သိပ္ပံနည်းကျ အဂ္ဂိရတ်ထိုးခြင်း
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရှေးခေတ်အီဂျစ်လူမျိုးများသည်
ရွှေကိုတပ်မက်လွန်းသဖြင့်အထင်ကရပုဂ္ဂိုလ်
များသည်တန်ဖိုးနည်းသတ္တု များကိုတန်ဖိုးရှိသော
ရွှေ အဖြစ်ပြောင်းလဲနိုင်ရန်နည်းလမ်းများကိုရှာ
ဖွေခဲ့ကြသည်။ထိုနည်းလမ်းရှာဖွေခြင်းကိုအဂ္ဂိရတ်
ပညာဟုခေါ်ဆိုကြသည်။အဂ္ဂိရတ်ပညာသည်
ဓာတုဗေဒနှင့်ရူပဗေဒပညာရပ်ကိုစမ်းသပ်လေ့လာ
ခြင်းပင်ဖြစ်သည်။အစဉ်အလာအားဖြင့်အဂ္ဂိရတ်
ပညာကိုတန်ဖိုးနည်းသတ္တု ကိုမတူညီသောဓာတု
ပစ္စည်းများရောနှော၍ရွှေအဖြစ်ပြောင်းလဲရန်လုပ်
ဆောင်ကြခြင်းဖြစ်သည်။အဂ္ဂိရတ်ဆရာများသည်
ပြဒါးကိုအငွေ့ပြန်စေ၍အက်စစ်ဖြင့်စမ်းသပ်ကြ
သည်။အဂ္ဂိရတ်ပညာကိုလေ့လာပြီးသိပ္ပံနှင့်သင်္ချာ
ပညာရှင်ကြီးအိုင်းဆက်နယူတန်သည်စိတ်ဝင်စား
ခဲ့သည်။နယူတန်သည်နှစ်ပေါင်းများစွာကြာအောင်
လက်တွေ့လုပ်ဆောင်ခဲ့သော်လည်းအဂ္ဂိရတ်ပညာ
၏ပဟေဠိကိုမဖြေရှင်းနိုင်သဖြင့်ပစ်ပယ်လိုက်တော့
သည်။
လူအမ် ားသည္အဂၢိရတ္ဆရာမ် ား
ကိုဆရာယောင်များအဖြစ်သတ်မှတ်ခဲ့သည်။
ခဲသတ္တု ကိုရွှေအဖြစ်ပြောင်းလဲခြင်းသည်မဖြစ်နိုင်
သောနည်းပညာဖြစ်သောကြောင့်ပင်ဖြစ်သည်။
အဂ္ဂိရတ်ပညာပေါ်ထွန်းပြီးနှစ်ပေါင်း ၄၀၀၀ ခန့်
အကြာ ၁၉၈၀ ခုနှစ်တွင်အဂ္ဂိရတ်ပညာကိုနှစ်ပေါင်း
များစွာလေ့လာခဲ့သောကယ်လီဖိုးနီးယားတက္က
သိုလ် ပါမောက္ခတစ်ဦးဖြစ်သူအသက် ၆၈ နှစ်
အရွယ်ရှိဒေါက်တာဂလင်းဆီးဘော့ဂ်သည်အဂ္ဂိရတ်
ပညာကိုသိပ္ပံနည်းဖြင့်ဖိုထိုးမည်ဟုကြေညာခဲ့
သည်။ဆီးဘော့ဂ် သည်နိုဘယ်လ်ဆုရရှိထားသူ
ဖြစ်သည်။သူသည်ဓာတုနှင့်ရူပဗေဒပညာရှင်ဖြစ်
သည်။ဆီးဘော့ဂ် သည်ရှေးဟောင်းစိတ်ကူးယဉ်
အိပ်မက်ကိုသိပ္ပံနည်းဖြင့်တွက်ချက်၍ခေတ်အမီ
ဆုံးနည်းပညာကိုအသုံးပြု မည်ဖြစ်သည်။သိပ္ပံသီ
