မြန်မာပြည်မှ… အထွေထွေဗဟုသုတများ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
- မင်းတုန်းမင်းကြီးသည် နံနက် အိပ်ရာထရာတွင် ကိုယ်ခန္ဓာတော် မနံစေရအောင် စံပယ်ဆီများဖြင့် မိဖုရားများက လိမ်းပွတ်ပေးရသည်။
- မင်းတုန်းမင်းကြီးသည် စံပယ်ဆီဖြင့်သာ ကိုယ်ကို လိမ်းပွတ်ခံပြီး လုံးဝ ရေမချိုးခဲ့ပါ။
- ဦးရာဇတ်သည် အခြားသူများအတွက် အသနားခံစာကို စေတနာသက်သက်ဖြင့် ရေးပေးတတ်သဖြင့် မန္တလေးမြို့သူမြို့သားများက
' စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီး ' ဟု ခေါ်ခဲ့ကြသည်။
- မြန်မာ့စတီရီယိုလောကတွင် အောင်မင်း(သုခမိန်လှိုင်)၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ မင်းချစ်သူတို့အား ' မင်းလေးမင်း ' ဟု ခေါ်ကြသည်။ ( ဆရာ ဆက်ပိုင်က ' မင်းကြီးလေးပါး ' ဟု ခေါ်ဆိုကြောင်း ထောက်ပြထားပါသည်။ )
- မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဗီလိန်(villain) လူဆိုးခန်းတွင် အများဆုံးသရုပ်ဆောင်၍ ရှားရှားပါးပါး အကယ်ဒမီဆွတ်ခူးခဲ့သူ ငါးဦးမှာ - ၁။ ဦးကျောက်လုံး၊
၂။ ဦးအံ့ကျော်၊
၃။ အောင်ခိုင်၊
၎။ ဖိုးကျော်၊
၅။ ကျော်သောင်းကြီး တို့ ဖြစ်ကြသည်။
- ဒါရိုက်တာ ထွန်းလင်းကျော် (လူရွှင်တော် ပါနောက်)၏ ' လင်းဆွဲ ' ဇာတ်ကားရိုက်ကူးစဉ် လူကြမ်းသရုပ်ဆောင် အကယ်ဒမီ စိုးတင့်သည် ငမိုးရိပ်ချောင်းအတွင်းသို့ ဒိုင်ဗင်ထိုးချရာ၌ သေဆုံးသွားခဲ့သည်။
- မင်းသားကြီး ရွှေဘ ပထမဆုံးပါဝင်သည့် ' သတ္တိ ဗျတ္တိ ' ဇာတ်ကားရိုက်ကူးစဉ် စော်ဘွားကြီးကုန်းထက်မှ ဆိုင်ကယ်ရော လူပါ ခုန်ချခဲ့ရာ မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် ရွှေဘက အောက်သို့ရောက်သွားပြီး ဆိုင်ကယ်က ရွှေဘအပေါ်ကျကာ ရိုက်မိလိုက်၍ ခါးကျိုးသွားခဲ့သည်။
- ' အဘရေ ' ဇာတ်ကား၌ ဦးဘကလေးသည် လူပျော်ကြီး ဦးရွှေရိုးအဖြစ် ပုဆိုး ခါးတောင်းကျိုက်ပြီး ပုသိမ်ထီးဆောင်းကာ ခြေတဆတ်ဆတ် ကပြရာမှ ဦးရွှေရိုးအက စတင်ခဲ့ခြင်းဖြစ်သည်။
- ကာတွန်းဆရာနှင့် ဟာသသရုပ်ဆောင် ဦးဘကလေးသည် ' မှိုင်းဝေဝေ ' ဇာတ်ကားအတွက် ဘုန်းကြီးကျောင်းသား သာဂိအဖြစ် သရုပ်ဆောင်ရန် သရက်တောကျောင်းတိုက်ဝမှနေ၍ ဘုန်းကြီးကျောင်းသားများ၏ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံများကို ကိုယ်တိုင် အသေးစိတ် သွားရောက်လေ့လာခဲ့သည်။
