❖ စကားဝိုင်းတစ်ခုမှာ ဦးဆောင်နိုင်သူ ဖြစ်ဖို့ဆိုရင် နာမည်လေး တွေကို သတိပြုမိအောင် အရင်လုပ် ပါ။ ပြီးရင် ကိုယ်စကားပြော လှည့်ရောက်တဲ့ အခါတွေမှာ သူတို့ နာမည်လေးတွေ ဖြည်းဖြည်းစီ ထည့် သုံး ပြီး အခေါ်အပြော အမေးအဖြေ လေးတွေ လုပ်ပေးပါ။ ဒါဆိုရင် ကျန်လူများရဲ့ ချစ်ခင် နှစ်သက် မှုကို ရရှိလာပါလိမ့်မယ်။
❖ လူတစ်ယောက်ကို စကားမှားစေ လိုရင် သူစကားပြောနေချိန်မှာ ဆံပင်တွေကို စိုက်ကြည့်ပါ။ ကြည့်နေရင်းနဲ့ ရွံရှာဟန် လုပ်ပြပါ။ ဒီလိုလုပ်တဲ့အခါ စကားတွေ ထစ်ငေါ့ပြီး မှားလာပါလိမ့်မယ်။
❖ လူတစ်ယောက် လိမ်မလိမ်သိချင်ရင် သူနဲ့ စကားပြောနေစဉ်မှာ မျက်လုံးတို့ကို စိုက်ကြည့်ပါ။ ဒီအခါမှာ လိမ်တဲ့လူဆိုရင် သူလိမ်နေ တာကို ခင်ဗျားသိနေပါပြီဆိုတဲ့ အတွေးကို ဖြစ်ပေါ်စေမှာဖြစ်ပြီး စကားတွေ လွဲချော် လာပါလိမ့်မယ်။
❖ လူအများအာရုံစိုက်ခံရတဲ့ လူကို လုံးဝဥပေက္ခာ ပြုခြင်းအားဖြင့် ဒီလူရဲ့ စိတ်ဝင်တစား အာရုံစိုက် ခံရမှု ကို ပြန်လည် ရနိုင်ပါတယ်။ ဒါ့အပြင် သူက ခင်ဗျားကို စိတ်ဝင်စားမိလိုက်တဲ့အခါ သူ့ကို အာရုံစိုက်နေ တဲ့ အခြားလူတွေပါ ခင်ဗျားအပေါ်ကို သတိပြုမိလာတတ်ပါတယ်။
❖ လူတောထဲမှာ လမ်းသွားရင် ကိုယ်သွားမယ့်လမ်း တည့်တည့် ကိုပဲကြည့်သွားပါ။ ပတ်ဝန်းကျင် လူများ က ခင်ဗျားကို သတိပြုမိ စေဖြစ် ပြီးတော့ သူတို့ရဲ့ မသိစိတ်က သူတို့ကို ခင်ဗျား သွားနေတဲ့ လမ်းကနေ ဘေးဖယ်ခိုင်းပါလိမ့်မယ်။
❖ ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လိုသူတို့ဟာ ရင်ကို ဖွင့်လို့ ခါးကိုကော့ပြီး ခေါင်းမော့ လျှောက် လေ့ရှိပါတယ်။ ဒါ ဟာသ ကားထဲမှာပဲ အဆင်ပြေပါလိမ့်မယ်။ တကယ့် သဘာဝကျကျ ယုံကြည် ချက် ရှိသူ တစ်ယောက် လမ်းလျှောက်ဟန်က ခြေလှမ်းကျဲပြီး ပုံမှန် အရှိန်နဲ့ သွားလာလေ့ ရှိပါတယ်။ ကိုယ်သွားတဲ့ လမ်းတည့်တည့် ကိုပဲ အာရုံစိုက်တတ်သူ ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုပြု လေ့ မရှိပါဘူး။ ဒီလိုလျှောက်ဟန် ကျင့်ယူနိုင်မယ် ဆိုရင် လုံလောက်ပါပြီ။
❖ အလုပ်များများလုပ်ရတဲ့အခါ တွေ့ကရာ အလုပ်သိမ်းကျုံးလုပ်တာ ထက် ကြီးတဲ့ အလုပ်တွေကို အရင် ကိုင်တွယ်ပါ။ ဒါဆိုရင် အလုပ်ပါး လာလေလေ အားရှိလေလေ ဖြစ်နိုင်တဲ့ အတွက် အလုပ်အကုန် ပြီးဖို့ အဖြစ်နိုင်ဆုံး ပါ။
