Child abuse
____________
____________
Child abuseကို ကျနော့်ဘဝနဲ့ယှဉ်ပြီး ရေးပြချင်စိတ်ဖြစ်မိတာကြာခဲ့ပြီ။လုံလောက်တဲ့ သတ္တိမရှိခဲ့ဘူး။ကျနော်ခံယူထားတဲ့ စာရေးသူဘဝဟာ ရိုးသားမှုတစ်ခုအတွက် ကိုယ့်ရပ်တည်မှုကိုလည်း အထိခိုက်ခံနိုင်ရသလို ကိုယ့်အရှက်သိက္ခာကိုလည်း အထိပါးခံနိုင်ရပြန်တယ်။
အချိန်အခါကိုက်ရင် ကိုယ့်အရှက်ကိုယ်ပြန်ခွဲခြင်းကတောင် သိပ်လှတဲ့ စာတစ်ပုဒ် ဖြစ်လာနိုင်တယ်လေ။

၉၄ခုနှစ်မှာ ကျနော် child abuseတစ်ခုနဲ့ ကြုံခဲ့ဖူးတယ်။ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး မနစ်နာခဲ့ဘူးဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာတော့ နစ်နာခဲ့တယ်။အဲ့ဒိအချိန်တုန်းကတော့ ကိုယ့်ကိုယ်ကို နစ်နာမှန်းတကယ်မသိခဲ့ဘူး။
ကျနော် ၄နှစ်သားလောက်မှာ လမ်းထဲက ၇တန်းကျောင်းသားတစ်ဦးက သူ့ရဲ့ လိင်ဖျော်ဖြေမှုအဖြစ် ကျနော့်ကို အသုံးချတယ်။
ကျနော့်တင်ပါးကို သူ့လိင်တံနဲ့ ထိကပ်ဖို့ ကြိုးစားတာမျိုးပေါ့။ပြီးရင် ကျနော့်ကို အရုပ်တွေပေးတယ်။
နှုတ်ပိတ်တဲ့သဘော။
စိတ်ထဲမှာ ဆိုးရွားတယ်လို့ မခံစားခဲ့ရဘူး။
ကျနော်တစ်ယောက်တည်း သူ့ဒဏ်ကို ခံခဲ့ရတာတော့မဟုတ်ဘူး။ကျနော့်လို ကလေးငယ်တချို့လည်း သူ့ဒဏ်ကို ခံရဖူးတယ်။
ဒါပေမယ့် နောက်ဆက်တွဲမှာ ကျနော့်စိတ်တွေ ဟာ အရွယ်မတိုင်ခင် လိင်ကို တပ်မက်စိတ်ဝင်သွားတာပဲ။
သဘာဝအရ လူပျိုမဖြစ်ခင် ၉နှစ်သားလောက်မှာ
ကတည်းက လိင်ဆိုင်ရာ အိမ်မက်တွေ အကြိမ်ကြိမ်မက်တယ်။ဒီအသက်အရွယ်ကို ရောက်မှ ကျနော်ခံခဲ့ရတဲ့ ကူးစက်ရောဂါကို သဘောပေါက်လာတယ်။

ကျနော်ကိုယ်တိုင်လည်း ၂၀၀၃ခုနှစ် ၈တန်းနှစ်လောက်မှာ child abuseတစ်ခုကို ကျူးလွန်းလုနီးနီး ဖြစ်ခဲ့ဖူးတယ်။ကျူးလွန်တယ်လို့ သတ်မှတ်ရင်လည်း ရတယ်။ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ခဲ့ရင်တောင် ကျနော့်လုပ်ရပ်ဟာ သူ့ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမလား။
ကျနော် ရှက်ရွံ့ နာကျင်ရပါတယ်။
ကျနော့်ကို ကျူးလွန်ခဲ့တဲ့ ၇တန်းကျောင်းသားကို ကျနော်မှတ်မိတယ်။ကျနော် ကျူးလွန်ခဲ့မိတဲ့ ၄နှစ်သားလေးကရော ကျနော့်ကို မှတ်မိနေမှာလား။ကျနော် ခြောက်ခြားခဲ့ဖူးတယ်။

