Tuesday, July 30, 2019

[စီးပွားရေးစတင်မယ်ဆိုရင် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်(၆)ချက် ]

[စီးပွားရေးစတင်မယ်ဆိုရင် မဖြစ်မနေလုပ်ဆောင်ရမည့်
အချက်(၆)ချက် ]
.
 စီးပွားရေးလုပ်မည့်လူငယ်တွေအနေနဲ့ လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် အရိုးရှင်းဆုံးအချက်(၆)ချက်ကို စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ မဖြစ်မနေသိထားသင့်တဲ့ အချက်တွေမို့ မျှဝေလိုက်ရပါတယ် ။

1.Write a one-page business plan.
( တစ်မျက်နှာစာ Business Plan တစ်ခုဆွဲပါ )
ပြီးပြည့်စုံတဲ့ Business Plan ကသာလျှင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို ပုံဖော်နိုင်မှာဖြစ်ပါတယ် ။Business Plan နဲ့ပက်သက်ပြီး Chat Box မှစုံစမ်းမေးမြန်းနိုင်သလို ၊ အပတ်စဉ် Business Content တွေမျှဝေပေးနေတာမို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ် ။
.
2.Decide on a budget.
( အရင်းအနှီးအတွက် ဆုံးဖြတ်ပါ )
ကိုယ်နိုင်တဲ့ Budget ကိုတွက်ချက်ပြီး အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ပါ ။ မနိုင်ဝန်ထမ်းတာမျိုး၊ ချေးငွေအလွန်အကျွံ သုံးစွဲတာမျိုး မပြုလုပ်သင့်ပါ ။ Budget ကိုစနစ်တကျလုပ်ဆောင်တဲ့ အကျင့်ကိုမွေးမြူးပါ ။
.
3.Decide on a legal entity.
( လုပ်ငန်းခွင်နေရာအတွက် စဉ်းစားပါ )
လုပ်ငန်းတစ်ခုစတင်လည်ပတ်နိုင်မည့် နေရာထိုင်ခင်းတစ်ခုရှိဖို့ မဖြစ်မနေလိုအပ်ပါတယ် ။ကိုယ့်ရဲ့လုပ်ငန်းက ကြီးကြီးသေးသေး ကိုယ့်ရဲ့ Business Owner တွေနဲ့ Customer တွေအတွက် ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခုကို သင်ထည့်စဉ်းစားဖို့လိုပါမယ် ။
.
4.Take care of the money.
( ၀င်ငွေ၊ ထွက်ငွေ ဂရုစိုက်ပါ )
Finicical Problem တွေ မဖြစ်စေဖို့အတွက် လုပ်ငန်းစတင်ကတည်းက အသုံးစရိတ်၊ ၀င်ငွေထွက်ငွေတွေကို သေချာတွက်ချက်ပါ ။ မိသားစုလုပ်ငန်းဖြစ်နေရင်တောင် ငွေသုံးစွဲမှုအတိုင်းအတာကို စီစစ်နိုင်ပါတယ် ။
.
5.Get your website.
( ကိုယ်ပိုင် Website တစ်ခုတည်ဆောက်ပါ )
ယနေ့ခေတ်မှာတော့ လုပ်ငန်းတိုင်းက ကိုယ်ပိုင်Website တစ်ခုရှိဖို့လိုအပ်ပါတယ်။  Website ရှိခြင်းရဲ့အကျိုးကျေးဇူးကတော့ ပြည်တွင်းသာမက ပြည်ပက Customer တွေကိုပါ ဆွဲဆောင်နိုင်ပြီး Growth ဖြစ်ဖို့အတက်လည်း အထောက်အကူပြုနိုင်ပါတယ် ။ Website အတွက်တော့ ငွေကြေးအနည်းငယ်စတင်အသုံးပြုဖို့လိုအပ်ပါမယ် ။
.
6.Test sales.
( အစမ်းရောင်းကြည့်ပါ )
လုပ်ငန်းစတင်လည်ပတ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Product ကိုစတင်ဖြန့်ချိပါ ၊ Customer Feedback ကို တန်ဖိုးထားပါ ။ အားသာချက် ၊ အားနည်းချက်တွေကို ပြင်ဆင်ပါ ။ ပြိုင်ဘက်တွေဆီကလေ့လာပြီး မတူညီတဲ့ပုံစံနဲ့ သင့်ရဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကို စတင်လိုက်ပါ ။ နောက်ထပ်လည်း စီးပွားရေးစတင်မည့်လူငယ်တွေအတွက် သိထားသင့်တဲ့အကြောင်းအရာတွေကို မျှဝေပါဦးမယ်။ ။
.
Ref : Entrepreneurs
credit to လင်းမိုးစက် ( My Business Diary )

အကျိုးရှိမယ်ထင်ရင် ဒီပို့စ်လေးကို ပြန်လည်မျှဝေပေးပါဦး ။

ထပ်ဆင့်ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment