Wednesday, July 31, 2019

လင်ကွန်း ၏ ခေါင်းဆောင်မှု ကျင့်စဉ်များ(မှတ်စုများ)

လင်ကွန်း ၏ ခေါင်းဆောင်မှု ကျင့်စဉ်များ(မှတ်စုများ)

• မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။

•   ရောက်လေရာတွင် အခငွ့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံ သဘောတရားများကို ဖော်ထုတ်ပါ။

•   ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။

•   ‘လှည့်လည်ခေါင်းဆောင်မှု’ နည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။

•   မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရယ်ွပါနှင့်။ နိမ့်နိမ့်ချိန်ပါ၊ သာမန်ပြည်သူတွေ သဘောပေါက်ပါလိမ့်မည်။ သူတို့သာလျှင် သင်၏ပစ်မှတ်ဖြစ်သည်။

•   အမြင်ကို ဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထို့နောက် ထိုနှစ်ခုကို အနာဂတ်နှင့် ပေါင်းကူးပေးပါ။

•   ဆန်းသစ်သောအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်း သဘောပေါက်ပါ။

•   လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာခံစားချက်မျိုး မကျန်ရစ် စေရန် ကြိုးစားပါ။

•   စကားပြောသောအခါ ပင်ကိုသဘာဝအတိုင်း ရိုးသားစွာပြောပါ၊ မ၀င့်ဝါပါနှင့်၊ အထက်စီးလေသံ မပါပါ စေနှင့်။ မိမိအား သူတို့တစ်သက်လုံး သိကျွမ်းလာခဲ့ခြင်းဖြစ်သည်ဟူ၍ လူတွေထင်မှတ်ကျန်ရစ်ပါစေ။

•   လူတွေကို မိမိဘက်ပါအောင် ဆွဲဆောင်ရာတွင် ဟာသဉာဏ်သည် အဓိကအရေးပါသော အဂါင်္တစ်ရပ် ဖြစ်သည် ဟူသော အချက်ကို မမေ့ပါနှင့်။

•   ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သော ဆေးစမွ်းကောင်းဖြစ်သည်။

•   ရယ်စရာ ပုံတိုပတ်စများဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်လျှင် ပို၍ ထိရောက်သည်။

•   အခြားသူများ၏ လေကြောရှည် အကျိုးမဲ့ ဆွေးနေွးချက်များကိုဖြစ်စေ၊ မိမိ၏ ကြိုးစားပမ်းစား ရှင်းလင်း ချက်များကိုဖြစ်စေ ဆီလျော်လျောက်ပတ်သော ပုံတိုပတ်စကလေးဖြင့် ရှောင်ရှားနိုင်သည်။

•   လက်အောက်ငယ်သားများနှင့် အလွတ်သဘော စကားလက်ဆုံ ပြောခြင်းဖြင့် သစ္စာရှိမှုကို ပို၍ ရရှိနိုင်သည်။

•   မိမိအဖွဲ့အစည်း၏ အာဝဇ္ဇန်းအကောင်းဆုံး စကားပြောတတ်သူ ဖြစ်ပါစေ။

•   လက်တန်းအဟောအပြောကောင်းခြင်းသည် လူထုပရိသတ် သဘောကျစေသော နည်းလမ်းဖြစ်သည်။

•   စကားပြောနေစဉ် ကိုယ်ဟန်မူရာ အမျိုးမျိုးကို အသုံးပြုပါ။

•   လူထုပရိသတ်ရှေ့တွင် စကားမပြောမီ ပြောမည့်အကြောင်းအရာကို စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်ပါ။

•   မိမိ ရေးသည့်စာဟူသမျှ ပုံနှိပ်ပြီးမှသာ ကျေနပ်ပါ၊ မိမိ ပြောသည့်စကားမှန်သမျှ ပြောပြီးမှသာ ကျေနပ်ပါ။

•   ဘာစကားမှ မပြောဘဲ နေသင့်သည့်ကာလများရှိသည်ကို သတိရပါ။ `ကျွန်တော် ငြိမ်ငြိမ်ကလေးပဲ နေပါရစေ´ ဟု ပရိသတ်ကို ပြောပါ။