လက်ရှိအသက် ၃၀အရွယ် ယောကျာ်းတစ်ယောက်အဖြစ် ကျနော့်ကို ကျူးလွန်ခဲ့တဲ့ ၇တန်းကျောင်းသားကို ခွင့်လွှတ်ပေးနိုင်ပါတယ်။
နာမည်တွေလည်း ထုတ်မပြောရက်တော့ဘူး။
Objectအဖြစ်ရော၊subjectအဖြစ်ရော
ကျနော် victimဖြစ်ခဲ့ဖူးတယ်။
နာမည်တွေလည်း ထုတ်မပြောရက်တော့ဘူး။
Objectအဖြစ်ရော၊subjectအဖြစ်ရော
ကျနော် victimဖြစ်ခဲ့ဖူးတယ်။
အရွယ်မရောက်သေးတဲ့ ယောကျာ်းလေးတွေကို အရွယ်ရောက်ပြီးသားအမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရင် child abuseပဲလို့ ကြားဖူးခဲ့တယ်။လက်မခံခဲ့ဘူး။
အခုတော့ ကျနော်လက်ခံပြီ။
အရွယ်ရောက်ပြီးသား အမျိုးသမီးတွေဟာ သူတို့လိင်ဆန္ဒအတွက် အရွယ်မရောက်သေးတဲ့ ယောကျာ်းလေးတွေကို ပွတ်သပ်ကိုင်တွယ်တာတွေ၊ oral sexလုပ်ပေးတာတွေကို
ကျနော်ကြားဖူးခဲ့တယ်။
"ယောကျာ်းလေးပဲ။ဘာနစ်နာစရာရှိလဲ”လို့ 
တွေးခဲ့ဖူးတယ်။ယောကျာ်းလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ် အရွယ်မတိုင်ခင် child abuseကို ကြုံရရင် လွဲမှားတဲ့ လိင်စိတ်တွေ
ဝင်သွားနိုင်ခြေရှိတယ်။ဒါဟာ ဘဝနဲ့ချီတဲ့
နစ်နာမှုပဲ။

မောင်နှမ လေးယောက်အနက် ကျနော်က
အငယ်ဆုံးသား။ကလေးလိုလည်း ကျနော်ဟန်ဆောင်ခဲ့တယ်။
ကလေးလို ဝိုင်းဆက်ဆံကြပေမယ့် ၁၂နှစ်သားမှာ အာသာဖြေတတ်ပြီ။
စိတ်နဲ့မပြစ်မှားဖူးတဲ့ မင်းသမီး မရှိသလောက်ပဲ။ကြွားပြောရရင် ငယ်ငယ်ကတည်းက ကျနော် စာတော်တော်ဖတ်တယ်။စာဖတ်တဲ့အခါ ကိုယ့်အကျင့်ကိုယ့်စရိုက်ကို ရှက်ရမှန်းသိလာတယ်။ထိန်းချုပ်နေတဲ့ကြားက လိင်စိတ်ဟာ ပေါက်ကွဲတတ်တာမျိုးမဟုတ်လား။
မင်းမြတ်သူရ စာအုပ်တွေဖတ်ရင် အပြာဆန်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ကျနော့်ငယ်ဘဝရဲ့ အပြာစာပေပေါ့လေ။

ကျနော့်အောက်ငယ်တဲ့ ကလေးမလေးတွေကို အသားယူချင်စိတ်တွေ ကျနော့်မှာ ရှိခဲ့ဖူးတယ်။အဲဒီကလေးမတွေရဲ့ မိခင်တွေအတွက်တော့ ကျနော်က အန္တရာယ်ကောင်ပဲ။
ပွေ့တာ၊ဖက်တာ၊တင်ပါး၊ရင်သားကို ထိချင်တဲ့စိတ်မျိုးတွေ ကျနော့်မှာ ပြင်းပြင်းပြပြရှိဖူးတယ်။ဒါပေမယ့် ကျနော့် ရမ္မက်ကို ဘယ်သူကမှ သတိမထားမိလို့ အပြုသဘောနဲ့ ဆုံးမတာမျိုးကို ငယ်ဘဝမှာ မကြုံဖူးဘူး။
အကယ်၍သာ ကျနော်လူပျိုပေါက်ဘဝမှာ အကျိုးနဲ့အကြောင်းနဲ့ child abuseအကြောင်းကို ရှင်းပြပေးမယ်ဆိုရင် ကျနော့်ရောဂါ စောစောစီးစီး အမြစ်ပြတ်ခဲ့မှာပါ။ပြောချင်တာက child abuseနဲ့ ပတ်သက်တဲ့ knowledgeတွေကို ကိုယ့်သားကိုယ့်သမီးကို အပြုသဘောဆန်ဆန် ပြောပြဖို့ သိပ်လိုအပ်ပါတယ်။

လိင်စိတ်ဟာ လူတိုင်းမှာရှိတယ်။လိင်စိတ်က
ပြဿနာမဟုတ်ဘူး။ဒါပေမယ့် လွန်ကဲတဲ့ လိင်စိတ်ကတော့ လူငယ်တွေအတွက်
ပြဿနာစစ်စစ်ပဲ။ယောကျာ်လေးမှာပဲရှိရှိ၊
မိန်းကလေးမှာပဲရှိရှိ လိင်စိတ်လွန်ကဲခြင်းဟာ
ဘဝအတွက်ပြဿနာရှိတယ်။

