အားလုံးစိတ်ကြိုက်မဟုတ်ရင်တောင်
ကြည့်တတ်ရင် ရွေးခြယ်ခွင့်ရှိနေတဲ့ဘဝမှာ
ဘာလို့စိတ်ဓာတ်ကျစရာအရှုံးတွေကိုပဲ
စိတ်ထဲထားရမှာလဲ....
ဘာလို့ နာကျည်းချက်တွေကိုပဲ
ရင်ထဲထည့်ထားရမှာလဲ....
ဘာလို့ အရေးမပါတဲ့ခံစားချက်တွေထဲက
ရုန်းမထွက်နိုင်ရမှာလဲ....
ဘာလို့ အရာရာမှာ စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့
တွေဝေနေရမှာလဲ....
ဘာလို့ မတတ်နိုင်တာတွေချည်းမြင်ပြီး
ကိုယ်တတ်နိုင်သလောက် ကြိုးစားမကြည့်ရမှာလဲ...
သေချာတာက ဘဝဆိုတာ
အမြဲတမ်းတော့ ပန်းခင်းလမ်းမဖြစ်နိုင်သလို
ခရောင်းတောထဲမှာ တဝဲလည်လည်လဲ
မဟုတ်ပါဘူး....
အတားအဆီးမတွေ့ပါစေနဲ့လို့
ဆုတောင်းမနေပါနဲ့
ဒီအတွက် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်
ထားတာက ပိုပြီးလက်တွေ့ကျပါတယ်....
အကောင်းဆုံး အခြေအနေတွေကိုပဲ
မျှော်လင့်မထားပါနဲ့
အဆိုးနဲ့ ရင်ဆိုင်ရရင်လဲ သတိနဲ့သတ္တိ
ရှိနေဖို့ အရေးကြီးပါတယ်....
လောကဓံနဲ့ရင်ဆိုင်ရချိန်မှာ အမြဲကိုယ်က
အနိုင်ရမယ်လို့ တွက်မထားပါနဲ့
အပြုံးမပျက် အရှုံးကို ရင်ဆိုင်နိုင်ဖို့
သင့်တော်တဲ့စိတ်ထားလဲ ရှိရပါမယ်....
ရွေးခြယ်တတ်ဖို့လိုပါတယ်
သင့်ရဲ့ စိတ်ချမ်းသာမှု
သင့်ရဲ့ အောင်မြင်မှု
သင့်ရဲ့ အလင်းရောင်
သင့်ရဲ့ အနာဂတ်
သင့်ရဲ့ လူမှုဘဝ
သင် လျောက်ရမယ့်လမ်း
အားလုံးဟာ သင့်လက်ထဲမှာပဲ ရှိပါတယ်....
သင့်ရဲ့ သဘောထားကို အခြေခံပါတယ်....
~WPH~
Credit
No comments:
Post a Comment