ရွှေပြန်ရောင်းရင် ရှုံးတယ် လူအများ ပြောကြတယ်
=============================
ရောင်းတဲ့ သူက တယောက်ဆို ဝယ်တဲ့လူက တသောင်းလောက် ရှိနေလို့ အများနဲ့ တယောက်ဖြစ်နေတာမို့ တစ်ချို့က သိပ်ရှင်းမပြချင်ကြဘူး
ပို့တင်ပြီး knowledge တိုးတက်လာအောင် ပြောပြ ရှင်းပြချင်ပေမယ့်ထင်ရာ ဇွတ်ပြော နားမလည်တဲ့ အများနဲ့ အငြင်းခုံပွဲဘဲဖြစ်လာပြီး
Customer နဲ့ငြင်းရင် Customer ဆုံးရှုံးတာဘဲ အဖတ်တင်မှာမို့ ဘယ်ရွှေရောင်းသူကမှ ပို့တင်ပြီး ရွှေဝယ်သူတွေကို မရှင်းပြတာ
ရွှေဝယ်သူအများစုက စဝယ်ကတည်းက ရွှေကို ဘာလို့ ဝယ်တာလဲ မိမိကိုယ်ကို သေချာပြန်မေးပါ
လှပချင်လို့လား
ငွေစုချင်လို့လား
အကျိုးအမြတ်တိုးပွားချင်လို့လား
ပထမဆုံး သိရမှာက ရွှေဟာ ရတနာ တစ်ပါး ဖြစ်သလို
မြန်မာတင်မက ကမ္ဘာကပါ သူ့ရဲ့ weight အလေးချိန်နဲ့
ညီမျှတဲ့ တန်ဖိုးကို လက်ခံကြတယ်
ရွှေမှာ လဲ အထည်ရွှေ ဝယ်မှာလား
အခေါက်တုံး ဝယ်ပြီး ဗူးထဲထည့်သိမ်းထားမှာလား
သိပ်မရှုံးချင်ရင် အခေါက်တုံး ဝယ်ပြီး သိမ်းထားပါ
ဈေးတက်ရင် မြတ်မယ် ဒါပေမယ့် ပြန်ရောင်းရင်
ပေါက်ဈေးထက် အနည်းငယ်ခွာ ဝယ်ကြပါလိမ့်မယ်
အထည်ဝယ်မလား ဒါဆို ပိုရှုံးပါမယ်
အဲ့ရွှေထည်ဖြစ်လာဖို့ အဆင့်ဆင့်ဖြတ်သန်းရတာကို သိပါသလား
ရွှေထည်တစ်ခုကို ရောင်းနေတဲ့ ဆိုင်သမားတွေလဲ မလုပ်တတ်ဘူး
ဝယ်တဲ့ customer တွေလဲ မလုပ်တတ်ဘူး
အဲ့တော့ ကျွမ်းကျင်တဲ့ ပန်းထိမ်ဆရာကို အပ်ရပါတယ်
ရွှေလက်စွပ်တစ်ကွင်း၂ပဲတင် ပန်းထိမ်အပ်မယ်ဆိုပါစို့
၂ပဲ ၅ရွေး / ၃ပဲ လောက် ရွှေဆိုင်က ပန်းထိမ်ကို ချပေးလိုက်တယ်
အဲ့ ၃ပဲလောက်ရွှေကို ကြိုရ နန်းဆွဲရ ပုံရိုက်ရ ထုရ ထောင်းရ တံဇဉ်းတိုက်ရ နဲ့ ရွှေက လုပ်နေစဉ်ထဲမှာတင်
လေ လွင့် မူ့တွေ ဖြစ်ပြီး လျော့သွားပါတယ်
တရက်နဲ့မပြီး ၂ရက်လောက် ဖင်မြဲအောင်လုပ်ပါမှ အဲ့အထည် လက်စွပ်လေး ပြီးတယ်ဆိုပါစို့
ပန်းထိမ်ဆရာက အလျော့ နဲ့ လက်ခ တန်ဖိုး ပေါင်းပြီး
ရွှေချိန် ၂ပဲဆိုတော့
၁ရွေး ၁ခြမ်း အလျော့ယူပါတယ် ပန်ထိမ်ဆရာလဲ ၁ရွေး၁ခြမ်းဖထုးအကုန်မရပါ လေ လွင့် အောက်ကျသွားတဲ့ ရွှေ ၁ခြမ်းလောက်ဖြစ်သွားရင်
