Wednesday, July 31, 2019

မွဲကြည့်လိုက်ပါ။

မွဲကြည့်လိုက်ပါ။
*************

မင်းဘာကောင်လဲဆိုတာ
ကိုယ်တိုင်မသိသေးရင် မွဲကြည့်လိုက်ပါ။

မင်းသူငယ်​ချင်း​တွေကြားမှာ
မင်းဘယ်လောက် အရေးပါ
အရာရောက်လဲဆိုတာသိချင်ရင်
မွဲကြည့်လိုက်ပါ။

မင်း ချစ်သူ မင်းကိုဘယ်လောက်ချစ်လဲ
ဆိုတာသိချင်ရင် မွဲကြည့်လိုက်ပါ။

မင်းရဲ့ဖြစ်တည်မှုတစ်ခုက
Society တစ်ခုမှာ ဘယ်လောက်
အရေးပါလဲ သိချင်ရင် မွဲကြည့်လိုက်ပါ။

မွဲခြင်းဟာ မင်းဘဝရဲ့ အမှန်တရားတစ်ခု
သို့မဟုတ်  မင်းဘေးက အ​ယောင်​​ဆောင်
တော်တော်များများကို မြင်သာနိုင်စွမ်း
ရှိလာပါလိမ့်မယ်။

ဘဝမှာ တစ်ခါလောက်ဖြစ်ဖြစ်
မွဲကြည့်လိုက်ပါ။

#cd

No comments:

Post a Comment