shī) စက်ချုပ်ဆရာ
128. Taxi-driver 计(jì)程(chéng)车(chē)司(sī)机(jī) တက္ကစီ မောင်းသမား
129. Teacher 教(jiào)师(shī) ကျောင်းဆရာ
130. Technician 技(jì)术(shù)员(yuán) အတတ်ပညာရှင်
131. Translator 翻(fān)译(yì) ဘာသာပြန်
132. TV reporter 电(diàn)视(shì)台(tái)记(jì)者(zhě) တီဗွီ သတင်းထောက်
133. Typist 打(dǎ)字(zì)员(yuán) စာစီ စာရိုက်
134. Veterinarian 兽(shòu)医(yī) တိရစ္ဆာန်ကု ဆရာဝန်
135. Waiter 服(fú)务(wù)生(shēng) အမျိုးသား စားပွဲထိုး
136. Waitress 女(nǚ)服(fú)务(wù)生(shēng) အမျိုးသမီး စားပွဲထိုး
137. Welder 焊(hàn)工(gōng) ဂဟေ ဆက်သမား
138. Writer 作(zuò)家(jiā) စာရေးဆရာ


အင်္ဂလိပ်-မြန်မာအဘိဓာန်
ရွှေအိမ်စည်

Credit 

🌹ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ🌹

🌹ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ🌹
(ရှယ်ပြီးသိမ်းထား။ တစ်နေ့ အသုံးလိုပါလိမ့်မယ်။)

🎈မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ

🎯ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။

🎈ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း

🎯သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။

🎈ဟင်းအိုး ဆားငံသွားလျှင်

🎯နီရဲနေသော မီးခဲကို ငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။

🎈ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း

🎯ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။

🎈ဘောလ်ပင် မှင်မလိုက်လျှင်

🎯အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။

🎈ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်

🎯ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။

🎈ရေခဲတုံး တာရှည်ခံအောင်ထားနည်း

🎯သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။

🎈ဆံပင်များ မကျွတ်စေရန်

🎯ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။

🎈ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း

🎯ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။

🎈ငွေထည်ပစ္စည်းများ အရောင်တင်နည်း

🎯အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။

🎈ရွှေထည်များ အရောင်တင်ရန်

🎯ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။

🎈မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း

🎯အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။

🎈အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်

🎯သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။

🎈သံပုရာသီး အရည်ပိုထွက်စေရန်

🎯မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။

🎈နှင်းခူ အစို/အခြောက် ပျောက်လိုသော်

🎯ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။

🎈သန်းများ သေစေသောနည်း

🎯ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။

🎈ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း

🎯ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။

🎈အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်

🎯ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။

🎈ရှောက်သီးများ တာရှည်ခံအောင်ထားနည်း

🎯ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။

🎈ကြွက်များ မလာစေရန်

🎯ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။

🎈ပုရွက်ဆိတ်များ မလာစေရန်

🎯သခွားသီးအခွံများ ချထားလိုက်ပါ။

🎈ပိုးဟပ်များ မလာစေရန်

🎯လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။

🎈မြွေများ မလာစေရန်

🎯ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။

🎈ကြက်သားအရိုးပျောက်ချက်နည်း

🎯ထန်းရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။

🎈ငါးသလောက် အမြန်နူးစေသောနည်း

🎯ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။

🎈ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်

🎯တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂၀ခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။

🎈မျက်နှာ အဆီမပြန်လိုပါက

🎯မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။

🎈ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်

🎯ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။

🎈ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်

🎯စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။

🎈ညှောင့် / ဆူးစူးလျှင်

🎯ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။

🎈ကြွက်နို့ ပျောက်စေသောနည်း

🎯ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။

🎈ဝက်ခြံပျောက်စေသောနည်း

🎯ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။

🎈နွားနို့ မချဉ်အောင်ထားနည်း

🎯ငရုပ်သီးစိမ်း ၁၀တောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။

🎈မျက်နှာပေါင်းတင်နည်း

🎯ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။

🎈အပူလောင်သော်

🎯၁။ သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ။
🎯၂။ ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ။

👉ရှယ်ပြီး သိမ်းထားပါ👈
👉လိုချင်လျှင် ရှာရလွယ်ပါမည်👈

က မှ အ အထိစကားပုံများ

ကဲ---အမျိုးတွေအတွက် "ဘာလာလာ"ကလက်ဆောင်ပေးလိုက်ပြီနော်
မေ့တက်ရင် share ဖို့မမေ့နဲ့နော်
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်
ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသ
ား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား

၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စား
မနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသ
ည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးေ
လးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်
သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”

၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...
ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်
မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်


၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”

၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”

၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရို
းသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ
ဝင်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”

၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”

၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီး
လောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”

၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခ
တ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိေ
တာက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလ
ည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”

၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”

၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”

၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊
တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရ
င်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်း
ဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.က
ားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစ
ားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”

၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျ
လဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမ
သိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”

၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချ
င်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”

၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”

၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”

၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လ
င်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..
ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”

၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်
တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှ
န်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားေ
ကာင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”

၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”

၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တ
စ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"

Credit to ပညာပေးသော ကမ္ဘာကျော် စကားလုံးမျာ်း