Saturday, July 27, 2019
''အကြောက်တရား''
''အကြောက်တရား''
*************************
ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပျိုး
 ထောင်ရမယ်ဆိုတာသေချာမသိပဲဘဲ
အများစုဟာ ကလေးတွေကို သွန်သင်နေကြတယ်...
။ကြက်တွေ ဝက်တွေကို မွေးမြူရေးလုပ်ရင်တောင်
ကြက်မွေးနည်း ဝက်မွေးနည်း ကိုသိထားရတယ်။ကျနော်တို့နိုင်ငံမှာတော့ လူမွေးကြပေမယ့် လူမွေးနည်းကို အများစုမသိကြသေးဘူး။လွဲမှားတဲ့
ဆုံးမနည်းတွေ ကျင့်သုံးကြတယ်။
အဲ့ဒိထဲမှာ ကျနော်သတိထားမိတာက ကလေးတွေရဲ့ရင်ထဲကို အကြောက် တရားထည့်ပေးခြင်းပဲ...။
ကျနော်က ကလေးအထူးကု ဆရာဝန် လည်းမဟုတ်သလို ကလေးတွေအကြောင်း
သုတေသန လုပ်တဲ့သူလည်း မဟုတ် ပါဘူး။
ဒါပေမယ့် ကျနော်ကိုယ်တိုင်အကြောက်တရား ရဲ့
ဒဏ်ကို အခုထိခံနေရတုန်းပဲ။
ကျနော်သရဲသိပ်ကြောက်ခဲ့ဖူးတယ်။
ရဲသင့်မှန်းလည်းသိတယ်...။
မကြောက်သင့်ကြောင်း စာတွေလည်း ဖတ်ဖူးတယ်။ ဒါပေမယ့် နှလုံးသားထဲ အထိ စူးနစ်လာတဲ့ အကြောက်ရောဂါ ဟာ အခုထိမပျောက်သေးဘူး။
ပြောရမယ်ဆိုရင် ဒါဟာစိတ္တဇဝေဒနာပဲ....။
လူကြီးတွေဟာ ကလေးတွေကို စကြတယ်။
 ခေါင်းစဉ်ကတော့ "ချစ် လို့ ပါ”ဆိုတဲ့ ခေါင်းစဉ်နဲ့။
ဒါပေမယ့်ရလဒ်ဟာ ကလေးအတွက် ကောင်းမလာဘူး...။ကလေးတွေကို စနောက်တဲ့အခါမျိုးမှာတောင် ချစ်ရုံအသည်းယားတယ်ဆိုရုံနဲ့ မရဘူး...။
သိပ်နုနယ်တဲ့ကလေးတစ်ယောက် ဟာ ကိုယ့်အပြုအမူကြောင့်စိတ်ဒဏ်ရာ ရသွားမှာကို
မလိုလားဘူး....။ "ကုလား သုံးကောင် မျက်စိခြောက်လုံး”ဆိုပြီး လာအော်ရင် ငယ်ငယ်ကအသေလန့်တာ။ကလေးတွေဟာ မိဘကမခြောက်
သည့်တိုင် ကိုယ့်အတွေးနဲ့ ကိုယ်
ကြောက်တတ်ကြတယ်...
ကျနော်ဆို loud speakerကြောက် တယ်။ စကားအကျယ်ကြီးပြောတတ်တဲ့
သတ္တဝါတစ်ကောင်လို မြင်ခဲ့မိတယ်ထင်ပါရဲ့။
ဒေဝေါဆိုတဲ့စကားလုံးကို
ငယ်ဘဝမှာ လူတော်တော်များများ ကြောက်ခဲ့ဖူးလိမ့်မယ်။
ဝေါဟာရကိုနားမလည်သေးတဲ့
ကလေးဟာ ဒေဝေါဆိုတဲ့စကားလုံးသပ်သပ်ကိုတော့ ကြောက်လိမ့်မယ်မထင်ပါဘူး။
သင်စရာမလိုပဲ နားလည်တာကတော့ ပြုံးခြင်းမဲ့ခြင်းပဲ။ဒေဝေါ ဆိုတဲ့စကားကို ပြုံးပြီး
လေပြေနဲ့ ပြောကြည့်ပါ။
အဲ့ကလေးဒေဝေါကို ကြောက်မှာ မဟုတ်ဘူး။
ဒေဝေါဆိုတဲ့စကားကို ပြောတဲ့အခါ
ကြောက်စရာမျက်နှာထား
ကြောက်စရာလေသံနဲ့ ပြောတဲ့အခါ
ကလေးဟာ ဒေဝေါဆိုတာကို ကြောက်တတ်သွားတယ်...။ကလေးကတစ်ခုခုကြောင့်ဆိုးရင်
ခြောက်ဖို့ ရည်ရွယ်ပုံရပါတယ်...။
ကလေးကမလုပ်သင့်တာကို
လုပ်တိုင်း ဒေဝါကြီးလာပြီလို့ ...