❖ လူအသစ်တစ်ယောက်နဲ့ စတင်မိတ်ဆက်တဲ့အခါ စကား နည်း နည်း ကို အေးအေးဆေးဆေး ပြောပါ။ ဒီလိုပြောတဲ့အခါ တစ်ဖက် သားက ကိုယ့်အပေါ်ကို ယုံကြည်ချက် ရှိသူ တစ်ယောက်လို့ မြင်နိုင် မှာ ဖြစ်ပြီး နောက်ပိုင်း ပြောဆိုတဲ့ စကားတွေကို တလေးတစား သေချာ နားထောင် လာပါလိမ့်မယ်။
❖ လူတစ်ယောက် စကားပြောရင်း ရယ်မောနေပြီဆိုရင် သူကြည့်လေ့ ရှိတဲ့ လူကို သတိကြည့်ပါ။ အဲ့ဒါ ဒီလူရဲ့ အခင်ဆုံး သူငယ်ချင်း သို့မဟုတ် အခင်ဆုံး သူငယ်ချင်း ဖြစ်လိုသူ ပဲ ဖြစ်တယ်။
❖ မတ်တပ်ရပ်ရင်း လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် စကားပြော နေပြီဆိုရင် ဒီလူ့ရဲ့ ခြေထောက်ကို သတိထားကြည့်နေပါ။ ခြေထောက် ကိုယ့်ဘက်ကိုလှည့်ထားရင် သူကိုယ်နဲ့ စကားပြောတာ သက်တောင့် သက်သာ ရှိနေတာ ဖြစ်ပြီးတော့ မဟုတ်ရင်တော့ ဆန့်ကျင်ဘက်ပါ။
❖ ကိုယ်စိတ်ဝင်စားတဲ့ မိန်းကလေး တစ်ယောက်ကို တွေ့ရင် မျက်လုံးအရောင် ဘာအရောင်ဆိုတာ သေချာ စူးစမ်းပါ။ ဒီလိုစူးစမ်းတဲ့ အတွက် သူနဲ့ မျက်လုံးကြာကြာဆုံနိုင်မှာ ဖြစ်ပြီးတော့ ဒီအပြုအမူက သူ့ကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ ဖြစ်ပါတယ်။
❖ ကိုယ်အလုပ် လုပ်ရတဲ့နေရာက တန်းစီနေကြတဲ့ လူတွေ တစ် ယောက် စီကို ကိုင်တွယ်ဖြေရှင်း ပေးဖို့ ဆိုရင် ကိုယ့်အနောက်မှာ မှန်အကြီးကြီး တစ်ချပ် ထောင်ထားပေးလိုက်ပါ။ ဒါသူတို့အနေနဲ့ စိတ်မရှည်မှု တို့ကို လျော့နည်းလာစေပြီး သက်တောင့် သက်သာ ဖြစ်လာစေပါတယ်။
❖ တစ်စုံတစ်ဦးက ကိုယ့်ကို ကျူရှင်ဝိုင်းမှာ ဖြစ်ဖြစ် စာသင်ဝိုင်းမှာ ဖြစ်ဖြစ် အစည်းအဝေးမှာ ဖြစ်ဖြစ် ဆူတော့မယ်လို့ကြိုသိနေခဲ့ရင် ဒီလူ့ အနားမှာ သွားထိုင်နေပါ။ ဒီလို ထိုင်လိုက်ခြင်းကြောင့် တစ်ဖက်သား ရဲ့ ယုံကြည်ချက် ကို ယိုယွင်းသွားစေမှာ ဖြစ်ပြီး ကိုယ့်အပေါ် ပုတ်ခတ် ပြောဆိုနိုင်စွမ်း လျော့နည်းသွားပါ လိမ့်မယ်။
❖ သင့် အားနည်းချက်တွေကို သင်ထင်သလို လူတွေ လိုက်မကြည့် နေကြပါဘူး။ သင်မြင်သလိုလဲ လူတွေ မြင်လေ့ မရှိကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ စွဲဆောင်နိုင်မှုက သင်ထင်ထားတာထက်ကို ပျမ်းမျှ ၄၀% ပိုမို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။