လိင်စိတ်လွန်ကဲတာကို ခိုင်းနှိုင်းရရင်
အစားကြီးတာနဲ့မတူဘူး။အစားသရမ်းတာနဲ့ တူတယ်။မဆင်မခြင်စားတာနဲ့တူတယ်။
တချို့က အချိန်အကြာကြီး လိင်ဆက်ဆံနိုင်တယ်။ဒါဟာ အစားကြီးတဲ့အဆင့်ပါ။
အစားသရမ်းတဲ့အဆင့်မဟုတ်ဘူး။
တချို့က ဆက်ဆံချိန်မကြာပေမယ့် ခဏခဏ လိင်စိတ်ဖြစ်ပြီး ဆက်ဆံဖက်ကို ရွေးတဲ့အခါ သင့်၏မသင့်၏ မဆင်ခြင်တတ်တာမျိုးကို
ပြောတာပါ။သူတို့ရဲ့ ဆက်ဆံဖက်ရွေးတဲ့ စံနှုံးက အသက်ပြည့်ခြင်းမပြည့်ခြင်းတွေ ထည့်မတွေးဘူး၊အိမ်ထောင်ရှိခြင်းမရှိခြင်းကို ထည့်မတွေးဘူး၊နောက်ဆုံး ကျား/မ ကိုတောင် ထည့်မတွေးတော့အထိ အစားသရမ်းချင်သူတွေပေါ့လေ။

ကိုယ်စားခွင့်ရှိတာကို ဘယ်လောက်စားစား၊
ဒါဟာ အစားကြီးတဲ့အဆင့်ပဲရှိတယ်။
ကိုယ်စားခွင့်မရှိတာကို တစ်တို့လောက် နှိုက်စားရင်ကို အစားသရမ်းတယ်လို့ သတ်မှတ်ရမှာပါပဲ။

Child abuseကို ကျူးလွန်သူအများစုဟာ
ဥာဏ်ရည်မပြည့်စုံသူနဲ့ ကာမရာဂစည်းမျဉ်းကို မစောင့်စည်းကြသူတွေများတယ်။
ကိုယ့်ကိုယ်ကိုမို့ ကာကွယ်တာမဟုတ်ဘူး။
ကျနော်ကြုံခဲ့စဉ်က ဆန္ဒနဲ့ ဆင်ခြင်တုံတရားမှာ ဆင်ခြင်တုံတရားက အားနည်းသေးတဲ့
အရွယ်ပါ။ဒီတော့ လိင်စိတ်ရှိလာတဲ့ လူပျိုပေါက် အရွယ်တွေအတွက် ထိုက်သင့်တဲ့ sexual knowledgeတွေကို ပေးသိဖို့ လိုပါတယ်။

နောက်ပြီး ယောကျာ်းလေးတွေရဲ့ လိင်စိတ်အတွက် ဘေးကင်းမယ့် ထွက်ပေါက်တစ်ခုကို
ဖွင့်ပေးထားမှရမယ်။မိန်းကလေးရော မပါဘူးလားဆိုရင် ကျနော်မဖြေချင်ဘူး။
ဒီနိုင်ငံမှာ ဒီအဖြေကိုဖြေဖို့ မသင့်တော်သေးဘူး။လူ့စိတ် လူ့သဘာဝကို သေချာ ခွဲခြမ်းလေ့လာထားတဲ့နိုင်ငံတွေမှာတော့ အမျိုးသမီးတွေရဲ့ လိင်အခွင့်အရေးကို ဒီနိုင်ငံမှာထက် ပိုပေးထားတယ်။ဒီစာမှာ အမျိုးသမီးရဲ့ လိင်အခွင့်အရေးနဲ့ပတ်သက်ပြီး မဆွေးနွေးချင်ဘူး။