ခြောက်လိုက်တယ်...။
အကြောက်တရားဟာ
ဆန္ဒကိုသတ်တယ်...။
ယုံကြည်မှုကိုသတ်တယ်...။
ရဲရင့်မှုကိုသတ်တယ်...။
ကလေးဟာ သူလုပ်ချင်တာကို
မလုပ်သင့်မှန်းသိလို့ ...
မလုပ်တာမျိုးမဟုတ်ဘဲ
ဒေဝေါကိုကြောက်လို့ 
သူ့ ဆန္ဒကိုမြိုသိပ်လိုက်ရတယ်။
ဒီအတွက်မကျေမနပ်မှုဟာ
အငုံ့ စိတ်သဘောဖြစ်သွားပြီး
ကြောက်ရွံ့ မှုဒဏ်ရာကို ရသွားတယ်။
နှလုံးသားဟာ အထိနာသွားတယ်။
လူကြီးအမြင်မှာတော့ ကလေးဟာ
ဒေဝေါကြောင့်ငြိမ်သွားတယ်လို့ 
ယုံကြည်မှုဟာ ငုပ်လျှိုးသွားတယ်...။
ဒါဆိုဘယ်လိုထိန်းမလဲ...။
အကြောက်တရားနဲ့ ခြောက်မရဘူး
ဆိုတော့ အသိတရားနဲ့ ထိန်းလို့ ရပါ့မလား....
ဒါလည်းမလွယ်ဘူး။စိတ်တော်တော်ရှည်ရမယ်။
ဒါပေမယ့် ဒီနည်းနဲ့ ပဲကြိုးစားရလိမ့်မယ်...။
ကလေးတွေက မွေးကတည်းက သင်ယူနေတာပါ...။
တကယ်ဆိုရင်မမွေးခင်ကတည်းက
သင်ယူနေတာ...။
ကလေးဆိုတာ လောဘသိပ်ကြီး တယ်။
အဓိပ္ပာယ်က သူဖြစ်ချင်တာပဲ
သူသိတယ်....။
ကလေးဆိုတာ ဒေါသသိပ်ကြီးတယ်
သူ့ ဆန္ဒကိုသဘောမတူရင်
ငိုတယ်..,မကျေနပ်ကြောင်းပြမယ်။
ခွန်အားများရှိရင်
ထထိုးလောက်တယ်...။
စကားဖြတ်ပြောရရင် အသိဥာဏ်နည်းသူတွေ ခွန်အားကြီး လာရင် သိပ်ကြောက်ဖို့ ကောင်းတယ်။
ဒါဘာကြောင့်လဲဆိုတော့
ကလေးတွေဟာ မသိလို့ 
ဆင်ခြင်တုံတရားမရှိလို့ ..
ဥာဏ်ရည်မမှီသေးလို့ ပဲ...။
မောဟများနေသေးတဲ့သဘော။
ကလေးရဲ့ သဘောသဘာဝကို
ပြောကြည့်တာ...။
သဘာဝဖြစ်တဲ့အတွက်နားလည်မှု ပေးရမယ်...။
ကလေးတွေဖြူ စင်တယ်ဆိုတာက
မလိမ်တတ်တာပဲ
မာယာမသုံးတတ်တာပဲ...။
သိမှုပညာဟာ မောဟကိုလျော့စေတယ်။
ဒေါသကိုလျော့စေတယ်။
လောဘကို လျော့စေတယ်။
မိခင်အကြောင်းပိုသိလာလေလေ
မိခင်ကို ချစ်တတ်လာလေလေပါ။
ကလေးတွေက သင်ယူနေတယ်။
မိဘတွေကသင်ကြားနေတယ်။
ပုပ္ပစရိယ မိနဲ့ ဖလို့ ဆိုတယ်...။
ကျနော်တို့ ထပ်သုံးသပ်ကြည့်ရ
အောင်...။
လိုချင်မှု ဝေဒနာတစ်ခုကြောင့်
ပူဆာနေတဲ့ကလေးကို. ..
မိခင်က သဘောမတူတဲ့အခါ
အကြောက်တရားနဲ့ ခြောက်တယ်။
''သားငိုရင် သရဲကြီးကိုက်လိမ့်မယ်''
လို့ ပြောတယ်ဆိုပါစို့ ...
ကလေးဟာ ကြောက်လန့် တကြား အငိုတိတ်သွားကောင်းတိတ်သွား မယ်...။
ဒါကဘာနဲ့ တူလဲဆိုရင်
ကလေးဟာ ခြေထောက်နာလို့ ...
အော်နေတဲ့အခါ  ခေါင်းကိုတူနဲ့ 
ထုလိုက်သလိုပဲ...။
ဝေဒနာတစ်ခုကိုမေ့လျော့ဖို့ ...
