စကားပြောခြင်း အတတ်ပညာ
-------------------
“စကား (၆) ခွန်း၊ လူ၌ထွန်း၊ (၄) ခွန်းကိုရှောင်၊ (၂) ခွန်းဆောင်” တဲ့။
အဓိပ္ပါယ်ကတော့ လူတွေ စကား ပြောဆိုတဲ့ အခါမှာ စကား (၆) ခွန်း ထွက်ကျ လာလေ့ ရှိတယ်။ ဒီအထဲက (၄) ခွန်းဟာ အကျိုးမရှိတဲ့ အတွက် မပြောနဲ့။ (၂) ခွန်းကတော့ အကျိုးရှိတယ်။ ထို့ကြောင့် ပြောသင့်ပါတယ်လို့ ဗုဒ္ဓဘုရားရှင် က ဆိုဆုံးမခဲ့တဲ့ စကားပါ။
ဒီ စကားကြီး (၆) ခွန်းကို ကျွန်တော်တို့ လေ့လာ ကြည့်ရင် ဘာကို တွေ့ရမလဲ ဆိုတော့ စစ်ဆေး ချက် ဥပဒေ ၃ မျိုး ပေါ်မူတည်ပြီး ကွဲထွက် သွား တယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
စစ်ဆေးချက် ဥပဒေ ၃ မျိုး ဆိုတာကတော့ -
(၁) တရား (မှန်ခြင်း/ မမှန်ခြင်း)
(၂) အကျိုး (ရှိခြင်း/ မရှိခြင်း)
(၃) အမှု (ကောင်းခြင်း/ ဆိုးခြင်း)
တို့ပဲ ဖြစ်ကြပါတယ်။
ရှေးဦးစွာ စကားတစ်ခွန်းဟာ မှန်လား မှားလား ဆိုတာကို စစ်ဆေး ရပါမယ်။ အမှန်တရား ဟုတ် မဟုတ် ဆိုတာကို ပြောသူ ကိုယ်တိုင် သေချာ မသိ တဲ့အခါ ဒီစကား ဟာ ပြောသင့်တဲ့ စကား မဟုတ် ပါဘူး။
ဒုတိယ အဆင့် အနေနဲ့ မှန်ပြီဆိုခဲ့ရင် အကျိုးရှိ သလား မရှိဘူးလား ထပ်မံ စစ်ဆေးရပါတယ်။ အကျိုးမရှိတဲ့ စကားဆိုရင်လဲ ဒီစကားဟာ ပြော သင့်တဲ့ စကား မဟုတ်ပါဘူး။
အကယ်၍ စကားတစ်ခွန်းဟာ အမှန်တရား သော် လည်း ဖြစ်တယ်။ အကျိုးလည်း ရှိတယ် ဆိုတဲ့ အခါမှာတော့ တတိယ တဆင့် ဖြစ်တဲ့ ကောင်းခြင်း ဆိုးခြင်း အပေါ် မူတည် ပြီးတော့ အခြေအနေနဲ့ အချိန် အခါ အလိုက် ကွဲပြားတဲ့ ပုံစံလေးတွေ နဲ့ ပြောဆိုရမှာ ဖြစ်ပါတယ်။
ကွဲပြားတဲ့ ပုံစံလေးတွေ ဆိုတာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
အရေးကြီးတဲ့ကိစ္စ မှန်ရင် ရှင်းရှင်းလင်းလင်း ပြောသင့်ပြီးတော့ အရေး မကြီး တဲ့ကိစ္စတွေ ဆိုရင်တော့ ဟာသနှောပြီး ပြောသင့် ပါတယ်။
မပိုင်နိုင်သောကိစ္စ တွေမှာတော့ ဆင်ဆင် ခြင်ခြင် ပြောသင့် ပြီးတော့ ပိုင်နိုင်သောကိစ္စ တွေမှာ အကိုးအကားနှင့် ပြောဆို သင့်ပါတယ်။
ပျော်ရွှင်ဖွယ်ကိစ္စ တွေကို အချိန်နှင့် အခါကို ကြည့်ပြောရမှာ ဖြစ်ပြီး မပျော်ရွှင်ဖွယ်ကိစ္စ တွေကို နားထောင်မယ့် လူနှင့် နေရာကို ကြည့်ပြော ရမှာ ဖြစ်ပါတယ်။
ပြောတဲ့အခါမှာ သူတစ်ပါးကိစ္စ ရေးရာကိုသာ သတိထားပြီး ပြောရမှာ ဖြစ်ပြီးတော့ ကိုယ့်ကိစ္စ ကိုတော့ သူများ လာပြောတာ တွေကို နားထောင် တတ်ရမှာ ဖြစ်ပါတယ်။
#kyawnge
Credit
No comments:
Post a Comment