သူ ၁ရွေးဖိုး ငွေတန်ဖိုး အားဖြင့် ၇၅၀၀/ ၈၀၀၀ လောက်သူ အလျော့လက်ခရပါတယ်
အဲ့ ၂ပဲတင် လက်စွပ်အထည်လေး ဆိုင်သွားအပ်ပါတယ်
ရွှေဆိုင် က လက်စွပ်က ရွှေချိန် ၂ပဲ
ပန်းထိမ်ဆရာ အလျော့က ၁တရွေး ၁ခြမ်း
၂ပဲ ၁ရွေး ၁ခြမ်း အရင်း ရှိပါတယ်
ဆိုင်ကို လာဝယ်သူကို အမြတ် ၁ရွေး ၁ခြမ်း တင်ရောင်းပါတယ်
ရွှေဝယ်သူတိုင်းကို ရွှေဆိုင်က အကျီတို့ ထီးတို့ ပိုက်ဆံအိတ် ပါတိတ် ဒါမျိုး လက်ဆောင်ပေးရပါတယ်
ပစ္စည်းတန်ဖိုးကိုလဲ ဈေးဆစ်တော့ လျော့ပေးရတာရယ်
ပေါင်းရင် ခန့်မှန် ၄၀၀၀ လောက် လျော့ပေးရတယ်ထား
ရွှေဆိုင်က သူအမြတ်တင်ထားတဲ့ ၁ရွေး ၁ခြမ်းထဲက
၁ခြမ်းလောက်က ဈေးလျော့ပေးရတာရယ် လက်ဆောင်ပြန်ပေးရတာရယ်မှာ လျော့သွားပါတယ်
အဲ့တော့ ရွှေချိန် ၂ပဲတင်လက်စွပ်
ပနိးထိမ်က ၁ရွေး၁ခြမ်း
ရွှေဆိုင်က ၁ရွေး ၁ခြမ်း
စုစုပေါင်း ၂ပဲ၃ရွေးမှာ ရွှေဆိုင်ကလဲ ၁ရွေး (၇၅၀၀/ ၈၀၀၀) ဖိုးလောက် မြတ်ပါတယ်
Customer က ဝယ်သွားပြီး လမကြာဘူး ပြန်လာရောင်းတယ် ပြန်လာလဲတယ်ဆို
အလျော့ ၃ရွေးဖိုး ၂၄၀၀၀ လောက်ရှုံးမယ်ဆို လက်မခံချင်ကြတော့ပါဘူး အရမ်းအရှုံးများတယ်ထင်ကြတယ်
ရွှေထည် တစ်ထည်ဖြစ်လာဖို့ ထုတ်လုပ်မူ့ ကုန်ကျစရိတ် အထွေထွေကို နားလည်မူ့မပေးကြတော့ပါဘူး
အဲ့တော့ ရွှေဆိုင်ဘက်က အထည်သန့်သေးလို့ ပြန်ရောင်းလို့ရနေသေးရင် မိမိအမြတ် ၁ရွေး၁ခြမ်း ထဲက
အမြတ်ငွေ တစ်ချို့ကို ရွှေအလေးချိန် ၂ပဲဖိုးမှာ ပြန်ပြီး ထည့်ပေါင်းပြီး ပြန်ဝယ်ပေးကြပါတယ်
ဒါလဲ ဝယ်သူဘက်ကရှုံးတယ်ဆိုတာပါဘဲ
အဲ့တော့ အကျီတထည်ဝယ်တာနဲ့ ပိတ်စဝယ်တာနဲ့
ရွှေအထည်ကိုဝယ်တာနဲ့ ရွှေအခေါက်တုံး ဝယ်တာနဲ့ ဆင်တူပါတယ်
ပိတ်စဘဲ ဝယ်ထားရင် ဝတ်လို့မရဘူး သိမ်းထားရမယ်
အသင့်ချုပ်ပြီးသားဝယ်ရင် တော့ ချုပ်ခရယ် ဆိုင်ကတင်တဲ့ အမြတ်ရယ် အဲ့၂ခု တော့ ကျခံရပါမယ်
အဝတ်ထည်က ဝတ်ဆင်ပြီး ရင် ကြမ်းသုတ် ခြေသုတ်ဝတ် လက်နှီးစုတ် ဖြစ်သွားပေမယ့် ရွှေကတော့
နောက်ဆုံး အထည်ပိန်လိန် စုတ်ပြတ်နေတောင် သူ့အရည်သွေး နဲ့ သူ့အလေးချိန် သင့်ပြီး ပြန်ရောင်းရင်
ငွေပြန်ရပါတယ်
