Friday, July 26, 2019

ရင့်ကျက်တဲ့ မိန်းခလေး တယောက်ဖြစ်ချင်လား

ရင့်ကျက်တဲ့ မိန်းခလေး တယောက်ဖြစ်ချင်လား

အရင်ဆုံး ခံစားချက်တွေမျိုသိပ်တတ်ဖို့လိုတယ်
ခံစားချက်တိုင်း ကြုံသလို တွေ့ရာလူဖွင့်ဟနေလို့မရဘူး
ဘယ်လိုလူကို ရင်ဖွင့်သင့်တယ်
ဘယ်ခံစားချက်ကို ရင်ဖွင့်သင့်တယ်ဆိုတာ စဉ်းစားချင့်ချိန်တတ်ဖို့လိုတယ်

ကိုယ့်စိတ်ထဲ အားငယ်နေတာဖြစ်ဖြစ် ၊
အထီးကျန်နေတာဖြစ်ဖြစ် တခုခုဖြစ်တဲ့အခါ
အပြင်မှာအဲဒီပုံစံအရမ်းကြီးမသိသာအောင် ထိန်းသိမ်းနိုင်စွမ်းရှိရမယ်
( အရမ်းသိသာသွားရင် ကိုယ့်အားနည်းချက်ကိုသိပြီး
ချဉ်းကပ်ချင်တဲ့လူတွေနဲ့ ကြုံရတတ်တယ် )

စိတ်ထဲခံစားရတာနဲ့ ချက်ခြင်းမတုန့်ပြန်ရဘူး
(ကိုယ့်ကိုဒေါသထွက်စေတဲ့လူတယောက်ကို ချက်ချင်းဒေါသတကြီးပြန်တုန့်ပြန်တာမျိုး)

လူတယောက်ဟာရင့်ကျက်ဖို့ဆိုရင် အသိဥာဏ်
ဗဟုသုတလည်း ပြည့်စုံဖို့လိုတာပေါ့
ဒါပေမဲ့ စိတ်ကိုထိန်းချုပ်မျိုသိပ်နိုင်စွမ်းကတော့အဓိကပဲ

ဘယ်လိုပဲ ဗဟုသုတတွေကြွယ်ဝပါစေ
ကိုယ့်စိတ်ကိုမထိန်းနိုင်ပဲ အလွယ်တကူတုန့်ပြန်နေရင်တော့ ဘယ်လိုမှမရင့်ကျက်နိုင်ဘူး

တကယ်တော့ ရင့်ကျက်တဲ့လူတွေကြည့်လိုက်
စိတ်ခံစားချက်ကို ချက်ချင်းမတုန့်ပြန်တတ်ဘူး
မျိုသိပ်ပြီးမှ အသိဥာဏ်နဲ့ပါးနပ်စွာတုန့်ပြန်တတ်တယ်

မိန်းခလေးတယောက် ရင့်ကျက်ချင်ရင် အရင်ဆုံးမျိုသိပ်တတ်အောင်ကြိုးစား
ကိုယ့်ခံစားချက်ကို တဖက်ယောက်ကျားလေးအလွယ်တကူမရိပ်မိမှ ကိုယ့်အားနည်းချက်ကိုမသိမှာ
အဲဒီလိုမသိမှ ကိုယ့်ဆီလာမဲ့အခွင့်အရေးသမားတွေကို ရှောင်ရှားနိုင်မှာမလား?

ခင်မင်လျက်
crd

No comments:

Post a Comment