Sunday, July 28, 2019

ဘယ်အရာကိုမဆို ပေါ့ပေါ့တန်တန် မလုပ်ဘဲ ထိုက်သင့်တဲ့ လေးနက်မှူတော့ လိုအပ်လိမ့်မယ်လို့ အကြံပြုပါရစေ

စကားတစ်ခွန်း.....
အများကြိုက်အောင် ပြောဖို့လွယ်တယ်
ခွန်အားဖြစ်ပြီး အသိပညာတိုးအောင် ပြောဖို့ခက်တယ်။

စာတစ်ပုဒ်......
အများသဘောကျအောင် ရေးဖို့လွယ်တယ်
လူတိုင်းရင်ထဲ ၊ ခေါင်းထဲရောက်အောင် ဖန်တီးဖို့တော့ ခက်တယ်။

ကတိတစ်ခု.......
ခဏတာယုံကြည်မှူရအောင် ပေးဖို့လွယ်တယ်
ရေရှည်တည်တံ့ခိုင်မြဲဖို့တော့ အင်မတန်ခက်ခဲတတ်တယ်။

သတိတစ်ချက်.......
သတိဆိုတဲ့အရာကိုတော့ လူတိုင်းလက်ကိုင်ထားနေကြတာပဲ
အပျော်လွန်ရင် (သို့)ခံစားမှူလွန်ကဲသွားရင်
တသက်လုံးထိန်းထားတဲ့ သတိက တစ်ကြိမ်တည်းနဲ့
ပျက်စီးဖို့ အရမ်းလွယ်တယ်။

အတွေးတစ်ခု.....
အတွေးတစ်ခုကြောင့် အောင်မြင်တိုးတက်ဖို့လွယ်သလို
အတွေးတစ်ချက်ကြောင့်ပဲ ကြိုးစားခဲ့သမျှ သဲထဲရေသွန်သလို
ဘာမှမကျန်အောင် တက်တက်စင်အောင် ပြောင်သွားတတ်တယ်။

လောကမှာ.....
ဘာမှမဖြစ်နိုင်လောက်ပါဘူးလို့ တွေးမိတဲ့အရာတွေကပဲ
ဘာမှလုပ်မရအောင် ၊ အဖတ်​ဆယ်​လို့မရအောင်
ကောင်းကောင်းကြီး မွှေနှောက်သွားတတ်တယ်။

ဘယ်အရာကိုမဆို
ပေါ့ပေါ့တန်တန် မလုပ်ဘဲ ထိုက်သင့်တဲ့ လေးနက်မှူတော့
လိုအပ်လိမ့်မယ်လို့ အကြံပြုပါရစေ။

လေးစားစွာဖြင့်♥ ♥ ♥

No comments:

Post a Comment