Car shroom က ကားဝယ်ပြီး လအနည်းငယ်ကြာ ပြန်ရောင်းကြည့်ပါ
ဆိုင်ကယ် shroom က ဝယ်ပြီး လအနည်းငယ်ကြာ ပြန်ရောင်းကြည့်ပါ
မရောင်းချင်လဲ ပေါင်နှံကြည့်ပါ ရွှေပေါင်ရတဲ့ အတိုးထက်အကုန်များပါတယ်
Iphone တလုံး samsung တလုံး ပေါ်ခါစ အသစ်တုန်းက ၁၅သိန်း သိန်း၂၀ လအနည်းငယ် သုံးပြီး
ပြန်ရောင်းကြည့်ပါ ပြန်ပေါင်ကြည့်ပါ
နှစ်ကြာသွားရင်ကော ဆိုင်ကယ် / ကား/မိုဘိုင်းဖုန်း တွေက အသစ်မော်ဒယ်ထွက်တိုင်း တနှစ်ထက်တနှစ်ဈေးကျလာပြီး
မိုဘိုင်း ဖုန်းတလုံး ဆိုရင်ဘဲ သုံးသုံး မသုံးသုံး တန်ဖိုးက
၅နှစ်လောက်နေရင် ထက်ဝက်မက ကျသွားပါတယ်
အဲ့လိုဆိုတော့ ကားကို အလှစီးတာ မဟုတ် သုံးစွဲတာ
ဆိုင်ကယ်ကို လဲခိုင်းပြီး သုံးစွဲနေတာ
ဖုန်းနဲ့လဲ ဆက်သွယ်ပြောဆိုပြီး အလုပ်လုပ်နေတာ
ရွှေကရော အလှသက်သက် တစ်ခုထဲလား မကပါဘူးနော်
ရွှေထည် ဆင်မြန်းပြီးတော့ လူတွေရဲ့ ယုံကြည်မူ့ကို ရစေတယ်
ရွှေထည်ဆင်မြန်းထားတယ် ငွေလိုချိန် တနိုင်ငံလုံး ဘယ်မြို့ရောက်ရောက် အလွယ် အတိုးသက်သာစွာ ပေါင်နှံထားလို့လဲရသလို
ရောက်တဲ့မြို့တိုင်းမှာ အလွယ် ပြန်ရောင်းလို့ရပါတယ်
ရွှေထည် ဝယ်ယူပြီး မကြာခင် ပြန်ရောင်းရင် အထည်ဖြစ်လာဖို့ ကုန်ကျစရိတ်နဲ့ ဆိုင်ရဲ့ အမြတ် ရှုံးရပေမယ့်
တနှစ်ထက်တနှစ်တက်လာတဲ့ ဈေးက နှစ်ကြာလာချိန်မှာ
ထို ဝယ်ယူစဉ်က အလျော့နူန်းထားထက် များသွားချိန်မှာ
ပြန်ရောင်းရင် တိုးလို့တောင် မြတ်ပါသေးတယ်
နိဂုံးချုပ် ပြောပါရစေ
ရွှေအထည်ဝယ်ရင် ရွှေအလေးချိန် ၁ကျပ်သားကြိုးက
အလျော့ ၁ပဲ၎ရွေး နဲ့ ဝယ်ရနိုင်သလို
ရွှေချိန် ၅ပဲ ၆ပဲ လောက်ရှိပေမယ့် အလျော့ ၁ပဲ၎ရွေး မက
ဝယ်ရတာမျိုးလဲရှိနိုင်တယ်
ဘာလို့လဲ ဒီဇိုင်းဆန်းလေ အချိန်ပေးပြီး လုပ်ရလေ
အမြန်ပြီးတဲ့ အထည်တွေထက် အလျော့လက်ခ များလေလေပါဘဲ
အားလုံးဘဲ အတန်သင့် အထိုက်အလျောက် နားလည်စေဖို့ ကျနော် sharing လေး လုပ်ပေးလိုက်တာပါ
ရွှေချစ်သူ အားလုံး ရောင်းမှား ဝယ်မှား ကင်းဝေးပြီး
ဝယ်တိုင်းမြတ် ရောင်းတိုင်းမြတ်ကြပါစေဗျာ
credit ကိုရဲလင်းအောင်
အောင်ရတနာဖြိုးရတနာရွှေဆိုင်
No comments:
Post a Comment