ယူ ၅ ယူ
*********
၁။ တာဝန်ယူပါ။
၂။ နားလည်မှုယူပါ။
၃။ ယုံကြည်မှုရယူပါ။
၎။ ပေးမှယူပါ။
၅။ ပညာယူပါ။
နာ ၅ နာ
*********
၁။ စေတနာရှိ။
၂။ ဝါသနာပါ။
၃။ အနစ်နာခံ။
၎။ ဂရုဏထား။
၅။ စံပြမူနာပြ။
ကျယ် ၅ ကျယ်
***************
၁။ အမြင်ကျယ်။
၂။ အတွေးကျယ်။
၃။ အင်းကျယ်
၎။ အသံကျယ်။
၅။ ပညာဥာဏ်ကျယ်။
အောင် ၅ အောင်
*****************
၁။ တတ်အောင်သင်။
၂။ လိမ္မာအောင်သင်။
၃။ ထူးချွန်အောင်သင်။
၎။ အသုံးချနိုင်အောင်သင်။
၅။ ပြန်သင်နိုင်အောင်သင်။
လွန် ၅ လွန်
************
၁။ စကားမလွန်စေနဲ့။
၂။ စေတနာမလွန်စေနဲ့။
၃။ ပညာမလွန်စေနဲ့။
၎။ အကောင်းမလွန်စေနဲ့။
၅။ အလည်မလွန်စေနဲ့။
Crd by:မူရင်း
No comments:
Post a Comment