•   အများရှေ့မှာ စကားပြောနေစဉ် အမှားမပါပါစေနှင့်။ အမှားပြောမိလျှင် မိမိကိုသာမဟုတ်၊ မိမိ၏ အဖွဲ့အစည်းကိုပါ ထိခိုက်စေနိုင်သည်။

•   စကားဖြင့်ပြောခြင်းနှင့် စာဖြင့်ပြောခြင်းကို တစ်ခါတစ်ရံ တွဲသုံးသင့်သည်။ ဤနည်းဖြင့် အာရုံနှစ်ခုကို ခံစားရလိမ့်မည်။ မိမိရော လက်အောက်ငယ်သားများပါ ပို၍ သဘောပေါက်နားလည်လာလိမ့်မည်။

•   လက်ရှိအခြေအနေတွင် အခက်အခေဲတွ တောင်လိုပုံနေလျှင် အခြေအနေနှင့်အတူ မြင့်တက်ပါ၊ အသစ်တွေးပါ၊ အသစ်လုပ်ပါ။

•   မိမိလူတွေ မအောင်မြင်လျှင်လည်း သူတို့အပေါ်တွင် ယုံကြည်မှု လျော့မသွားပါနှင့်။

•   မိမိသည် သူတို့အကြံဉာဏ်များကို အမြဲတမ်းလိုလားကြောင်း လက်အောက်ငယ်သားများ သိပါစေ။

•   ဘယ်တော့မျှ မကြိုးစားလျှင် ဘယ်တော့မျှ မအောင်မြင်နိုင်။

•   ကျယ်ပြန့်သော မူဝါဒကိစ္စများမှတစ်ပါး အခြားကိစ္စများတွင် အထက်အမိန့်ကို စောင့်မနေဘဲ မိမိတို့၏ ဦးဆောင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ကြရန် လက်အောက်ငယ်သားများအား အားပေးပါ။

•   အတော်ဆုံး ခေါင်းဆောင်များသည် အမြဲတမ်း လေ့လာဆည်းပူးနေသည် ဟူသော အချက်ကို မမေ့ပါနှင့်။

•   မိမိ၏ ပတ်ပတ်လည်တွင် ကိုယ့်အလုပ်ကိုယ်သိသောသူများသာ ရှိပါစေ၊ ‘ပုတ်သင်ခေါင်းညိတ်’ လူစားမျိုးတွေ မရှိပါစေနှင့်။

•   အသစ် တိုးတက်မှုတွေကို အသုံးချရန် လက်မနှေးပါနှင့်၊ မိမိ၏ တပ်သားများ လက်ထဲသို့ လက်နက် သစ်တွေ ချက်ချင်းရောက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။

•   တာဝန်ယူတတ်ပြီး စွန့်စားလုပ်ကိုင်တတ်သူများကိုသာ မိမိ၏ အဓိကလက်အောက်ခံ အမှုဆောင် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပါ။

•   ရှေ့တန်းသို့ထွက်ပါ၊ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါ။

•   အမှုထမ်းများက မိမိ၏အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အား ပြစ်တင်ဝေဖန်လာပါက စပ်ွစဲချွက် မှန်ကန်လျှင် ထိုပုဂ္ဂိုလ်အား ဖယ်ရှားပစ်ရန် မကြောက်ပါနှင့်။

•   မိမိနောက်လိုက်များအား အတတ်နိုင်ဆုံး အထောက်အကူပေးပါ။

•   စမွ်းဆောင်ရည်မရှိသူများအား စမွ်းဆောင်ရည်ပြည့်ဝလာအောင် သုံးလမှ ငါးလအထိ ‘သိက္ခာဆည်ချိန်’ ပေးပါ။

•   အလုပ်ကောင်းကောင်းမလုပ်လျှင် အာဏာကို တဖြည်းဖြည်းလျှော့ချပါ။ ပြုပြင်ပြောင်းလဲနိုင်အောင် အချိန်လုံလောက်စွာပေးပါ။

