ယနေ့မှစလုပ်ပါ။
--------------------
(၁) ယနေ့မှစ၍ မိမိအပေါ်ကောင်းသူများကို ပြန်ကောင်းပါ။
(၂) ယနေ့မှစ၍ ရှေ့တွင် တွေ့ကြုံရမည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းပါ။
(၃) ယနေ့မှစ၍ ဘယ်ကိစ္စမဆို ကိုယ့်ကိုယ်ကို မလိမ်ပါနှင့်။
(၄) ယနေ့မှစ၍ ကိုယ့်ပျော်ရွှင်မှုကိုသာ ရှေ့တန်းတင် စဉ်းစားပါ။
(၅) ယနေ့မှစ၍ ကိုယ့်ရပ်တည်နေမှု အပေါ် ကိုယ်ဂုဏ်ယူပါ။
(၆) ယနေ့မှစ၍ ပစ္စုပ္ပန်ကျကျ နေထိုင် အလုပ်လုပ်ပါ။
(၇) ယနေ့မှစ၍ အမှားတိုင်းမှ သင်ခန်းစာယူပါ။
(၈) ယနေ့မှစ၍ ကိုယ့် စိတ်ချမ်းသာမှုကို ကိုယ့်ဘာသာ ဖန်တီးယူပါ။
(၉) ယနေ့မှစ၍ လူအားလုံးကို သိမ်မွေ့စွာ ဆက်ဆံပါ။
(၁၀) ယနေ့မှစ၍ မိမိပိုင်ထားပြီးသော ပစ္စည်းများကို တန်ဖိုးထားပါ။
(၁၁) ယနေ့မှစ၍ အကြံဉာဏ်တို့ကို မျှဝေပြီး အခွင့်အလမ်းတို့ကို ရှာဖွေပါ။
(၁၂) ယနေ့မှစ၍ မိမိသည် ရှေ့သို့တက်လှမ်းနိုင်သည်ဟု ယုံကြည်ပါ။
(၁၃) ယနေ့မှစ၍ အကျိုးရှိမည့် လူများနှင့် မိတ်ဖွဲ့ ပေါင်းသင်းပါ။
(၁၄) ယနေ့မှစ၍ တွေ့ကြုံလာမည့် လူသစ်တိုင်းကို အခွင့်အရေး ၂ ကြိမ် ပေးပါ။
(၁၅) ယနေ့မှစ၍ မနေ့က မိမိနှင့် ယှဉ်ပြိုင်ပါ။
(၁၆) ယနေ့မှစ၍ သူတစ်ပါး အောင်နိုင်မှုအတွက် ချီးမွမ်းပါ။
(၁၇) ယနေ့မှစ၍ အလက်အခဲကြုံလာတိုင်း ရလဒ်ကို မျှော်ကြည့်ပြီး အားမွေးပါ။
(၁၈) ယနေ့မှစ၍ သူတစ်ပါးနှင့် မိမိကိုယ်ကို ခွင့်လွှတ်ပါ။
(၁၉) ယနေ့မှစ၍ မိမိအနီးဝန်းကျင်မှ လူများကို ကူညီပါ။
(၂၀) ယနေ့မှစ၍ မိမိ အတွင်းက အသံတို့ကို နားထောင်ပါ။
(၂၁) ယနေ့မှစ၍ မိမိ စိတ်ဖိစီးမှု အမှတ်ကို မိမိသိ၍ ထိုရောက်လျှင် အနားပေးတတ်ပါ။
(၂၂) ယနေ့မှစ၍ အသေးအမွှား ကိစ္စလေးများအတွင်းက အလှအပတို့ကို ရှာဖွေပါ။
(၂၃) ယနေ့မှစ၍ ပြီးပြည့်စုံမှု မရှိသော ချို့ယွင်းချက် တို့ကို လက်ခံ တတ်ပါ။
(၂၄) ယနေ့မှစ၍ မိမိပန်းတိုင်သို့ နေ့စဉ် လျှောက်လှမ်းပါ။
(၂၅) ယနေ့မှစ၍ မိမိ ခံစားချက် အစစ်အမှန်တို့ကိုသာ ထုတ်ဖော် ပြောကြားပါ။
(၂၆) ယနေ့မှစ၍ မိမိဘဝ ကိုမိမိ တာဝန်ယူပါ။
(၂၇) ယနေ့မှစ၍ မိမိဘဝ၏ အရေးကြီးသော လက်တွဲဖော်တို့အပေါ် ချစ်ခင် ယုယပါ။
(၂၈) ယနေ့မှစ၍ မိမိထိန်းချုပ်နိုင်သည့် အရာတို့ကို စူးစိုက် လေ့လာပါ။
(၂၉) ယနေ့မှစ၍ ရလဒ်ကောင်းထွက်ရေးကိုသာ ဦးတည် လုပ်ကိုင်ပါ။
(၃၀) ယနေ့မှစ၍ သင်မည်သူ့ထက် ဆင်းရဲသည်ဟု မတွေးတော့ပဲ သင် မည်မျှ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေသည် ဆိုတာကို တွေးပါ။
- မှတ်စုကြမ်း #kyawng
Credit
No comments:
Post a Comment