ဖွဲ့စည်းထားသည်။အက်တမ်များသည်ပရိုတွန်နှင့်
အခြားအစိတ်အပိုင်းများပါဝင်သည်။ခဲသတ္တု
အက်တမ်တွင်ပရိုတွန် ၈၂ ခုပါဝင်၍ရွှေတွင်ပရို
တွန် ၇၉ သာရှိသည်။ရွှေနှင့်ပရိုတွန်အရေအတွက်
တူညီရန်ခဲသတ္တု မှပရိုတွန် ၃ ခုကိုဖယ်ရှားခြင်းဖြင့်
သတ္တု တစ်ခုမှတစ်ခုသို့ပြောင်းလဲနိုင်မည်ဟု
ဆီးဘော့ဂ်မှယုံကြည်ခဲ့သည်။
ဆီးဘော့ဂ် သည်မည်သည့်အဂ္ဂိရတ်
ဆရာမှအသုံးမပြု ဘူးမမြင်ဘူးသောအားကစားရုံ
အရွယ်အစားခန့်ရှိသောစက်ကိရိယာဖြစ်သည့်
ဒြပ်မှုန်အရှိန်ပေးစက်ကိုအသုံးပြု ခွင့်ရခဲ့သည်။
ဒြပ်မှုန်အရှိန်ပေးစက်သည်အက်တမ်များကိုအစိတ်
အမွှာမွှာခွဲခြမ်းရန်အသုံးပြုသည့်စက်ဖြစ်သည်။
ဆီးဘောဂ်သည်ခဲသတ္တု အလွှာကို ၃ လက်မစီ
ဖြတ်တောက်ယူပြီးစက်ထဲတွင်ထည့်ကာ ၂၄ နာရီ
တိတိအရှိန်ပေးစက်ကိုလည်ပတ်စေကာခဲသတ္တု
သည်။ခဲသတ္တု များသည်အချင်းချင်းအပြင်းအထန်
တိုက်မိကာပရိုတွန်နှင့်ခဲသတ္တု အက်တမ်များ
အနည်ကျ သွားသည်။စမ်းသပ်မှုပြီးဆုံးသည့်အခါ
ခဲသတ္တု ကိုဓာတ်ခွဲစမ်းသပ်ကြည့်သည်။သူ့အရင်
နှစ်ပေါင်း ၄၀၀၀ ခန့်ကကျ ရှူံးခဲ့သောအဂ္ဂိရတ်
ပညာစိတ်ကူးအိပ်မက်ကို ဆီးဘော့ဂ် သည်
အောင်မြင်ခဲ့သည်။ဆီးဘော့ဂ် သည်ရွှေအက်တမ်
ကိုတွေ့ရှိခဲ့သည်။ခဲသတ္တု အားရွှေအဖြစ်အမှန်
တကယ်ပြောင်းလဲနိုင်ခဲ့သည်။
ဆီးဘော့ဂ်သည်မဖြစ်နိုင်သောအရာ
အားသက်သေပြနေစဉ်လုပ်ငန်းစဉ်ကအလွန်ဈေး
ကြီးလှပေသည်။ရွှေတစ်အောင်စထုတ်လုပ်နိုင်ရန်
ကုန်ကျ စရိတ်မှာဒေါ်သန်းပေါင်းများရှိနေသည်။
အဂ္ဂိရတ်ဆရာများတမ်းတမ်းစွဲဖြစ်နေသောအရာ
ကိုသက်သေပြနိုင်ခဲ့သည်။ဆီးဘော့ဂ်သည်ကမ္ဘာ့
အတော်ဆုံးသောပညာရှင်အချို့ သဘောမပေါက်
ခဲ့သောစူးစမ်းရှာဖွေခြင်းတွင်အောင်မြင်ခဲ့သည်။
ဆီးဘော့ဂ် သည်ခဲကိုရွှေဖြစ်အောင်လုပ်နိုင်ခဲ့
သည်။
ဘိုတွတ်
Credit
No comments:
Post a Comment