မှတ်သားခဲ့ဖူးသော အဆိုအမိန့်များ
* The beginning of all thing are small . ( Cicero )
မည်သည့်အရာမဆို အစပထမ၌ သေးကွေးမြဲ ဓမ္မတာ ရှိ၏။ ( စီစာရို )
* It is fortune , not wisdom that rules man's life . ( Cicero )
လူသားတို့အား စိုးမိုးထားသည့် အရာသည် အသိဥာဏ် မဟုတ် ။ ကံတရားဆိုသည့် အရာသာပင် ဖြစ်သည် ။
* As for me , all I know is that I know nothing . ( Socrates )
ငါ ဘာမှ မသိမတတ်သေးပါတကားဟု သိခြင်းသည်ပင်လျှင် ငါ့အား ပညာရှိ ဖြစ်စေသည် ။ ( ဆိုကရေးတီး )
* Troubles like babies , grow larger by nursing . ( Lady Holland )
အခက်အခဲဟူသည် ကလေးငယ်များနှင့်တူ၏။ တယုတယ ဂရုစိုက်လုပ်လေ ကြီးထွားလာလေ ဖြစ်၏။ ( လေဒီ ဟော်လန် )
* To be poor and independent is very nearly an impossibility . ( William Cobbett )
ဆင်းရဲခြင်းနှင့် လွတ်လပ်စွာနေရခြင်းသည် နီးစပ်စွာသကဲ့သို့ ရှိသော်လည်း အမှန်စင်စစ်အားဖြင့် ဆင်းရဲလျှက် လွတ်လပ်စွာ မနေနိုင်ပေ ။ ( ဝီလျံ ကော့ဘတ် )
* He is a wise man who knows the true bounds and measures . ( Aesop )
ပညာရှိဆိုသည်မှာ မိုက်မဲမှုများ၏ အတိုင်းအတာပမာဏကို ဂဃနဏ သိရှိနားလည်သူပင် ဖြစ်သည် ။ ( အီစွပ် )
* The wuse man looks into space and does not regard the small as too little , nor the great too big ; for he knows that there is no limit to dimension . ( Lao tse )
အသိတရားနှင့်ပြည့်စုံကြွယ်ဝသောသူသည် သေးငယ်သောအရာကို သေးငယ်လွန်းသည် ဟူ၍လည်းကောင်း ၊ ကြီးကျယ်သည့်အရာကိုလည်း ကြီးကျယ်လွန်းသည် ဟူ၍လည်ကောင်း ၊ အမှတ်ထားမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သေးငယ်ခြင်းနှင့် ကြီးကျယ်ခြင်းဆိုသည်မှာ ပုံသေ ကန့်သတ်ထားသော အရာများ မဟုတ်ကြောင်းကို ကောင်းစွာ သဘောပေါက်၍နေသောကြောင့် ဖြစ်သည် ။
* I am not born the possession of knowledge , but being fond of antiquity , I assiduously pursue . ( Confucius )
ကျွန်ုပ်သည် မွေးကတည်းက ပညာပါရမီဖြင့် မွေးလာသူ မဟုတ်ပါ ။ ပညာကို သိလိုဇော တတ်လိုဇောဖြင့် မနေမနား ကြိုးစား၍သာ ပညာတတ်ခဲ့ရပါသည် ။ ( ကွန်ဖြူးရှပ် )
* When god shut up atan in Hell , he created woman to replace satan on earth . ( Malay proverb )
ဘုရားသခင်သည် မာရ်နတ်ကို ငရဲ၌ ချုပ်နှောင်ထားသည့်အခါ မာရ်နတ်အစား မိန်းမတို့ကို ကမ္ဘာမြေကြီးပေါ်၌ ဖန်ဆင်းပေးခဲ့သည်။ ( မလေး စကားပုံ )
* Don't truth the winter sun and a woman's heart . ( Bulgarain )
ဆောင်းတွင်းနေနှင့် မိန်းမတစ်ယောက်၏ နှလုံးသားကို ဘယ်သောအခါမျှ မယုံပါနှင့် ။ ( ဘာဂါရင်း )
* True love is like a ghost ; everybody talks about it but nobody has ever seen it .
မေတ္တာစစ်သည် တစ္စေ တစ်ကောင်နှင့်တူ၏။ လူတိုင်းက သူ့အကြောင်းကို ပြောကြသည် ။ သို့ရာတွင် မည်သူမျှ သူ့ကို တွေ့မြင်ဖူးသည် မဟုတ်။
* Myb son is my son until he gets a wife. My daughter is my daughter all her life .
မိန်းမ မရမချင်း ကျွန်တော့်သားသည် ကျွန်တော့်သားသာ ဖြစ်၍ ၊ ကျွန်တော့်သမီးမှာမူကား သူ့ဘဝ တစ်လျောက်လုံး ကျွန်တော့် သမီးသာ ဖြစ်သည် ။
* Love is like fire ; it needs feeding and watching .
အချစ်သည် မီးနှင့်တူ၏။ မီးစာကျွေးရန် လိုအပ်သကဲ့သို့ စောင့်ကြည့်ရန်လည်း လိုအပ်၏။
* Love truth but pardon error .
အမှန်တရားကို ချစ်ပါ ၊ သို့ရာတွင် အမှားကိုလည်း ခွင့်လွှတ်ပါ ။
* Learn as if you were not reaching your goal , and as though you were missing .
ရည်မှန်းချက် မအောင်မြင်သေးမီအတွင်း၌ လေ့လာသင်ယူခြင်းအလုပ်ကို လုပ်ရပေမည် ။
* The thing makes the world go round is love .
ကမ္ဘာ လောကကြီးကို အမြဲရှင်သန်လှုပ်ရှားစေသောအရာမှာ အချစ်ဆိုသော အရာသာဖြစ်သည် ။
Credit
No comments:
Post a Comment