လက်ရှိအရွယ် ယောကျာ်းတစ်ယောက်ရဲ့ စိတ်ခံစားချက်အရဆိုရင်တော့ (ကျနော့်အနေနဲ့ )ဘယ်ကလေးငယ်အပေါ်ကိုမှ လိင်စိတ်မရှိဘူး။ဒါဟာ ကျနော် လိင်ကို လိုအပ်တဲ့အချိန်မှာ အလွယ်တကူရနိုင်လို့လည်း ဖြစ်နိုင်တာပဲ။အသက်အရွယ်တစ်ခုရောက်လို့မှ child abuseကို ကျူးလွန်လိုစိတ်ရှိနေသေးရင် ဒီလိုလူတွေရဲ့ စိတ်ကို analysis လုပ်ဖို့ လိုအပ်နေပါပြီ။တရားဥပဒေသပ်သပ်နဲ့ ကာကွယ်ဖို့ မလုံလောက်တာမို့ စိတ်ပညာ၊ဆေးပညာတွေနဲ့ ဒီစိတ်တွေကို အမြစ်ဖြတ်ပစ်ဖို့ လိုအပ်တယ်။
ဘယ်လိုလူတွေမှာ ဒီလိုစိတ်တွေရှိနေမယ်ဆိုတာကို ခန့်မှန်းဖို့လည်း မလွယ်သလို စွပ်စွဲဖို့လည်း မလွယ်ဘူး။အခုမှ ထဖြစ်တဲ့ caseမျိုးမဟုတ်ဘူး။ခေတ်အဆက်ဆက်ရှိလာခဲ့တဲ့ caseပါ။သိတာနဲ့ မသိတာပဲကွာလိမ့်မယ်။
ရှက်ရှက်နဲ့ရေးရရင် ကျနော် ၁၃နှစ်သားမှာ
ဖြစ်ခဲ့စဉ်က အဲဒိကလေးအပေါ် လိင်ပိုင်းတပ်မက်တာမျိုးမဟုတ်ဘဲ အသုံးချရုပ်ဝတ္ထုတစ်လိုသာ ဆန္ဒရှိခဲ့ခြင်းပါ။(ရေသန့်အဝကို အသုံးပြုခဲ့သလိုမျိုးပေါ့)

အခြားကျူးလွန်သူတွေမှာ ကလေးငယ်ကို လိင်စိတ်အားဖြင့်တပ်မက်မှုရှိမရှိကို ကျနော်မသိဘူး။ကျနော်ကြားဖူးတဲ့ ဟာသလေးတစ်ခုရှိတယ်။ဟာသကို မဖြစ်ထိုက်တဲ့ ညစ်တီးညစ်ပတ် အပေါစားဟာသတစ်ခုပါ။
"တစ်ခုလပ် ကလေးအမေကို လာပိုးတဲ့သူက အဲ့မိန်းမရဲ့ ကလေးကို child abuseလုပ်တယ်။
လုပ်ပုံကတော့ ကလေးငယ်ရဲ့ ယောနိထဲကို ဖော့နားဖာကလော်တံလေး ထိုးထည့်ပေးတယ်။
ဒီအထိအတွေ့ဟာ ကလေးမကို သာယာစေပါလိမ့်မယ်။

သူ့အမေဈေးက ပြန်လာတော့ လာပိုးတဲ့ကောင်ကို ကလေးနဲ့အတူတွေ့ရတယ်။
ကလေးက တဂျီဂျီအော်နေတယ်။
"ထုနလို လုပ်ပေး ထုနလိုလုပ်ပေး”တဲ့။
ဒီဟာသရဲ့ ရည်ရွယ်ချက်ဘာမှန်းကိုမသိဘူး။
သေချာတာက ဒါဟာ child abuseတစ်ခုပဲ။
ကလေးငယ်ရဲ့ အနာဂတ်အတွက် ဆိုးကျိုးတစ်ခုရှိသွားနိုင်တဲ့ caseမျိုးပဲ။

စာအုပ်တွေနဲ့ ပတ်ဝန်းကျင်ကောင်းက စောင့်ရှောက်ခဲ့လို့သာ ကျနော်လမ်းမချော်ခဲ့တာ။
လိင်ပြဿနာတွေကို ကျနော် ကျော်လွှားနိုင်ခဲ့တာ။ကျနော့်ရဲ့ လွှဲမှားတဲ့ လိင်စိတ်ဟာ.child abuseလုပ်ခံရတာနဲ့ ပတ်သက်မှုရှိမရှိကို ကျနော်သေချာမသိဘူး။
သက်ဆိုင်မယ်လို့တော့ ခံစားမိတယ်။

Child abuseဖြစ်နိုင်ခြေက သိပ်များပါတယ်။
Object အဖြစ်ရော subjectအဖြစ်ရော
ကျနော် victimဖြစ်ခဲ့ဖူးတယ်။
နှမသားချင်း စာနာစိတ်နဲ့ ချုပ်တီးနိုင်ခဲ့လို့သာ ကျနော့်ရဲ့ လိင်စိတ်ဟာ ဆိုးသွမ်းမသွားတာပါ။နောက်မို့ဆိုရင် ကျနော်သည်လည်း မုဒိန်းကောင်တစ်ကောင် ဖြစ်သွားနိုင်ပါတယ်။

ရှက်ရှက်နဲ့ပဲ ဒီစာကို ရေးလိုက်ရပါတယ်။
#Sithu(Error)
15.9.2019
15.9.2019
Credit
No comments:
Post a Comment