ရှက်စရာမဟုတ်ဘူး
*****************
ဆင်းရဲတာရှက်စရာ မဟုတ်ပါဘူး
စိတ်ဓါတ်ဆင်းရဲရင်သာ ရှက်စရာပါ
ပညာမတက်တာ ရှက်စရာမဟုတ်ပါဘူး
အကောင်းအဆိုးမခွဲခြားနိုင်ရင်သာ ရှက်စရာပါ
မှားနေတာရှက်စရာ မဟုတ်ပါဘူး
အမှားကို ရှောင်ပုန်းနေတာကသာ ရှက်စရာပါ
ရုပ်ဆိုးတာ သိပ်ငယ်စရာမလိုပါဘူး
အတွင်းမနှောကောက်ကွေ့နေတာကသာ သိပ်ငယ်စရာပါ
မသိတာရှက်စရာ မဟုတ်ပါဘူး
မသိတာကို သိဟန်ဆောင်နေတာကသာ ရှက်စရာပါ
ဖိနပ်မပါတာ ရှက်စရာမဟုတ်ပါဘူး
ကိုယ်ကျင့်တရားအကာမပါတာကသာ ရှက်စရာပါ
ချစ်သူစွန့်ပစ်ခံရတာ ရှက်စရာမဟုတ်ပါဘူး
အချစ်ကြောင့် ဘဝပျက်သွားတာက ရှက်စရာပါ
ရှုံးနိမ့်တာ ရှက်စရာမဟုတ်ပါဘူး
အရှုံးကိုကြောက်လို့ ဆင်ခြေမျိုးစုံပေးပြီး
မကြိုးစားတာကသာ ရှက်စရာပါ
လူအောက်ကျို့တာ ရှက်စရာမဟုတ်ပါဘူး
ဝမရှိဘဲ ဝိလုပ်နေတာကသာ ရှက်စရာပါ
အလုပ်သမားဖြစ်နေတာ ရှက်စရာမဟုတ်ပါဘူး
အလုပ်မရှိဘဲ အခြားသူတွေကို ဝန်ထုပ်ပိုးဖြစ်စေတာက
ရှက်စရာပါ
မသန်စွမ်းတာ စိတ်ဓါတ်ကျစရာ မဟုတ်ဘူး
မသန်ပေမယ့် စွမ်းဆောင်နိုင်တဲ့အရာကို မသန်လို့ဆိုပြီး
ရေသာခိုနေတာက ရှက်စရာပါ
လောကမှာ မည်သူအဆို ကိုယ်တက်န်ုင်တဲ့ တာဝန်ကို
ထမ်းဆောင်ပြီး
သမာအာဇိဝကျကျ လုပ်ဆောင်နေရင် လမ်းဘေးက အမှိုက်
ကောက်နေတဲ့ အလုပ်တောင် ဂုဏ်ယူစရာပါ
စာပေချစ်သူများကို အစဉ်လေးစားလျှက်ပါ
Credit-Maung Win
No comments:
Post a Comment