•   ဘာမျှ အလုပ်မလုပ်ဘဲ သတင်းအချက်အလက်များကိုသာ တစ်ပုံတစ်ပင်ကြီး စုဆောင်းနေသော လက်အောက်ခံပုဂ္ဂိုလ်မျိုးကို သတိထားပါ။

•   အမှုဆောင်သစ်အား လမ်းမှန်ကို လျှောက်နိုင်အောင် သင်ပြပါ၊ လမ်းညွှန်ပါ။ မိမိက သူ့အား အလုပ်ဖြစ်စေလိုကြောင်း သူသိပါစေ။

•   ရရဲင့်ပြတ်သားသော ခေါင်းဆောင်များသည် သူတို့လို လူသားမျိုးကိုသာ လက်အောက်ခံအဖြစ် ရေွးကြသည်။

•   အတင်းဖိတိုက်သင့်လျှင် အတင်းဖိတိုက်ပါစေ။

•   မိမိ၏ နောက်လိုက်ငယ်သားများအား ပူးပေါင်းဆောင်ရက်ွစေခြင်းဖြင့် စည်းရုံးပါ။

•   လက်အောက်ငယ်သားများ စိတ်ပါလက်ပါ ချက်ချင်း လိုက်နာဆောင်ရက်ွနိုင်မည့် ရေတိုပန်းတိုင်များကို တိကျပြတ်သားစွာ သတ်မှတ်ပါ။

•   အုပ်စုတစ်ခု၏ ခေါင်းဆောင်အဖြစ်နှင့် တစ်စုံတစ်ခုကို လုပ်နိုင်သောပုဂ္ဂိုလ်က အုပ်စုတစ်ရာ၏ ခေါင်းဆောင်အဖြစ်နှင့် ဘာတစ်ခုမျှ မလုပ်နိုင်သော ပုဂ္ဂိုလ်အား ကျော်တက်သွားလိမ့်မည်။

•   တစ်ခါတစ်ရံ အခက်အခကဲို တိုက်ရိုက်ဖြတ်ကျော်ခြင်းထက် သွယ်ဝိုက်ဖြေရှင်းခြင်းက ပို၍ အကျိုးရှိ နိုင်သည်။

•   ယနေ့ လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။
•   စစ်ပဲကွို မဟာဗျူဟာသက်သက်ဖြင့် မအောင်မြင်နိုင်၊ အတင်းဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ပို၍ အောင်မြင်နိုင်သည်။

•   နိစ္စဓူဝအားမာန်အပြည့်ဖြင့် မလုပ်လျှင် ဘယ်လုပ်ငန်းမျှ မပြီးမြောက်နိုင်။

•   တစ်ဝက်တစ်ပျက်သာပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။

•   ခေါင်းဆောင်ကောင်းသည် သူ့လုပ်ငန်းပြီးမြောက်သောအခါ၊ သူ့ရည်မှန်းချက် အောင်မြင်သောအခါ လက်အောက်ငယ်သားများအား ‘ဒီအလုပ်ကို ကျွန်တော်တို့ကိုယ်တိုင် လုပ်တာ’ ဟူ၍ ဂုဏ်ယူပြောကြားခငွ့်ပြုသည်။

•   နောက်လိုက်များကြောင့် အနှောင့်အယှက်မဖြစ်ပါနှင့်၊ မလုံမခြုံမဖြစ်ပါနှင့်။

•   အချင်းချင်း ပဋိပက္ခဖြစ်နေသူများအား မျက်နှာချင်းဆိုင် ဆုံပေးပြီး ညှိနှိုင်းဆွေးနေွးစေပါ။ မိမိက လမ်းညွှန် ထိန်းမတ်ပေးပါ။

•   လုပ်ငန်းအောင်မြင်လျှင် လက်အောက်ငယ်သားများ ဂုဏ်ယူကြပါစေ။ လုပ်ငန်းမအောင်မြင်လျှင် မိမိကြောင့်ဟု ထင်ကြပါစေ။

•   လက်အောက်ငယ်သားများထံသို့ သူတို့မှန်သည်၊ မိမိမှားသည်ဆိုသော ပုဂ္ဂိုလ်ရေးပေးစာများ ရေးပို့ပါ။

