Tuesday, July 23, 2019

The Good Dinosaur

The Good Dinosaur
--------------------

Arlo - ကျွန်တော် ခင်ဗျားကို အားကျတယ်ဗျာ။ ဒီနေ့က စပြီးတော့ ဘာကိုမှ မကြောက်တော့ဘူး။

Butch - ငါ မကြောက်ဘူးလို့ မင်းကို ဘယ်သူပြောသလဲ။

Arlo - မကြောက်လို့ပဲ ခင်ဗျား မိချောင်းကြီးနဲ့ ယှဉ်ပြီး တိုက်ခိုက် ရဲတာပေါ့ဗျ။

Butch - အဲဒါ ငါ ကြောက်လို့ တိုက်ခိုက်ရတာကွ။

Arlo - ဘာ... ဘယ်လို...။

Butch - ဒီမှာ နားထောင်...။ မင်းမျက်နှာကို စုတ်ပြတ်သပ် သွားအောင် မိချောင်းက ကိုက်မှာကို မင်း မကြောက်ဘူးလား။ မကြောက်ရင် မင်း သေပြီလေ။  ငါတို့တွေဟာ ဘယ်တော့မှ အကြောက်တရားကို စွန့်ခွာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ သဘာဝပဲ။ အကြောက်တရားကို အလဲမထိုးနိုင်ဘူး။ အကြောက် တရား ဆီကနေ ငါတို့ မရှောင်ပုန်းနိုင်ဘူး။ အေး... ဒါပေမယ့် အကြောက်တရားကို ငါတို့ ကျော်လွှား လို့ တော့ ရတယ်။ အကြောက်တရားကို ကျော်လွှား ပြီးလို့ ဟိုဘက်အခြမ်း ရောက်ပြီဆိုတာနဲ့ မင်း ဟာ ဘာကောင် ဆိုတာ မင်းကိုယ်တိုင် သိပြီ။

Arlo နှင့် Butch ဒိုင်နိုဆော ၂ ကောင် စကားပြောခန်းလေးကို အလွန် နှစ်သက်မိ၍ မှတ်စုကြမ်းမှ ဘာသာပြန် မျှဝေလိုက် ရပါသည်။ #kyawnge
Credit

No comments:

Post a Comment