❖ တီဗီ ကြော်ငြာ တွေဟာ အလုပ်အရမ်းများလို့ ပင်ပန်းနေတဲ့လူ/ မောပန်းနေတဲ့လူကို တခြားလူ တွေထက် ပိုမိုဆွဲဆောင် နိုင် ပါတယ်။
❖ စားသောက်ဆိုင်ထဲမှာ လူတွေ အားပါးတရ စားသောက်နေတာကို လက်တွေ့ မြင်စေခြင်းက အစားအသောက် ကြော်ငြာ စာရွက် တွေထက် ပိုထိရောက်ပါတယ်။
❖ တစ်သိန်း တန် ပစ္စည်းကို လူမဝယ်တဲ့အခါ ၁၀၀၀ လျှော့ပြီး ရောင်းကြည့်လိုက်ပါ။ ကိုးသောင်း ကိုးထောင် ကျပ် ဆိုတဲ့ အခါ လူတွေ အမြင်မှာ သိန်းကနေ သောင်းကို လျော့သွားတယ်လို့ မြင်လေ့ ရှိပါတယ်။ ဒီအမြင်က ဝယ်သင့် မဝယ်သင့် ချိန်နေတဲ့ လူစုကို ဝယ်ဖို့ တိုက်တွန်း ပါလိမ့်မယ်။
❖ ပန်းဖလက်တွေမှာ စာရေးတဲ့အခါ အနီရောင် နဲ့ အပြာရောင်ကို သုံးပြီး စကားလုံးထူထူ ရေးပါ။ ဒီစာတွေကို လူဆိုတာ ဖတ်မိလေ့ ရှိပါတယ်။
❖ ဈေးမြှင့်ရောင်းချလိုတဲ့ ပစ္စည်းတွေဆိုရင် psychological scarcity လို့ ခေါ်တဲ့ "ဒီပစ္စည်းဟာ ရှားပါးနေ ပါတယ်။" ဆိုတဲ့ ပုံရိပ်ကို အမိအရ ပုံဖော်ရောင်းချကြည့်ပါ။ ဥပမာ - Limited Edition ထုတ်လုပ်သည် တို့၊ လူဦးရေ ၁၀၀ အတွက်သာ တို့ စသဖြင့်ပေါ့။
❖ အလုပ်အတွက် လူတွေ့ အင်တာဗျူး ဖြေကြတယ် ဆိုရင် ပထမ ဆုံး ဖြေတဲ့ တစ်ယောက်နှစ်ယောက်ရယ် နောက်ဆုံး ဖြေတဲ့ လူရယ်ကို မေးသူတို့ အမှတ်မိဆုံး ဖြစ်ပါတယ်။
❖ နားထောင်နေသူကို ကြည့်ပြီး စကားပြောပါ။ တစ်ချက် တစ်ချက်မှာ "ဟုတ်တယ် မဟုတ်လား။" လို့ မေးရင်း ခေါင်းလေး ငြှိမ့်ပြပါ။ အဲသလို လုပ်ခြင်း အားဖြင့် နားထောင်သူ အတော်များများက ကိုယ့် စကားကို ဆန့်ကျင်တာထက် လက်ခံဖို့ ရာခိုင်နှုန်း ပိုများလာစေ ပါတယ်။
❖ ကိုယ်က အခုလေးတင်ပြောလိုက်တဲ့ စကားတစ်ခွန်းကို နားဝင်စေချင်ရင် အထပ်ထပ်ပြော နေတာ ထက် အသံခေတ္တ တိတ်လိုက်ပါ။ တော်တော်များများက ဒီလို တိတ်လိုက်တော့မှ သတိပြုမိကြလေ့ ရှိပါတယ်။
❖ "Decoy" ဈေးနှုန်းဗျူဟာ က ပစ္စည်းနှစ်မျိုးကို တစ်ခုက ပုံမှန်ဈေး၊ နောက်တစ်ခုက မြှင့်ဈေး နဲ့ ရောင်းချလိုတယ် ဆိုရင် တတိယ "Decoy" ဈေးနှုန်း တစ်ခု ထပ်ထည့်ပါတဲ့။
ဆိုလိုတာက ဥပမာ -
(က) သွားပွတ်တံ ဈေးနှုန်း - ၅၀၀ ကျပ်
(ခ) သွားတိုက်ဆေး ဈေးနှုန်း - ၁၅၀၀ ကျပ်
