Rolex
-----
ကမ္ဘာမှာ နံပါတ်တစ် စာရင်းဝင်တဲ့ Rolex ကို စတင်တည်ထောင်ခဲ့သူက Hans Wilsdorf ပဲ ဖြစ်ပါတယ် ။ သူဟာ အသက် ၂၄ နှစ်မှာ နာရီထုတ်လုပ်ဖြန့်ဖြူးဖို့အတွက် လန်ဒန်မှာ ကုမ္ပဏီတည်ထောင်ခဲ့တယ် ။
အဲ့ဒီ့အချိန်က နာရီဆိုတာ လက်ကောက်ဝတ်ပေါ်မှာ မရှိသေးပါဘူး ။ ဒါကြောင့် သူဟာ လက်ပေါ်မှာ ပတ်လို့ရမဲ့ နာရီကို ထုတ်လုပ်ဖို့ စိတ်စောနေခဲ့တယ် ။ ဒီဟာက အိမ်မက်တစ်ခုတာ ဖြစ်မယ်ဆိုတာ သိပေမယ့် သူကတော့ လုံးဝ ဇွှဲမလျော့ပဲ အသေအခြာထုတ်လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်သူတစ်ယောက်ဖြစ်တယ် ။ ပထမဆုံး အလွန်သေးငယ်တဲ့ ဆွစ်လုပ်ပစ္စည်းတွေနဲ့ တပ်ဆင်ခဲ့ပါတယ် ။
နာရီကို ထုတ်လုပ်စဉ်က အမည်ကို ပေးဖို့ ရွေးတဲ့အခါ သူ့ရဲ့ အမည်က ဘယ်ဘာသာစကားနဲ့မဆို မှတ်မိလွယ်ရမဲ့ အမည်ဖြစ်ရမယ်လို့ သတ်မှတ်တယ် ။ ဒါကြောင့် အဲ့လို ကြံစည်နေစဉ်မှာပဲ လန်ဒန်မြို့ရဲ့ မနက်ခင်းတစ်ခုမှာ သူဟာ Cheapside တစ်လျှောက် မြင်းကို ဆွဲလာစဉ် နားထဲကို Genie , rolex ဆိုတဲ့အသံတစ်ခု ကြားလိုက်ရတယ် ။ ဒါကြောင့် သူဟာ အဲ့ဒါကို အစွဲပြုပြီး Rolex လို့ အမည်ပေးခဲ့ပါတယ် ။
1910 ခုနှစ်မှာတော့ သူ့ရဲ့ နာရီရဲ့ အရည်အသွေးအပေါ်ကို အာရုံစိုက်လာခြင်းခံလာရပါပြီ ။ chronometric ရဲ့ တိကျတဲ့ လှုပ်ရှားမှုတွေကြောင့် အလျှင်အမြန်ကိုပဲ အောင်မြင်လာခဲ့ပါတယ် ။ 1910 ခုနှစ်မှာတော့ rolex ဟာ Chronometric Precision ၏ ဆွစ်ဇာလန်လက်မှတ်ကို လက်ခံရရှိတဲ့ ကမ္ဘာ့ပထမဆုံး လက်ပတ်နာရီတစ်လုံး ဖြစ်လာခဲ့ပါတယ် ။
ဒီလိုနဲ့ လေးနှစ်အကြာ 1914 ခုနှစ်ကိုရောက်တဲ့အခါ ထပ်မံပြီး ဂရိတ်ဗြိတိန် က chronometer အတွက် သီးသန့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ် ။
Rolex ကို 1919 ခုနှစ်မှာ ဂျီနီဗာသို့ ပြောင်းရွှေ့ခဲ့ပြီး Montres Rolex S.A. 1920ခုနှစ် မှာ ဂျနီဗာမှာပဲ မှတ်ပုံတင်ခဲ့ပါတယ် ။
#htoohtoolay
Credit
No comments:
Post a Comment