- ဟာသသရုပ်ဆောင်၊ ကာတွန်းဆရာ ဦးဘကလေးသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည်။
- မြန်မာ့ရုပ်ရှင်သမိုင်း၌ မိတ်ကပ်ဖြင့် ရုပ်ပြောင်းရုပ်လွှဲလုပ်ကာ ပထမဆုံးသရုပ်ဆောင်ခဲ့သူမှာ ကာတွန်း ဦးဘကလေးဖြစ်သည်။
- မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားရိုက်ကူးရင်း မျက်လုံးထိခိုက်ခဲ့သော သရုပ်ဆောင်နှစ်ဦးမှာ မင်းသားကြီး ရွှေဘနှင့် မင်းသားကြီး ဌေးဝင်းတို့ ဖြစ်ကြသည်။ ( မှတ်ချက်။ ။ ရွှေဘသည် 'ရွှေဓားဗိုလ်' ဇာတ်ကားတွင် ကျော်ဇော၏ဓားချက်ဖြင့် မျက်လုံးတစ်ဖက် ဒဏ်ရာရခဲ့ပြီး ဌေးဝင်းကမူ ' ညီမအတွက် ပုံတစ်သွယ် ' ဇာတ်ကားတွင် ယမ်းစမှန်၍ မျက်လုံးတစ်ဖက် ထိခိုက်ခဲ့သည်။ )
- ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေသည် ရုပ်ရှင်သရုပ်ဆောင်မဖြစ်မီက ကမာရွတ်-အင်းစိန်သို့ ပြေးဆွဲသော ဘတ်စ်ကားလိုင်းတွင် စပယ်ရာ(ယာဉ်နောက်လိုက်) လုပ်ခဲ့ဖူးသည်။
- ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝင်းဦး၏ ပထမဆုံးကလောင်အမည်မှာ ' ညိုမင်းလွင် ' ဖြစ်သည်။
- ဂီတစာဆိုကြီး မြို့မငြိမ်းသည် (၁၉၅၅) ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် မန္တလေး စိန်ပန်းသံလျက်မှော် အနောက်ပိုင်း တမာရိပ်အနီးတွင် အုတ်သယ်ကားဘီးအောက် ဝင်းတိုး၍ ကွယ်လွန်ခဲ့သည်။
- နာမည်ကြီး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား (Dr. No) တွင် သူနာပြုဆရာမလေးအဖြစ် သရုပ်ဆောင်ခဲ့သူမှာ ရန်ကုန်မြို့မှ စိန်ဂျွန်းကွန်ဗင့်ကျောင်းထွက် မြန်မာအမျိုးသမီး ' ဆေနာစိန် ' ဖြစ်သည်
- ရုပ်ရှင်သရုပ်ဆောင် ကျော်သောင်းကြီး (ဖြေလျော့ခွေဇာတ်ကား) နှင့် ဇော်လင်း (တိုက်ပွဲခေါ်သံဇာတ်ကား) တို့သည် ကွယ်လွန်ပြီးကာမှ ရုပ်ရှင်အကယ်ဒမီ ရွှေစင်ရုပ်ဆုချီးမြှင့်ခြင်းခံရသူများ ဖြစ်ကြသည်။
- ' ဇနီး ' ၏အဓိပ္ပါယ်မှာ ခင်ပွန်းယောက်ျား၏ 'ဇ' နှင့် နီးစပ်အောင် ပေါင်းသင်းနိုင်သူ ဖြစ်သည်။
- စာရေးဆရာ သိပ္ပံမောင်ဝ(ဦးစိန်တင်) သည် (၁၉၄၂) ခုနှစ်တွင် ကန့်ဘလူမြို့နယ်၊ ဝါးတောရွာ၌ ဓားပြများက လူမှားသတ်မိ၍ ကွယ်လွန်ခဲ့သည်။
- စာရေးဆရာကြီး ပီမိုးနင်းသည် အသက် (၅၇) နှစ်အရွယ်တွင် စက်ဘီးတိုက်ခံရ၍ (၁၉၄၀) ပြည့်နှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
