အိပ်ချိန်နောက်ကျခြင်းပြဿနာ
====================
====================
မကြာခင် ရက်များက သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါ တယ်။ အဲဒီသတင်းကတော့ တရုတ်နိုင်ငံက လူငယ်လေးတစ်ဦး ဂိမ်းကို၄၈နာရီလုံးလုံး မအိပ်မနေဆော့တဲ့အတွက် ဆေးရုံတင်လိုက်ရ တယ်ဆိုတဲ့ သတင်းပါပဲ။ ၄၈ နာရီဆို တော့ နှစ်ရက်လောက်မအိပ်ဘဲ နေနိုင်တဲ့ ကလေးဆိုပြီး ကိုယ် တိုင်မျက်လုံးပြူးမိပါတယ်။ အခု တော့ အဲဒီကလေး ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်တဲ့။
ဒါ့အပြင် အိပ်ရာဝင်ချိန် နောက်ကျခြင်းနဲ့ ပတ်သက်ပြီး ဝမ်းနည်းဖွယ်ရာ သတင်းများကို လည်း ကြားဖူးပါတယ်။ အဲဒါက တော့ အဖေဖြစ်သူက ညဘက်မှာ ကောင်းစွာမအိပ်ဖြစ်တာကြောင့် စိတ်မကြည်မလင်ဖြစ်နေချိန်၊ အိပ်ရေးမဝဖြစ်နေချိန်မှာ သားဖြစ်သူ ကလေးငယ်ရဲ့ ငိုသံကြောင့် စိတ် မရှည်ဘဲ ရင်သွေးကို ကိုင်ပေါက် လိုက်ရာကနေ ကလေးငယ်သေ ဆုံးသွားတဲ့သတင်းမျိုးပါ။
နောက်ထပ် သတင်းတစ်ပုဒ် ကတော့ အမေဖြစ်သူက ညစဉ် အိပ်ချိန်နောက်ကျတာကြောင့် ခေါင်းမကြည်မလင်ဖြစ်ပြီး စိတ် တို ဒေါသထွက်လွယ်နေချိန်မှာ နို့စို့အရွယ် သူ့ရဲ့ရင်သွေးလေး ငိုနေတာကို စိတ်မရှည်ဖြစ်ပြီး ကလေးငယ်ကို အထပ်မြင့်အ ဆောက်အအုံရဲ့ ပြတင်းပေါက်က နေ ပစ်ချခဲ့တဲ့ ဖြစ်ရပ်မျိုး ကြားဖူး ခဲ့ပါတယ်။
တခြားမိခင်တစ်ဦးကတော့ ကလေးငယ်ရှိတဲ့အတွက် နေခင်း ဘက်မှာ ကောင်းစွာအနားမယူ နိုင်လို့ ညအချိန် ကလေးငယ်ကို အရင်သိပ်ပြီး သူက ဖုန်းနဲ့ ဂိမ်း ကစားနေခဲ့ပါတယ်။ မနက်မိုး လင်းတဲ့အထိ အိပ်ရာထလာခြင်း မရှိတဲ့အတွက် အိမ်သားတွေက သွားနှိုးရာမှ တယ်လီဖုန်းကိုင်ရက် သားနဲ့ သေဆုံးနေတာကို တွေ့ ကြရပါတယ်။ ဒီဖြစ်ရပ်တွေက တော့ အိပ်ချိန်နောက်ကျရာကနေ ဖြစ်လာခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ် တွေပဲ ဖြစ်ပါတယ်။
လူတိုင်းကိုယ်စီပိုင်ဆိုင်တဲ့ ၂၄ နာရီမှာ ကျွန်မတို့ ကိုယ်တိုင် လည်း အကြောင်းအမျိုးမျိုးကြောင့် အထူးသဖြင့် အခုလို ဖုန်းတွေပေါ် လာတဲ့အခါမှာ အိပ်ချိန်နောက် ကျတာတွေ ပိုပိုပြီး ဆိုးလာတာ တွေ့ရပါတယ်။ တချို့တွေက မအိပ်ခင် ဖေ့စ်ဘွတ်ခ်ကြည့်ကြပါ တယ်။ တချို့တွေက မအိပ်ခင် ရုပ်ရှင်ဇာတ်ကားတွေကြည့်ကြပါ တယ်။ တချို့တွေက ဂိမ်းဆော့ ရင်း အိပ်ဖို့မေ့ကြပါတယ်။ ဒီလို အကြောင်းမျိုးစုံနဲ့ပဲ အိပ်ချိန်တွေ က နောက်ကျမှန်းမသိ နောက်ကျ နေကြတာကို လူတွေက ဂရုမပြု ဘဲ နေနေကြပါတယ်။
