Thursday, July 25, 2019

မဟာယာနဗုဒ္ဓဘာသာ ၏ အခြေခံ အယူအဆများ

မဟာယာနဗုဒ္ဓဘာသာ ၏ အခြေခံ အယူအဆများ
----------------------------------------------------------
涅槃。နိဗ္ဗာန်သည်
ပွင့်တော်မူပြီးသော တထာဂတ ရှေးဘုရား
တို့၏ တည်ရှိရာ အေးငြိမ်းချမ်းသာဓာတ် ဖြစ်သည်
ပျက်စီးခြင်း ပြောင်းလဲခြင်း
သင်္ခါရ တို့မှ လွတ်ကင်းပြီး
လောက သုံးပါးမှ အလွတ်
လောကုတ္တရာဖြစ်သည်
တရုတ် တို့၏အယူအဆ အရ
လောကသည် ၃ပါးပြားသည်
及乐 ဂျီလဲ့ ခေါ် သုခဝတီ ဘုံ
天 .ကောင်းကင်ဘုံ
地. မြေကြီဘုံ ဟူ၍
သုံး မျိုးသာရှိသည်
及乐 ဂျီလဲ့ ခေါ် သုခဝတီ ဘုံ တွင်
如来ခေါ် တထာဂတရှိတော်မူသည်
ရှေးဘုရားတို့ ၏ နောက်ဆုံး
ပွင့်တော်မူသော ဂေါတမ မြတ်စွာ ဘုရား
သည် နောက်ဘုရား အရိမေတ္တေယျ
ပွင့်တော် မမူခင်အထိ လောက ကို
ဆက်လက်စောင့်ရှောက်တော် မူသည့်
本師釋迦牟尼佛 ဟူသည်စကြမုနိ ဂေါတမ ဘုရားရှင်ဖြစ်သည်
ဂေါတမ ဘုရားရှင်သည်
ကိုယ်ပွားတော် အဖြစ်
阿彌陀佛 အမိတဖော်
မနှိုင်းယှဉ်အပ်သော ကိုယ်ပွားတော်
မြတ်စွာဘုရားကို လောက ကြီးအား
လွှဲ အပ်တော်မူ၍ 涅槃 နိဗ္ဗာန်သို့သာ
စေလွှတ်သောစိတ်ဖြင့် တည်နေတော်မူသည်
ထိုအပြင် နတ်လူတို့၏ ကိလေသာအနာကို
ကုစားစေမည့်藥師佛 ရောက်စေးဖော်
ကိုယ်ပွားတော်ဖြင့် နတ်လူတို့ကို ချွေချွတ်
ဆုံးမတော်မူသည်
ထိုသို့ဖြင့် 及乐တွင် မြတ်စွာဘုရား
၃ဆူ ရှိတော်မူသည် ဟု ယုံကြည်ကြသည်
၃ဆူသည် တစ်ပါးဖြစ်၍ ၃ပါးသည်
တစ်ဆူဖြစ်တော်မူသည်
ထို 及乐တွင် 菩薩ဖူဆခေါ် ပစ္စေကာဗုဒ္ဓါ
များလဲ ရှိသည် မြတ်စွာဘုရား ၃ဆူ ၏
လက်ဝဲရံ လက်ယာရံများအဖြစ်
လောကကို စောင့် ရှောက်တော်မူသည်
釋迦牟尼佛 စကြမုနိဘုရား၏
လက်ဝဲရံ လက်ယာရံ အဖြစ်
文殊師利菩薩ဝိန်စူးစိလိဖူဆ
普賢願王菩薩ပုရှန်းယွဲ့ဝမ်ဖူဆဟူ၍
၂ပါး
阿彌陀佛 အမိတာဘ ဘုရား၏
လက်ဝဲရံ လက်ယာရံ အဖြစ်
觀世音菩薩ကွမ်းစစ်ယင်ဖူဆ
地藏王菩薩တိကျန့်ဝမ်ဖူဆ
藥師佛 ရောက်စေးဖော်၏
လက်ဝဲရံ လက်ယာရံ အဖြစ်
日光遍照菩萨ရစ်ကွမ်းပျန့်ကျောက်ဖူဆ
月光遍照菩萨ရွဲ့ကွမ်းပျနိ့ကျောက်ဖူဆ
တို့ ရှိတော်မူပြီး
တစ်ခြားသော ဗောဓိသတ္တရ မဟာသတ္တရတို့ နှင့် တစ်ကွ
လောက ကို စောင့်ရှောက်တော်မူ၏
ဤနေရာ၌ 菩薩ဖူဆခေါ် ပစ္စေကာဗုဒ္ဓါ
အသုံး အနှုန်းသည် ပွင့်တော် မူပြီးသော
ဘုရားငယ်များ၏ ဘွဲ့ ဂုဏ်ဖြစ်သည်
(လူဖြစ်စေ နတ်ဖြစ်စေ တရားကျင့် သူသည်လဲ ဘုရားဖြစ်လာနိုင်သဖြင့်
菩薩ဖူဆ ဟု နာမည် တပ်သော်လဲ
မတူမညီ ကွဲပြားပါသည်