•   လက်အောက်ငယ်သားများက အကြံကောင်း ဉာဏ်ကောင်းများ တင်ပြလာလျှင် လက်တွေ့ အကောင် အထည်ဖော်ခိုင်းပါ။ သို့သော် မိမိက လုပ်ငန်းတိုးတက်မှုအတွက် ကြပ်မတ်ပေးပါ။

•   ရှေ့တန်းတပ်မှူးများ မအောင်မြင်လျှင် မိမိလည်း မအောင်မြင်၊ မိမိ၏အလုပ်အမှုဆောင်များလည်း မအောင်မြင်။

•   အဖွဲ့အစည်းတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်တွင် မတည်ဆိုသည်ကို ဘယ်တော့မျှ မမေ့ပါနှင့်။

•   မိမိ၏ အဖွဲ့အစည်းတွင် အခက်ခဆဲုံး လုပ်ဆောင်ရသူများအား အကြီးကျယ်ဆုံး ဂုဏ်ပြုချီးကျူးပါ။

•   အစိတ်အပိုင်းလေးတစ်ခု (သို့မဟုတ်) နှစ်ခု ဆုံးရှုံးမှုကို ရှောင်ရန်အလို့ငှာ အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်တော့မျှ စတေးမခံပါနှင့်။

•   တွေဝေမှု၊ စိတ်ဓာတ်ကျမှုနှင့် အရေးပေါ်လိုအပ်မှုတို့ကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်ကောင်းအမည် ခံယူပါ။

•   အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မျှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။

•   မိမိ၏ အင်အားအချက်အချာအားလုံးကို စနွ့်လွှတ်မပစ်ပါနှင့်၊ ပြိုင်ဘက်က ဖြတ်ခုတ်သွားလိမ့်မည်။

•   သင့်အား ဦးစွာမတိုင်ပင်ဘဲ သင့်တာဝန်ကို လက်အောက်လူက ဘယ်တော့မျှ အကောင်အထည် မဖော်ပါ စေနှင့်။

•   သင်၏လက်အောက်လူကို ‘သမ္မတယင်လောက်ကြီး’ ကိုက်နေလျှင် ယင်ကောင်ကြီးကို ပုတ်ထုတ် မပစ်ပါနှင့်။

•   ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်စုပါ၊ ဖြေရှင်းချက်မျိုးစုံရှာပါ၊ အကျိုးဆက်များကို ကြိုတွေးကြည့်ပါ။ မိမိ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက် ဖြစ်ပါစေ။ နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်သူများအား ထိထိရောက်ရောက် တာဝန်ပေးအပ်ပါ။

•   ပထမဦးစွာ ဆန္ဒခံယူပါ၊ ဆန္ဒခံယူခြင်းဖြင့် အလုပ်မဖြစ်မှသာ အာဏာကို သုံးပါ။

•   တစ်သမတ်တည်း ဖြောင့်မတ်ခိုင်ကျည်မှုကို မိမိ၏လုပ်ငန်းစက်ယန္တရားတွင် ခေွးသွားစိပ် တစ်ခုသဖွယ် သတ်မှတ်ပါ။

•   စမ်းချောင်းကို ဖြတ်ကူးနေစဉ် မြင်းကို အရောင်းအ၀ယ်မလုပ်ပါနှင့်။
•   အသုံးကျတဲ့ ဖချဲပ်တွေ အကုန်လုံးသုံးပြီးတော့မှ ဖဲဝိုင်းက ထပါ။

•   မိမိ၏ လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲတမ်း ကြိုဆိုလက်ခံပါ။

•   အမှုထမ်းများ၏ လုံခြုံရေးကို အလေးထားသလို အမှုထမ်းများ စနွ့်စားလုပ်ချင်စိတ် ပေါ်လာနိုင်သည့် အခြေအနေကိုလည်း ဖန်တီးပေးပါ။

•   အလွန်ဒေါသထွက်သောအခါ စိတ်ကိုထိန်းပြီး စာရေး၍ ဖငွ့်အန်ပစ်ပါ။ သို့သော် ထိုစာကို သက်ဆိုင်သူထံ မပို့ဘဲ သိမ်းထားလိုက်ပါ။

