လူ (၂) မျိုး
--------------------
လူ့စိတ် (၃) မျိုး (၃) စားနဲ့ လူတွေ ရှိတယ်။ သူတို့ကတော့ -
(၁) ခင်ဗျား ဒုက္ခရောက်နေချိန်မှာ လာခေါ်သူ။
(၂) ခင်ဗျား ဒုက္ခရောက်နေချိန်မှာ ရောက်မလာသူ။
(၃) ခင်ဗျား ဒုက္ခရောက်အောင် လုပ်သူ။ တို့ပဲ ဖြစ်တယ်။
ဒီ လူတွေရဲ့ ဆန့်ကျင်ဘက် နောက်ထပ် စိတ် (၃) မျိုး (၃) စား ရှိသေးတယ်။ သူတို့ကျတော့ -
(၁) ခင်ဗျား ကောင်းစားချိန်မှာ လာခေါ်သူ။
(၂) ခင်ဗျား ကောင်းစားချိန်မှာ ရောက်မလာသူ။
(၃) ခင်ဗျား ကောင်းစားအောင် လုပ်သူ။
ဒီ (၂) ခုကို ပေါင်းစပ်လိုက်တဲ့ အခါ လူ (၂) မျိုး (၂) စား ပေါ်လာတယ်။ သူတို့ကတော့ -
(၁) ခင်ဗျား ကောင်းစားချိန်မှာ ရောက်မလာသူဟာ ခင်ဗျားဒုက္ခရောက်နေချိန်မှာ လာခေါ်သူပဲ ဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဒါ့ကြောင့် သူတို့နဲ့ ပေါင်းပါ။ သူတို့ဟာ ခင်ဗျား ကောင်းစားအောင် လုပ်ပေး မယ့်သူတွေပဲ ဖြစ်တယ်။
(၂) ခင်ဗျား ကောင်းစားချိန်မှာ လာခေါ်သူဟာ ခင်ဗျား ဒုက္ခရောက်နေချိန်မှာ ရောက်မလာသူပဲ ဖြစ်နေတာကို တွေ့ရလိမ့်မယ်။ သူတို့ကိုတော့ ရှောင်ပါ။ သူတို့ဟာ ခင်ဗျား ဒုက္ခရောက်အောင် လုပ်ပစ်မယ့် သူတွေပဲ ဖြစ်တယ်။
- မှတ်စုကြမ်း #kyawnge
Credit
No comments:
Post a Comment