ဘုရားလောင်းဟု သာမာန် ခေါ်ဝေါ်ခြင်း မျှ
ဖြစ်သည် )
ထို 及乐 ဂျီလဲ့တွင် မြတ်စွာဘုရား၏
သာဝက ရဟန္တာ ခေါ် 阿啦哈အရဟတ်များ罗汉 (阿罗汉) လဲ သတင်းသုံးတော်မူ သည်
ထို及乐 ဂျီလဲ့မှ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည် နောက်ဘုရား ပွင့်တော်မူ
သည့်အခါ လောက ကို တာဝန်ယူမှု ရုတ်သိမ်း၍နိဗ္ဗာန် သို့ကြွသွားတော် မူကြမည်ဖြစ်ပြီး ယခု ဘုရား လက်ထက်
ကျွတ်ထိုက်သူတို့နှင့်တကွ နိဗ္ဗာန် ဝင်စံကြမည် ဖြစ်သည်
ထို及乐ဘုံ၏ အောက်တွင် 天ခေါ် .ကောင်းကင်ဘုံတည်ရှိသည်
天公ခေါ် မိုးနတ်မင်း အုပ်စိုးသည်
မိုးနတ်မင်းလက်အောက်တွင်
神ခေါ် နတ်ဒေဝတာများရှိသည်
ကောင်းကင်နတ်ဒေဝတာ များ မှာ
ထျန်းကုံးနှင့် တကွ တည်သော နတ်ဒေဝတာများ
斗母တိုးမူခေါ် တာရာဒေဝီနှင့် တကွ
ကြယ်တာရာ နတ်များ ဟူ၍ ၂အုပ်စု ရှိသည်
မတ္တေယျအလောင်းတော်
彌勒尊佛 မီလဲ့စွမ်းဖော် အလောင်းတော်
နတ်သား ကဲ့သို့ သီးခြား တန်ခိုးကြီးနတ်များလဲရှိသည်
ကောင်းကင်နှင့်မြေပြင်ကြားတွင်
အမတဝိဇ္ဇာများ ဟုခေါ် ကြသည့်
仙 များ တည်ရှိပြီး ကောင်းကင်နှင့်
မြေပြင် ၂နေရာစလုံး၏ ဆက်သွယ်မှု
စောင့်ရှောက်မှု ထိန်းသိမ်းမှုကို ပြုကြသည်
လူမှ ဖြစ်သော 神များရှိသကဲ့သို့
လူမှ ဖြစ်သော 仙
神မှ ဖြစ်သော 仙များလဲရှိသည်
ဤပုဂ္ဂိုလ် များ အား လုံးကို
ကောင်းကင်ပုဂ္ဂိုလ် များ ဟု ခေါ် ကြပြီး
တန်ခိုးကြီးမား စွာဖြင့် စောင့်ရှောက်ခြင်း
အကျိုးပြုခြင်း အပြစ်ပေးခြင်း
ကယ်တင်ခြင်း ပြုနိုင်သည်ဟု ယုံကြည်သည်
ထိုကောင်းကင် ဘုံ၏အောက်တွင်
地. မြေကြီးဘုံတည်ရှိပြီး
မြေနတ်များ
ငရဲ မင်းများ
ငရဲထိမ်းများ
လူနှင့် အခြားသတ္တဝါများ
မကောင်းဆိုးဝါးနှင့်
ဝိဥာဉ်များ တည်ရှိသည် ဟုယုံကြည်သည်
ကောင်းကင်ကော
မြေပြင်တွင်ပါ 水ခေါ်ရေ ကမ္ဘာဟု
သီးသန့်ရှိပြီး ရေနတ် ရေဝိဇ္ဇာ ရေမိစ္ဆာ ရေဝိဥာဉ် ရေသတ္တဝါများ ရှိသည်ဟု
ယုံကြည်သည်
အားလုံးသော သတ္တဝါတို့သည်
မိမိ စိတ်ကိုပြုပြင်၍
တရားကျင့်ကြံပါက
လောက ၃ပါး တွင် တဆင့် ပြီးတဆင့်
အထက်သို့ တက်နိုင်ပြီး
နိဗ္ဗာန်သို့ဝင်စံကာ
ဘုရား များနှင့်တစ်ပေါင်းတည်း
နိဗ္ဗာန်ဓာတ် အေးငြိမ်းမှုကို
ရရှိနိုင်သည်ဟု တွေးခေါ်ယုံကြည်သည်
ဤကားထေရဝါဒ ဗုဒ္ဓဘာသာနှင့်ကွဲပြားသော
မဟာယာန ဗုဒ္ဓဘာသာဝင်တို့၏
ယုံကြည်ချက် အခြေ ခံဖြစ် သည်။

#ဟိန်းဇေယျာမင်းမြတ်
#မှော်ပညာ
www.heinzayarminmyat.com
Credit 

No comments:

Post a Comment