•   ရန်သူကို ထုချေရှင်းလင်းမနေပါနှင့်။

•   ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဋိပက္ခများကို အထူးရှောင်ပါ။

•   ဒေါသ မများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖတ်ရှုခြင်းမှ ရှောင်ကြဉ်ပါ။

•   စိတ်လှုပ်ရှားနေသော လူထုကို မကြောက်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပငွ့်ပငွ့်လင်းလင်း ပြောပြပါ။

•   ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲ ဝေဖန်မှုကို အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်သည်။

•   ကိုယ်သိသလောက်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ ပြီးဆုံးအောင်အထိ လုပ်ပါ။

•   မတရားစွပ်စဲချွက်ကို တစ်ကြိမ်အရှုံးပေးလိုက်လျှင် နောက်ထပ်စပ်ွစဲချွက်များအတွက် လမ်းဖငွ့် ပေးလိုက် သလို ဖြစ်သွားနိုင်သည်။

•   မိမိအား အုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို့မဟုတ် နှစ်စုလုံးက ဝေဖန်ထိုးနှက်ခြင်းမပြုလျှင် မိမိ မှန်ကောင်းမှန်နိုင်သည်။ သို့သော် တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုက ချီးကျူးထောမနာ ပြုတာမျိုးကိုတော့ သတိထားပါ။

•   တိုက်ပဲတွင် ရှုံးနိမ့်ခြေရှိခြင်းကြောင့် မိမိက မှန်ကန်သည်ဟု ယုံကြည်သောလုပ်ရပ်ကို စနွ့်လွှတ်မပစ်ပါနှင့်။

•   လူတစ်ယောက်အား နှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏မိတ်ဆွေများသည် မိမိအဖွဲ့အစည်းအတွက် ထာဝရ ရန်သူများ ဖြစ်လာနိုင်သည်။

•   အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရယ်ွချက်သည် ဘယ်လိုမျှ အကျိုးမပြု။

•   နာမည်ကောင်းထွက်သော ခေါင်းဆောင်ထံသို့သာ လူတွေချဉ်းကပ်ချင်ကြသည်။

•   တစ်ခါတစ်ရံ မသိယောင်ဆောင်နေလိုက်ခြင်းသည် အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။

•   သာမန်အကြောင်းများကြောင့် လူငယ်များအား ဘ၀မပျက်ပါစေနှင့်။
•   မလိုတမာစိတ်ကို ရှောင်ပါ၊ မေတ္တာစေတနာကို ဆောင်ပါ။

•   မိမိ၏ အကောင်းဆုံးအပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။

•   လက်အောက်ငယ်သားများအား တူညီသော လွတ်လပ်မှုနှင့် တူညီသော အခငွ့်အရေးပေးပါ။

•   မိမိ အမြင့်သို့ရောက်သွားသောအခါ အောက်ကို ပြန်ကြည့်ပြီး နောက်ကလူကို အကူအညီပေးပါ။

•   နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ်ဆောင်ရက်ွပါ။

•   မှန်မှန်ကန်ကန်ရပ်သောသူနှင့် အတူရပ်ပါ၊ သူ မှန်ကန်နေလျှင် သူနှင့်အတူတူရပ်ပါ။ သူအမှား လုပ်သောအခါ သူ့ကို စနွ့်ခွာလိုက်ပါ။
•   လုပ်ရပ်မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ၀န်မပိပါစေနှင့်။

•   အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တိုးတက်မြှင့်တင်ရန်နှင့် ပူးပေါင်းအကျိုးဆောင်သူများကို ကူညီရန်မှာ ခေါင်းဆောင်၏ တာဝန်ဖြစ်သည်။

•   ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထပ်ဘယ်တော့မျှ ရရှိနိုင်တော့မည်မဟုတ်။

•   ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့်၊ ညှိနှိုင်းစေ့စပ်ရန် လက်အောက်ငယ်သားများအား အမြဲတမ်း ဖျောင်းဖျဆွဲဆောင်ပါ။