ပိုပြင်းတဲ့ ဝေဒနာတစ်ခုကို
ပြောင်းပြီးခံစားလိုက်ရတယ်။
ဒါဟာ မှန်ကန်တဲ့နည်းဟုတ်ရဲ့လား။
ဆုံးမခြင်းဆိုတာ ပညာအလုပ်ပါ။
တဒင်္ဂပြေလည်ဖို့ မကြည့်နဲ့ ...။
အရှည်ကိုကြည့်ပါ...။
ငါးနှစ်သားမှာ အရှိုးရာထင်အောင်
အရိုက်ခံရတဲ့ကလေးဟာ
အသက် ၂၅နှစ်မှာ ပြင်ပဒဏ်ရာ
ပျောက်ပြီး စိတ်ဒဏ်ရာက ကျန်နေ
လိမ့်ဦးမယ်....။
ပျော်ရင်နှလုံးကရွှင်သတဲ့။
ဟာဒယရွှင်ဆေးတဲ့။
ဒါဆိုရင် ဒေါသအနွယ်ဝင်
ကြောက်ရွံ့ ခြင်း ဝမ်းနည်းခြင်း၊
ထိန့် လန့် ခြင်းတွေဟာ
ဟာဒယ အဆိပ်တွေလား။
ကြောက်ရွံ့ မှုဟာ သိမ်ငယ်စေတယ်ယ
ယုံကြည်ချက်နည်းစေတယ်။
ဖွံ့ ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ ဖြိုဆဲနိုင်ငံတွေဟာ
ကလေးဘဝမှာကတည်းက
အရည်အချင်းကွာသွားတယ်...။
သူတို့ ကရဲရင့်တယ်။
ကျနော်တို့ ကသိမ်ငယ်တယ်။
သူတို့ ကကလေးတွေအပေါ် စိတ်သိပ်ရှည်တယ်...။
ကလေးထိန်းတာကအစ သုတေသန လုပ်ပြီးထိန်းတာ....။
ဒီမှာနိုင်ငံမှာတော့ဖခင်တို့ တတ်အပ်သော၊
မိခင်တို့ တတ်အပ်သောပညာတို့ ကို
မတတ်မြောက်ပဲ ကလေးကို
သင်ကြားဖို့ ကြိုးစားတယ်။မေတ္တာ အခံရှိသည့်တိုင် ပညာအခံနညိးတော့ ဆုံးမနည်းတွေမှားတယ်..။
ကလေးတစ်ယောက်ချင်းစီမှာ
စရိုက်တစ်မျိုးစီပါ။
ကိုယ့်ကလေးအကြောင်းကိုယ် အသိဆုံးပဲ။
ဖြစ်နိုင်ရင် အကြောက်တရားကို
ရှောင်ပြီး ဆုံးမစေချင်တယ်။
ဒါကျနော့်အမြင်သပ်သပ်ပါ။
ကိုယ်ဖြတ်သန်းခဲ့ရတဲ့
ကလေးဘဝကိုခံစားမိပြီးရေးတဲ့စာ။
နိုငိငံတစ်နိုငိငံရဲ့အနာဂါတ်ဟာ
မျိုးဆက်သစ်တွေရဲ့လက်မှာ။
ပိုကောင်းတဲ့နိုင်ငံတော်ဖြစ်ဖို့ 
ပိုတော်တဲ့လူတွေရဲ့လက်ကို
အပ်ရမယ်...။
အစကောင်းမှ အနှောင်းသေချာပါသတဲ့။
၁၆နှစ်သား ၁၇နှစ်သားကျမှ
ကိုယ့်ဝါသနာကို ကမန်းကတမ်း
ရွေးချယ်ရတာကိုသဘောမကျဘူး။
ငယ်ဘဝမှာကတည်းက
ကိုယ့်လမ်းကြောင်းကို ပုံဖော်နိုင်
တဲ့လူငယ်လေးတွေကို မျှော်လင့်တယ်။
သူတို့ ဟာအကြောက်တရားနည်းရ မယ်။
 ယုံကြည်ချက်မြင့်ရမယ်။
ဆင်ခြင်တုံတရားရှိရမယ်။
နှစ်တစ်ရာ နှစ်တစ်ထောင်
နှစ်တစ်သောင်းတိုင်အောင်
တည်မြဲနေသင့်သော နိုင်ငံတော်
အတွက်  ဒီကလေးငယ်တွေကအစ
ကျနော်တို့ မျှော်လင့်ချက်ထားရမယ်။
ထပ်မြှင့်ရင်
သူတို့ အပေါ် ယုံကြည်ချက်ထားရမယ်...။
အကြောက်တရားဟာ ယုံကြည်ချက်ကိုသတ်တယ်...။
ဒါကျနော့်အတွေးပါ
လွဲနိုင်ပါတယ်
#Error (Sithu)
28.7.2017
Credit
No comments:
Post a Comment