📚☕
မငှါးနဲ့ 🚫
မင်းဆီကနေ ဆိုင်ကယ် ငှားသွားပြီး
ပြန်လာပေးတဲ့အချိန်ကျ ဆီပြန်ထည့်မလာတဲ့
သူကိုဘယ်တော့မှမငှားနဲ့
မကျွေးနဲ့🚫
မင်းဆီမှာစားစရာရှိတဲ့အခါလာစားပြီး
သူ့ဆီမှာစားစရာရှိတဲ့အခါ
မေ့နေတတ်တဲ့သူကိုဘယ်တော့မှမကျွေးနဲ့
မချေးနဲ့ 🚫
မင်းဆီကနေလိုအပ်တဲ့အခါပိုက်ဆံချေးပြီး
ပြန်ဆပ်တဲ့အချိန်ကျ
အလိုက်တသိပြန်လာမဆပ်တဲ့သူကိုဘယ်တော့မှမချေးနဲ့
မပေါင်းနဲ့ 🚫
မင်းကောင်းစားနေတဲ့အချိန်မင်းအနားမှာနေပြီး
မင်းဒုက္ခရောက်နေတဲ့အချိန်မင်းအနားက
ရှောင်ထွက်သွားတတ်တဲ့သူကိုဘယ်တော့မှမပေါင်းနဲ့
မကူညီနဲ့ 🚫
မင်းအကြိမ်ပေါင်းများစွာကူညီခဲ့တာကို အကောင်းမမြင်ပဲ
မင်းတစ်ကြိမ်လေးမကူညီနိုင်ခဲ့တဲ့အခါ
အပြစ်မြင်တတ်တဲ့သူကို ဘယ်တော့မှမကူညီနဲ့
လောကကြီးမှာအကောင်းမြင်စိတ်နဲ့နေပေးလို့ရတရ်... ဒါပေမဲ့
#အားနာတတ်တဲ့သူကအခွင့်အရေးယူခံရတယ်
#အယုံလွယ်တဲ့သူကအလိမ်ခံရတယ်
#သည်းခံတတ်တဲ့သူကစော်ကားခံရတယ်
#ချမ်းသာတဲ့လူကလူရာဝင်တယ်
#ဆင်းရဲတဲ့သူကအနှိမ်ခံရတယ်
ကျေးဇူးရှိမှကျေးဇူးကန်းလို့ရတာ
အခုခေတ်မှာကိုယ်ကကျေးဇူးရှိခဲ့ဖူးရင်
ကျေးဇူးဆပ်ရမယ်ဆိုတာထက်
ကျေးဇူးကန်းတဲ့သူကပိုများတယ်🙂
crd by:မူရင်း
No comments:
Post a Comment