Saturday, July 27, 2019

ကံ ကံ၏ အကျိုး

ကံ ကံ၏ အကျိုး
--------------

လူတယောက် အောင်မြင်ဖို့ဆိုရင် ကံရယ် ဉာဏ်ရယ် ဝီရိယရယ် ရှိဖို့ လိုတယ်

တချို့တွေ ကျတော့ ဉာဏ်ကောင်းပြီး အပျင်းထူကြတယ်

တချို့ကျတော့ ဉာဏ်မကောင်းပေမယ့် ဝီရိယ အားကောင်းတယ်

တချို့ကျပြန်တော့ လည်း မွေးကတည်း က ရွှေဇွန်းကိုက်ပြီး မွေးလာကြတယ်

ဒါပေမယ့် ကိုယ့်မှာ ဒီ သုံးခုလုံး ပိုင်ဆိုင်တဲ့ အချိန် မှ လူ့ဘဝရဲ့ အကောင်းဆုံး အချိန် ကိုရကြတယ်

ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကံ အကြောင်းမပေးလို့ မအောင်မြင်တဲ့ သူတွေလဲ ဒုနဲ့ဒေး

တချို့ကျတော့လည်း အောင်မြင်ပါရဲ့ အောင်မြင်ခြင်းရဲ့ အရသာကို ခဏတာပဲ ခံစားခွင့်ရကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးသွားကြရတယ်

တချို့တချို့တွေလည်း အသက်သေပြီး မှ ပိုပြီး အောင်မြင် ကြော်ကြားလာကြတယ်

သူများတွေ ဖြစ်သလို ကိုယ်လည်း ဘာလို့ မဖြစ်နိုင်ရတာ လည်း ဆိုပြီး စိတ်ညစ်နေကြတဲ့ စာဖတ်သူတို့

မိမိ ကိုယ်ကို ပြန်စမ်းစစ် ကြည့်ပါ ။

ကိုယ့်မှာ ကံရှိပြီလား ဉာဏ်ရှိပြီးလား

ဝီရိယရော ရှိရဲ့လားဆိုတာပေါ့ ။

ကံ မရှိသေးရင် ကောင်းတာတွေတွေးပြီး ကောင်းတာလုပ်

ဉာဏ်မရှိသေးရင် လေ့လာသင်ယူ

ဝီရိယ မရှိသေးရင် အားစိုက်ထုတ် ဖို့ လိုအပ်လားဆိုတာကို ပြန်စမ်းစစ်ကြည့်ပါ။

ဒါတွေကို မလုပ်ချင်ဘူး ဆိုရင်တော့ ဘဝကို ဘာမှ မျှော်လင့်ချက်မထားပဲ ပျော်ပျော် ကြီးသာဖြတ်သန်းပါ လို့

လူ့ဘဝက တိုတိုလေးပါ စာဖတ်သူတို့ရေ။
credit

No comments:

Post a Comment