ကုလားအုပ် ကလေးက ကုလားအုပ် အမေကြီးကို မေးတယ်။
"မေမေ မေမေ! သားတို့ ကျောမှာ ဘုကြီး ပါနေတာ ဘာလို့လဲ မေမေ!"
ကုလားအုပ် အမေကြီးက ရှင်းပြတယ်။ "အဲ့ဒါကြီးက အစာ နဲ့ ရေ သိုလှောင်တာ ငါ့သားရဲ့။ ကန္တာရထဲမှာ အစာရှာမရပဲ ရက်ရှည်လများ ခရီး သွားရရင် အစာခံနိုင်အောင်ပေါ့ကွယ်"
ကုလားအုပ်ကလေး - အော်.......
တအောင့်နေတော့ ကုလားအုပ်ကလေး ထပ်မေးပြန်တယ်။ "မေမေ! ခြေထောက်! ခြေထောက်တွေကရော ဘာလို့ ရှည်ပြီး အောက်မှာ ဝိုင်းနေရတာလဲ မေမေ!"
ကုလားအုပ် အမေကြီးက ထပ်ရှင်းပြတယ်။ "အော်... ဒါမှ မေမေတို့ ကန္တာရထဲ လျှောက်ရင် သဲထဲ မနစ်မှာပေါ့။ ဒါမှ ပိုလွယ်မှာပေါ့ကွဲ့"
ကုလားအုပ်ကလေး - အော်......
တအောင့်နေတော့... "မေမေရေ! ဟော့ဒီ မျက်တောင်မွှေးတွေကရော ဘာလို့ အရမ်းရှည်နေရတာတုန်း မေမေ!" တစ်ခါတစ်လေ အားကြီး ရှုပ်တာပဲ!"
ကုလားအုပ် အမေကြီး - "အမယ်... ဒီ မျက်တောင်မွှေးတွေက သားမျက်စိတွေကို ကန္တာရထဲမှာ သဲမုန်တိုင်းတွေ ဒဏ်က ကာကွယ်ပေးနေတာ ကွဲ့။"
ကုလားအုပ်ကလေး - အော်...
ခနနေတော့ စဉ်းစားရခက်တဲ့ပုံနဲ့ ကုလားအုပ်ကလေးက မေးတယ်။ "မေမေ... ပြောသလိုဆိုရင်... ကျောက ဘုကြီးဟာ ကန္တာရထဲမှာ အစာနဲ့ရေ ပြတ်မသွားဖို့... ခြေထောက်ရှည် ဝိုင်းဝိုင်းကြီးတွေက ကန္တာရထဲမှာ သဲမနစ်ဖို့... မျက်တောင်မွှေးတွေက ကန္တာရထဲက သဲမုန်တိုင်းဒဏ်ကို ကာဖို့... ဒါပေမယ့်... ခုထိ သားတို့ အစာလည်း မပြတ်.. သဲလဲ မနစ်.. ပြီးတော့ သဲမုန်တိုင်းကရော.. ဘယ်ချိန် လာလာတိုက်သွားတာတုန်း မေမေ?"
ကုလားအုပ် အမေကြီး - "ငါ့သား။ မင်းရောက်နေတာ တိရိစ္ဆာန်ရုံလေ!"
သင်ခန်းစာ - အရည်အချင်းတွေ ဆိုတာ သူ့နေရာ သူမှန်မှသာ အသုံးဝင်လေ့ ရှိပါတယ်။ နေရာတွေပြောင်းသွားတာနဲ့ အရည်အချင်းတွေ အကုန် မြောင်းထဲ ရောက်တာပါပဲ။
#kyawnge
Credit
No comments:
Post a Comment