Tuesday, July 23, 2019

သားသမီးအလှူ မကြည်ဖြူခဲ့သည့် မိခင်တစ်ဦး၏ ဘဝဇာတ်ကြောင်း

သားသမီးအလှူ မကြည်ဖြူခဲ့သည့်
မိခင်တစ်ဦး၏ ဘဝဇာတ်ကြောင်း။

"ရေဆာလိုက်တာ...ဟောတွေ့ပြီ....ဟိုမှာရေတွေ...ရေတွေ...." ဟင်!!!

ရေတွေက...သွေး...သွေး...သွေးတွေ....
ဖြစ်သွားပြီ" ဂင်္ဂါမြစ်ကမ်းဘေးမှာ အဝတ်
ဗလာ ကြောက်စရာကောင်းလှတဲ့ ရုပ်ခန္ဓာ
ကြီးနဲ့ တစ်ကိုယ်လုံးမှာ နက်မှောင်နေတဲ့
ဆံနွယ်ကို ဖုံးအုပ်ထားတဲ့ ဆာလောင်မှုကို
ဆင်းရဲကြီးစွာ ခံစားရှာနေရတဲ့ ပြိတ္တာမကြီး
တစ်ဦး ဂင်္ဂါမြစ်ကမ်းဘေးမှာ အစာရေစာ
ရလိုရငြား ရှာဖွေနေပါတယ်။

တစ်နေ့မှာ ထိုပြိတ္တာမကြီး ဆွမ်းခံကြွလာတဲ့
"အရှင်သင်္ခါရေဝတမထေရ်မြတ်"နှင့်တွေ့ကာ
လူ့ဘဝက သူ့ဘဝရဲ့ အကြောင်းကို မထေရ်မြတ်အား လျှောက်ထားပြောပြတယ်-"အရှင်ဘုရး ကောသမ္ဗီပြည် ဥတေနမင်းကြီး ထီးနန်းစိုးစံစဉ်ကတပည်တော်မ လူ့ဘဝရခဲ့ပါတယ်။

တပည့်တော်မရဲ့ သားသမတ်နဲ့သမီးတို့ဟာ ရှင်မဟာကစ္စည်းမထေရ်မြတ်နှင့်တကွ သံဃာတော်များအား အိမ်သို့နေ့စဉ် ပင့်ဖိတ်ပြီး ဆွမ်းကပ်တရားနာခြင်းကို ပြုကြပါတယ်။

 သမီးနဲ့သမတ်အဲ့သလို"သံဃာတွေအိမ်ပင့်ပြီး ဆွမ်းကပ်တရားနာ လှူဒါန်းကုသိုလ်ပြုတာကို တပည့်တော်မ မလိုလား မနှစ်သက်ခဲ့ဘူးဘုရား" ။

ဒါကြောင့် တပည့်တော်မရဲ့ သမီးဖြစ်သူ
"ဥတ္တရာ"ကို ဒီလို့ပြောလိုက်မိတယ်ဘုရား
"နင်ဒီဘဝအခုလို လှူဒါန်းတဲ့ အစားအသောက်တွေအားလုံးဟာ နောင်ဘဝမှာ နင့်အတွက်သွေးတွေဖြစ်ပါစေ"လို့ တပည့်တော်မ ပြောဆိုခဲ့မိတယ်ဘုရား။

အဲ့ဒီဝစီကံ အကုသိုလ်ကြောင့် တပည့်တော်မ အခုလို ဆင်းရဲကြီးစွခံစားနေရတဲ့ ပြိတ္တာမ ဘဝရောက်နေရတာ ဖြစ်ပါတယ် ဘုရား။

တပည့်တော်မမှာ အခုလို နက်မှောင်လှပတဲ့ ဆံကေသာတွေရှိနေတာကတော့ သမီးနဲ့သမတ် သံဃာတစ်ပါးအား ဒေါင်းမြီးယပ်တောင်လေးလှူတာမြင်လို့ စိတ်တူသဘောတူကြည်ဖြူမိတဲ့ကုသိုလ်ကြောင့်ဖြစ်ပါတယ်ဘုရား။

တပည့်တော်မ ဒီလိုဘဝ ဒီလိုဆင်းရဲမှ လွတ်ချင်လှတယ်ဘုရား တပည့်တော်မကို သနားသောအားဖြင့် ကယ်မတော်မူပါလို့ ပြိတ္တာမကြီးကမထေရ်မြတ်အား လျှောက်ထားပါတယ်။

မထေရ်မြတ်လည် ပြိတ္တာမကြီးရဲ့ လျှောက်
ထားမှုကို လက်ခံတော်မူပြီး "ဒီလိုဆိုရင် ဆိုင်းငံ့ပါအုံး ဆွမ်းခံပြန်တဲ့အခါ ကျောင်းရှိသံဃာများကို ဆွမ်းလှူဒါန်းပြီး ဒကာမကြီးကို ရည်စူးပြီး ဆွမ်းကုသိုလ်ပြုပေးပါ့မယ် ဒကာမကြီးအားရဝမ်းသာ သာဓုခေါ်ပါလေလို့ပြောကြားပြီး ကြွသွားတော်မူပါတယ်။

ဆွမ်းခံပြန်ကျောင်းပြန်ရောက်တော့ မထေရ်မြတ်က ပြိတ္တာမကြီးရဲ့ဘဝဆင်းရဲ့ကို သီတင်းသုံးဖော် သံဃာတော်များအား ပြောပြ၍ ဆွမ်းလှူဒါန်ကုသိုလ်ပြုပြီး အမျှတမ်းပေးဝေလိုက်ပါတယ် ။

ပြိတ္တာမကြီးလည်း မထေရ်မြတ်ရဲ့ ကုသိုလ်အမျှကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်သည်နှင့်တပြိုင်နက် ပြိတ္တာဆင်းရဲ့ဘဝမှ လွတ်ပြီးတော့ နတ်ပြည်၌ နတ်သမီးဖြစ်၍ ချမ်းသာတဲ့ ဘဝကိုရရှိသွားပါတယ်။ ။

ဤဝတ္ထုကို သတိပြုပြီးတော့ ဓမ္မမိတ်ဆွေများ
သည်လည်း သားသမီးပြုလုပ်နေတဲ့ ကုသိုလ်
အမှုကို မိဘကကြည်ဖြူကြပါ။ မိဘများပြု
လုပ်နေတဲ့ ကုသိုလ်အမှုတွေကိုလည်း သားသမီးများက စိတ်တူသဘောတူကြည်ဖြူကြပါ။

မစ္ဆရိယလွှမ်းမိုး စေတနာဆိုးဖြင့် သူတစ်ပါး
ရဲ့ကုသိုလ်ကောင်းမှုပြုလုပ်နေတဲ့အပေါ်မှာ
ဟန့်တား ပိတ်ပင် ပြောဆိုခြင်းမပြုကြဖို့
သတိထားနိုင်ကြပါစေလို့ အသိပေးရင်း
ဤဓမ္မစာစုကို နိဂုံချုပ်လိုက်ပါတယ်။ ။

အရှင်ခေမိန္ဒ
Credit

No comments:

Post a Comment