Tuesday, July 30, 2019

ဥပုသ်နဲ့ (Chatting)ချက်တင်ဝင်လို့ရပါသလား

ဥပုသ်နဲ့ (Chatting)ချက်တင်ဝင်လို့ရပါသလား

အမေး။ ။
အရှင်ဘုရား မနက်ဖြန် လပြည့်နေ့မှာ တပည့်တော် သတင်းသီလ စောင့်တည်လိုပါတယ်ဘုရား။ သတင်း သီလ စောင့်တည်ပြီး လုပ်ငန်းခွင်ကို ရောက်တဲ့အခါ အင်တာနက်သုံးတာ ချက်တင်ဝင်တာ (Chatting) အပြစ်ရှိနိုင်ပါသလားအရှင်ဘုရား။ကရုဏရှေ့ထားပြီး ဖြေကြားပေးတော်မူပါအရှင်မြတ်ဘုရား ။

မနှင်းလွင်လွင်ကျော်
မကွေး

အဖြေ။ ။
ဥပုသ်သီလနဲ့ အင်တာနက်သုံးတာ ချက်တင်ဝင်တာ အပြစ်ရှိတယ်လို့ တစ်ထစ်ချကြီး ပြောလို့မရပါဘူး။ ယခုအခါ အင်တာနက်စာမျက်နှာများဟာ ဘာသာရေးသီးသန့်လဲ အများကြီးရှိသလို ဘာသာရေးမဟုတ်တဲ့ တစ်ခြားလူမှုရေးဆိုက်တွေ၊ စီးပွားရေးဆိုက်တွေလဲ အများကြီးပါ။ ထိုစာမျက်နှာများအနက် လူမှုရေးနဲ့စီး ပွားရေး အိမ်ထောင်ရေးစတဲ့ဆိုက်များကို ၀င်မယ်ဆိုရင်တော့ သီလကျိုးပေါက်ဖို့များပါတယ်။ ဘာသာရေး သက်သက်ရေးထားတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ဖတ်တယ်ဆိုရင်ကုသိုလ်တောင်ရပါသေးတယ်။
နောက်တစ်ခုက (Chatting )ချက်တင်ဝင်တာနဲ့ပတ်သက်ပြီး ချက်တင်ဝင်တယ်ဆိုတာ အင်တာနက်ကနေ တစ်ဦးနဲ့တစ်ဦး စကားစမြည် ပြောကြတာပါ။ စကားပြောတဲ့နေရာမှာ တရားဆွေးနွေးရင်တော့ ကုသိုလ်ရ တာပေါ့။ဒါပေမဲ့ ဟိုအကြောင်းဒီအကြောင်းတွေ ပြော နေရင်တော့ အဆင်မပြေဘူး။ တကယ်တော့ ဥပုသ် သီလစောင့်ပြီး ချက်တင်မ၀င်တာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ….။

credit to ဆရာတော်ဦးကောဝိဒ(မြိတ်)

No comments:

Post a Comment