(ဂ) သွားပွတ်တံ+ သွားတိုက်ဆေး ဈေးနှုန်း - ၁၅၀၀ ကျပ် ဆိုပါစို့။ ဒီမှာ ဒုတိယဈေးနှုန်း ဖြစ်တဲ့ သွားတိုက်ဆေး ဈေးနှုန်း ၁၅၀၀ ကျပ် ဆိုတာ တတိယဈေးနှုန်းဖြစ်တဲ့ နှစ်ခုပေါင်းဟာ ပိုမို သက်သာပါတယ် လို့ ပေါ်လွင်အောင် ထောက်ပံ့တဲ့ ဈေးနှုန်းပါ။ ဒီလို ဈေး (၃) မျိုး သတ်မှတ် လိုက်တဲ့ အခါ ဈေးမြှင့် ကုန်ပစ္စည်း အနေနဲ့ ရောင်းရတာ ပို သွက် လာပါလိမ့်မယ်။
❖ "Priming" ဖြစ်စဉ် ဆိုတာကတော့ ငြင်းလို့ မလွယ်ကူတဲ့ ပတ်ဝန်းကျင် ဖန်တီးယူတဲ့ သဘောပါ။ ဈေးဆစ်ရမယ့် အလုပ်ကိစ္စ လိုမျိုး ဈေးညှိရမယ့် အလုပ်ကိစ္စလိုမျိုး တွေကို အစည်းအဝေး အခန်းထဲမှာ မဆွေးနွေးပဲ နေ့လည်စာ ကျွေးရင်း ဖြစ်ဖြစ် ကော်ဖီ အတူသောက်ရင်းဖြစ်ဖြစ် သက်တောင့် သက်သာ ကိုယ့်ဘက်ကနေ ပြောဆို စည်းရုံးသွားတာပါ။ ဒီလိုမျိုး အခြေအနေမှာ ဈေးရောင်းသူ ဟာ ငြင်းဆန်နိုင် မှု အရည်အချင်း နည်းပါးနေတတ်ပြီးတော့ အရာရာ ကို လူမှုရေး ခေါင်းစဉ်အောက်ကို မှားယွင်းစွာ ထည့်မိတတ်ပါတယ်။
❖ လူတစ်ယောက်ဆီက အကူအညီတစ်ခု ကျိန်းသေပေါက်လိုအပ်ရင် ကိုယ်တတ်နိုင်တဲ့ သူ့လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်းကြည့်ပါ။ ကျေးဇူးတင်ကြောင်း သူ့ဘက်က အသိအမှတ်ပြုရင် ကိုယ်ပြန်ရတဲ့ စကားက "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" သဘော သဘာဝဆန်ဆန် တုံ့ပြန်မှု နဲ့ စကားပြန်ဆိုပါ။ (ဥပမာ - ရပါတယ်ဗျာ။ ခင်ဗျားလဲ ကျွန်တော် လိုရင် ဒီလိုပဲ ကူမှာ ကျွန်တော် သိပါတယ်။ (သို့မဟုတ်) မိတ်ဆွေတွေပဲဗျာ။ ကူညီရမယ်။ ဒါမှ မိတ်ဆွေ မဟုတ် လား။ စသဖြင့်) ဒါကို "Cialdini's Principle" လို့ ခေါ်ပါတယ်။
❖ မန်နေဂျာ တစ်ယောက် ကိုယ့်ကို သဘောကျစေချင်ရင် သူ့ထိုင်ပုံ ထိုင်နည်း/ ပြောပုံပြောနည်းကို အတုယူပြီး သူနဲ့ စကားပြောချိန်မှာ အဲ့ဒီပုံစံအတိုင်း ထိုင်ကြည့်ပါ/ ပြောဆိုကြည့်ပါ။ စကားဝိုင်း မပြီးခင် ခင်မင်ရင်းနှီးမှု အရှိန် မြင့်တက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကို "Chameleon Effect" လို့ ခေါ်ပါတယ်။
❖ မျက်လုံးပုံ ပါတဲ့ ပိုစတာများ ရုံးခန်းတွင်း ကပ်ထားခြင်းဟာ ရုံးသူ ရုံးသား များကို ကိုယ့်အမှိုက်ကို ကိုယ် ရှင်းစေတတ်ပါတယ်။ တခြား တစ်ဖက်မှာတော့ ပန်းပွင့်ပုံ ပါတဲ့ ပိုစတာများက ရုံးသူရုံးသား များကို လျော့တိလျော့ရဲ ဖြစ်လာစေတတ်ပါတယ်။
#kyawnge
Credit
No comments:
Post a Comment