လူတစ်ယောက်ပိုင်ဆိုင်တဲ့ ၂၄ နာရီကို ကျွန်မတို့ အချိုးချ ကြည့်ပါစို့။ ပထမ ရှစ်နာရီိအလုပ် လုပ်နေတယ်။ ဒုတိယ ရှစ်နာရီ နားတယ်။ တတိယ ရှစ်နာရီအိပ် မယ်။ အဲဒီလိုဆိုရင် တတိယရှစ် နာရီစလုံး ကျွန်မတို့ အိပ်ချိန်ပြည့် အိပ်ဖြစ်ပါသလား။ ညတိုင်းလိုလို လူတော်တော်များများ အိပ်ရာဝင် ချိန်နောက်ကျပြီး အိပ်ချိန်ပြည့်မရ ကြပါဘူး။
အိပ်ချိန်မလုံလောက်တဲ့အ တွက် ကိုယ်ခံအား စနစ်နည်းလာ ပြီး စိတ်ကျတာတွေ၊ စိတ် ကယောင်ချောက်ချားဖြစ်တာ တွေ၊ သတိမေ့တာတွေ ဖြစ်လာ သလို အခြေခံကျန်းမာရေးပြဿ နာတွေဖြစ်တဲ့ မျက်ကွင်းညိုတာ တွေ၊ အဝလွန်တာတွေ၊ ခေါင်း ကိုက်တာနဲ့ နောက်ကျောနာကျင် တာတွေ၊ ချောင်းဆိုးတာတွေ၊ အဖျားဝင်တာတွေ ဖြစ်လာတတ် ပါတယ်။ ဒါ့အပြင် အိပ်ချိန်နောက် ကျခြင်းဟာ ဆဲလ်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ သာမန်လူ တွေထက် ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ပိုပြီးဖြစ်လာစေပါ တယ်။
တစ်ခါတစ်ရံ အိပ်ချိန် နောက်ကျလို့ အိပ်ရေးမဝတာတွေ က သိပ်မသိသာပေမယ့် ကြာလာ တဲ့အခါမှာတော့ ကျန်းမာရေး ထိခိုက်လာမှာ အမှန်ပါပဲ။ အိပ် ချိန်နောက်ကျခြင်းကြောင့် သာမန်ခေါင်းကိုက်ခြင်းမျိုးမဟုတ်ဘဲ ဆိုး ရွားတဲ့ ခေါင်းကိုက်မှုမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ ပညာသင်ယူ နေတဲ့ အရွယ်တွေဆိုရင်လည်း မှတ်ဉာဏ်တွေ ကျဆင်းနိုင်ပါ တယ်။ သတိမေ့လွယ်တတ်ပြီး စိတ်အားပြည့်ဖြိုးမှုမရှိဘဲ အာရုံ ဖိစီးမှုများနေတာတွေ ဖြစ်လာပြီး မိမိနာမည်ခေါ်တာကိုတောင် ခေါ် မှန်းမသိတဲ့အထိ ဖြစ်တတ်ပါ တယ်။
ကောင်းမွန်စွာ အိပ်စက်အ နားယူဖို့ဆိုရင် ကျွန်မတို့ အလေ့ အကျင့်ကောင်းလေးတွေကို လုပ် ဆောင်ဖို့ လိုပါတယ်။ ဥပမာ- ကိုယ်က ဂိမ်းဆော့လွန်းတာ ကြောင့်၊ ဖေ့စ်ဘွတ်ခ်ကြည့်တာ ကြောင့်၊ ဇာတ်ကားတွေကြည့်နေ တာကြောင့် စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် အိပ်ချိန်နောက် ကျမှန်းမသိ နောက်ကျနေတာ သတိပြုမိပြီဆိုရင် နေ့စဉ်ပုံမှန်အိပ်ရာဝင်ချိန်၊ ပုံမှန်အိပ်ရာထချိန် လေးကို သတ်မှတ်ပြီး လိုက်နာတဲ့ အကျင့်လေး လုပ်သင့်ပါပြီ။
တချို့ပြောကြပါတယ်။ မျက်စိမှိတ်ပြီး အိပ်သော်လည်း အိပ်မပျော်ဘူးတဲ့။ မှန်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ အထူး သဖြင့် နေရာဒေသတစ်ခုကို ပြောင်းရွှေ့ရောက်ရှိတဲ့အခါ အ ချိန်ကွာဟမှု၊ နေရာကွာဟမှုတွေ ကြောင့် အိပ်ချိန်မမှန်တာတွေနဲ့ ကြုံနိုင်ပါတယ်။