•   အင်အားကို နောက်ဆုံး အားကိုးရာအဖြစ်သာ သုံးပါ။

•   နောက်လိုက်ငယ်သားများက သူတို့လုပ်ရပ်ကို သူတို့စိတ်ကူးဖြင့် လုပ်သည်ဟု ယုံကြည်ချင်ကြကြောင်းကို သတိရပါ။ ထို့ထက် သူတို့လုပ်ရပ်သည် အများနှင့်မတူ တမူထူးခြားသည်ဟု ယုံကြည်ချင်ကြကြောင်းကို သတိရပါ။

•   နောက်လိုက်ငယ်သားကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည် မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ကြောင်း သူယုံကြည်အောင် ပထမဦးစွာ ပြသပါ။

•   နောက်လိုက်များကို မိမိက ဦးဆောင်ရန် သူတို့၏ သဘောတူညီမှုကို အရင်ရယူပါ။

•   နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲေဝပေးပါ။

•   အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနေွးတိုင်ပင်ပြီးမှ ဆောင်ရက်ွပါ။

•   တစ်ကြိမ်တွင် စစ်ပဲတွစ်ပဲသွာ ဆင်နွဲပါ။

•   လက်အောက်ငယ်သားများက သင့်အား ပြတ်သားသူ၊ တည်ကြည်သူ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် သူဟူ၍ ယုံကြည်လာအောင် ကြိုးစားပါ၊ သူတို့က သင့်အား ယုံကြည်လေးစားလာလိမ့်မည်။

•   အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးသိက္ခာတို့ကို တစ်ခါတစ်ရံ ‘ဘေးချိတ်’ထားရ၏။

•   လူ့သဘော လူ့မနောကို နားလည်ရေးအတွက်  အချိန်နှင့်ပိုက်ဆံ ရင်းနှီးမြှုပ်နှံပါ။

•   လူ့အပြုအမူကို အတိုင်းအတာတစ်ခုအထိ ပြုပြင်၍ရနိုင်သော်လည်း လူ့သဘာဝကို ပြောင်းလဲ၍ မရနိုင်ကြောင်း သတိရပါ။

•   သနားကြင်နာခြင်း၊ ဂရုစိုက်ခြင်းသည် ကောင်းမန်ွသောဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်သည်။

•   မျှော်လင့်ချက်ကုန်ဆုံးလျှင် စိတ်ဓာတ်ကျသည်။

•   ရှင်းလင်းစွာ ရေးသား၍ ပြဿနာဖြေရှင်းနည်းကို အကြံပေးဖော်ပြပါ။

•   သင်သည် လူတွေကြားတွင် မကြောက်မလန့် သွားလာနေသည်ဟု လူတွေက ထင်ပါစေ။

•   လက်အောက်ငယ်သားများနှင့် ရှောင်တခင် တွေ့ဆုံဆက်ဆံပါ။ တမင်စီစဉ်တွေ့ဆုံခြင်းကဲ့သို့ပင်  အကျိုးရှိနိုင်သည်။

•   လာတွေ့သောဧည့်သည်များကို မတွေ့ဘဲ မကြာခဏ ပြန်မလွှတ်ပါနှင့်။

•   ပြည်သူ့ထင်မြင်ချက်များ အမြဲရနေအောင် ဖန်တီးပါ။

•   ‘လူတိုင်း ချီးကျူးခံချင်သည်’ဆိုခြင်းကို သတိရပါ။

•   သင်၏ လက်အောက်ငယ်သားများ မတ်တတ်ရပ်နေနိုင်လျှင် သင်လည်း မတ်တတ်ရပ်နေနိုင်သည်။ ကိုယ်တိုင် နမူနာကောင်း ပြပါ။

•   စိတ်ချရသော နောက်ဆုံးသတင်းအချက်အလက်မှန်ကို ရနိုင်အောင် ကြိုးစားပါ။


အရှင် ဇဋိလ (ရမ္မာဝတီ)

စာရေးဆရာ မောင်ပေါ်ထွန်း၏ 'စံပြခေါင်းဆောင်မှု' စာအုပ်မှ ကောင်းနိုးနိုးရာရာများတို့အားမှတ်စုရေးကာကောက်နှုတ်ဖ်ာပြပါသည်။
Credit

No comments:

Post a Comment