- အချုပ်တန်း ဆရာဖေသည် ရှမ်းပြည်နယ်၌ ခေတ္တနေထိုင်စဉ် သင်္ကြန်အတွင်း ရေပက်ခံထွက်ရာမှ အအေးမိ အပြင်းဖျားကာ သူငယ်ချင်းဖြစ်သူ ဦးထွန်းဝ၏လက်ပေါ်တွင် အသက်ပျောက်ခဲ့သည်။
- စာရေးဆရာ မင်းဆွေသည် (၁၉၄၉) ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ဆေးလိပ်သွားဝယ်ဦးမည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ရာ ယနေ့တိုင် သေသည် ရှင်သည်မသိ ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။
- စာရေးဆရာ မောင်သိန်းဆိုင်သည် (၂၀၀၆) ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ (Excel Tower) အဆောက်အဦတွင် ပြုလုပ်သော ရုပ်ရှင်ဇာတ်ကားကန်တော့ပေးပွဲအခမ်းအနား၌ စကားပြောကြားရင်း ရုတ်တရက် မူးမေ့လဲကျ ကွယ်လွန်သွားခဲ့သည်။
- မင်္ဂလာပါ ဟူသော နှုတ်ခွန်းဆက်စကားကို တီထွင်ခဲ့သူမှာ ထွန်းနေ့စဉ်မှ ဦးထွန်းဖေ ဖြစ်သည်။
- ' ကုလသမဂ္ဂ ' ဟူသော ပါဠိအမည်ဖြင့် မှည့်ခေါ်သော ဝေါဟာရအား သူရိယသတင်းစာတွင် ပထမဆုံးအကြိမ် သုံးစွဲခဲ့သည်။
- သတင်းထောက် ဟူသော ဝေါဟာရအား သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိုင်က (၁၉၃၀) ပြည့်နှစ် ဝန်းကျင်ခန့်က တီထွင်ခဲ့ခြင်းဖြစ်ပြီး ' သတင်းထောက် ' ဟူသော ဝေါဟာရ မပေါ်မီက သတင်းစာကိုယ်စားလှယ် ဟု ခေါ်ဝေါ်ခဲ့ကြသည်။
- ' မိုင်ဒါ ' ကွင်း(ယနေ့အခေါ် မြို့မကွင်း) သည် အိန္ဒိယဝေါဟာရ ' မိုင်ဒန်း ' (maidan) မှ ဆင်းသက်လာပြီး ' ကွင်းပြင်ကျယ် ' (သို့) ' စစ်ရေးပြကွင်း ' ဟု အဓိပ္ပါယ်ရသည်။
+ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ သီးသန့်ပိုင်ဆိုင်သောမြစ်မှာ ဧရာဝတီမြစ်ဖြစ်ပြီး ' မိခင်မြစ် ' ဟု တင်စားခေါ်ဝေါ်ကြသည်။
+ ဘူမိဗေဒပညာရှင်များ၏အဆိုအရ ဧရာဝတီမြစ်ကြီးသည် သက်တမ်း နှစ်ပေါင်း (၁၅) သန်းရှိပြီး ' ဧရာဝတီ ' ဟူသော အမည်ဖြင့် ကျော်ကြားခဲ့သည်ကပင် နှစ်ပေါင်း ၁၆၀၀ ကျော်ပြီဖြစ်သည်။
- မြန်မာက သတ်မှတ်သော ' ပင်လယ်ရေမျက်နှာပြင် ' (sea level) မှာ ကျိုက္ခမီတွင် ' သုည ' ဟု သတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးကိုလိုက်၍ ယှဉ်ခြင်းဖြစ်သည်။
- မြန်မာနိုင်ငံသည် ဩစတြေးလျ၏ ငါးပုံတစ်ပုံ၊ အမေရိကား၏ သုံးဆယ်ပုံတစ်ပုံသာ ရှိသည်။
- ဓာတုကလျာသည် နတ်သျှင်နောင်ထက် အသက် (၁၀) နှစ်ကျော် ကြီးသည်။
Thi Ha🇲🇲
Credit
No comments:
Post a Comment