ဒီလိုအခါမျိုးဆိုရင်တော့ မျက်စိကို အကျင့်လုပ်ရပါတယ်။ ဒါ့အပြင် အိပ်ရာဝင်ချိန် အိပ်ပျော် အောင်၊ အိပ်ချိန်မှန်အောင် အမူ အကျင့်ကောင်းတွေလည်း ပြုလုပ်သင့်ပါတယ်။ အဲဒါတွေကတော့ အိပ်တော့မယ်ဆိုရင် အိပ်ရာမဝင် မီ ဘယ်တော့မှ အချိုရည် မသောက်ရပါဘူး။ ပြီးတော့ ကော်ဖီလုံးဝမသောက်ရပါဘူး။ ညစာ ကိုလည်း အိပ်ခါနီးမှ ဗိုက်ပြည့်တဲ့ အထိ မစားရပါဘူး။ မိုဘိုင်းဖုန်း တွေနဲ့လည်း ဝေးရာနေရာမှာ နေ ရပါမယ်။
ပြီးတော့ ကိုယ်အိပ်ရာဝင် မယ့်အခန်းကိုလည်း လေဝင်၊ လေထွက်ကောင်းအောင် တံခါးလေး လှပ်ထားတာမျိုး လုပ်ပေးရပါ မယ်။ အကောင်းဆုံးကတော့ အိပ်ရာမဝင်ခင် အချိန်လေးမှာ စာအုပ်လေးကိုင်ပြီး စာဖတ်တာမျိုး၊ သီချင်းလေး နားထောင်တာမျိုး၊ အသက်ရှူသွင်းလေ့ကျင့်ခန်းလုပ် ကြည့်တာမျိုး၊ နွားနို့ပူပူလေး သောက်ပေးတာမျိုး လုပ်ပေးပြီး အိပ်ရာဝင်ခါနီးအချိန်မှာ ကောင်း တဲ့ကိစ္စလေးတွေတွေးရင်း အိပ် ရာဝင်သင့်ပါတယ်။
တရုတ်နိုင်ငံမှာတော့ အိပ် ရာဝင်ချိန်နဲ့ အိပ်ရာထချိန် ပုံမှန် ဖြစ်အောင် ဆော့တဲ့ဂိမ်းလေးတစ် ခု အခုခေတ်စားနေပါတယ်။ Sleep Town ဆိုပြီး ရှာလို့ရပါ တယ်။ အဲဒါကတော့ ပုံမှန်အိပ်ရာ ဝင်ချိန်၊ ပုံမှန်အိပ်ရာထချိန် သတ် မှတ်ပြီး ဆော့ရတဲ့ ဂိမ်းလေးပါ။ ဥပမာ ကိုယ်က ည ၁၀ နာရီခွဲ ပုံမှန်အိပ်ရာဝင်မယ်လို့ သတ်မှတ် ထားရင် ညဘက်အိပ်ရာဝင်ချိန် မှာ ဂိမ်းက Start ဆိုတာလေးကို နှိပ်ထားလိုက်ပါ။ မနက်အိပ်ရာထ ပြီဆိုရင် ဥပမာ မနက်ဆိုရင် ၇ နာရီခွဲ ပုံမှန်ထရင် မနက်ထတာနဲ့ End ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒီလိုလေးလုပ်ပေးရုံနဲ့ အဲဒီ Application က ကိုယ့်ရဲ့အိပ်ချိန် တွေကိုတွက်ပြီး လက်ဆောင်အ ဖြစ် အိမ်လေးတစ်လုံး၊ ကျောင်း လေးတစ်ဆောင်၊ လမ်းလေးတစ် ခု စသဖြင့် မြို့ရွာတွေဆောက်လို့ ရအောင် လက်ဆောင်ပြန်ပေးပါ တယ်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ အိပ်ချိန်တွေနဲ့ တည် ဆောက်ထားတဲ့ ဂိမ်းလေးထဲက အိမ်လေးတွေ၊ လမ်းလေးတွေ၊ ကျောင်းလေးတွေကိုကြည့်ပြီး ပီတိဖြစ်ရတာ ကြည်နူးစရာတစ် မျိုးပါ။ ဒီလိုနဲ့ ကိုယ့်ရဲ့ အိပ်ချိန် တွေကို ပုံမှန်ပြန်ဖြစ်အောင် လုပ် လို့ရပါတယ်။ အခုဆို တရုတ်နိုင်ငံမှာ တော်တော်များများ အဲဒီလို မြို့ရွာတွေ တည်ဆောက်လို့ရတဲ့ ဂိမ်းလေးတွေကို ဆော့ပြီး အိပ်ရာ ဝင်ချိန်မှန်အောင် ပြုလုပ်နေကြပါ ပြီ။ ဒါက နည်းတစ်နည်းပါ။
တချို့ကျပြန်တော့ ဂိမ်းဆော့ဖို့ စိတ်မဝင်စားကြပါဘူး။ ဒီလို လူမျိုးတွေအတွက်ကတော့ အ မေရိကန်စစ်သားတွေ အသုံးပြုတဲ့ နှစ်မိနစ်အတွင်း အိပ်ပျော်နည်းကို သုံးလို့ရပါတယ်။ ပထမ မျက်နှာ ပြင်တစ်ခုလုံးမှာရှိတဲ့ ကြွက်သား တွေကို ပြေလျော့သွားအောင် ဖြေလျှော့ချလိုက်ပါ။ ဒုတိယ ပခုံး ကို အတတ်နိုင်ဆုံး လျှော့ချလိုက် ပါ။ လက်မောင်းသားတွေကို လည်း ဖြည်းဖြည်းချင်း လျှော့ချ လိုက်ပါ။ အသက်ကိုရှူထုတ်ပေး ပြီး ရင်ဘတ်ကြွက်သားကို ဖြေ လျှော့ချလိုက်ပါ။ ပြီးရင် ခြေ ထောက်ကို ဖြေလျှော့လိုက်ပါ။
နောက် ကြည်လင်နေတဲ့ မိုး ကောင်းကင်ကြီးအောက်က လှေ ကလေးပေါ်မှာ လဲလျောင်းနေ တယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင် ယောင်ကြည့်လိုက်ပါ။ ပြီးရင် မှောင်နေတဲ့အခန်းထဲမှာ ပုခက် စီးပြီးအိပ်နေတယ်လို့ မြင်ယောင် ကြည့်ပါ။ အဲဒီလိုမြင်ယောင် ကြည့်ပြီးရင် မတွေးနဲ့၊ ဘာကိုမှ မတွေးနဲ့လို့ ၁၀ ခါလောက်ရွတ် ပြီး ငြိမ်ငြိမ်လေး အိပ်ကြည့်လိုက် ပါ။ ဒီလောက်ဆိုရင် တကယ် အိပ်ပျော်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း အင်တာနက်မှာ ဒီနည်းလမ်းကို ဖတ်မိရာကနေ စမ်းကြည့်ပြီးပါပြီ။ တကယ့်ကို အ ချိန်တိုအတွင်း အိပ်ပျော်ပါတယ်။
ဒီတော့ မိတ်ဆွေစာရှုသူအ နေနဲ့လည်း အိပ်ရေးပျက်တာများ နေပြီလား၊ အိပ်ရာဝင်ချိန်တွေ နောက်ကျနေပြီလား၊ အိပ်ချိန် တွေ မမှန်လို့ ကျန်းမာရေးပြဿ နာတွေ ဖြစ်နေပြီလား၊ ဒါမှမဟုတ်ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာတော့မယ့်အခြေအနေတွေ ကြုံတွေ့နေပြီလား။
ဒီလိုဆိုရင်တော့ အိပ်ချိန်မှန် အောင် အမြန်ပြန်လုပ်ဖို့ လိုနေပြီ ဖြစ်တဲ့အကြောင်း ရေးသားရင်း အိပ်ချိန်မှန်အောင် ပြုလုပ်တဲ့ ဂိမ်း အကြောင်းနဲ့ အိပ်ပျော်အောင် အိပ်နည်းလေးကို ဝေမျှလိုက်ရပါ တယ်။ အိပ်ချိန်နောက်ကျခြင်း ပြဿနာကို အောင်မြင်စွာ ဖြေ ရှင်းရင်း ကျန်းမာပျော်ရွှင်တဲ့ဘဝ ကို ထုဆစ်ပုံဖော်နိုင်ပါစေ။
အသက်အရွယ်အလိုက် ရှိသင့်သည့် အိပ်ချိန်ဇယား
------------
အသက်အရွယ်ရှိသင့်သည့်အိပ်ချိန်
မွေးစ- သုံးလ၁၄ နာရီမှ ၁၇ နာရီ
လေးလ- ဆယ့်တစ်လ၁၂ နာရီမှ ၁၅ နာရီ
(၁)နှစ်- (၂)နှစ်၁၁ နာရီမှ ၁၄ နာရီ
(၃)နှစ်- (၅)နှစ်၁၀ နာရီမှ ၁၃ နာရီ
(၆)နှစ်- (၁၃)နှစ်၉ နာရီမှ ၁၁ နာရီ
(၁၄)နှစ်- (၁၇)နှစ်၈ နာရီမှ ၁၀ နာရီ
(၁၈)နှစ်- (၂၅)နှစ်၇ နာရီမှ ၉ နာရီ
(၂၆)နှစ်- (၆၄)နှစ်၇ နာရီမှ ၉ နာရီ
(၆၅)နှစ်အထက်၇ နာရီမှ ၈ နာရီ
==========
စုသက်မှူး (မရမ်းကုန်း)
7Day News Journal
#Crd
No comments:
Post a Comment